Author: Admin-501

  • Arjun Chakravarthy

    Arjun Chakravarthy

    Arjun Chakravarthy (2025) တက်လမ်း

    Arjun Chakravarthy: Journey of an Unsung Champion

    အဖေမရှိ အမေမရှိတဲ့ဘဝကနေ ကြီးပြင်းလာခဲ့ရတဲ့ ကျွန်တော်အာဂျွန်။

    ကျွန်တော့်နေ့စဉ်ဘဝကတော့ ကြုံရာအိမ်ရှေ့ဖိနပ်ချွတ်ကနေ နိုးထလာခြင်းက စခဲ့တာပေါ့ အမေမရှိတော့ဘူးဆိုပေမဲ့
    အမေက နာမည်တော့ ပေးခဲ့ရှာပါတယ် အာဂျွန်ချက်ကရာဗာသီတဲ့ မသိရင် ဘုရင်နာမည်လိုလိုပေါ့ဗျာ

    ဒါပေမဲ့ စားဖို့တောင် အနိုင်နိုင်ပေါ့ တစ်နေ့ ကျွန်တော်နိုးလာတော့ မရှိတဲ့အမေကို စော်စော်ကားကားပြောနေတဲ့
    ဦးလေးတစ်ယောက်ကို ထိုးလိုက်မိတယ် အဲဒီဦးလေးက ပြန်ရိုက်တော့ လူကြီးတစ်ယောက်က ဝင်ဆွဲပေးရှာတယ်

    အဲဒီလူကြီးကြောင့် ကျွန်တော့်ဘဝတစ်ခုလုံးက လုံးဝပြောင်းလဲသွားခဲ့တာပေါ့ဗျာ ဒီလူကြီးရဲ့ဘဝက
    စိတ်ဝင်စားဖို့တော့အကောင်းသားဗျ ကျွန်တော်တစ်ခါမှမကြားဖူးတဲ့ ကာဘက်ဒီကစားနည်းရဲ့ ဆရာတဲ့လေ

    သူ့မှာရှိသမျှ အင်အား ခွန်အား ရည်မှန်းချက် ဒါတွေအကုန် ဒီကစားနည်းထဲနှစ်မြှုပ်ထားတဲ့ နည်းပြဆရာတစ်ယောက်။
    ကျွန်တော်က ပိုက်ဆံရှာချင်ပေမဲ့ သူက ကစားနည်းသင်ခိုင်းတယ်ဗျ ကျွန်တော်ကလည်း တစ်ခါကြည့်ရုံနဲ့

    တန်းမှတ်မိတဲ့ကောင်ဆိုတော့လည်း ကျွန်တော်တို့၂ယောက်ရဲ့ ဘဝလမ်းကြောင်းတွေ ဘယ်ထိရောက်သွားမလဲဆိုတာကို

    အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ လိုက်ပါကြည့်ရှုပေးကြပါဦး

  • Warning: Do Not Play

    Warning: Do Not Play

    Warning: Do Not Play (2019)

    သရဲကား ကောင်းကောင်းရှာနေသူတွေအတွက် ဒီနေ့မှာတော့ 2019 ခုနှစ်ထွက် သရဲကားကောင်းတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ။ အဓိကသရုပ်ဆောင်တွေကတော့ မင်းသမီး Seo Yea Ji နဲ့ မင်းသားကြီး Jin Seon Kyu တို့ ပါဝင်ထားပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ ..

    သရဲဇာတ်လမ်းတို တစ်ခု ရိုက်ဖို့အတွက် ဇာတ်ညွှန်းကို ရအောင်မရှာနိုင်ရင် အလုပ်ပြုတ်ကိန်းဆိုက်နေတဲ့ ဒါရိုက်တာမလေး ဘတ်မီဂျောင်းအကြောင်းပဲ ဖြစ်ပါတယ် ။

    ဒီလိုနဲ့ ဘတ်မီဂျောင်းဟာ သူ့ ဂျူနီယာလေး တစ်ယောက်ဆီကကြားတဲ့ သတင်းအစအန တစ်ခုကို ဆုပ်ကိုင်ရင်း ဒယ်ဂျွန်းအထိ ရောက်လာခဲ့ပါတော့တယ် ။

    သူသိထားရတာကတော့ “သရဲရိုက်ထားတဲ့ ရုပ်ရှင်” ဆိုတဲ့အကြောင်းပါပဲ ။

    ဒါပေမဲ့ ရုပ်ရှင်နာမည်နဲ့ ဒါရိုက်တာနာမည်ကလွဲပြီး သတင်းအစအန ရမလာတဲ့အခါ ဘတ်မီဂျောင်းက အွန်လိုင်းပေါ်ကို ပို့စ်တင်ပြီး မေးပါတော့တယ် ။

    ဒီအခါမှာတော့ “ warning “ ရဲ့ ဒါရိုက်တာ ဂင်ဂျယ်ဟျွန်းဆိုတဲ့လူက ပို့စ်ကို ဖျက်ပေးဖို့ တောင်းဆိုရာက အစပြုပြီး နှစ်ယောက် တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ် ။

    “ warning “ က တကယ်ပဲ သရဲကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်ရှင်လား ။

    အဲဒီရုပ်ရှင်ကို ပြသခွင့်တောင် ပိတ်လိုက်ရတဲ့အကြောင်းအရင်းကရော ဘာတွေရှိနေမလဲ ။

    ရုပ်ရှင်နဲ့ ပတ်သက်သမျှ အရာအားလုံးကို ဖျောက်ဖျက်ချင်နေတဲ့ ဂင်ဂျယ်ဟျွန်းနဲ့ “ warning “ ကို ပြန်အသက်သွင်းဖို့ စိတ်အားထက်သန်နေတဲ့ ဘတ်မီဂျောင်းတို့နှစ်ယောက်မှာ ဘယ်သူက အနိုင်ရမလဲ ။

    နောက်ဆုံးမှာ တကယ်ပဲ လက်ရာမြောက်တဲ့ သရဲကားတစ်ကား ထွက်လာမလားဆိုတာကိုတော့ Warning : Don’t Play ရုပ်ရှင်မှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။

  • The Roses

    The Roses

    The Roses (2025)

    လန်ဒန်မြို့ထဲ တစ်နေ့ လူလည်းများ၊ ကားလည်းများ နေ့လယ်ခင်းမှာ သီယို ဆိုတဲ့ ဗိသုကာပညာရှင်ကောင်လေး နဲ့ အိုင်ဗီ ဆိုတဲ့ စတီစ်လေး ဆုံကြတယ်။

    အိုင်ဗီက အမေရိက သွားပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ချင်တယ်ဆိုပြီး အိပ်မက်တွေအကြီးကြီး ပြောနေတာ။

    သီယိုက ကြွေသွားပြီး “အိုကေ၊ ငါလည်း လိုက်မယ်” ဆိုပြီး လက်တွဲလိုက်လာခဲ့တာ နှစ်နှစ်လောက်ကြာတော့ ဘဝက ချောချောမွေ့မွေ့ အလုပ်ကလည်း တိုးတက်၊အိမ်ထောင်က အဆင်ပြေ ကလေးတွေက ချစ်စရာကောင် ဘယ်သူမှ မထင်ထားဘူး၊ ဒီလို ချောချောမွေ့မွေ့ ဘဝအောက်မှာ တိမ်တိုက်တွေ စုနေတယ်ဆိုတာ တစ်နေ့ သီယိုရဲ့အလုပ်က ပြုတ်သွားတယ်။

    အိုင်ဗီကတော့ သူ့ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု ဖြစ်လာတယ် အဲဒီနေ့ကစပြီး နှစ်ယောက်ကြားထဲ ပြိုင်ဆိုင်မှု စလာတယ် ဖုံးထားတဲ့ မကျေနပ်တာ၊ မနာလိုတာ၊ အားနာတာတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတယ် အိမ်ထောင်ရေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။

    ဒါပေမဲ့ ဒီဇာတ်လမ်းက ဟာသလေး နဲ့ ရောထားတယ် ခါတိုင်း အိမ်ထောင်ရေး ဇာတ်လမ်းတွေလို မှောင်မှောင်မိုက်မိုက် မဟုတ်ဘူး ရယ်စရာ၊ နှလုံးသားထဲ ထိမိပြီး တခါတလေ ကိုယ့်ဘဝကို ပြန်တွေးမိစရာ အပိုင်းတွေ ပါလာတယ်။

    ဘန်နီကစ် ကမ်ဘာဘက် နဲ့ အိုလီဗီယာ ကော်မန် တို့ သရုပ်ဆောင်ထားတာ အရမ်းကောင်းတယ် ဟာသလေး ထည့်ရင်း နှလုံးသားထဲ ထိအောင် သရုပ်ဆောင်နိုင်တယ် ဒါရိုက်တာ ဂျေး ရို့ နဲ့ ဇာတ်ညွှန်းရေး တိုနီ မက်နမာရာ တို့ လက်ရာတခုပါ။

    တစ်ခါတလေ အိမ်ထောင်ရေး ဆိုတာ မပြည့်စုံဘူးဆိုတာ သိလိုက်ရပေမယ့်၊ အဲဒီ မပြည့်စုံတဲ့အထဲမှာ ပျော်ရွှင်မှု ရှိနေသေးတယ်ဆိုတာ ဒီဇာတ်လမ်းက ပြောပြနေတယ်။

  • ဆယ်လီဖြစ်သွားပြီမို့လို့ ကြော်ငြာတွေ ခေါ်ရို-က်လို့ရပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ လှိုင်သာယာသူလေး ဒေါ်ရခိုင်မ

    ဆယ်လီဖြစ်သွားပြီမို့လို့ ကြော်ငြာတွေ ခေါ်ရို-က်လို့ရပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ လှိုင်သာယာသူလေး ဒေါ်ရခိုင်မ

    ဆယ်လီဖြစ်သွားပြီမို့လို့ ကြော်ငြာတွေ ခေါ်ရို-က်လို့ရပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ လှိုင်သာယာသူလေး ဒေါ်ရခိုင်မ

    အား​ပေးကြမှာလား ပရိတ်သတ်ကြီးရေ…

  • ဒေါက်တာသက်သက်ခိုင်  စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ဒေါက်တာသက်သက်ခိုင် စစ်ခေါင်းဆောင် ဖြည့်စွက်ထားတဲ့ ပုဒ်မ နဲ့ ငြိပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ

    ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းတဲ့စစ်ကောင်စီရဲ့ဝန်ကြီးဟောင်းဖြစ်သူပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင် ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကို ဝင်ပြိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်တာကိုခံလိုက်ရပါတယ်။

    ဒေါက်တာသက်သက်ခိုင်ဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားတာပါ။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒေါက်တာသက်သက်ခိုင်ဟာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်း တာကြောင့်ကိုယ်စားလှယ်စာရင်းကနေ ပယ်ဖျက်လိုက်တာလို့ ကြေညာပါတယ်။

    ဒါအပြင် အယူခံရမယ့် ရက်လည်း ကျော်လွန်သွားပြီလို့ အာဏာသိမ်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါတယ်။

    ဒေါက်တာသက်သက်ခိုင် ငြိစွန်းတယ်ဆိုတဲ့ ပုဒ်မ ၈(ဃ) ဟာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကပြီးခဲ့တဲ့လပိုင်းဇူလိုင်လ၂၉ရက်မှာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကို ပြင်ဆင်ရာမှာ အသစ် ဖြည့်စွက်ထားတဲ့ အချက်ဖြစ်ပါတယ်။

    အဲဒီပုဒ်မမှာတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဟာ “နိုင်ငံတော်နဲ့ ပုဂ္ဂလိက သို့ မသင့်လျော်တဲ့ ပေးရန်တာဝန်များကင်းရှင်းသူ” ဖြစ်ရမယ်လို့ဆိုထားပါတယ်။

    အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲ မှာကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခံရတာနဲ့ပတ်သက်ပြီး ကာယကံရှင်ရော ၊ ပြည်သူ့ရှေ့ဆောင်ပါတီကပါ အောက်တိုဘာလ ၂၅ ရက်ညနေပိုင်းအထိ တရားဝင်ထုတ်ပြန်ရှင်းလင်းတာမရှိပါဘူး။

    ဒေါက်တာသက်သက်ခိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကိုကိုယ်စားပြုဝင်ပြိုင်ရာမှာဒဂုံမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အနိုင်ရခဲ့ပါတယ်။

    အဲဒီနောက် NLD ပါတီ က နှုတ်ထွက်ပြီး ပြည်သူ့ရှေဆောင်ပါတီကို ထူထောင်ကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မှာ ဝင်ပြိုင်ရာမှာတော့ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။

    ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ရွေးကောက်ခံ NLD အရပ်သားအစိုးရ ကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှာ ဒေါက်တာသက်သက်ခိုင်ဟာ လူကယ်ပြန်ဝန်ကြီးဖြစ်လာပါတယ်။

    စစ်ကောင်စီခေါင်းဆောင်က ဒေါက်တာသက်သက်ခိုင်ကို လူကယ်ပြန်ကနေ ဟိုတယ်ခရီးဝန်ကြီးအဖြစ် နေရာရွေ့လိုက်ပြီး အခုနှစ်ဆန်းပိုင်းမှာတော့အနားပေးလိုက်ပါတယ်။

    ဒေါက်တာသက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းစာရင်းက UEC ပယ်ဖျက်

    ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဋ ဒေါက်တာသက်သက်ခိုင်အား စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC) က လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းက ပယ်ဖျက်လိုက်ကြောင်း UEC ကယနေ့ထုတ်ပြန်သည့် မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းများအရ သိရသည်။

    UEC ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ ပါဝင်လာခြင်းမရှိဆိုသည့်သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုညနေ UEC ​၏ တရားဝင် သတင်းထုတ်ပြန်မှုတွင်ဒေါ်သက်သက်ခိုင်အမည် ပါမလာခြင်း ဖြစ်သည်။

    ဒေါ်သက်သက်ခိုင်သည် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) ပါ ပြဋ္ဌာန်းချက်နှင့်ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကာ အယူခံတင်သွင်းမည့် ကာလစည်းကမ်းသတ်မှတ်ချက်ကိုလည်း ကျော်လွန်ပြီးဖြစ်သည်ဟု UEC မှ One News သတင်းဌာနသို့ ဖြေကြားထားသည်။

    ပုဒ်မ ၈ (ဃ) ၌ ကိုယ်စားလှယ်လောင်းသည် နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့မသင့်လျော်သည့် ပေးရန် တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

    တွေ့လား … အကြွေး ကျိကျိတက် ထူပြော လွန်းလှ၍ မိသက် မြှောက်ပင့်ပြောဆိုခဲ့တဲ့ ရွေးကော်ကြီးကပဲ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်ချလိုက်တာ။

    အစောကြီးကတည်းက ပယ်ချက်ချနိုင်ကြောင်း အသိပေးလို့ရပေမယ့် သူတို့ မပေးခဲ့ဘူး။ ဇောက်မြင်ကတ်လို့နေမှာ။

    ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပြီးမှ မိုက်တီးရဲ့ ရိုက် ချက်လို အကြွေးထူနေတာက တရှက် ၊ ရွေးကောက် ပွဲ မပြိုင်ရတော့တာက တရှက် စုစုပေါင်း နှစ်ချက်နဲ့ ဗျင်းထည့်လိုက်တာ။

    Ball ကြီး ကို မ မ ၊ ခေါင်းပေါ်ပဲ ရွက်ထားထား

    အခုတော့ မှတ်ပလား ဟဲ့ မိသက်ရဲ့