Author: Admin-501

  • The Bros

    The Bros

    The Bros (2017)

    ဒီတစ်ခါမှာတော့ အားလုံးရဲ့ အချစ်တော်မင်းသားကြီး မာဒုံဆော့ နဲ့ တကွ အီဟန်နီ ၊ အီဒုံဟွီ နဲ့ ဆောယယ်ဂျီတို့လို နာမည်ကြီး မင်းသားမင်းသမီးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားတဲ့ The Bros ဆိုတဲ့ ဟာသရုပ်ရှင်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။

    ဇာတ်လမ်းအကျဉ်းကတော့ ..

    အကျိုးလိုလို့ ညောင်ရေလောင်းမယ့်ရည်ရွယ်ချက်နဲ့ မိဘအိမ်ပြန်ဆိုက်လာကြတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ။

    အီဆော့ဘုံး ( မာဒုံဆော့ ) ကတော့ ဆရာတစ်ယောက်ဖြစ်သလို ရှေးဟောင်းအမွေအနှစ်တူးဖော်ရေးကို အရမ်းစိတ်ဝင်စားသူလည်းဖြစ်ပါတယ် ။

    တိုင်းတစ်ပါးမှာ ရတနာတွေကို တူးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တူးဖော်ရေးကိရိယာတွေ ဝယ်စုထားရာကနေ စစ်ပွဲဖြစ်သွားတာကြောင့် အကြွေးတွေအဖတ်တင်သွားတဲ့ အီဆော့ဘုံးဟာ ..

    ဖခင်ဖြစ်သူ ဆုံးပါးသွားတဲ့အခါ စျာပနကို အကြောင်းပြပြီး အိမ်က ရှေးဟောင်းပစ္စည်းတွေကို ခိုးဖို့ ပြန်လာခဲ့ပါတယ် ။

    ညီဖြစ်သူ အီဂျူဘုံး ( အီဒုံဟွီ ) ကတော့ ဆောက်လုပ်ရေးလုပ်ငန်းစုတစ်ခုက အဖွဲ့မှုး ဖြစ်ပြီး အဝေးပြေးလမ်းမသစ်ဖောက်လုပ်ရေးအတွက် သူတို့မိသားစုပိုင် တောင်ကုန်းကို ဝယ်ဖို့ တာဝန်ပေးခံထားရသူပါ ။

    ဒီလိုမျိုး ရည်ရွယ်ချက်ကိုယ်စီနဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အိမ်ပြန်လာတဲ့လမ်းမှာတင် အိုရိုရာ ( အီဟန်နီ ) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ ဝင်တိုက်မိပါတော့တယ် ။

    ရှေးရိုးစွဲမိသားစု နဲ့ စျာပနကနေ အမြတ်ထုတ်ဖို့လာတဲ့ ညီအစ်ကိုနှစ်ယောက်ကြားမှာ ဘယ်လိုပဋိပက္ခတွေဖြစ်ကြမလဲ

    သူတို့ ရည်မှန်းချက်တွေ တကယ်ပဲ ပြည့်ဝသွားမှာလား ။

    အတိတ်မေ့သလိုလိုနဲ့ ထူးဆန်းတဲ့စကားတွေ ပြောနေတတ်တဲ့ အိုရိုရာကရော ဘယ်သူလဲ ဆိုတာတွေကိုတော့ The Bros (2017) ရုပ်ရှင်မှာ ဟာသလေးနှောပြီး ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်နော် ။

  • Among Wolves

    Among Wolves

    Among Wolves (2023)

    ‘Among Wolves’ ဆိုတဲ့ ဒီ Western/War ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာပါ။

    ဒီကားထဲမှာ Michael (Trace Adkins) နဲ့ Angel (Jeff Fahey) တို့နှစ်ယောက်က အရင်တုန်းက “Terrers of the Territory” လို့ နာမည်ကြီးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေပါ။ ဒါပေမဲ့ အခုတော့ အဲဒီ့အလုပ်တွေကို စွန့်ပြီး Arizona ပြည်နယ်က Ruby ဆိုတဲ့ သတ္တုတွင်းမြို့လေးနားမှာ ခြံသေးသေးလေးနဲ့ အေးအေးဆေးဆေး နေနေကြပါပြီ။

    ဒါပေမဲ့ တစ်ရက်မှာ သူတို့ရဲ့အေးအေးချမ်းချမ်းဘ၀လေးကပျက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တရားဟောဆရာမနှစ်ယောက်က သူတို့ခြံဝိုင်းထဲ မမျှော်လင့်ဘဲ ရောက်ချလာလို့ပါပဲ။

    အဲဒီ့အမျိုးသမီးနှစ်ယောက်က သတ္တုတွင်းအလုပ်သမားတွေကို သတ်ဖြတ်ပြီး ရဟန်းတစ်ပါးကိုပါ သတ်ခဲ့တဲ့ Pinkerton (သတ္တုတွင်းပိုင်ရှင်တွေ ငှားထားတဲ့ လူသတ်သမား) တွေရဲ့ လက်ချက်ကို မြင်ခဲ့ရသူတွေပါ။ အဲဒီ့ကိစ္စကို သူတို့ မဖော်ထုတ်နိုင်အောင် Pinkerton တွေက လိုက်လံ သတ်ဖြတ်ဖို့ ကြိုးစားနေကြပါတယ်။

    Michael နဲ့ Angel တို့က Pinkerton တွေလက်ထဲကနေ အမျိုးသမီးတွေကို ကူညီဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ခါးပတ်ပေါ်က သေနတ်တွေကို ပြန်ဆွဲထုတ်ပြီး မစ်ရှင်တစ်ခုကို စတင်လိုက်ကြပါတော့တယ်။

    ရလဒ်ကတော့… သူတို့တွေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား၊ Pinkerton တွေကိုရော ဘယ်လို ရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာ ဒီကားထဲမှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

  • The Princess and the Matchmaker

    The Princess and the Matchmaker

    The Princess and the Matchmaker (2018)

    နန်းတွင်းကားကိုမှ အချစ်ဟာသပုံစံမျိုးလေး ကြည့်ချင်တယ်ဆိုသူတွေ အတွက် ဒီကားလေးကို ကြည့်ကြည့်ပါနော်။

    Fabricated City ရဲ့ မင်းသမီး Shim Eun Kyung, My Girlfriend Is A Gumiho ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ Lee Seung Gi တို့အပြင် တကယ့်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Yeon Woo Jin, Kang Min Hyuk, Choi Woo Sik တို့လည်း ပါဝင်ထားပါတယ်။

    တိုင်းပြည်ရဲ့ မိုးခေါင်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် မင်းကြီးရဲ့ မှူးမတ်တွေက မင်းသမီးလေး ဆုန်းဟွာကို လက်ထပ်ထိမ်းမြားပေးဖို့လုပ်ပါတယ်…။

    အယူအရ မင်းသမီးလေးကိုသာ ကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်နဲ့ ထိမ်းမြားပေးလိုက်မယ်ဆို ကံဆိုးမိုးမှောင်ကျနေတဲ့တိုင်းပြည်ကို ကယ်တင်နိုင်မယ်ပေါ့…။

    အဲဒီလိုနဲ့ ဆောဒိုယွန်းဆိုတဲ့ နက္ခတ်ဗေဒပညာရှင်ကိုခေါ်ဆောင်ပြီး မင်းသမီးလေးနဲ့ ဇာတာကိုက်ညီမှုရှိတဲ့ ယောက်ျားတစ်ယောက်ကို ရွေးခိုင်းပါတော့တယ်။

    မင်းသမီးလေးရဲ့ သတို့သားဖြစ်ဖို့အတွက် တိုင်းပြည်က ယောက်ျားတိုင်းကိုလည်း သတ်မှတ်ချက်နဲ့ညီရင် လျှောက်ထားစေပါတယ်။

    ဒီလိုနဲ့ လျှောက်ထားသူတွေထဲမှာ နောက်ဆုံးအဆင့်ထိရောက်ခဲ့တဲ့သူ ၄ယောက်အထိရှိလာတယ်ပေါ့…။

    အဲဒီအချိန်မှာ မင်းသမီးလေးက အဲဒီ ၄ယောက်ကို ကိုယ်တိုင်အကဲဖြတ်ပြီး အချစ်စစ်ကိုရှာဖို့အတွက် နန်းတွင်းကနေ ခိုးထွက်ပါတော့တယ်…။

    အဲဒီလိုနဲ့ ဇာတ်လမ်းကိုအစပြုထားပြီး နောက်ပိုင်းမှာ ဟာသတွေ၊ ရင်မောစရာတွေ ဆက်ထည့်ထားတဲ့အတွက် ကြည့်လို့ကောင်းတာတော့ အသေအချာပါပဲ…။

    ဒါ့အပြင် ကိုရီးယားရဲ့ ကံကြမ္မာဖတ်ကြည့်လေ့ရှိတဲ့ ရိုးရာကို အသက်သွင်းထားတဲ့ ရုပ်ရှင် သုံးကားတွဲထဲက တစ်ကားဖြစ်ပါတယ်…။

    ကျန်တဲ့နှစ်ကားကတော့ The Face Reader နဲ့ Feng Shui တို့ပဲဖြစ်တဲ့အတွက် အဲဒီကားတွေကို နှစ်သက်တဲ့သူဆို ဒီကားလေးကိုလည်း သဘောကျလောက်မှာမို့ ညွှန်းဆိုပေးလိုက်ရပါတယ်။

  • Ordinary Person

    Ordinary Person

    Ordinary Person (2017)

    ဒီတစ်ခေါက်မှာတော့ မော်စကိုအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်နဲ့ 2017ခုနှစ် ကိုရီးယားရုပ်ရှင် Shining Star ဆုပေးပွဲမှာ Best Actorဆုရော, Driector ဆုပါ ရရှိထားတဲ့ Ordinary Person ဆိုတဲ့ နိုင်ငံရေးမှုခင်းဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..

    Fated to Love You , Bloody Heart စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသား Jang Hyuk, Jeongnyeon: The Star Is Born ထဲက မင်းသမီးကြီး Ra Mi Ran နဲ့ ဝါရင့်သရုပ်ဆောင် မင်းသား Son Hyun-joo တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။

    ဇာတ်လမ်းအကျဥ်း

    ဂန်ဆောင်းဂျင်(Son Hyun-joo)ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိ စုံထောက်တစ်ဦးဖြစ်ပြီး သူ့မှာ ဆွံ့အနေတဲ့ဇနီးဖြစ်သူနဲ့ ခြေထောက်မသန်တဲ့သားလေးတစ်ယောက်ရှိပါတယ် ။

    ရဲဝန်ထမ်းလစာတစ်ခုတည်းနဲ့ မိသားစုစားဝတ်နေရေးကို လောက်ငအောင်ရုန်းကန်နေရပြီး တစ်ချိန်ချိန်မှာ သူ့မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။

    တစ်နေ့မှာတော့ ဆောင်းဂျင်ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှူး ချွဲဂယူနမ်(Jang Hyuk)အကွက်ချကြံစည်ထားတဲ့

    ကွင်းဆက်လူသတ်မှုရဲ့ သံသယတရားခံဂင်ထယ်ဆောင်းကို မတော်တဆ ဖမ်းဆီးမိခဲ့ပေမဲ့ အမှန်တော့ ဂင်ထယ်ဆောင်းဟာ ကွင်းဆက်လူသတ်မှုရဲ့ တကယ့်တရားခံအစစ်တော့ မဟုတ်ခဲ့ပါဘူး . . .

    ဆောင်းဂျင်ဟာ အမှန်တရားကိုသိပေမဲ့လည်း သားဖြစ်သူခြေထောက်ခွဲစိတ်နိုင်ဖို့ ဌာနမှူးချွဲဂယူနမ်ထံမှ ငွေကြေးအကူအညီယူခဲ့တဲ့အတွက်ကြောင့် မသိသလိုပဲနေခဲ့ပါတယ် ။

    အဲဒီနောက်ပိုင်းမှာ ချွဲဂယူနမ်ဟာ သွေးအေးပြီး ရက်စက်တတ်သူဖြစ်တာကြောင့် ဆောင်းဂျင်ရဲ့အားနည်းချက်ကို အသုံးချပြီး လိုရာစေခိုင်းပါတော့တယ် ..

    ဆောင်းဂျင်ဟာ အကျင့်ပျက်ခြစားနေတဲ့ အထက်အရာရှိတွေရဲ့ စေခိုင်းမှုကို ဆက်ပြီးနာခံနိုင်ဦးမှာလား . . .
    သူ့မိသားစု အေးချမ်းလုံခြုံဖို့နဲ့ အမှန်အတရား . . နှစ်ခုထဲမှာ ဘယ်ဟာကိုရွေးချယ်သွားမလဲ . . .

    အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြားထဲမှာ သာမန်လူတစ်ယောက်ဟာ အမှန်တရားအတွက် ဘယ်လိုရင်ဆိုင်သွားမလဲ . . . ဆိုတာကို

    ဒီ Ordinary Person ဆိုတဲ့ဇာတ်ကားထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးပါဦးနော် ..

  • ရည်းစားမက ခင်ပွန်းမကျရဲ့ ငယ်ပါကို ဖြတ်လိုက်တဲ့ အင်ဒိုနီးရှား အမျိုးသမီး

    ရည်းစားမက ခင်ပွန်းမကျရဲ့ ငယ်ပါကို ဖြတ်လိုက်တဲ့ အင်ဒိုနီးရှား အမျိုးသမီး

    အင်ဒိုနီးရှားနိုင်ငံ Bandar Lampung, Sumatra ရှိ လမ်းတလမ်းပေါ်မှာ အောက်တိုဘာ ၁၉ ရက်နေ့က အိမ်ထောင်သယ်အမျိုးသားတယောက် သွေးအလိမ်းလိမ်းနဲ့ နာကျင်လို့အော်ဟစ်နေတယ်။

    သူ့အငယ်အနှောင်း mistress က မနာစိတ်ဝင်ပြီး အတူဆက်ဆံနေချိန်မှာ လိင်တံကို ဖြတ်လိုက်လို့ပါ။

    အဲဒီအမျိုးသမီး Windi Sintia က သူ့ကို သင်ခန်းစာပေးချင်လို့ ဒီလိုလုပ်လိုက်ရတာ ကျေနပ်တယ် လို့ဆိုတယ်။

    ၂၈ နှစ်အရွယ် Windi Sintia နဲ့ Karsilan Utami တို့ဟာ ၂၀၁၉ ခုနှစ်အစောပိုင်းကာလတည်းက ချစ်ကြိုက်ခဲ့တာ။

    ၂၀၁၉ ခုနှစ်အနှောင်းပိုင်းမှာ ၃၂ နှစ်အရွယ် Karsilan Utami ဟာ အခြားအမျိုးသမီးတဦးနဲ့ လက်ထပ်ခဲ့တာကို Windi Sintia က သိရှိပေမယ့် သူတို့နှစ်ဦး ဆက်ဆံရေးမပျက်ခဲ့ဘူး။

    Karsilan ဟာ Windi ကို အပတ်စဉ် အင်ဒိုနီးရှားရူပီ ၂၀၀,၀၀၀ ပုံမှန် ထောက်ပံ့တယ်။

    ဒါပေမယ့် Karsilan ဟာ သူ့ဇနီးကို မော်တော်ဆိုင်ကယ်အသစ်တစီး ဝယ်ပေးလိုက်ရလို့ နောက်ပိုင်း ထောက်ပံ့ငွေ လျော့လာတယ်။

    ဇနီးသည်က လင်ယောက်ျားဝယ်ပေးတဲ့ မော်တော်ဆိုင်ကယ်ဓါတ်ပုံကို ဆိုရှယ်မီဒီယာပေါ် တင်ပြီးကြွားတဲ့အခါမှာတော့ Windi ဟာ မကျေမန-ပ်နဲ့ မနာလိုစိတ်ဝင်လာပြီး တိုက်ခိုက်ဖို့ တပတ်လုံး ကြံစည်နေခဲ့တယ်။

    အောက်တိုဘာလ ၁၉ ရက်မှာ Windi ဟာ လူပြတ်တဲ့လယ်ကွင်းတခုမှာ တွေ့ကြဖို့ Karsilan ကိုချိန်းဆိုပြီး ဆက်ဆံနေချိန်အတွင်း အသင့်ယူလာတဲ့ penknife နဲ့ လိင်တံကို ဖြတ်တောက်ပစ်လိုက်တယ်။

    Karsilan ဟာ သွေးအလိမ်းလိမ်းနဲ့ နာကျင်လွန်းလို့ အဝတ်မပါဘဲ လမ်းမပေါ်ပြေးတက် အော်ဟစ်နေတယ်။

    ပတ်ဝန်းကျင်မှလူများက Karsilan ကို အနီးရှိဆေးရုံကို ခေါ်သွားပြီး အဲဒီမှာ ပြတ်တောက်သွားတဲ့လိင်တံကို ပြန်တပ်ဆင်ပေးနိုင်ခဲ့တယ် လို့ဆိုတယ်။

    အောက်တိုဘာလ ၂၁ ရက်နေ့မှာ Windi ကို ဖမ်းဆီးမိခဲ့တယ်။

    အောက်တိုဘာလ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြစ်မှုကျူးလွန်မိခဲ့ကြောင်း Windi ဝန်ခံခဲ့တယ်။

    Windi က “ကျမ ကျူးလွန်ခဲ့တာကို နောင်တရပေမယ့် ကျမ ကျေနပ်သွားပြီ” လို့ဆိုတယ်။

    Karsilan ဟာ သူမကိုရော သူ့ဇနီးသယ်ကိုရော နှစ်ယောက်စလုံးကို လိမ်ညာပြီး အခြားအမျိုးသမီးတယောက်နဲ့ ထပ်ဖောက်ပြန်နေလို့ ရင်နာပြီး ဒေါသထွက်ရတာ လို့ဆိုတယ်။

    ဒါကြောင့် သူ့ကို သင်ခန်းစာပေးလိုက်တာပါ။

    “ကျမတို့ဆက်ဆံရေးက လင်မယားလို ဖြစ်နေပြီ၊

    ဒါကို သူက လိမ်ညာတယ်၊ ဖောက်ပြန်တယ်။

    အဲဒါကို ဒေါသထွက်တာ၊ စိတ်ပျက်တာ” လို့ဆိုတယ်။