Author: Admin-501

  • စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    စစ်တပ်နှင့် တော်လှန်ရေးတပ်များ အားပြိုင်မှုကို မြင်ရမည့် မိုးကုတ်၊ မိုးမိတ်

    မိုးကုတ်နှင့် မိုးမိတ်မြို့များ ပြန်လွှဲရေးအစီအစဉ်အား လေကြောင်းရန်နှင့် တရုတ်အစိုးရ ဖိအားကြောင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ လားရှိုးလွှဲပြောင်းရေးအစီအစဉ်ကဲ့သို့ပင် TNLA က သဘောတူခဲ့ရသည်။

    စစ်တပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ကိုးကန့်တပ်ဖွဲ့ (MNDAA) က သိမ်းပိုက်လိုက်ချိန်တွင် ကိုးကန့်နှင့်တအာင်း တို့အပေါ် တရုတ်၏ ရာဇသံမှာ ပိုမိုပြင်းထန်ခဲ့သည်။

    မိုးကုတ် မိုးမိတ်မြို့များ ပြန်လွှဲပြောင်းရေး အစီအစဉ်သည် လားရှိုးမြို့ကဲ့သို့ မလွယ်ကူနိုင်ဟု နိုင်ငံရေး အကဲခတ် များက မှတ်ချက်ပြုသည်။

    မိုးမိတ်မြို့မြောက်ဘက် ၃၆ မိုင်အကွာတွင် မဘိမ်းမြို့ရှိပြီး အဆိုပါမြို့အား ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကချင်လွတ်မြောက်ရေးတပ်မတော်( KIA)၊ အာရက္ခတပ်တော် (AA)၊ ကျောင်းသားတပ် (ABSDF)၊ KPDF ၊ ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားသည်။

    မိုးကုတ်မြို့သည် ကမ္ဘာကျော် ပတ္တမြားနှင့် အဖိုးတန်ကျောက်များ ထွက်ရှိပြီး မိုးမိတ်မြို့သည် ရွှေ၊ စိန်နှင့် ကျွန်းသစ် များ အဓိကထွက်သည်။ ယူရေနီယမ် သတ္တုကြောများလည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။

    ကျော်ဇင်ဝင်း/ Myanmar Now

  • အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ

    အမေရိကန် ၏ Burma Team စစ်ဆင်ရေး စပြီ

    Burma Team ဟု ဆိုကာ အသစ် ဖွဲ့စည်း လာ‌ သောမြန်မာ ရှိ ငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး အဖွဲ့ Scam Center Strike Force (SCFF) သည် မြန်မာနိုင်ငံ အတွင်း ရှိ အဆိုပါ အဖွဲ့များ၏ လုပ်ငန်းများကို အခြား ဌာနများ နှင့် ပူးပေါင်း၍ စတင် အရေးယူ ဆောင်ရွက်နေပြီဟု အမေရိကန် တရားရေး ဝန်ကြီးဌာန မှ ထုတ်ဖေါ် ပြောဆိုလိုက်ပြီ ဖြစ်သည်။

    မြန်မာ နိုင်ငံ အတွင်းရှိ ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် အက်ဖ်ဘီအိုင် အေးဂျင့်များ ထိုင်းနိုင်ငံ သို့ စတင် ရောက်ရှိလာနေပြီ ဖြစ်သည်ဟု ဝါရှင်တန်ရှိ ကိုလံဘီယာ ခရိုင် ရှေ့နေရုံးမှ ကြေညာချက် ထုတ်ပြန်သည်။

    Burma Team ကို ဦးဆောင်မည့် အဆိုပါ ရှေ့နေရုံး၏ အကြီးအကဲ ဂျီးနင်း ပီရို (ပုံတွင်ရှူ) မှ ဦးဆောင်မည် ဖြစ်ပြီး တရားရေး ဝန်ကြီးဌာန ၏ ရာဇဝတ်မှု များဆိုင်ရာ လုပ်ငန်း ရုံးခွဲ၊ အက်ဖ်ဘီအိုင် နှင့် Secret Service မှ အေးဂျင့် များ ပါဝင်လာသည်။

    အဆိုပါ တိုက်ခိုက်ရေးအဖွဲ့သည် ထိပ်တန်း လိမ်လည်မှုစင်တာများကို ပိတ်ဆို့အရေးယူခြင်း၊ သိမ်းဆည်းခြင်းနှင့် ပုဂ္ဂိုလ်များအား ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်းတို့ဖြင့် အမေရိကန် အခြေခံအဆောက်အအုံ များကို လိမ်လည်သူများ သုံးစွဲနေမှုအား ကာကွယ်ရန်၊ နှင့် အများပြည်သူများအား ပညာပေးခြင်းနှင့် နစ်နာကြေးပေးခြင်းတို့ဖြင့် ယင်းလိမ်လည်ခံရသည့် အမေရိကန် များကို ထောက်ပံ့ ကာကွယ်ရန်အတွက် “အစိုးရတွင်ရှိသည့် ရရှိနိုင်သော ကိရိယာအားလုံး” ကို အသုံးပြုသွားမည်ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

    ပီရို မှ Burma Team SCSF ဖွဲ့စည်းခဲ့မှု နှင့် စပ်လျင်း၍ ပြောကြားရာတွင် “လိမ်လည်မှုစင်တာများဖြင့် သာမန် အမေရိကန်ပြည်သူများ မျိုးရိုးစင်ဆက် စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများ တရုတ် ရာဇဝတ်ဂိုဏ်းများ၏ အိတ်ကပ်များထဲသို့ လွှဲပြောင်းရောက်ရှိ‌ နေသည်။ ကျွန်မတို့ ရုံး အနေဖြင့် နိုင်ငံခြားသား တရားခံများကို စွဲချက်တင်ရန်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အခွင့်အာဏာရှိသည်” ဟု ဆိုသည်။

    ယခုအခါ SCSF သည် အပြည့်အဝ လည်ပတ် လှုပ်ရှားလာနေပြီ ဖြစ်သည်ဟု လည်း ပြောသွားခဲ့သည်။

    SCSF အဖွဲ့ဝင်များသည် မြန်မာ၊ လာအို နှင့် ကမ္ဘောဒီယား တွင် လှုပ်ရှားနေကြသော တရုတ် ရာဇဝတ်ဂိုဏ်း များ အပြင် အဓိက ပါဝင်နေသည့် ခေါင်းဆောင်များကို ဖေါ်ထုတ် ရှာဖွေသွားပြီး တရားစွဲဆိုနိုင်ရန် အဓိက ဦးစားပေး လုပ်ဆောင်နေကြပြီ ဖြစ်သည်။

    Burma Team သည် မြဝတီရှိ DKBA ထိန်းချုပ်ထားရာ တိုက်ချန် ဌာန ၏ ဝက်ဆိုက် ကို ချုပ်ကိုင်နိုင်လိုက်ပြီဟု သိရသည်။ ထို့ပြင် နေရာ အတိအကျ ဖေါ်ပြထားခြင်း မရှိသည့် မြန်မာနိုင်ငံရှိ နောက်ထပ် လိမ်လည်မှုစင်တာတစ်ခု၏ ဂြိုဟ်တုချိတ်စက်များ (satellite terminals) ကို သိမ်းဆည်းရန်အတွက်လည်း ဖမ်းဝရမ်းများ တောင်းခံလျက်ရှိသည်ဟု ဆိုသည်။

    ဘန်ကောက်တွင် ရောက်ရှိ နေသော အက်ဖ်ဘီအိုင် အေးဂျင့်များသည် ထိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ နှင့် အတူ အထိုင် ချပြီး BGF များ အကာအကွယ် ပေးထားသည့် KK Park ရှိ စခန်းများကို တိုက်ဖျက်သွားမည် ဖြစ်သည်။

    ဖေဖေါ်ဝါရီလ အတွင်းက ထိုင်း အထူး စုံစမ်းရေး ဌာနမှ BGF ခေါင်းဆောင် စောချစ်သူအား ဖမ်းဝရမ်း ထုတ်ပေးရန် တရားရေးဌာန သို့ လျှောက်ထားခဲ့ပြီး ဖြစ်သည်။

    အမေရိကန် မှ DKBA အား အရေးယူ ဒဏ်ခတ်ရန် ကြေညာပြီးလျင် ပြီးချင်း စစ်အုပ်စုမှ မြဝတီရှိ ၎င်းတို့ပိုင် ကာဆီနိုအား လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားသည် ဟု သိရသည်။

    ဒဏ်ခတ်ခံရမည့် စာရင်းထဲ ပါဝင်နေသည့် DKBA ခေါင်းဆောင် လေးဦး ထဲမှ တဦး ဖြစ်သူ စောစိန်ဝင်းမှ ၎င်းတို့ အဖွဲ့မှ ခေါင်းဆောင် အချို့ အွန်လိုင် ငွေလိမ် ဂိုဏ်းများ ကို ဦးဆောင်လုပ်ကိုင်နေသည်ဟု ဝန်ခံလာခဲ့သည်။

    ယခု အရေး တွင် အမေရိကန် တို့ အုံ နှင့် ကျင်း နှင့် ပါဝင် လာခြင်း ဖြစ်သည်။

    ထိုင်း ရှိ ကမ္ဘာတဝှမ်း လိမ် လည်မှု တိုက်ဖျက်ရေး မဟာမိတ် များ အဖွဲ့၏ ထုတ်ပြန်ချက်အရ ထိုင်း နိုင်ငံသား ဆယ်ဦး လျင် ခြောက်ဦး နှုန်း အလိမ်ခံခဲ့ရပြီး ၂၀၂၄ တနှစ်တည်း တွင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၁၀ ဘီလီယံ အလိမ်ခံခဲ့ရသည်ဟု သိရသည်။

    စောချစ်သူ ၏ ပါတနာ ဖြစ်သူ ရှီ ကျစ်ကျန်း အား ထိုင်းမှ တရုတ် သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်၍ KK Park နှင့် ပတ်သက်သည့် အရေးပါသော သတင်းအချက်အလက်များ တရုတ်တို့ ရရှိ‌ တော့မည် ဖြစ်သည်။ အမေရိကန်သည်လည်း ဒေါ်လာ ၁၀ ဘီလီယံ ခန့် ဆုံးရှုံးထား၍ ၎င်းတို့ အစိုးရမှလည်း အရေးယူ ရန် လှုပ်ရှားမှ ဖြစ်ပေတော့မည်ဟု ယူဆလာခြင်းလည်း ဖြစ်သည်။

    ရှီ ကျစ်ကျန်းသည် ဘီဂျင်းဆီသို့၊ စောချစ်သူသည် ဝါရှင်တန် ဆီသို့လော ဟူသော မေးခွန်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

    ကိုးကား – Irrawaddy News / Asia News (Italy)

    ပြည်သူတို့၏ တရားသော စစ် မုချ အောင်ရမည်!!!

    Hla Soe Wai

  • ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ

    MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ်

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။

    “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAAကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။

    သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို MNDAA က တပ်စွဲထားတာပါ။ ဒီ‌နေ့မှာတော့ တံတားကို နှစ်ဘက်စလုံးက ပိတ်ထားလို့ ကုန်ကားတွေ ရပ်ထားရပါတယ်။

    MNDAA အနေနဲ့ လူသိမခံချင်တဲ့ တပ်အပြောင်းအရွှေတွေလုပ်မှာမို့ တံတားကိုပိတ်တာဖြစ်နိုင်တယ်လို့ စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်​တွေက​ရေးသားနေကြပါတယ်။ အဲ့လိုမဟုတ်ဘဲ စစ်ကောင်စီက ကုန်ကားတွေကို ပိတ်လို့ MNDAAက တုန့်ပြန်တာလို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ လားရှိူးမြို့ပေါ်ကိုသာကွက်ပြီးထိန်းချုပ်နိုင်တာဖြစ်ပြီး ပြည်ထောင်စုလမ်းမအတိုင်းတစ်ဖက်စီမှာရှိ သိန္နီနဲ့ သီပေါမြို့အထွက်တွေကိုပါ MNDAAက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ အမှတ်(၅)စစ်ဆင်ရေးအထူးအဖွဲ့ မှုးကိုယ်တိုင် နိုဝင်ဘာလ ၁၁ ရက်က လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် MNDAA ကငြင်းပယ်လို့ ဆွေးနွေးမှုပျက်ခဲ့ပါတယ်။

    အဲ့‌ဒီနောက်ပိုင်း စစ်တပ်က ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ မြေပြင်သတင်းမြစ်တွေကပြောပါတယ်။

    လားရှိုးမြို့ကနေ မန္တလေးမြို့ဘက်ကိုတည်တဲ့ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ နောင်မွန်နဲ့ တန့်ယန်း၊မိုင်းရယ် မြို့ဖက်ကိုသွားတဲ့- နမ့်ပေါင်-ဟိုယ ရွာတွေမှာ MNDAAက တပ်စွဲထားပါတယ်။

    MNDAAက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့နယ်မြေထဲမှာပါဝင်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီလမှာ စစ်အုပ်စုက တရုတ်အစိုးရရဲ့အကူအညီနဲ့လားရှိုးမြို့ကို ပြန်ယူပြီးတဲ့နောက် အဲ့ဒီနေရာတွေကနေ တဆင့်ချင်းဆုတ်ပေးဖို့ စစ်ကောင်စီက ဆက်တိုက်တောင်းဆိုနေတာဖြစ်ပြီး MNDAAက လက်မခံဘူးလို့ သိရပါတယ်။

    လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ MNDAAက သီးခြားသတင်းထုတ်ပြန်မထားပါဘူး။

    ဒါပေမယ့်စစ်ကောင်စီနဲ့ လက်ရှိရရှိထားတဲ့ စစ်ရေးရပ်စဲရေး သဘောတူညီချက်ဟာ အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် အမြဲသတိရှိနေဖို့နဲ့ဗျူဟာကျကျနားလည်နေဖို့ လိုတယ်လို့ အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ဖူးပါတယ်။

    “တိုက်ပွဲအနံ့တွေပြန်ရနေပြီ”လို့ လားရှိုးမြို့ခံတစ်ဦးပြောပါတယ် ။

    (MNDAA နဲ့ စစ်တပ် က သီ​ပေါတံတားကို နိုဝင်ဘာ ၁၄ ရက်မှာအပြန်အလှန်ပိတ်ထားစဥ်။ ရုပ်သံ-​ဒေသခံ)

  • Moppala

    Moppala

    Moppala (2025) “ရောင်းရင်း”

    ရိုးရာဓလေ့၊ ဇာတ်အနိမ့်အမြင့်ခွဲခြားမှုနဲ့ မြေးဘိုးနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာကိုဖွဲ့နွဲ့ရိုက်ကူးထားတဲ့ မလေယာလမ်ကျေးလက်ရှပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။

    သေယမ်ဆိုတာ အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်မြောက်ပိုင်းကနေ ဆင်းသက်လာတဲ့အတော်လေးရှေးကျတဲ့ ဘာသာရေးအစဉ်အလာအနုပညာတစ်ခုပေါ့။

    ဆန်းကြယ်တဲ့မိတ်ကပ်တွေ အဝတ်တန်ဆာတွေဆင်မြန်းပြီး ဒေသခံတွေကိုးကွယ်တဲ့ဘုရားပွဲတွေမှာ ဖျော်ဖြေပေးကြသူတွေကို သေယမ်အနုပညာရှင်တွေလို့ ခေါ်ကြပါတယ်။

    နန်ဒူတာဆိုတဲ့ ကလေးငယ်လေးက အဘိုးဆီက ဗီဇပါလာပြီး သေယမ်ဖျော်ဖြေဖို့အရမ်းကိုစိတ်ထားထက်တန်တဲ့သူလေးပေါ့။

    ဒါပေမဲ့လည်း ဇာတ်မတူဘဲယူထားကြတဲ့ အဖေနဲ့အမေဖြစ်သူကြောင့် သူ့ကိုသေယမ်ဖျော်ဖြေဖို့ရာ ဒေသခံတွေက ခွင့်မပြုကြ။

    ခွင့်မပြုတဲ့ကြားထဲကနေပဲ အဘိုးဖြစ်သူရဲ့ သင်ကြားပေးမှုနဲ့ သေယမ်ဖျော်ဖြေရဖို့အရေးတစိုက်မက်မက်ကြိုးစားအားထုတ်တဲ့အခါမှာတော့…။

  • Jolly LLB 3

    Jolly LLB 3

    Jolly LLB 3 (2025) (ဂျိုလီ)

    ဒီတစ်ခါမှာတင်ဆက်ပေးမယ့် ဇာတ်ကားကရုံတင်ကားဖြစ်ပြီး ရုပ်ရှင်ကုန်ကျစရိတ် ၁၂၀ကုဋေကုန်ကျခဲ့ပြီး နိုင်ငံတကာဝင်ငွေ ၁၆၈ကုဋေရခဲ့တာပါ

    ဒေါ်လာနဲ့ဆိုရင် ၁၉မီလီယံအထိအမြတ်ကြမ်းခဲ့တဲ့ကားပဲဖြစ်ပါတယ်။ နိုင်ငံတကာကြည့်ရူ့သူဦးရေလည်း ၃၀-၃၅သန်းအထိရှိခဲ့တာပါ။မင်းသားကြီး

    အက်ရှေးကူမာနဲ့ အရ်ရှတ် ဝါရှီတို့ရဲ့ တရားရုံးဇာတ်ကားကိုမှ ဟာသနဲ့ ဒရာမာရောနှောထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ ဆူဘက်ရှ် ကပူးလ်ရဲ့

    ရှေ့နှစ်ကားလိုပဲ သရော်တာတွေနဲ့ ရှေ့နေ့အချင်းချင်းကွက်ကျော်ရိုက်တာတွေပါ ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစ – တရားခွင်တစ်ခုမှာ ရာ

    ဂျာရမ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ကို စစ်ဆေးမေးမြန်းရာကနေ အစပြုထားပါတယ်။ အကြောင်းကတော့ သူပိုင်တဲ့လယ်လေးကို အင်ပရီရယ်ဆိုတဲ့

    စက်မှုလုပ်ငန်းဂရုက ပရောဂျက်တစ်ခုကိုအကြောင်းပြပြီး မတရားသဖြင့်သိမ်းချင်တာကြောင့်ပါ။ ဒီလိုနဲ့ ရာဂျာရမ်ဟာ ငွေများတရားနိုင်ဆိုသလိုပဲ

    ပိုင်ဆိုင်တာဆိုလို့ သူ့မှာအဲဒီလယ်ကွက်လေးပဲရှိတာကြောင့် တစ်ဖက်က ကုမ္ပဏီကြီးကို ဘယ်လိုမှမယှဉ်နိုင်ပဲ တရားသူကြီးကို သနားပါဆိုတဲ့စကား

    တစ်ခွန်းသာ ပြောရုံကလွဲဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အိမ်ပြန်ရောက်လာတဲ့ ရာဂျာရမ်က အတွေးပေါင်းမြောက်များစွာနဲ့ တွေဝေနေခဲ့ပြီး

    နောက်ဆုံးမှာတော့ ပူဆွေးသောကတွေနဲ့ အတူ ရေကန်ကြီးထဲမှာ သူ့ဘဝသူအဆုံးသတ်ပစ်လိုက်ပါတော့တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ဇနီးသည်ကတော့

    အမှန်တရားအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့အတွက် ဒေလီကိုလာခဲ့ပါတယ်။ အဲဒီမြို့မှာရှိတဲ့ တရားရုံးက ဂျိုလီဆိုတဲ့ နာမည်တူ မင်းသားကြီး အက်ရှေး

    ကူမာနဲ့ အရ်ရှတ် ဝါရှီတို့နှစ်ယောက်နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်သွားဦးမလဲဆိုတာ ဆက်လက်ကြည့်ရှု့ပေးကြပါဦး။