Author: Admin-501
-

အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ
Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။ မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက်…
-

ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံ
️အခန်း (၁)️ “နင်ကြိုက်သလို လုပ်ပါကွာ… ငါ့ကို အသုံးပြုလို့… မိုက်မဲစွာ မီးတောက်ထဲ… ခုန်ဆင်းစွာ စတေးလိုက်တော့မယ်” ငြိမ်သက်နေသော iphone လေးထံမှ စည်သူလွင်ရဲ့ အပြင်းစားသီချင်းသံ ပေါ်ထွက်လာလျှင် အကြင်နာက display ပေါ် ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက် စုတ်သပ်လိုက်မိပြီးနောက် ဘေးမှာ စာဖတ်နေသော ဂင်္ဂါကို လက်လှန်းတို့လိုက်သည်။ ဂင်္ဂါက ဘာလဲဟူသော အကြည့်မျိုးဖြင့် မေးဆတ်ပြလျှင် “ဒီဇယားကို ရှင်းပေးစမ်းပါဦးဟာ …. နင်ဖြတ်မှ ပြတ်မှာမို့ပါ” “အခုမှ လာပြီး ရှင်းပေးပါ လုပ်မနေနဲ့… ကိုယ့်ဟာကိုယ်ပြော… ဒီဇယားစတုန်းက ငါပါခဲ့လို့လား” “ဪ ဂါဂါကလည်းဟာ… နင်မပါပေမယ့် သိတော့သိနေတာပဲမလားလို့… လုပ်ပါဟာ… ခပ်ကြမ်းကြမ်းလေး ပွဲသိမ်းလိုက်စမ်းပါ…” “လူမိုက်လုပ်ရမယ့် အခန်းဆို ငါ့ကိုခိုင်းပြီ… ကြင်နာစုတ်” ဂင်္ဂါ မျက်စောင်းတစ်ချက်ထိုးရင်း…
-

သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာ မဏိပူရမြစ်အနီး စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေး ချင်းတပ်များအားလုံး ပူးပေါင်း ခုခံနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ မဏိပူရမြစ်အနီးတွင် စစ်တပ်နှင့် ချင်းတော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေပြီး သိမ်းပိုက်ထားသော နယ်မြေများ မဆုံးရှုံးရေးအတွက် ချင်းတပ်များအားလုံးပူးပေါင်း ညီညွတ်စွာဖြင့် ခုခံနေကြောင်း ချင်းညီနောင်ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီမှ ၁၀ နာရီဝန်းကျင်အထိ ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အ ကွာ မဏိပူရမြစ်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က အထိနာပြီး ဂျက်ဖိုက်တာ…
-

ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး
ကလေး၊ ဂန့်ဂေါ၊ ဖလမ်းနှင့်တီးတိန်မြို့နယ်တို့တွင် စစ်တပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်သား ၁၀၀ ဝန်းကျင်သေဆုံး စစ်သုံ့ပန်းတချို့နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိ အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်အတွင်းသို့ ထိုးဖောက်ဝင်ရန် စစ်ကြောင်းထိုးလာမှုကို ချင်းတော်လှန်ရေးတပ်များနှင့် မဟာမိတ်တော်လှန်ရေးများက ပူးပေါင်း ခုခံတိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ဝန်းကျင်သေဆုံးကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ချင်းလဲန်အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ နှင့် စစ် ကြောင်း ၂ တို့က အကြမ်းဖက်စစ်တပ်ကို ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်တို့တွင် တိုက်ခိုက်ခဲ့ကြောင်း၊Chinland အစိုးရတပ်ဖွဲ့၏ စစ်ကြောင်း ၁ က…
-

ကမ္ဘာ့နိုင်ငံများအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုများကို ရှောင်ရှားရန် စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးပြော
အိမ်နီးချင်းနှင့် ဒေသတွင်း နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ညီညွတ်မျှတမှုကို အခြေခံ၍ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးမှုအား ရှောင်ရှားရန်နှင့် မြန်မာ့အနာဂတ်ကို နိုင်ငံသားများကသာ ကိုယ်တိုင် ထုဆစ် ပုံဖော်ရမည်ဟု အာဏာသိမ်း စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။ စစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ ဆွေးနွေးပွဲနှင့် ယခုနှစ်၊ စတုတ္ထ သုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့အပြင် စစ်ပွဲများနှင့် ပဋိပက္ခများ လျော့ပါးရပ်စဲရေးအတွက် အင်အားကြီး နိုင်ငံများအနေဖြင့် အားနည်းသော နိုင်ငံများအပေါ် စာနာနားလည် ထောက်ထားကာ ထောက်ပံ့ကူညီ ရိုင်းပင်းမှုများဖြင့် အေးချမ်းသာယာ ငြိမ်းချမ်းသော…