Author: Admin-501

  • The Elixir

    The Elixir

    The Elixir (2025)

    ဒီကားလေးကတော့ Survival, Zombie Horror, Horror, Thriller အမျိုးအစားဖြစ်ပြီး ထိတ်လန့်စရာကောင်းသလို မိသားစုဒရာမာအသားပေးတဲ့ အင်ဒိုနီးရှား ဇာတ်ကားကောင်းလေးပါ။ ဒါရိုက်တာကတော့ Kimo Stamboel ပါ။

    အနှစ်ချုပ်ပြောရရင်တော့… နာမည်ကျော် ရိုးရာဆေးဖက်ဝင် အပင်တွေနဲ့ ဆေးဝါးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတဲ့ “ပြိုကွဲနေတဲ့ မိသားစု” တစ်စုအကြောင်းပဲ ဖြစ်ပါတယ်။

    ဇာတ်လမ်းက Yogyakarta နားက ကျေးလက်ဒေသတစ်ခုမှာ စတင်ပါတယ်။ Dimin လို့ခေါ်တဲ့ ဖခင်ဖြစ်သူ (သရုပ်ဆောင် Donny Damara) က သူ့ရဲ့ ဆေးဝါးစက်ရုံကို ရောင်းထုတ်ဖို့ ဖိအားပေးခံနေရပါတယ်။

    ဒါပေမဲ့ Dimin က စက်ရုံကို မရောင်းဘဲ ဆေးအသစ်တစ်မျိုးကို တီထွင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလို ဆေးဖော်စပ်ရာကနေ လုံးဝမထင်မှတ်ထားတဲ့ ဆိုးကျိုးတစ်ခု ဖြစ်လာပြီး… အဲ့ဒီဆေးသစ်ကနေ Zombie ရောဂါကို စတင်ဖြစ်ပွားလာပါတယ်။

    ဒီတော့ သူတို့ Dimin မိသားစုဟာ ဒီ Zombie ကပ်ဘေးထဲမှာ ရှင်သန်နိုင်ဖို့ ရုန်းကန်ကြရမယ့် ဇာတ်လမ်းကို စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • ၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…

    ၁၃ ပေါင်ရှိတဲ့ ကလေးကို ခွဲမမွေးဘဲ ရိုးရိုးမွေးခိုင်းတာ…

    ငါ့တူမလေးကိုမှ ရက်စက်လိုက်တာ

    လူ့လောကထဲကိုရောက်တဲ့နေ့နဲ့ ထွက်သွားတဲ့နေ့ကတစ်ရက်ထဲပါပဲလားလေးလေးရယ်

    ရင်တွေနာလိုက်တာ

    2025.10.22

    ဘယ်တော့မှမမေ့မယ့်ဒီနေ့ရက်လေး အမေတူသမီးလေး သူ့အမေငယ်ငယ်ကရုပ်လေး

    တီလေးတို့တစ်မိသားစုလုံးမျက်ရည်ချောင်းစီးရတဲ့နေ့

    တစ်နေ့နေ့မှာပြန်လာခဲ့ပါကလေးရယ်

    ဒီရုပ်ကလေးနဲ့တီတို့မိသားစုထဲကိုပြန်ဝင်လာခဲ့ပါနော်

    အဲ့ကြရင်ကျမ်းကျမ်းမာမာနဲ့အသက်ရှည်ရှည်လေးနေပေးရမယ်နော်

    ချစ်တယ်ကလေးရယ်

    ညီမလေးကသူကလေးဆုံးမှန်းတောင်မသိသေးဘူး

    ပထမကလေးလဲဆုံးရှုံးထားတော့သူအရမ်း

    သူ့သမီးလေးကိုတဖွဖွမေးနေရှာတာ

    ကြောက်နေရှာမှာ ခုလည်းသူ့သမီးလေးကိုမေးနေရှာတာ

    ငါ့ညီမလေး ဘယ်ဘဝကဝဠ်ကြွေးတေလဲကွယ်

    နှစ်ကြိမ်တိတိ ကြီးများတောင်

    သမီးလေးကို ပထမဆုံးမြင်ခွင့်နဲ့နောက်ဆုံးမြင်ခွင့်ကို တစ်ရက်သာရလိုက်တဲ့

    ဖေဖေ မဖြစ်လိုက်ရတဲ့ မတ်လေးရဲ့ရင်ထဲကခံစားချက်လေး

    သူ့အမျိုးသမီးလေးကွယ်ရာမှာ သူဘယ်လိုတောင်ငိုနေရှာမလဲ

    သူတို့လေးတွေ ကြောက်သွားရှာတာ

    video ဆုံးအောင်ကြည့်ရင်နားလည်လိမ့်မယ်လို့ထင်ပါတယ်

    ကလေးလေးမွေးပီးပီးချင်းဆုံးသွားတာနဲ့

    ပတ်သက်ပီးအားလုံးကိုဒီ video လေးနဲ့ပဲပြောပြလိုက်ပါတယ်ရှင့်

    မေမေလောင်းလေးများလဲ ကျမညီမလေးလိုမဖြစ်ရအောင် တွေကြုံရတာလေးတွေမျှဝေပေးလိုက်ပါတယ်

  • တေဇာလင်း (ခေါ်)  ကုလားမ (ခေါ်) ဘချစ် (ခေါ်) လှိုင်သာယာကိုကြီး

    တေဇာလင်း (ခေါ်) ကုလားမ (ခေါ်) ဘချစ် (ခေါ်) လှိုင်သာယာကိုကြီး

    ဒီဘဲ နာမည်အရင်းက တေဇာလင်းပါ ရပ်ကွက်ထဲမှာတော့ ကုလားမလို့ခေါ်တယ်

    သူ့မှာ ညီတစ်ယောက်ရှိတယ်ဗျ

    သူ့ညီနာမည်က ဇာနည်လင်းတဲ့

    သူ့ညီကနယ်လှည့်ပြီး ဖဲရိုက်တယ်

    နောက်ဆုံး ဖဲဝိုင်းမှာသူများ သတ်လို့ သေတယ်

    သူအရင်က အောင်ပိုင်စိုးဆိုတဲ့ ဘော်ဒါတစ်ယောက်ရှိတယ်

    ငယ်ငယ်က ပလုံကောက် ဖောက်ကောက်ဖက်ပေါ့

    ငယ်ငယ်ထဲက ရပ်ကွပ်ထဲ လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲရှိကြတယ်

    အောင်ပိုင်စိုးကအပေအတေဗျ

    တစ်ညကျတော့ ဘုရားလမ်းမှာ ရဲကင်းက ဆိုင်ကယ်ငှားပြီး ကွမ်းထွက်ဝယ်တယ်

    (လှိုင်သာယာမှာ လူဆိုးလူမိုက်ပေါက်စဆိုတာ ရဲနောက်လိုက်ခွေးပဲဗျ

    အင်ဖော်မာပေါ့

    ဒီကောင်တွေ ခိုးမှု လုမှု ရိုက်မှု လက်နက်ကိုင်ဆောင်မှု ဘာနဲ့ပဲ အချုပ်ကျကျ
    နောက်ရက်ကျ ပြန်လွတ်တာပဲ)

    အဲ့ညမှာပဲ အောင်ပိုင်စိုး အသတ် ခံရတယ်

    သူ ပါးရိုက် အနိုင်ကျင့် ပိုက်ဆံတောင်းနေတဲ့ အခြောက်တွေ ဓားနဲ့ဝိုင်းထိုးသတ်သွားတာ

    သတ်ပြီး ဆိုင်ကယ်ကို ရပ်ထားတဲ့ ကုန်ကားအောက် ထည့်သွားတာ

    ဆိုင်ကယ်မှောက်တဲ့ ပုံစံနဲ့ ပြန်တွေ့တော့ ရုပ်ပျက်ဆင်းပျက်ပဲ

    တတ်တူးတွေကြောင့် သူမှန်းသိတာ

    အဲ့အမှုလဲ ခုထိမပေါ်ခဲ့ဖူး။

    လှိုင်သာယာမှာ ကြေးစားအကြွေးတောင်းတာတို့ ကျူးရှင်းတာတို့ ကြေးစားလူရိုက်ပေးတာတို့ သတ်ပေးတာတို့ရှိတယ်

    အဲ့နောက်ပိုင်း သူတပည့်မွေးတယ်

    ရပ်ကွက်ထဲက လက်ရဲဇက်ရဲ ရှိတဲ့ ကလေးသာသာတွေမွေးတယ်

    ဆိုင်ကယ်ပွဲစား ကားပွဲစား လိုလိုနဲ့ သူ့ရဲ့မူလအစ လုပ်ငန်းက ကြေးစားအကြွေးတောင်းတာပဲ အကြွေးတောင်းတယ်ဆိုတဲ့ လုပ်ငန်းက ဥပမာ – လူတစ်ယောက်က အကြွေးဆယ်သိန်း မဆပ်ဖူး ချေးတဲ့လူက သူတို့ကိုငှားတယ် သူတို့က မရရအောင် တောင်းတယ်

    သူတို့ကိုကြောက်တဲ့လူတွေက ပေးရတယ်

    ရရင် သူတို့က ငါးသိန်းရတယ်

    အဲ့လိုအလုပ်မျိုးပဲ အဲ့ကနေမှ တဖြည်းဖြည်း ကြိးပွါးလာတယ်

    အရင်ရပ်ကွက်လူမိုက်လောက်ကနေ လှိုင်သာယာအပိုင်စား ဝင်းနိုင်ဆီကပ်တယ်

    ကျော်ဝင်းစိန်ဆီကပ်တယ်

    လူမိုက်အသေးစားကနေ လူမိုက်အကြီးစားဖြစ်လာတယ်

    2021 စစ်တပ်အာဏာသိမ်းတော့ ရဲရဲတောက် ဆန္ဒပြခဲ့ကြတယ်

    လှိုင်သာယာ ၁ ထိပ်ကနေ စစ်တပ်က စစ်ကားတွေနဲ့ဝင်လာတော့ ဘုရားလမ်းမှာ ရှေ့ဆုံးက ဓားလွယ်ပြီး ဦးဆောင်ခဲ့တာသူပဲ

    နောက်ရပ်ကွက်ရုံးမှာ စစ်တပ်က ဝင်အုပ်ချုပ်တော့ ရပ်ကျေး လက်ပတ်နီတွေပတ်ပြီး ဓားလွယ်ဆိုင်ကယ်နဲ့ ဦးဆောင်ကင်းပတ်ပေးတာလဲ သူပဲ

    ရပ်ကွက်ရုံးကိုမီးရှို့မယ်ပြောလို့ ရာအိမ်မှူးနဲ့တိုင်ပြီး ကျနော့ကိုဖမ်းခိုင်းခဲ့တာ

    ကျနော့အကိုတွေမျက်နှာကြောင့်သာ အထုအထောင်းမခံခဲ့ရပဲ ခံဝန်ကတိလက်မှတ်ထိုး အဲ့ရပ်ကွက်လူကြီးတွေကိုပါ ထိုင်ကန်တော့ခဲ့ပါတယ်

    တခြားလူတွေဆို လမ်းမလျှောက်နိုင်အောင် ရိုက်နှက်ကြတာ

    အဲ့နောက်ပိုင်း UG တွေ လုပ်တော့ ခံဝန်နဲ့နေရတဲ့ ကျနော်လဲ ကျောမလုံတာနဲ့ အဲ့ကထွက်လာပြီး ဒီ လက်နက်ကိုင်လမ်းစဥ်ကိုရွေးခဲ့တာပါပဲ

    ✍Rebel Leonin

  • တလရ မအောင်နိုင်တော့ဘူးဆိုပြီး ထုတ်ပြောလာတဲ့ ဥက္ကာမင်းမောင်

    တလရ မအောင်နိုင်တော့ဘူးဆိုပြီး ထုတ်ပြောလာတဲ့ ဥက္ကာမင်းမောင်

    တော်လှန်​ရေးလဲ မ​အောင်နိုင်​တော့တာ သိသိကြီးနဲ့ ကမ္ဘာတဖက်ခြမ်းမှာ​နေတဲ့ ငါ့ကို သဲကြီးမဲကြီး လိုက်တိုက်ခိုက်​နေကြတာ အရမ်းရယ်ရတယ်​နော်..

    ငါက အမှန်တရား​တွေပဲ​ပြောတာ..

    ငါ့ကို တိုက်ခိုက်​တော့နင်တို့ဘာရမှာတုန်း❓️❓️

    အ​ဖြေ​ကောရှိလား❓️❓️

    ငါပါးစပ်ပိတ်သွားရင်​ကော ​တော်လှန်​ရေး ​အောင်မယ်ထင်​နေတာလား❓️

    ငါပါးစပ်ပိတ်သွားရင် သူ_ခိုးမက ပ​ရောဂျက်​တွေပြန်လုပ်ပြီး ​တော်လှန်​ရေး ​အောင်မယ်ထင်​နေတာလား❓️

    နင်တို့ ​သူ_ခိုးမ ​အောက်ဆွဲ​တွေက​လေ မ​ယောင်ရာ ဆီလူး ဝူးဝါး ပြူးပြဲ​တော့ သိပ်လုပ်ကြတာ​​နော်..

    အချက်ကျကျ​ပြောလဲ အ​ကောင်းမမြင်နိုင်..

    သူခိုးမဆီက တသက်စာသုံးမကုန်​အောင် ရ​နေလို့လားဆို​တော့လဲ မဟုတ်ပြန်ဘူး..

    သူ_ခိုးမဘက်က ဆဲ​ပေးလို့ ​ဒေါ်လာ တစ်ရာ​လောက်ရလို့ဆိုရင်​တောင် ငါက နားလည်ပေးလ်ို့ရဦးမယ်..

    အခုက ​ဒေါ်လာ တစ်ရာ ရဖို့​နေ​နေသာသာ သူ့ဆီက တပြားတချပ်ရရင် ကံ​ကောင်း..

    သူက သူ့အတွက် သူချည်းလုပ်သွားတာ..

    ဆဲ​နေတဲ့ အ​ကောင့်​တွေကြည့်လိုက်ရင် အတု​တွေချည်း profile lock ​တွေချ..friend က ၅၀ မပြည့်..

    အ​ကောင့်အစစ်တခုတ​လေ​ပေါ်လာ​တော့ ဝင်ကြည့်လိုက်​တော့လဲ ဘဝ​တေ့က ​တောကြိုအုံကြား ထန်းပင်​တွေ ခြုံပုတ်​တွေကြား ညှပ်ဖိနပ်စုတ် ပု​ဆိုး ခါး​တောင်းကြိုက်နဲ့ ဘှ​တွေက စု_တ်ပြ_တ်လို့..

    နင်တို့က သူ_ခိုးမလုပ်လို့ ဒီမိုက​ရေစီရပြီး နင်တို့ဘဝ​တွေ ဖိနပ်စုတ်က​နေ ရှူးဖိနပ်​ပြောင်းစီးရမယ့်ဘဝ​ရောက်မယ်ထင်​နေကြ​သေးတာလားဟင်❓️❓️

    နင့်တို့ ​ငွေ​တွေသာ ​သူ_ခိုးမက ညှစ်ယူသွားပြီး အိမ် ၂ လုံး ​မေဒီးကားမှာ စီးပွား​ရေး ၄ ခု ထိုင်းမှာ ၁ ခု ပိုင်ပြီးပါတီတက် အ​မေရိကားတခ့င်ပြဲပြဲစင် ခရီး​တွေသွား တာနင်တို့​ငွေနဲ့.. ဘယ်အစိုးရတက်တက် နင်တို့ ဘဝ​ကောင်းစားဖို့ နင်တို့လုပ်မှရမှာ..သိဖို့

    ဥက္ကာမင်း​မောင်လို နာမည်ကြီးအနုပညာရှင်တစ်​ယောက်က New York မှာ​အေး​ဆေး ဖ_င်​ကော့​ခေါင်း​မော့ပြီး ​နေလို့ရရဲ့သားနဲ့ သန်း​ပေါင်းများစွာသိ​အောင် အလိမ်​ဖော်​ပေး​နေတာကို အ​ကောင်းမမြင်တတ်ရင်လဲ ထား.. ရတယ်.. စိတ်မဆိုးဘူး..

    ငါ့​နေရာ ငါ့အဆင့်အတန်း ငါ့လူ​နေထိုင်မှုဘဝ

    ငါ့​ကျော်ကြားမှု ငါ့မှတ်တိုင်​တွေနဲ့ယှဥ်ရင် အခု ရင်ဆိုင်ကြုံ​တွေ့​နေရတာ​တွေက တကယ်လိုအပ်လို့လား

    ငါ့အစား ကိုယ်ချင်းစာကြည့်​ကြလေ..

    ငါ့​နေရာ ငါ့အ​နေအထားကို ဝင်ကြည့်​ကြလေ..

    ​စေတနာကို မြင်​အောင်ကြည့်..​

    ငါက ကျေးဇူးတင်ခံရချင်လို့မဟုတ်..

    သူခိုးမက ​ငွေလဲခိုး​​သေး မိုက်ရိုင်းဆဲဆိုပြီး လူပါးဝ​နေ​သေးတာ..

    သူများအသက်ပါလုပ်ကြံခိုင်း​သေးတာ..

    မယုံရင် ​​တော်လှန်ဆယ်လီ​တွေ သူ_ခိုးမအ​ကြောင်းလာ​ပြောကြပါလ်ို့ စာတစ်​ကြောင်းပဲ​ရေးပြီး Post တင်ခိုင်းလိုက်ကြ.. တန်းစီပြီး လာ​ပြောကြလိမ့်မယ်

    သူ့​ကြောင့် ဒုက္ခ​ရောက်သွားသူ​တွေ အသက်မရှိ​တော့သူ​တွေ ​ထောင်ကျသွားသူ​တွေ တိုင်းပြည်က​နေ ထွက်​ပြေးရသူ​တွေ အများကြီး​​မှ အများကြီးဟေ့..

    မိန်းမတစ်​ယောက်ကို ငါက လိုက်တိုက်ခိုက်တယ်ထင်မ​နေနဲ့..

    ဒီ​အောက်တန်းစားမ က ခင်ဗျားတို့ အားလုံးထင်ထားတာထက် ယု_တ်မာ​ ကောက်ကျစ် ပက်စက် တယ်..

    သူ့ရဲ့ပိုင်ဆိုင်မှု​တွေ ဆုံးရှူံးမှာ​ကြောက်လို့ သူ့နာမည်နဲ့ဖွင့်ထားတဲ့ ကုမ္ပဏီက​တောင် Sept 11,2025 မှာအလုပ် ထွက်လိုက်တာပဲကြည့်..

    ပိုင်ဆိုင်မှူ​တွေ သူ့မိသားစုသူပဲ လွှဲချလိုက်တာ​လေ..

    FBI က မိလို့သိမ်းရင် အကုန် ပါမယ်​လေ.. ​

    ကော်ပို​ရေးရှင်းနာမည်က နင့်နာမည်ဖြစ်​နေတဲ့ကိစ္စကိုဟယ်..

    ထွက်လဲဘာထူးမှာတုန်း❓️❓️ဟာသပဲ

    နင့်ဘဝဒီထက်ပိုဆိုးဖို့သာ ပြင်ထား

    ငါ့ထမင်းငါစားပြီးကို ဆက်တိုက်ပြန်​ဝုန်းမှာ..​

    ငါ​မေးသမျှ စိန်​ခေါ်သမျှ ဖြေနိုင်ရင်​ဖြေ.. ​

    စော_က်ခွက်နဲ့ဘဝကသာ နှပြားမတန်တယ်.. ​

    စော_က်​လေသံက အ​ပေါ်စီးကမ​လျော့ဘူး

  • ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    ရွေးကောက်ပွဲဝင်ပြိုင်မည့် ဇနီးကို ရိုက်နှက်ခဲ့သည့် ခင်ပွန်း ဖမ်းဆီးခံရ

    အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းကို ရိုက်နှက်ခဲ့တဲ့ ခင်ပွန်းဖြစ်သူကို တိုက်ကြီးမြို့နယ် ဥက္ကံနယ်မြေရဲစခန်းက ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    တိုက်ကြီးမြို့နယ်၊ အုန်းပင်စုကျေးရွာမှာ တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်လေးလေးမြင့်ကို ခင်ပွန်းဖြစ်သူ ကိုကျော်လင်းထွန်းက ရိုက်နှက်ခဲ့ပြီး ရွေးကောက်ပွဲကနေ နုတ်ထွက်ခြင်း မပြုပါက သတ်ပစ်မယ်လို့ ခြိမ်းခြောက်လာတာကြောင့် ရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    ဒေသခံတယောက်က “သူ့ယောကျ်ားကို အရပ်ထဲက ဂဏန်းလို့ခေါ်တယ်။ လက်စလက်နရှိတယ်။ သူ့မိန်းမကို ရွေးကောက်ပွဲမဝင်ဖို့ အကြိမ်ကြိမ်သတိပေးတယ်။ မရဘူး၊ နာမည်စာရင်းပါလာတော့ အိမ်မှာ ရိုက်နှက်တယ်။ ရွေးကောက်ပွဲကနေ ထွက်ဖို့ပြောတယ်။ မထွက်ရင် သတ်ပစ်မယ်ပြောလို့ မိန်းမက ရဲစခန်းတိုင်လိုက်တာ အဖမ်းခံရတယ်” လို့ ပြောပါတယ်။

    အောက်တိုဘာ ၁၇ ရက်က ဇနီးဖြစ်သူရဲ့ တိုင်ကြားချက်ကြောင့် ကိုကျော်လင်းထွန်း (ခ) ဂဏန်းကို ဥက္ကံနယ်မြေရဲစခန်းက (ပ) အမှတ် ၄၉ /၂၀၂၅ / ရွေးကာဥပဒေပုဒ်မ ၂၄ /က နဲ့ အမှုဖွင့်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ဒီလိုပြဿနာတွေ ဖြစ်နေမှာပဲ။ တချို့ဆို မိဘက ရွေးကောက်ပွဲဝင်လို့ သားသမီးက အိမ်ပေါ်ကဆင်းသွားတာ၊ မိသားစုက စကားမပြောတာ၊ ဆွေမျိုးတွေက ပစ်ပယ်တာတွေ ရှိတယ်။ လူတိုင်း သူ့ခံစားချက်နဲ့သူ၊ တချို့ကလည်း အာဏာသိမ်းစစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်တော့ ရှက်တာလည်းပါတာပေါ့။”

    စစ်ကောင်စီက အောက်တိုဘာ ၃ ရက်အထိ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ခံထားသူ ၆၄ ယောက် ရှိပါတယ်။

    ပထမဦးဆုံး ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၂(က) နဲ့ အမှုဖွင့်ခံရတဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာ ၉ ရက်မှာ စစ်ကောင်စီက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။