Author: Admin-501

  • BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ

    ရထိုက်ကုမ္ပဏီထိပ်တန်းတာဝန်ရှိသူများနှင့် တရုတ်ကျားဖြန့်သူဌေးများအားလုံးကို BGF က ရွှေ့ပြောင်းပေးထား

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့် မြို့တော် ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော နယ်ခြားစောင့်-BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးပြခဲ့သည်။

    ထိုင်းသတင်းထောက်များကိုပါ ခေါ်ယူပြီး စစ်တပ်၊ ရဲနှင့်အတူ BGF နိုင်မော်ဇော် ဦးဆောင်သော တပ်ဖွဲ့များက ရွှေကုက္ကိုလ်အတွင်းမှ ကျားဖြန့် လုပ်နေသော တရုတ်များနှင့် နိုင်ငံခြားသား ၃၄၆ ဦးကို ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာများ၊ ဖုန်းများကိုပါ ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်း The Reporters သတင်း၏ ဖော်ပြချက်အရ သိရှိရသည်။

    ယမန်နေ့ညပိုင်း ရွှေကုက္ကိုလ်တွင် အဆောက်အအုံအများစုမှာ မည်းမှောင်နေပြီး မီးစက်သံများလည်း မကြားရတော့ ကြောင်း ထိုင်းသတင်းက ဆိုသည်။

    ထိုင်းအစိုးရက မြဝတီမြို့သို့ လျှပ်စစ်၊ ရေနှင့် အင်တာနက် ဖြတ်တောက်ထားသည့် ကာလအတွင်းတွင်ပင် လင်းထိန်နေသော ရွှေကုက္ကိုလ်မှ အဆောက်အအုံကြီးများမှာ မီးစက်သံများနှင့် မီးများ လင်းထိန်မနေတော့ကြောင်း၊ စစ်တပ်၊ရဲနှင့် BGF က ကျားဖြန့်လိမ်လည်သူများကို နှိမ်နင်းရန် စစ်ဆင်ရေးတစ်ခု စတင်ခဲ့သည့် ပထမဆုံးညဖြစ်ကြောင်း ထိုင်းသတင်းက ဆက်လက်ရေးသားထားသည်။

    “တကယ်အရေးကြီးတဲ့ ရထိုက် ကုမ္ပဏီ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ကျားဖြန့် တရုတ်သူဌေးတွေက နိုဝင်ဘာလ ၁၇ ရက်နေ့ ညကတည်းက BGF က သယ်ထုတ်သွားပြီ။ နိုဝင်ဘာလ ၁၈ ရက်နေ့ မှာ ကရင်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူ၊ ရဲမှုးနဲ့ ဗျူဟာမှုး တွေ ‌ခေါ်လာပြပြီး ကျားဖြန့်ရုံတချို့ ဝင်ဖမ်းပြတယ်။ ကွန်ပျူတာတွေ ဖုန်းတွေ ရာနဲ့ ချီပြီး ရတယ်။ ကွန်ပျူတာ တွေ ကိုတော့ နေရာစီစဉ်ပြီး ဖျက်မယ်မီးရှို့ပြ မယ်။ ရွှေကုက္ကိုလ်ထဲက အရေးကြီးတဲ့ တရုတ်တချို့တွေကို အခြားနေရာတွေဆီ ရွှေ့ထားတယ်။ တကယ်တော့ ရွှေကုက္ကိုလ်ဆိုတာကို BGF ကပဲ ထူထောင်ပြီး သူတို့ဟာသူတို့ အဖမ်းပြတာ။ အဖမ်းပြတာကလည်း ကျားဖြန့် အလုပ်သမားတွေပဲ မိတာ။ အရေးကြီးတဲ့သူတွေ မဖမ်းဘူး” ဟု ရွှေကုက္ကိုလ်အခြေအနေကို စောင့်ကြည့်နေသော ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

    နိုဝင်ဘာလ ၁၇ ရက်နေ့ စစ်တပ်လက်အောက်ခံ BGF နိုင်မောင်ဇော်က ကျားဖြန့်များကို အပြီးသတ် နှိမ်နင်းတော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ကျားဖြန့် ထူထောင်ရာတွင် အဓိက ထိပ်တန်းတာဝန်ရှိသော ရထိုက် ကုမ္ပဏီတာဝန်ရှိသူများနှင့် ကျားဖြန့် တရုတ်သူဌေးများကို BGF က သယ်ထုတ်သွားမှုမှာ မေးခွန်းထုတ်စရာဖြစ်သည်ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

    သို့ရာတွင် ရွှေကုက္ကိုလ်တွင် ဆက်လက် လည်ပတ်နေသော ကျားဖြန့် ကုမ္ပဏီများ ဆက်လက်ရှိနေဆဲဖြစ်ပြီး တချို့သော ကုမ္ပဏီများမှာ ရွှေကုက္ကိုလ်မြို့မှ ပြင်ပ နေရာသစ်တစ်ခုသို့ ကွန်ပျူတာများ၊ ဖုန်းများနှင့် ဆက်စပ်ပစ္စည်းများ ပြောင်းရွှေ့နေကြောင်း ကျားဖြန့် မြန်မာအလုပ်သမားများနှင့် အချိတ်အဆက်ရှိနေသော ကရင်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။

    နိုဝင်ဘာလ ၁၇ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် ကျားဖြန့်များကို အပြီးသတ်အပြတ် နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ရွှေကုက္ကိုလ်တွင် ကျားဖြန့် ၁၀၀၀ နှင့် ၂၀၀၀ အကြားရှိပြီး ကျားဖြန့်များကို လုံး၀ မထားတော့ဘဲ အပြတ် အပြီး နှိမ်နင်းတော့မည်ဖြစ်ကြောင်း၊ ထိုသို့ နှိမ်နင်းရာတွင် စစ်တပ်နှင့်ပူးပေါင်း၍ နှိမ်နင်းမည်ဖြစ်ကြောင်း၊ အမေရိကန်နှင့် တရုတ်ဖိအားရှိလာ၍ မဟုတ်ဘဲ BGF က ကျားဖြန့် နှိမ်နင်းရန် ဆုံးဖြတ်သည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မောင်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။

    “ရွှေကုက္ကိုလ်မှာ ကျားဖြန့် သိန်းချီရှိတာ။ အခုက သူက ကျားဖြန့် ၁၀၀၀ နဲ့ ၂၀၀၀ အကြားရှိတယ်ဆိုတော့။ အဲဒီလောက်ပဲ အဖမ်းပြမယ့် သဘောမျိုးပြောသွားတာ။ ရွှေကုက္ကိုလ်ထဲမှာ ကျားဖြန့် မရှိဘူးဆိုရင် ၁ သိန်းကနေ ၂ သိန်းကြားရှိပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

    ရွှေကုက္ကိုလ် ထူထောင်သူ She Zhijiang ကို ကျားဖြန့်ငွေလိမ်မှု များ အပါအဝင် နိုင်ငံတကာရာဇ ဝတ်မှုများဖြင့် ထိုင်းနိုင်ငံက တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လွှဲပြောင်းလိုက်ပြီး အမေရိကန်ကလည်း ကျားဖြန့် များကို အကာအကွယ်ပေးနေသော DKBA တပ်ဖွဲ့ နှင့် ခေါင်းဆောင် ၄ ဦးကို စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ကာ ကျားဖြန့်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။

    မြ၀တီမြို့နယ်တွင် ကျားဖြန့် စင်တာများကို BGF စောချစ်သူ၊ DKBA အပါ အဝင် စစ်တပ်နှင့် အဆင်ပြေသော လက်နက်ကိုင်တပ်ဖွဲ့များက အကြီးအကျယ် လုပ်ကိုင်နေကြခြင်းဖြစ်သည်။

    ဓာတ်ပုံ- The Reporters။

  • သားဖြစ်သူကိုလဲ စစ်မှုထမ်းခိုင်းမှာပါ ဆိုတဲ့ အေသင်ကို

    သားဖြစ်သူကိုလဲ စစ်မှုထမ်းခိုင်းမှာပါ ဆိုတဲ့ အေသင်ကို

    စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီးမျှဝေပါရစေရှင်

    မြန်မာပြည်မှာ အရေးကြီးဆုံးအောက်ခြေ
    အုပ်ချုပ်ရေးအပိုင်းက ရပ်ကွက်အုပ်ချုပ်ရေး
    အပိုင်းဖြစ်ပါတယ်

    ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ယောက်က
    ကိုယ့်ရပ်ကွက်လေး တစ်ခုထဲက
    ကိုယ့်ရပ်ကွက်သားတွေရဲ့အခြေအနေအမှန်ကိုမှ
    မသုံးသပ်နိုင်ပဲ ငါရပ်ကွက်လူကြီးကွ ဆိုပြီး လုပ်ချင်ရာလုပ်
    ရင်တော့ အောက်ခြေကစပြီး ဖြစ်ချင်ရာဖြစ်နေတော့မှာပါ

    ကျွန်မ နဲ့ မောင်နှမ တစ်ဝမ်းပဲ ကွဲ တဲ့ မောင် လေး
    သူ့မိန့်မကကားမှောက်တာခြေထောက်ကအောက်ပိုင်းခါးရိုးထိပြီး လမ်းမလျှောက်နိုင်ဘူးးးဝှီးချဲနဲ့နေရတဲ့သူ မိန်းမကကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတဲ့အချိန် မှာပဲ အဲ့ဒီမောင်လေးကိုစစ်မှု့ထမ်းရမယ်ဆိုပြီး လာ ခေါ်သွားပါတယ်

    ကျွန်မ ဆီ ကို ကျွန်မ ညီမ ဝမ်းကွဲတွေ ဖုန်းဆက်ကြတာပေါ့
    ဘာဆက်လုပ်ရမလည်း မိန်းမက ကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတယ် အလုပ်လည်းမလုပ်နိုင် ဘာလုပ်ရမှန်းမသိတော့ဘူးးးကူညီပါဦး ဆိုတော့

    ကျွန်မ က ဘာလုပ်ပေးနိုင်မှာ လည်း ငါကဘာမှ လုပ်ပေးလို့
    မရဘူး သူ့မိန်းမကိုကလေးပွေ့သွားပြီး သက်ဆိုင်ရာ နယ်မြေကသက်ဆိုင်ရာရုံးကိုခေါ်သွား အသနားခံစာတွေ အဆင့်ဆင့် တင်မှတ်တမ်းပုံတွေ ပို့ ဆိုပြီး ခိုင်းလိုက်တာ ငွေတစ်ကျပ်မှ
    မကုန်ဘူးးးးစစ်မှု့ထမ်းပါသွားတဲ့မောင်လေး ဒီနေ့ပြန်ရောက်လာပါပြီ

    အဓိက ရပ်ကျေးတွေ က စပြီးခေါ်ကတည်းက
    ဒီလူကို ခေါ်သင့် မခေါ်သင့် ဆိုတာ သေချာစီစစ်သင့်ပါတယ်

    တကယ်လို့ ရပ်ကျေးကနေ ထည့်လိုက်လို့ ကိုယ်ပါသွားရင်
    ကိုယ်ကတကယ် ကို မိအို ဖအို ရှိတဲ့ သူ
    တကယ် အလုပ်ကျွေးပြုနေတဲ့သူ
    တကယ်ကို ကိုယ့်မိသားစု မှာ တခြားကူမဲ့သူမရှိလို့
    တကယ် ဒုက္ခရောက်မယ်ဆိုရင် အသနားခံစာသာ တင်ကြပါ
    လွတ်ပါတယ် နော်

    အသနားခံစာ တင်လို့ ပြန်ရောက်လာတာ ကျွန်မတွေ့ တာ နှစ်ယောက် ရှိပါပြီ လက်တွေ့ပါ

    လူလွတ်မှန်သမျှကတော့ စစ်မှု့ထမ်းကို ထမ်းရမှာပါ
    ရှောင်လို့မရပါဘူးးးကျွန်မလည်းသားတွေမွေးထားတာ
    လွှတ်မှာပါ နိုင်ငံသားတိုင်း စစ်မှု့ထမ်းရမယ် ဆိုတာ
    ဥပဒေ ပါပဲ ။

    စစ်မှုထမ်းရင် လစာ ရတယ် လို့ ပြောတယ်တော့

    ငါ့လာမဆဲကြနဲ့နော် တကယ် ခက်ခဲသွားတဲ့သူတွေ အသနားခံစာတင်ပြီး လက်တွေ့ ပြန်ရောက်လာတဲ့သူတွေရှိလို့ပြောပြတာ

    အေသင်ကို ✍️

  • Shelby Oaks

    Shelby Oaks

    Shelby Oaks (2025)

    ဒီဇာတ်ကားလေးကတော့ 2024 မှာ ထွက်ရှိခဲ့တဲ့ ဟော်ရာဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

    ဇာတ်လမ်းအကျဉ်းကတော့ ရိုင်လီ ဘရန်နင်ဆိုတဲ့ ကောင်မလေးဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့ လေးယောက်သား “ဖြစ်ရပ်ဆန်းများကို အဖြေရှာသူများ” ဆိုတဲ့ ယူကျုချန်နယ်တစ်ခုကို ထောင်ထားပြီး သရဲခြောက်တဲ့နေရာတွေ၊ အကျဉ်းထောင်ဟောင်းတွေ၊ မြို့ပျက်တွေကို သွားပြီးတော့ သူတို့ချန်နယ်မှာ နာနာဘာဝဗွီဒီယိုတွေ ပြန်တင်ဆက်တတ်ပါတယ်။

    ဒီလိုနဲ့ တစ်နေ့မှာ သူတို့က ရှယ်ဘီ အုတ်ခ်လို့ခေါ်တဲ့ မြို့ပျက်တစ်ခုက ကစားကွင်းဟောင်းတစ်ခုကို သွားရိုက်ကူးမယ်လို့ ချန်နယ်မှာ အကြောင်းကြားပြီး ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။

    အဲဒီအချိန်မှာ ရဲတွေကလည်း လူပျောက်ရှာကြပြီး သူတို့ဆီက ကျန်ရစ်ခဲ့တဲ့ကင်မရာတစ်လုံးကို သဲလွန်စအဖြစ် တွေ့ရှိသွားရာကနေ သူတို့ ပျောက်ကွယ်သွားရတဲ့နောက်ကွယ်မှာ ဘာအကြောင်းအရင်းတွေရှိနေမလဲ၊ လူလက်ချက်လား၊ နာနာဘာဝလက်ချက်လား ဆိုတာကို သို့လော သို့လော ကြည့်ရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

  • လှည်းကူးက ဇရပ်ကွင်းအုပ်ချုပ်ရေးမှူးရုံးကို မြိုပြအဖွဲ့တွေတိုက်ခိုက်

    လှည်းကူးက ဇရပ်ကွင်းအုပ်ချုပ်ရေးမှူးရုံးကို မြိုပြအဖွဲ့တွေတိုက်ခိုက်

    ရန်ကုန်မြို့၊လှည်းကူးမြို့နယ်က ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး ထိခိုက်မှုရှိတာကို တွေ့ခဲ့ရတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

    “နှစ်ကောင်လွင့်ထွက်သွားပြီးကျန်တဲ့ကောင်တွေခွေးပြေးပြေးကြတယ်။သေဖို့ ရာခိုင်နှုန်းများတယ်။ မိုင်းဆွဲတဲ့အချိန် လွင့်ထွက်တာ”လို့ ထိခိုက်မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။

    နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီခန့်က ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Yangon Army အဖွဲ့က အနောက်ပိုင်းခရိုင် ပကဖနဲ့အတူ ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

    “အဲ့ရုံးကအုပ်ကြီးနဲ့ နောက်လိုက်တွေကပြည်သူကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားအသားကုန်ပေး၊ မဲဆွယ်ပွဲတိုင်းမတက်ရင်ခြိမ်းခြောက်တာတွေလုပ်တယ်၊စစ်မှုထမ်းကြေးလဲ လစဥ် မထည့်မနေရ ကောက်နေတာ အသည်းအသန်ပဲ၊ကိုယ်တိုင်လဲ လူငယ်တွေကိုပြန်ပေးဆွဲပြီး တောင်းစားတဲ့ကိစ္စတွေလဲလုပ်တယ်။”လို့ တိုက်ခိုက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ပတ်သက်ပြီး ပြောပါတယ်။

    အနောက်ပိုင်းခရိုင်ပကဖရဲ့ ပေ့ခ်ျကလည်း “တရားမဝင်ရွေးကောက်ပွဲအားကြိုးမာန်တက်လုပ်နေတဲ့ဇရပ်ကွင်းအုပ်ကြီးရုံး” ခေါင်းစဉ်နဲ့ ဒီမစ်ရှင်အကြောင်းကို ထုတ်ပြန်ထားပါတယ်။

    လှည်းကူးမြို့နယ်မှာ ညနေ ၆နာရီ ၁၀မိနစ်က ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်လို့ ဒေသခံသတင်းပေးပို့ချက်ကို မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Hlaing Info ရဲ့တယ်လီဂရန်ချန်နယ်မှာဖော်ပြထားပါတယ်။

    Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ဟာ နိုဝင်ဘာ ၁ ရက်ကလည်း ရွှေပေါက္ကံရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာမှာလည်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်္ဂလာဒုံမြို့နယ် ကြံ့ဖွံ့ရုံး နဲ့ ရွှေပြည်သာမြို့နယ် (၇)ရပ်ကွက်ရုံးတွေကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

    (လှည်းကူးမြို့အဝင်တနေရာကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

  • ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ

    လက်ပစ်ဗုံးများသိမ်းဆည်းရရှိ

    မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိကာ လက်ပစ်ဗုံးများသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ထံမှ သိရသည်။

    နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ စောင့်ကြို ဖမ်းဆီးမှုအတွင်း ထော်လာဂျီပေါ် လိုက်ပါလာသော ပျူစောထီး ၅ ဦး ကို တော်လှန်ရေး တပ်ဖွဲ့များ အရှင်ဖမ်းမိခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်ထားသော လက်ပစ်ဗုံးများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ဖမ်းဆီးရမိသော ပျူစောထီး ၅ ဦးကို မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များထံ လွှဲပြောင်းပို့ဆောင်လိုက်ပြီး အရေးယူမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဖမ်းဆီးမှုကို ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ နှင့် စဥ့်ကိုင်(ပကဖ) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    အလားတူ ဇူလိုင်လပိုင်းကလည်း နတ်မောက်-မြို့သစ် လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းလုံခြုံရေး စစ်ဆေးမှု ပြုလုပ်နေစဉ် ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးရမိခဲ့သော ရွေးကောက်ပွဲကော်မရှင် အကြီးတန်းစာရေး မောင်းမင်းသူ ထံမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် စာရင်းတချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။