Author: Admin-501

  • MOM

    MOM

    Mom (2025) အမျိုးသမီးတစ်ယောက်ဟာ မိခင်ဘဝစတင်တဲ့အချိန်မှာ Postpartum Depressionလို့ခေါ်တဲ့ စိတ်ကျရောဂါတစ်မျိုးကိုရင်ဆိုင်ရတတ်ပါတယ် … အမျိုးသမီးတိုင်းမဟုတ်ပေမယ့် တစ်ချို့သောအမျိုးသမီးတွေမှာတော့ ဒါဟာတော်တော်ဆိုးဆိုးရွားရွား ရင်ဆိုင်ရတဲ့ ပြဿနာမျိုးပါ။ အခုတင်ဆက်ပေးမယ့် Momဆိုတဲ့ဇာတ်ကားလေးဟာဒီအကြောင်းအရာကို အခြေခံပြီးရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုဇာတ်ကားမျိုးဖြစ်ပါတယ်။ မားရက်ဒစ်ဟာ ပထမဆုံးသားဦးလေးကို မွေးဖွားထားတဲ့မိခင်တစ်ယောက်ပါ… မားရက်ဒစ်နဲ့ဂျရက်တို့ဇနီးမောင်နှံနှစ်ယောက် သားလေးဖြစ်တဲ့အဲလက်စ်ကိုမွေးဖွားပြီးကစက ပျော်ပျော်ရွှင်ရွှင် အိမ်ကိုပြန်လာခဲ့ကြပေမယ့် နောက်ပိုင်းမှာမားရက်ဒစ်ဟာအထက်ကပြောခဲ့တဲ့ စိတ်ကျရောဂါကို တဖြည်းဖြည်းရင်ဆိုင်လာရပါတယ်။ ဒီရောဂါကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အဓိကကဒီဇာတ်ကားဟာPsychological Horrorဇာတ်ကားမျိုးဖြစ်ပြီး သမားရိုးကျသရဲကားပုံစံမဟုတ်ဘဲ စိတ်ဒဏ်ရာကိုအသားပေးရိုက်ကူးထားလို့ ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်တာကြောင့်မဖြစ်မနေ ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ…..

  • The Hand That Rocks the Cradle

    The Hand That Rocks the Cradle

    The Hand That Rocks the Cradle (2025) ၁၉၉၂ခုနှစ်က ထွက်ခဲ့တဲ့ နာမည်တူရုပ်ရှင်အပေါ် မှီငြမ်းပြီး ပုံစံတစ်မျိုးနဲ့ဆန်းသစ်ထားတဲ့ မှုခင်းဇာတ်လမ်း Crime Thrillerအမျိုးအစားပါ။ ပိုလီ (Maika Monroe)ဆိုတဲ့ ကလေးထိန်းမလေးတစ်ယောက်က အခမဲ့ဥပဒေအကြံပေးပွဲမှာ ကိတ်တလင်း(Mary Elizabeth Winstead)ဆိုတဲ့ ရှေ့နေအမျိုးသမီးနဲ့ ပထမဆုံးဆုံခဲ့ကြတယ်။ အဲဒီအချိန်က ရှေ့နေကိတ်တလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့ပေါ့။ ကလေးလေး လသားအရွယ်မှာ သူတို့ဒုတိယအကြိမ် မထင်မှတ်ပဲ ထပ်ဆုံခဲ့ကြတယ်။ ဒီတစ်ခါတော့ ကလေးထိန်းပိုလီက လိုအပ်ရင်သူ့ကို ခေါ်လို့ရကြောင်း ကမ်းလှမ်းခဲ့တယ်။ အစပိုင်းမှာတော့ စိတ်သဘောထားချင်းလည်းတိုက်ဆိုင် ပြောရဆိုရတာရောအဆင်ပြေနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကိတ်တလင်းဟာ ပိုလီရဲ့လုပ်ရပ်တွေကို သံသယဝင်လာမိတယ်။ ပထမကလေးကို မွေးဖွားပြီးချိန်တုန်းက မီးဖွားပြီးစ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတဲ့ရောဂါကို ခံစားဖူးတဲ့ကိတ်တလင်းက သူ့ရဲ့သံသယတွေဟာ ထင်ယောင်ထင်မှားလား အမှန်တရားလားဆိုတာကို သိရဖို့ဖြစ်လာပါတော့တယ်။

  • မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ လုံခြုံရေးပိုမိုတိုးမြှင့်ထား

    မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ဖို့ လုံခြုံရေးပိုမိုတိုးမြှင့်ထား

    မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု စတင်မယ့် ရက်မတိုင်မီကတည်းက လုံခြုံရေးပိုမိုတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။ အထူးသဖြင့် စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ရေးမြို့နယ်တို့မှာ လုံခြုံရေးအင်အား အများအပြား အသုံးပြုထားပြီး ကျန်မြို့နယ်တွေမှာလည်း တပ်အင်အားတွေ ထပ်တိုးထားပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ အရင်က ကင်းပုန်းမထားဖူးတဲ့ ကျေးရွာတွေမှာလည်း ကင်းပုန်းတွေ တိုးမြှင့်ထားသလို မသင်္ကာတဲ့သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လုံခြုံရေးတိုးမြှင့်ထားတဲ့…

  • ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ် တိုးမြှင့်သတ်မှတ်

    စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေး ကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ပြင်ဆင်ပြီး ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစ ရိတ်ကို တိုးမြှင့်လိုက်တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။ သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေပုဒ်မ ၉၀ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နည်းဥပဒေတွေကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းတာလို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက လက်မှတ်ရေးထိုးပါတယ်။ ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပုဒ်မ ၉၉ အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၃၀၀ အထိ ခွင့်ပြုလိုက်တာပါ။ အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက် ပိုပြီး သုံးစွဲခြင်း မပြုရာကနေ အခုအခါမှာ ငွေကျပ်…

  • စစ်တွေတွင် AAနှင့် စစ်ကော်မရှင်တို့ လက်နက်ကြီးတိုက်ပွဲဆင်နွှဲနေ

    ‎ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA)တို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေကြောင်း သိရသည်။ ‎ယမန်နေ့ အောက်တိုဘာ ၂၆ရက်နေ့မှ ယနေ့အောက်တိုဘာ ၂၇ရက် နံနက်ပိုင်းအထိ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ‎”စစ်တပ်ဘက်က ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ ကနေ အခု AA ကပါပြန်ပစ်တယ်” ဟု စစ်တွေရှိ သတင်းရင်းမြစ်က ပြောသည်။ ‎AA ပစ်ခတ်လိုက်သည့် လက်နက်ကြီးအချို့မှာ စစ်တွေ ဒေသကွပ်ကဲမှုဆိုင်ရာ ဌာနချုပ် ဒကစ အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့သေဆုံးကာ ‎စစ်ကော်မရှင်က လက်နက်ကြီး၊ ဒရုန်းဗုံးများသုံး၍ ပုဏ္ဏားကျွန်းမြို့နယ်ကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်သည် ‎ပုဏ္ဏားကျွန်းမြို့ကို လက်လွှတ်ခဲ့ရစဉ်က AA တပ်များ…