Author: Admin-501

  • နေပြည်တော်၌ ငလျင်လှုပ်

    နေပြည်တော်၌ ငလျင်လှုပ်

    နေပြည်တော်မှာ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု နိုဝင်ဘာ ၁၈ ရက်က ထပ်မံလှုပ်ခဲ့တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ငလျင်ဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုချက်ယူပြီး လှုပ်ခဲ့တာပါ။

    အင်အားအနေနဲ့ ၃ ရစ်ခ်ျတာစကေးအဆင့်သာ ရှိခဲ့ပေမဲ့ သိသာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အခုတခေါက်လှုပ်ခဲ့တဲ့ ငလျင်ဟာ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ပြီး ၂၄၄ ကြိမ်မြောက် လှုပ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    ဒီနေ့ နေပြည်တော်ငလျင်တွေ တော်တော်သိသာတယ် ပြောကြတယ်။

    ပထမတခုက ယမန်နေ့် (နိုဝင်ဘာ ၁၈ ရက်) နေ့လယ် ၂ နာရီ ၂ မိနစ်က ပျဥ်းမနား၀န်းကျင်မှာ M 3.2 နဲ့ နောက် မိနစ် ၄၀ ၀န်းကျင်ခြားပြီးပေါင်းလောင်းဘက်မှာ M 3.6 တို့ ဆက်စပ်လှုပ်ခတ်သွားခဲ့တာပါ။

    အခုလပိုင်းတွေအတွင်း အတော်လေး​ညင်ညင်သာသာ ရွေ့လျားနေကြတဲ့အပိုင်းမှာ ပြင်းအားတက်တာရော၊ M 2.0 နဲ့အထက်ဆိုရင်ကို သိသာခံစားရမိလွယ်တဲ့ ပျဥ်းမနားတကြောဟာ မြေသားလက်ရှိအနေအထား​ကြောင့်လည်း ပါပါတယ်။

    နေပြည်တော် ~ ပေါင်းလောင်းတကြောမှာ _

    • စက်တင်ဘာလအတွင်း M 2.0 မှ M 2.8 အထိ (၈)ကြိမ်။

    • အောက်တိုဘာလအတွင်း M 2.0 မှ M M 3.6 အထိ (၈) ကြိမ်။

    • ယခု နို၀င်ဘာလအတွင်း M 2.0 မှ M 3.6 အထိ (၆) ကြိမ်အထိ ၃ လတာအတွင်း ၂၂ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

    ဒီအပိုင်းတွေဟာ နောက်ဆက်တွဲကာလ ဖိအားဖြေလျော့မူ အနေအထားအရတော့ ပုံမှန်လျော့ကျလာနေကြပါပြီ။

    တချို့ဒေသပြတ်ရွေ့ငယ်တို့ရဲ့ ဖိအားလက်ခံထားပုံ မတူညီမူအပေါ် ရံဖန်ရံခါ ဒီလို အားတက်ချော်ထွက်လှုပ်ခတ်တာမျိုးကတော့ ရှိတတ်တာ သဘာ၀ကျပါတယ်။

    အရင်ကလို 4.0 နဲ့အထက်ကတော့ သိပ်မတွေ့ရတော့တာ ၃ လနီးပါး ဖြစ်လာပါပြီ။

    ဒီပြင်းအား 3.0 နဲ့အထက်တွေကတော့ လာနိုင်ချေတွေ ရှိနေပါသေးတယ်။

    ဒီနေရာမှာ ကျနော်တို့ အထူးသတိပြုစောင့်ကြည့်နေမိတာက ဒီနေ့မှာပဲ M 3.5 ၀င်ထားတဲ့ ရှမ်းကုန်းပြင်မြင့်တကြောပါ။

    ကျောက်ကြမ်းလို ပြတ်ရွေ့ကြီးတွေနဲ့ ဆက်စပ်တွေ ၊ ဒေသတွင်းပြတ်ရွေ့တွေရဲ့ သဘာ၀ဟာ ဖိအားစုမိထားတဲ့အပြင် ထပ်တိုးဖိအားတွေနဲ့ ပေါင်းစပ်ပြီး ကာလတခုမှာတော့ သေမလွဲမသွေ အားသိသိသာသာချော်ထွက်သွားနိုင်ချေကို သတိမပြတ်ဖို့ လိုပါတယ်ဗျ။

    AI INFO TEAM

    Photo: ငလျင်ကြောင့် ပျက်စီးခဲ့သည့် နေပြည်တော်ရှိအဆောက်အဦ(ပုံဟောင်း)

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

    “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAA ကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

    သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

    တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။

    တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။

    MNDAAအနေနဲ့ လူသိမခံချင်တဲ့တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက​ရေးသားနေကြပါတယ်။ အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAA က တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAA က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAA တပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ရက် နေ့က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားပါတယ်။

    MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။

    လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAA က သီးခြားသတင်းထုတ်ပြန်မထားပါဘူး။

    ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    “တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။

    (MNDAA နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇူလိုင်လမှာ လားရှိုးမြို့က စစ်တပ်တပ်စွဲ စခန်းတစ်ခုကိုသိမ်းပိုက်ပြီး ​အောင်ပွဲခံစဥ်။ဓါတ်ပုံ-The Kokang)

  • The Lives of Others

    The Lives of Others (2006)

    ဒီကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်။

    အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

    ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။

    ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက တစ်ဖက်ဖြစ်ကာ ဂျာမဏီနိုင်ငံဟာ နှစ်ပိုင်းပိုင်းခံလိုက်ရပါတယ်။

    ဂျာမဏီနိုင်ငံကို နှစ်ပိုင်း ပိုင်းလိုက်ရုံသာမက ရုရှားအစိုးရလက်ထဲကျရောက်နေတဲ့ ဘာလင်မြို့ကိုလည်း နှစ်ပိုင်းပိုင်းခဲ့ပါတယ်။

    အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီ အရှေ့ဘာလင်နဲ့ အနောက်ဘာလင်ဆိုကာ လူမျိုးတစ်မျိုးထဲနဲ့ နှစ်နိုင်ငံဖြစ်ခဲ့ရပါတယ်။

    နိုင်ငံရေးအနေနဲ့ အရှေ့ဂျာမဏီဟာ ရုရှားတို့ပိုင်နက်နယ်မြေထဲမှာ ရှိတဲ့အတွက် ဆိုရှယ်လစ်စနစ်ဖြစ်ကာ အနောက်ဂျာမဏီကတော့ ဒီမိုကရေစီဆန်ဆန် ဖြစ်ခဲ့ပါတယ်။

    1961 ခုနှစ်မှာ ရုရှားအစိုးရဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကြား ကို ဘာလင်တံတိုင်းတည်ဆောက်ကာ လုံးဝ ပိုင်းခြားခဲ့ပါတယ်။

    အနောက်ဂျာမဏီကလူများကတော့အရှေ့ဂျာမဏီကို အခက်အခဲမရှိ ကူးသန်းနိုင်ခဲ့သော်လည်း အရှေ့ဂျာမဏီမှ အနောက်ဂျာမဏီသို့ ကူးသန်းခွင့်သည် ထိုခေတ်က ရွှေထက်ရှားခဲ့လေသည်။

    ထိုခေတ်ထိုကာလရှိ အနုပညာရှင်များကိုလည်း အစိုးရက မကြည်ရင်မကြည်သလို အနုပညာလုပ်ခွင့်ပိတ်ပင်ခြင်းများရှိခဲ့လေသည်။

    ဤဇာတ်ကားထဲတွင် ပြဇာတ်စာရေးဆရာတစ်ဦးဖြစ်သူ ဂရော့ ဒရိုင်းမန်းကို ဗိုလ်မှူးကြီး ဗီးစ်လာက အနီးကပ်စောင့်ကြည့်ရသည့်အကြောင်းကို အခြေခံရိုက်ကူးထားသည်။

    စောင့်ကြည့်ပုံမှာ ဂရော့ ဒရိုင်းမန်း၏ တိုက်ခန်းတစ်ခုလုံးကို အသံဖမ်းစက်များတပ်ဆင်ကာဖမ်းယူနားထောင်နေခြင်းဖြစ်သည်။

    ဒီကားက အစပိုင်းတော့ အနည်းငယ်အေးပါတယ်။ နည်းနည်းသီးခံပြီးကြည့်ပါ။

    တဖြည်းဖြည်းနဲ့ The lives of others ဆိုတာကို ပြောက်မြောက်စွာပုံဖော်လာသလို ကြည့်ရှုသူကိုလည်းအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်။

    ဒီဇာတ်ကားအကြောင်းကို ပြန်တွေးတိုင်း တွေးတိုင်း ရင်ထဲမှာ နင့်နေအောင် ခံစားရမယ့် ရသတစ်မျိုးကိုလည်း ခံစားရမှာပါ။

    နောက်ဆုံးအနေနဲ့ အသေးစိတ်လေးတွေကို သတိထားကြည့်ပါလို့ပြောချင်ပါတယ်။

    ကဲ ညွှန်းထားတဲ့ အတိုင်း ဟုတ်လား မဟုတ်လားဆိုတာ အခုပဲ ကြည့်ပြီး ဆုံးဖြတ်ကြပါစို့လားဗျာ။

  • The Fourth State

    The Fourth State

    The Fourth State (2012)

    ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Paul Jensen က Berlin က သူ့အလုပ်ကိုထွက်ပြီး Moscow က နာမည်ကျော်တွေရဲ့ အတင်းအဖျင်းရေးတဲ့ မဂ္ဂဇင်းတစ်ခုမှာ အလုပ်လုပ်ဖို ရုရှားကိုပြောင်းလာခဲ့ပါတယ်။

    ဒါပေမဲ့ နိုင်ငံရေး အကြမ်းဖက်သမားတွေရဲ့ ဆန္ဒပြအဓိကရိုဏ်းတွေကြား ဝင်ပါမိပြီး အပြစ်မရှိဘဲ ထောင်ကျသွားခဲ့ရပါတယ်။

    Paul တစ်ယောက် ကွယ်လွန်သွားတဲ့ နိုင်ငံရေးဂျာနယ်လစ်သမားဖြစ်သူ သူ့အဖေရဲ့ မပြီးဆုံးသေးတဲ့ ဆောင်းပါးနဲ့ အစိုးရရဲ့ လျှိဝှက်လုပ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိသွားချိန်မှာတော့ နိုင်ငံရေးကို စိတ်မဝင်စားခဲ့တဲ့ Paul တစ်ယောက် သူ့အဖေခြေရာကိုနင်းပြီး အမှန်တရားကို ချပြနိုင်အောင် အဲဒီဆောင်းပါးကို အပြီးသတ်ပေးမလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Dead to Rights

    Dead to Rights (2015)

    ဓာတ်ပုံဆိုတာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေရဲ့ မှတ်တမ်းတစ်ခုတင်မကပဲ ခေတ်ကာလတွေရဲ့ သမိုင်းအထောက်အထားလဲ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ဇာတ်ကားဟာ နန်ကျင်းမြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ရာဇဝတ်မှုကို ဖော်ပြခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံအထောက်အထားတွေကိုအခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။

    ကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံကို ဂျပန်စစ်တပ်တွေကျူးကျော်ဝင်ရောက်လာတဲ့ကာလအတွင်းမှာ နန်ကျင်းမြို့မှာနေတဲ့တဲ့ ပြည်သူတစ်စုက (ကံကောင်းခြင်းဓာတ်ပုံတိုက်) ကျီရှန်ဓာတ်ပုံတိုက်မှာ ပုန်းအောင်းနေကြပါတယ်။

    တစ်ရက်ပိုအသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ သူတို့ဟာ ဂျပန်စစ်တပ်ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဖလင်ပြားတွေကို ကူညီပြီးဆေးကြောပေးဖို့ အတင်းအကြပ်စေခိုင်းခံရပါတယ်။

    အဲဒီဖလင်ပြားတွေကို ဆေးကြောရာမှာ မမျှော်လင့်ဘဲ ဂျပန်စစ်တပ်ရဲ့ မြို့တွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာတွေကို သက်သေပြနိုင်မယ့် ဓာတ်ပုံတွေပေါ်ထွက်လာပါတယ်။

    သူတို့ရဲ့ တစ်ခုတည်းသော မူလရည်ရွယ်ချက်က ဒီသတ်ဖြတ်မှုကြီးကြားမှာ အသက်ရှင်နိုင်ဖို့အရေးပဲဖြစ်ပါတယ်။

    ဒါပေမယ့် နန်ကျင်းမြို့ထဲက ဂျပန်တွေရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို မျက်ဝါးထင်ထင်မြင်တွေ့ရပြီးနောက်မှာတော့ ဒီဓာတ်ပုံဖလင်တွေကို ကမ္ဘာကသိအောင်ထုတ်ဖော်ပြနိုင်ဖို့ သမိုင်းဝင်အထောက်အထားအဖြစ် ကျန်ရစ်အောင်လုပ်နိုင်ဖို့ အပြင်ကိုမရရတဲ့နည်းနဲ့သယ်ထုတ်သွားဖို့
    အသက်နဲ့ရင်းပြီးကြိုးစားကြတဲ့ ဇာတ်ကြောင်းပဲဖြစ်ပါတယ်။