Author: Admin-501

  • Anak Perjanjian Syaitan 2

    Anak Perjanjian Syaitan 2

    Anak Perjanjian Syaitan 2 (2024)

    ” နတ်ဆိုးနှင့်ချုပ်ဆိုသောစာချုပ် ၂”

    Anak Perjanjian Syaitan 2 ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ မလေးရှားသဘာဝလွန်သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်ကရုံတင်ခဲ့တဲ့ Anak Perjanjian Syaitan ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ် ။

    အပိုင်းတစ်မှာမိခင်နဲ့နတ်ဆိုးတို့ ချုပ်ဆိုထားတဲ့စာချုပ်ကြောင့် အာဇလင်ဒါတစ်ယောက် အမှောင်ထုရဲ့ခြိမ်းခြောက်ခြင်းကို အသက် ၂၁ နှစ်ပြည့်မွေးနေ့ကစပြီးတော့ ခံစားရပါတော့တယ် ။

    သူ ညတိုင်းအိပ်မက်ဆိုးတွေမက်နေလို့ စိတ်ရောဂါများဖြစ်နေလားဆိုပြီးတော့တောင် ဆရာဝန်တွေနဲ့ပြသခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူ့မိခင်ရဲ့အတိတ်ကပြုလုပ်ခဲ့တဲ့ မကောင်းမှုတစ်ခုနဲ့ သက်ဆိုင်နေတာကို သူသိရှိခဲ့ပါတယ်။

    အာဇလင်ဒါ ဒီအခြေအနေတွေကိုကျော်ဖြတ်ဖို့အတွက် ဘာသာရေးကျောင်းကိုရောက်သွားပြီး အခြေအနေတွေပိုဆိုးလာခဲ့ပါတယ် ။

    မိမိကြုံတွေ့နေရတာတွေကိုဖြေရှင်းဖို့ ၊ မိခင် နတ်ဆိုးနဲ့ချုပ်ဆိုထားတဲ့စာချုပ်ကို
    ဖျက်သိမ်းနိုင်ဖို့ အာဇလင်ဒါဘယ်လိုကြိုးစားရုန်းကန်သွားမလဲဆိုတာ ဒီဇာတ်လမ်းမှာကြည့်ရှုပေးကြပါဦး။

  • Empire Waist

    Empire Waist

    Empire Waist (2024)

    Empire Waist (2024) ကတော့ ခန္ဓာကိုယ်ပုံစံနဲ့ မိမိကိုယ်ကိုချစ်ခြင်းအတွက် ရုန်းကန်မှုတွေအကြောင်း ရိုက်ကူးထားတဲ့ စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။

    လဲနော (Mia Kaplan) ဆိုတဲ့ အထီးကျန်ပြီး မိမိခန္ဓာကိုယ်အလေးချိန်ကြောင့် စိုးရိပ်ပူပန်နေရတဲ့ အထက်တန်းကျောင်းသူလေးအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

    ကျောင်းမှာအနိုင်ကျင့်ခံရတာတွေနဲ့ မိခင်ဖြစ်သူ (Missi Pyle) ရဲ့ အစားအသောက်ထိန်းချုပ်မှုတွေကြားကလဲနောရဲ့ဘဝဟာ ခေလာ (Jemima Yevu) ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့ အဝတ်အစားကြိုက်နှစ်သက်သူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဆုံချိန်ကစလို့ ပြောင်းလဲသွားခဲ့ပါတယ်။

    လဲနောဟာ သူငယ်ချင်းအသစ်တွေ၊ ဆရာမဟောလ် (Jolene Purdy) နဲ့ ဖခင် (Rainn Wilson)တို့ရဲ့အားပေးမှုနဲ့ ဖက်ရှင်ဒီဇိုင်းပြိုင်ပွဲတစ်ခုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒီလမ်းကြောင်းပေါ်မှာ လဲနောနဲ့ သူ့သူငယ်ချင်းတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရပေမယ့်လည်း မိမိကိုယ်ကို လက်ခံခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ နေထိုင်ခြင်းရဲ့တန်ဖိုးကို အတူတကွ ရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။

    Empire Waist ဟာ ဟာသနဲ့ စိတ်ခံစားမှုပြင်းထန်တဲ့ အခိုက်အတန့်တွေကို ရောစပ်ထားပြီး မိမိကိုယ်ကိုချစ်ခြင်းဟာ တော်လှန်ရာတစ်ခုပဲဖြစ်တယ်ဆိုတဲ့ အဓိကအကြောင်းအရာကို မီးမောင်းထိုးပြထားပါတယ်။

    လူငယ်တွေအတွက်သာမက မိမိကိုယ်ခန္ဓာနဲ့ပတ်သက်လို့ ဘယ်သူမဆို ခံစားဖူးတဲ့စိတ်မလုံမခြုံဖြစ်ခြင်း၊ မသက်မသာခံစားရခြင်းတွေကို ရင်ဆိုင်ဖြေရှင်းပေးနိုင်တဲ့ စိတ်သက်သာရာရစေတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

  • Dude

    Dude

    Dude (2025) “အံ့ဩသွားလား ကိုယ့်လူ”

    ရုပ်ရှင်နဲ့ အိန္ဒိယရုပ်ရှင်ဖန်တွေ သဘောတွေ့ခဲ့ကြတဲ့ တမီလ်မင်းသား ပရာဒိရဲ့ ရုံကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။

    ဘတ်ဂျက်ရူပီး သန်း ၃၅၀ သုံးထားပြီး သန်းတစ်ထောင်ကျော်ပြန်ရခဲ့တဲ့အပြင်
    ဝေဖန်သူတွေနဲ့ ပရိသတ်တွေရဲ့အားပေးကျေနပ်မှုကို ရခဲ့တဲ့ တမီလ် Rom-Com ရုံတင်ကားပေါ့။

    အာဂန့်အဘိဓာန်မှာက အလုပ်က ပျော်စရာမကောင်းဘူးဆိုရင် လုပ်ဖို့မထိုက်တန်ပါဘူးတဲ့။

    စပရိုက်စ်ဝန်ဆောင်မှုလုပ်ငန်းထောင်ထားပြီး တခြားသူတွေကိုပါ ပျော်ရွှင်စေတဲ့သူတစ်ယောက်ပေါ့။

    ရည်းစားကပစ်သွားလို့လည်း ဘာမှခံစားမနေဘဲ တစ်ယောက်ပြီးတစ်ယောက်တွဲရင်း ဘ၀ကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေသူတစ်ယောက်။

    တစ်နေ့တော့ ဝမ်းကွဲညီမ ကူရယ်က လက်ထပ်ဖို့ ပရိုပို့စ်လုပ်ပါလေရော။

    ဒီမှာပဲ အာဂန်တစ်ယောက် ကူရယ့်အပေါ် ဘ၀လက်တွဲဖော်အထိဖြစ်ဖို့ ခံစားချက်မရှိဘူး ငြင်းလိုက်ရာက ကံကြမ္မာလှည့်ကွက်ရယ်ကြောင့် မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာတဲ့အခါမှာတော့…။

  • ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို  တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    ရေတာရှည်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

    စစ်တပ်က ကျေးရွာ ၃ ခုထက်မနည်းကို မီးရှို့ဖျက်ဆီး

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အောက်တိုဘာလ ၂၅ ရက်နေ့ ကရင်ချောင်းမြစ်ကူးတံတားမှ အင်အား ၁၄၀ ကျော်ပါဝင်သည့် စစ်တပ်လက်အောက်ခံ တပ်များဖြစ်သည့် ဒတရ-၆၀၄၊ ခလရ ၂၆ ၊ ခမရ ၂၉ ၊ ခလရ ၃၉ ၊ စခန ၈၄၈ ၊ ကကနက်တို့ ၏ ပူးပေါင်းစစ်ကြောင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာကြောင်း၊ ထို စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရေလွှဲကျေးရွာတောင်ဘက် သစ်သားတံတား​ပေါ် အရောက်တွင် အသင့်စောင့်ဆိုင်းပြီး ကြားဖြတ် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ ၃ နာရီ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ဂျိုင်ရိုကော်ပတာ၊ ဒရုန်း၊ ​လက်နက်ကြီးများအပြင် လေယာဥ်ပစ်ကူများဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို့ပြင် အောက်တိုဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ နေပြည်တော်စစ်တိုင်း လက်အောက်ခံ PDF တပ်ရင်းများနှင့် KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်နက်ကြီးအဖွဲ့တို့က ထပ်မံ သွားရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ပွဲအတွင်း နေပြည်တော်စစ်တိုင်းမှ ရဲဘော် ၁ ဦး ကျည်ကာပြား ကျည်ထိမှန် သတိလစ်နေချိန်တွင် တပ်ရင်း ၃၅၀၄ မှရဲဘော်မိုးသီး သွားရောက်ဆွဲထုတ်စဥ် ကျည်ထိမှန်ကာ ရရှိဒဏ်ရာဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    “လက်နက်တွေ သိမ်းဆည်းရမိတာတော့ မရှိပါဘူး။ သူတို့ဘက်က ဒရုန်း လက်နက်ကြီး ဂျိုင်ရိုကော်ပတာ လေယာဥ်နဲ့ အင်အားသုံးတဲ့အတွက် အခက်အခဲဖြစ်ခဲ့ပါတယ်။ အခု စစ်ခွေးစစ်ကြောင်းက ရေတာရှည်မြို့နယ် ကရင်ချောင်းတံတားကနေ အနောက်ဘက်ကမ်းကို ပြန်ဆုတ်သွားပြီ လို့သိရပါတယ်။ ကရင်ချောင်းတံတားမှာတော့ အထိုင်ချတပ်စွဲထားတာရှိနေတုန်းပါ တိုက်ပွဲအတွင်း စစ်ခွေး ၂၀ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရတယ်” ဟု ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၃၅၀၄ ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

    အထိနာသွားသော စစ်တပ်စစ်ကြောင်းက ရေတာရှည်မြို့နယ်အတွင်းရှိ ပိနွဲပင်ရွာ၊ ရွေသောင်ရွာသစ်ရွာနှင့် ကဲလင်းဆိပ်ရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေးတစ်ခု။(ပုံအဟောင်းကို အသုံးပြုထားပါသည်။)

  • မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေ

    မိုင်ရယ်နဲ့ ဟိုယမှာ တိုက်ပွဲဖြစ်ပွားနေပြီး သီပေါတံတားနဲ့ နေရာအချို့ကို စစ်ကော်မရှင်က ဖြတ်သန်းခွင့်ပိတ်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်ရယ်နဲ့ဟိုယမှာ စစ်ကော်မရှင်တပ်နဲ့ MNDAA တို့ တိုက်ပွဲဖြစ်ပြီး သီပေါတံတားကို ဖြတ်သန်းသွားလာခွင့် စစ်ကော်မရှင်တပ်က ပိတ်လိုက်တယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ဟိုယမှာ MNDAA နဲ့ စစ်ကော်မရှင်တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကော်မရှင်တပ်ဘက်က အင်အားဖြည့်နေတယ်လို့ သိရပါတယ်။

    “ဟိုယမှာ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်တယ်၊ စစ်တပ်ဘက်က အကျအဆုံးတွေရှိတယ်၊ ခလရ(၆၇)က လက်နက်ကြီးတွေနဲ့ လူအင်အားဖြည့်နေတာ ရှိတယ်၊ တိုက်ပွဲတွေ အရင်လို ပြန်ဖြစ်လာမယ် ထင်တယ်၊ လက်နက်ကြီး ပစ်သံကတော့ နေ့တိုင်း ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁ နဲ့ ၂ က တပ်သားတွေကို အနားပေးဖို့လည်း ရှိနေတယ်လို့ သတင်းတွေ ထွက်နေပြီး စစ်ကော်မရှင်တပ်ဘက်က လူကြီးတစ်ဦး ရောက်နေကာ သီပေါတံတားကိုလည်း ပိတ်လိုက်တယ်လို့ သိရပါတယ်။

    “အရင်က ကုန်ကားတွေပဲ ပိတ်တာ၊ ခုက ခရီးသွားကားတွေပါ ပိတ်လိုက်တယ်၊ သူတို့လူကြီး ရောက်နေတယ် ကြားတယ်၊ ရှေ့တန်းရောက်နေတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို အနားပေးဖို့လို့ ကြားတယ်၊ သီပေါတံတား ပိတ်လိုက်တာက ၅ ရက်လိုလည်း ပြောတယ်၊ ခုနေ့ထိ မဖွင့်သေးဘူး၊ အပြီးပိတ်မယ် ထင်တယ်” လို့ ကားသမားတစ်ဦးက ပြောပါတယ်။

    လတ်တလောမှာ လာရှိုးကိုသွားဖို့ လားရှိုး-မူဆယ်လမ်းသာရှိပြီး စစ်ကော်မရှင်က သီပေါတံတားကို ပိတ်လိုက်တာကြောင့် လားရှိုးကို အခြားလမ်းက သွားလို့မရဘဲ ခရီးသွားကားတွေနဲ့ ကုန်ကားတွေ ရာချီပိတ်မိနေကာ ယခင်လို တိုက်ပွဲတွေ ပြင်းထန်လာမှာကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။