Author: Admin
-

The Banished
The Banished (2024) ဂရေ့စ် ဟာသူ့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့အဖေဖြစ်သူသေဆုံးသွားပြီးတဲ့နောက်ကျန်ခဲ့တဲ့အမွေတွေကိုခွဲဝေယူဖို့အတွက် မတွေ့နှစ်နဲ့ချီကြာပြီဖြစ်တဲ့သူ့ရဲ့အစ်ကို ဒေးဗစ် နဲ့တွေ့ဖို့အတွက်သူတို့ငယ်ငယ်ကနေထိုင်ခဲ့တဲ့ ကျေးလတ်ရွာလေးကိုပြန်လာဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အစ်ကို ဒေဗစ် ဟာလူမနီးသူမနီးတောင်ပေါ်ကတောထဲမှာတေလေးဂျပိုးတွေနဲ့ အုပ်စုဖွဲ့ပြီးနေတာကိုလည်းသိသွားရောငယ်ငယ်ကသူ့ရဲ့ကျောင်းဆရာဖြစ်ခဲ့ဖူးတဲ့သူကို တောင်ပေါ်လမ်းပြအဖြစ်ငှားရမ်းပြီး သူ့အစ်ကို ဒေဗစ် ကိုရှာဖွေဖို့စွန့်စားခန်းတစ်ခုကိုဖွင့်ခဲ့ပါတော့တယ်။ သို့သော်လည်း ကံကြမ္မာအလှည့်အပြောင်းတွေနဲ့ လမ်းခရီးကဒုက္ခတွေကဂရေ့စ် တစ်ယောက်အတွက်ဘယ်လိုတွေအကြောင်းဖန်လာဦးမလဲသူ့ရဲ့အစ်ကိုဖြစ်သူ ဒေးဗစ် နဲ့ရောပြန်ဆုံရပါ့မလားပြန်ဆုံရင်ရော သူမျှော်လင့်ထားသလိုဖြစ်ပါ့မလားဆိုတာကိုတော့…..
-

Short Night of Glass Dolls (1971)
Short Night of Glass Dolls ဆိုတဲ့ဇာတ်ကားလေးဟာ နာမည်ကြီးသရုပ်ဆာင်တွေနဲ့ ပါဝင်ရိုက်ကူးထားတဲ့ဒါရိုက်တာ အယ်ဘ်ဒိုလာဒို ဖန်တီးထားတဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားတွေရဲ့ အကောင်းဆုံးဖန်တီးမှုလို့ပြောလို့ရလောက်တဲ့အထိကောင်းတဲ့ 1971 မှာထွက်ရှိခဲ့တဲ့ Giallo,horror,mystery ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း———- အမေရိကန်သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဂျော့လ်ဂျီမိုးလ် ကို ပရာ့ခ်မြို့ရဲ့ လမ်းမအပေါ်မှာသေဆုံးလျက်တွေ့ရှိခဲ့ပါတယ်။ သူဟာ နှလုံးခုန်ရပ်ပြီး တခြားဆေးပညာကိရိယာစမ်းသပ်မှုတွေကိုတုံ့ပြန်မှုမရှိလို့သေဆုံးတယ်လို့ယူဆခံရပေမယ့် သူ့ခန္ဓာကိုယ်အပူချိန်က မကျတာကြောင့်သံသယဖြစ်ဖွယ်ဖြစ်နေပါတယ်။တကယ်တော့ ဂျော့လ်ဟာ မသေပါဘူး။ သူကအသိစိတ်ရှိနေပြီးခန္ဓာကိုယ်ကိုလုံးဝလှုပ်ရှားမရဖြစ်နေတာဖြစ်ပြီး ဒီလိုအခြေအနေကို ရောက်ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြန်အမှတ်ရဖို့ကြိုးစားကာ သူ့စိတ်ထဲက အဖြစ်အပျက်တွေကိုပြန်လည်စဥ်းစားသတိနေရင်း သူ့ရည်းစားမီရာဆိုတဲ့ကောင်မလေးပျောက်ဆုံးမှုကိုစုံစမ်းရင်း သြဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြောက်မက်ဖွက်လျှို့ဝှက်ချက်ကို သူတွေ့ရှိသွားတာကြောင့်သူဒီလိုအခြေအနေရောက်ခဲ့ရပုံကို အသိစိတ်သာရှိပြီးလှုပ်ရှားမရတဲ့အလောင်းကောင်နေရာကနေဖော်ပြရင်း သူကရော အသက်ရှင်မလားသေမလား သြဇာအာဏာကြီးမားတဲ့လျှို့ဝှက်ချက်ဆိုတာကဘာလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါ။ ဒီကားက သာမန် သည်းထိတ်ရင်ဖိုဇာတ်အိမ်မဟုတ်ဘဲ Giallo အမျိုးအစားထဲမှာ ထူးထူးခြားခြား ဇာတ်အိမ်၊ဇာတ်လမ်းတင်ဆက်ပုံ၊အဆုံးသတ်နဲ့မလို့ သည်းထိတ်ရင်ဖိုပရိတ်သတ်တွေအတွက်မဖြစ်မနေကြည့်ရှုသင့်တဲ့ ကားလေးဖြစ်ပါတယ်။
-

Gypsy Moon
Gypsy Moon (2024) 2024 February တုန်းကထွက်ရှိထားပြီး Tony Gibson ကိုယ်တိုင်Director and Stars လုပ်ထားပြီး29 Wins & 1 Nomination ရထားတဲ့ဇာတ်ကားတစ်ကားပါ 1799 ခုနှစ် ဇာ ဘုရင်လက်ထပ်မှာ “အမိန့်” လို့လူသိများကြတဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီး နယ်မြေတွေကိုလိုက်ပြီးသိမ်းပိုက်နေတဲ့အကျင့်ပျက်အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်ဂျစ်ပစီတွေရဲ့နယ်မြေတွေကိုသိမ်းပိုက်မိတဲ့အချိန်မှာတော့စစ်တပ်ကိုဦးဆောင်တဲ့ ကပ္ပတိန် ဆိုတဲ့ခေါင်းဆောင်ကိုလူမုန်းများပြီးလုပ်ကြံဖို့ဖြစ်လာခဲ့တော့တယ် သို့သော်လည်း ဂျစ်ပစီတွေဘယ်လိုမှ တွန်းလှန်ပုန်ကန်ဖို့မဖြစ်နိုင်တော့တဲ့အဆုံးမှာတော့သူတို့ရဲ့ဂျစ်ပစီဒဏ္ဍာရီတစ်ခုဖြစ်တဲ့ နှစ် ၅၀၀ မှာတစ်ကြိမ်ပေါ်ထွက်မယ့် ဂျစ်ပစီလထွက်ချိန်မှာသူတို့အတွက် သားရဲ့ကြီးကိုယူဆောင်လာပေးဖို့ ဘုရားသခင်စီမှာဆုတောင်ကြတော့တယ်အဲဒီသားရဲရယ် ကပ္ပတိန်ရယ် အမိန့်ရယ် ဂျစ်ပစီတွေရယ် ဘယ်လိုစခန်းသွားကြဦးမလဲဆိုတာကိုတော့….
-

Bone Lake
Bone Lake (2025) ဒီကားက လူ ၄ ယောက်ထဲနဲ့ ရိုက်ထားပေမယ့် အတော်လေးကြမ်းတဲ့ Psychology Horror ကားလို့ပြောရမယ်။ ဇာတ်လမ်းစထဲက ဘယ်သူက လူကောင်းလူဆိုးသိနေပေမယ့်…လူတွေရဲ့ စိတ်ထဲက လျှို့ဝှက်ချက်တွေ မသိစိတ်တွေ မျက်ကွယ်ရာတွေ မလုံခြုံမှုတွေကို အသက်ရှူကြပ်ချင်စရာကောင်းအောင် ရိုက်ပြထားတယ်။ ဇာတ်လမ်းမှာ Sage နဲ့ Diego ဆိုတဲ့ လင်မယားက Romantic အားလပ်ရက်ခရီးထွက်လာရင်း အရိုးရေကန်ဆိုတဲ့ ခြံကျယ်ကြီးထဲက ဇိမ်ခံအိမ်ကြီးမှာ တစ်ပတ်တာငှားလိုက်ကြတယ်။ ဖြစ်ချင်တော့ ဒီအိမ်ကို Will နဲ့ Cin ဆိုတဲ့ စုံတွဲကလည်း မကြာခင် ရောက်လာပြီး ဘွတ်ကင်လုပ်ပြီးသားဖြစ်နေတဲ့အတွက်…အိမ်ရှင်အမှားဖြစ်နေတဲ့အတွက် ညှိနှိုင်းပြီး ပေါင်းနေကြဖို့ သဘောတူလိုက်ကြတယ်။ လူငယ်စုံတွဲ ၂ တွဲ ခင်မင်သွားကြပေမဲ့ နောက်ပိုင်းမှာ စိတ်ကစားမှုတွေ၊ မလုံခြုံမှုတွေ အတိတ်က…
-

နာမည်ကြီးသရုပ်ဆောင်တွေ အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ရုပ်ရှင် ရိုက်ကူးမှုကြောင့် ဝေဖန်ခံနေရ
မြန်မာနိုင်ငံ၏ နာမည်ကြီးသရုပ်ဆောင်များသည် စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့် ရုပ်ရှင် ရိုက်ကူးခဲ့မှုကြောင့် ဝေဖန်ခံနေရကြောင်း သိရသည်။ အဆိုပါ ရုပ်ရှင်သည် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဟု အမည်ပေးထားပြီး စစ်ကော်မရှင်လက်အောက်ခံ မီဒီယားများနှင့် စစ်တပ်လော်ဘီများ က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြခဲ့ပြီးနောက် ပါဝင်ခဲ့သည့် အနုပညာရှင်များကို ပြည်သူများက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ “နေ့စဉ်နဲ့အမျှ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ပြည်သူတွေ အလူးအလဲခံစားနေရတယ်။ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဗုံးကြဲ၊ ရွာတွေကိုလဲ မီးရှို့နေတယ်။ အဲ့ဒါကိုတော့ မပြောဘူး။ ရွေးကောက်ပွဲအတွက်တော့ ရုပ်ရှင်ရိုက်ပြကြတယ်။ အဲ့ဒီမှာ ထူးခြားတာက သရုပ်ဆောင်အများစုက အကယ်ဒမီရထားတဲ့လူတွေကြီးပဲ၊ ဦးမိုက်ပြောသလို ဘယ်သူမှ နားထင်တေ့ပြီး လုပ်ခိုင်းတာမဟုတ်ဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသားထက်ဇော်က ပြောသည်။ အဆိုပါ…