Author: Admin-501

  • သရုပ်​ဆောင်​ကောင်းလွန်းသူ​တွေလွဲခဲ့တဲ့ စစ်တပ်အကယ်ဒမီ

    သရုပ်​ဆောင်​ကောင်းလွန်းသူ​တွေလွဲခဲ့တဲ့ စစ်တပ်အကယ်ဒမီ

    ဒီနှစ်စစ်တပ်က​ပေးတဲ့ အကယ်ဒမီက ပရိသတ်ရစေချင်တဲ့သရုပ်ဆောင်တွေ မရကြပါ။ အမှိုက်ကိုလက်နဲ့မကျုံးဘဲ မျက်နှာနဲ့ကျုံးသလားတောင်ထင်ရတဲ့ စည်ပင်သာယာဇာတ်ကားနဲ့ မြင့်မြတ်၊ သူများယောကျ်ားကို လု၊ မိခင်ကိုပြန်ပြောတဲ့ဇာတ်ရုပ်နဲ့ ရတနာဗို၊ အရက်သမားအချောင်နေအချောင်စားအဖြစ် ပီပြင်လို့ဆုရတဲ့၊ သားနဲ့ချွေးမထောင်ထဲရောက်နေတဲ့ နေမျိုးအောင်၊ Kpay မှားရောက်ရင် ပြန်လွှဲမပေးတတ်တဲ့ ပရဟိတမိခင်ကြီး ခိုင်နှင်းဝေတို့ဟာ ရသင့်ရထိုက်ပါရဲ့လား။

    မြန်မာရုပ်ရှင်အနုပညာရှင်တွေထဲက အကယ်ဒမီ ပေးသင့်ပေးထိုက်သူတွေဟာ တော်တော်များများ ရှိနေတဲ့အတွက် ကျွန်တော်သာအကဲဖြတ်ဝင်ဆိုရင် ရွှေစင်ရုပ်တု ရာချီလုပ်ပြီး ပေးပစ်ချင်မိတယ်။ သရုပ်ဆောင်တွေ သိပ်ကောင်းကြတာကိုး။

    ရစေချင်တဲ့သူတွေထဲ ကိုရာဇာကြီးလည်းပါတယ်။ ကိုရာဇာဆိုတာ ရာဇာနေဝင်းပါ။ အာဏာသိမ်းကာလအစောပိုင်းက ကိုရာဇာကြီး လက်သီးလက်​မောင်းတန်း ပြောခဲ့တဲ့စကားတွေများ သိပ်မိုက်တာ။

    “ကျွန်တော်တို့ ဘယ်တော့မှ မကျေနပ်ဘူး။ ဘယ်တော့မှ ကြောက်မယ့်ကောင်တွေ မဟုတ်ဘူး။ အနုပညာသမားကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့။ ဘယ်တော့မှမကြောက်ဘူး။”တဲ့။ ကိုရာဇာကြီးရဲ့စကားလုံးတွေ မာန်ပါလွန်းလို့ ကျွန်တော်တောင် ကြည့်နေရင်း လန့်ပြီး ဖုန်းတောင် ပြုတ်ကျတယ်။

    အဲဒီတုန်းက ကိုရာဇာတို့အနုပညာသမားတွေစုဝေးပြီးတောင်းဆိုတာ ဘာတဲ့ “ခင်ဗျားတို့လိုချင်တာအားလုံး ယူသွားလို့ရပါတယ်။ အမေစုနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကိုတော့ပြန်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။”တဲ့။

    အိုး ကြက်သီးများတောင် ထမိခဲ့တယ်။

    ကိုရာဇာကြီး ဆက်ဖြေခဲ့ဖူးတယ်။ “ကျွန်တော်တို့ကဒီမိုကရေစီပုံစံနဲ့ပဲ ဆယ်နှစ်လောက်​နေခဲ့ပြီးပြီဆိုတော့ စစ်အာဏာရှင်အောက်မှာ ဘယ်တော့မှမနေတတ်တော့ဘူး။”တဲ့။ ဒါမှကိုရာဇာကွပေါ့။

    ကိုရာဇာကြီး မနေ့က အကယ်ဒမီပေးပွဲ မတက်လောက်ဘူးထင်ပါရဲ့။ ဒါနဲ့ သူ့ Facebook မှာများ ဘာတင်ထားမလဲသွားကြည့်တာ “ရန်ကုန်နဲ့ဒလကတော့ ဆုံသွားပြီ မင်းနဲ့ဦးကရော …”တဲ့။

    ကိုရာဇာပြတ်သားတယ်။ အကယ်ဒမီပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် အောင်ဇမ္ဗူဇာတ်ကြည့်သလို ပွဲအစအဆုံး ထိုင်ကြည့်နေမယ်ဆိုတာ သိပုံရတယ်။

    ကိုရာဇာက စိတ်ဆက်တယ်။ သူအကယ်ဒမီရလို့စင်မြင့်ပေါ်တက် ကျေးဇူးတင်စကားပြောရင်စင်ရှေ့က မင်းအောင်လှိုင်ကို သည်းမခံနိုင်တော့ဘဲ ဆင်းထိုးမိမှာစိုးလို့ အကယ်ဒမီပွဲမတက်တာလည်း ဖြစ်နိုင်တာပဲ။

    နောက်ထပ်ရခိုင်မင်းသား​လေးနေတိုး။ သူသည်လည်းပဲ မိန်းမလျာဇာတ်ရုပ်နဲ့ အကယ်ဒမီ လွဲခဲ့ပြန်ပါတယ်။ မြစ်လက်တက် ဇာတ်ကားထက် သရုပ်ဆောင်ပိုကောင်းခဲ့တာက အခြားသရုပ်ဆောင်တွေလိုပဲ နွေဦးတော်လှန်ရေးကာလအစောပိုင်းမှာ သရုပ်ဆောင်ကောင်းခဲ့တာပါ။

    ရန်ကုန်မှာ ဆန္ဒပြရင်း ကိုနေတိုးပြောသွားတာက “ကျွန်တော်တို့အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ အေးအတူပူအမျှ အတူတူရှိမယ်လို့ ပြောချင်ပါတယ်”တဲ့။ အားရချက်ကို​နေတိုးရယ်။ ကိုနေတိုးလည်း ဒီစကားလေးနဲ့တင် အကယ်ဒမီ ထိုက်တန်တဲ့သူပါ။

    ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်း မင်း​အောင်လှိုင်ရဲ့စစ်တပ်က ဗုံးပတ်ကြဲလို့ ပြည်သူ​ထောင်ချီ​သေဆုံးဒဏ်ရာရပြီး ၊စစ်တပ်ကပတ်မီးရှို့လို့ ပြည်သူ သန်းချီအိုးမဲ့ အိမ်မဲ့ဖြစ်​နေချိန်မှာ ပြည်သူနဲ့ အတူရှိမယ့်​ပြောခဲ့တဲ့ ​နေတိုးတို့က စစ်အုပ်စု အနွှယ်​တွေရဲ့ ရုပ်ရှင်ထုတ်လုပ်​ရေး​တွေနဲ့ဇာတ်ကား​တွေလည်းရိုက်မပျက်ပါသလို ၊စစ်တပ်ဝါဒဖြန့် ဇာတ်ကား​တွေဆိုရင်လည်း ​ရှေ့ဆုံးက​ပြေးသရုပ်​ဆောင်ခဲ့တာပါ။

    နောက်ထပ်ရစေချင်တာက ဟာသသရုပ်ဆောင် ခင်လှိုင်ပါ။ သူလည်း အကယ်ဒမီရသင့်တဲ့သရုပ်ဆောင်ပါ။ အာဏာသိမ်းတော့ ဆန္ဒပြတာ “ဒီတိုက်ပွဲမအောင်မချင်း တိုက်မယ် တိုက်မယ် အရေးတော်ပုံအောင်ရမည်”တဲ့။ သူ့ခမျာ အသံတွေကိုနာလို့ပါ။ သူလည်း မရခဲ့ပါဘူး။

    နောက်ထပ် ခရိုနီကတော်လေးဝတ်မှုံရွှေရည်။ သူလည်း ရသင့်ပါတယ်။ အာဏာသိမ်းတော့ ပြည်ပစျေးဝယ်ထွက်နေတာဆိုလား။ အမြန်ပြန်လာခဲ့ပြီး ဆာပို့(Support)ပေးချင်လွန်းလို့ ဝင်ပြတာတဲ့။ သိပ်ကို သရုပ်ဆောင်ကောင်းတဲ့မင်းသမီးလေး။ သူလည်း ရမသွားခဲ့ဘူး။ နောက်ထပ်နောက်ထပ် ရသင့်ရထိုက်တဲ့ သရုပ်ဆောင်တွေ အများကြီး ရှိပါသေးတယ်။ စာဖတ်သူတွေကော ဘယ်သူတွေရသင့်တယ်ထင်ပါသလဲ။ ဖြည့်စွက်ပေးကြပါဦး။

    (စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်တပ်အဏာသိမ်းမှု ကန့်ကွက်တဲ့ ဆန္ဒပြပွဲ​တွေ မှာပါဝင်ခဲ့​ပေမယ့် စစ်အုပ်စုနဲ့ နီးစပ်​နေကြတဲ့ အနုပညာရှင်​တွေ)

    မောင်ကြိုင် ရေးတယ်

  • ပြည်သူ ရွေးကောက်ခြင်းမရှိဘဲ လွှတ်တော်တက်မည့် စစ်တပ်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

    ပြည်သူ ရွေးကောက်ခြင်းမရှိဘဲ လွှတ်တော်တက်မည့် စစ်တပ်ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

    ရွေးကောက်ပွဲအပြီးလုပ်မဲ့ လွှတ်တော်အတွက် ဗိုလ်ချုပ်တယောက် ဦးဆောင်တဲ့ စစ်သား ကိုယ်စားလှယ်စာရင်းကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီ ၇ ရက်ညမှာ ထုတ်ပြန်လာပါတယ်။

    စုစုပေါင်း အယောက် ၄၄၀ ရှိမဲ့ ပြည်သူ့လွှတ်တော်အတွက် စစ်ခေါင်းဆောင်က ပေးပို့လာတဲ့ စစ်သား အယောက် ၁၁၀ စာရင်းကို စိစစ်ပြီးလို့ ကြေညာတာလို့ ဆိုပါတယ်။

    စာရင်းအရ ဗိုလ်ချုပ် ရဲကျော်သူက ဦးဆောင်ပြီး ဗိုလ်မှူးချုပ် ၁၀ ယောက်၊ ဗိုလ်မှူးကြီး ၁၈ ယောက်ပါပြီး ဒီထဲမှာ အမျိုးသမီး ၃ ယောက် ပါပါတယ်။

    ပြီးတော့ အမျိုးသမီး ၄ ယောက်အပါအဝင် ဒုတိယဗိုလ်မှူးကြီး ၄၂ ယောက်၊ ဗိုလ်မှူး ၃၉ ယောက်နဲ့ ဗိုလ်ကြီး ၁၂ ယောက် ပါဝင်တာကို တွေ့ရပါတယ်။

    ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်သား ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုရဲ့ ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ လွှတ်တော်ထဲမှာ ဝင်ရောက်နေရာယူခွင့်ရနေတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲတွေ အပိုင် ၃ ပိုင်းခွဲကျင်းပခဲ့တာ ပြီးသွားပြီဖြစ်လို့ လွှတ်တော် အစည်းအဝေးတွေကို မတ်လ တတိယပတ်အတွင်းမှာ ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။

    ရွေးကောက်ပွဲတွေကို အပိုင်း ၃ ပိုင်းခွဲကာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရ သူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ဒီရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ ဒီအရေအတွက်ကို လက်မခံကြပါဘူး။

    ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲမှာ ပါတီအလိုက် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်အနေနဲ့ စစ်ယူနီဖောင်းချွတ် ကြံ့ခိုင်ရေးပါတီက ၇၃၉ ယောက်၊ အလားတူ စစ်ယူနီဖောင်းချွတ် အငြိမ်းစားတွေပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ယောက်နဲ့ ကိုယ်စားလှယ်ဦးရေ အများဆုံးနေရာ ရခဲ့ကြပါတယ်။

    တခြား လူသိများတဲ့ ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၃၉ ယောက်၊ ပြည်သူ့ပါတီ (PP) က အယောက် ၃၀၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက အယောက် ၂၀ ရွေးကောက်ခံရတယ်လို့လည်း သိရပါတယ်။

    စစ်တပ်က ကြီးကြပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၆ ပါတီသာ ရှိခဲ့ပါတယ်။

    အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

    မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

  • ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    ဂုဏ်ထူးဆောင်ဘွဲ့ကြောင့် ရန်ကုန်တက္ကသိုလ်ဂုဏ်ထိခိုက်ရ ဟုဆို

    သမိုင်းအစဉ်အလာကြီးခဲ့သည့် ရန်ကုန်တက္ကသိုလ်က တိုင်းပြည်အာဏာကို လက်နက်ဖြင့်သိမ်းခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုကာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးလိုက်ခြင်းက တက္ကသိုလ်ဂုဏ်သိက္ခာကို ထိခိုက်စေပြီး သမိုင်းတွင်မည့် အမည်းစက်တခုဖြစ်ကြောင်း အများက ဝေဖန်ကြသည်။

    တိုင်းပြည်ကို အကျပ်အတည်းအောက်ရောက်စေသည့် စစ်တပ်အာဏာသိမ်းခဲ့သည့် ၅ နှစ်တာအတွင်း နိုင်ငံသည် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးနေသည်မှာ အများ အသိဖြစ်သော်လည်း ပညာရေးဝန်ကြီး ဒေါ်ချောချောစိန်နှင့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခချုပ်တို့ ပေးအပ်သည့် ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုပါရဂူဆိုသည်မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျှက်ရှိသည်ဟု ဆိုကြသည်။

    သို့သော် ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျစီမံခန့်ခွဲဖြေရှင်းနိုင်ခဲ့သည့် စွမ်းဆောင်ချက်အပြင် နိုင်ငံကြီးများ အားပြိုင်မှုအကြား မိမိနိုင်ငံအကျိုးစီးပွားကို ကာကွယ်ပြီး သံတမန်ဆက်ဆံရေးနည်းဖြင့် ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံကြီးများ နှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတည်ဆောက်နိုင်သည့် အတွက်ကြောင့်ဖြစ်ကြောင်း ဆိုသည်။

    ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာန ပါမောက္ခဖြစ်ခဲ့သူဒေါက်တာ စိုင်းခိုင်မျိုးထွန်းက “ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ဆိုတာ ဘာသာရပ်တခုမှာဖြစ်စေ ဒါမှမဟုတ် နိုင်ငံအကျိုးပြုလုပ်ငန်းတွေမှာ ဖြစ်စေ၊ တခုခု ထူးထူးချွန်ချွန်အောင်မြင်ထားတဲ့ လူပုဂ္ဂိုလ်တွေကို ပုံမှန်အားဖြင့် ပေးတာ၊ အခုက ဆန့်ကျင်ဘက် ဖြစ်တဲ့ ပြည်သူတွေကို ဗုံးကြဲ ၊ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်တဲ့သူကို ဘွဲ့ပေးလိုက်တာကြောင့် အစဉ်အလာရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းကို လည်း သမိုင်းဆိုးဝင်ပြီး အမည်းစက်တခု ထင်သွားတယ်”ဟု ပြောသည်။

    ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်က တည်ထောင်သည့် ရန်ကုန်တက္ကသိုလ်ကြီးသည် ၁၉၆၂ ခုနှစ် မတ်လ ၂ စစ် အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာမသိမ်းခင်အထိ အာရှ၌ ထိပ်တန်းအဆင့်၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သောကြောင့် နိုင်ငံတကာမှ ပညာတော်သင်များစွာတို့ လာရောက် ပညာဆည်းပူးခဲ့ သည်အထိ ဂုဏ်သတင်းကြီးမားခဲ့သည်။

    ထို့ပြင် ရန်ကုန်တက္ကသိုလ်မှ အများလေးစားကြည်ညိုရသည့် နိုင်ငံရေးခေါင်းဆောင်များ မွေးထုတ်ပေးခဲ့ရာ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်ကဲ့သို့ ထင်ပေါ်ကျော်ကြားသူများအပါအဝင် စာပေနှင့် ဝိဇ္ဇာ သိပ္ပံပညာရပ်များတွင် ထူးချွန်သူ အမြောက်အမြားထွက်ခဲ့သည်။

    သမိုင်းအစဉ်အလာကြီးသည့် ရန်ကုန်တက္ကသိုလ်ဂုဏ်ကို ညှိုးနွမ်းစေသည့် အကြမ်းဖက်စစ်ခေါင်းဆောင်အား ဂုဏ်ထူး ဆောင်ဘွဲ့ပေးမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) အပါအဝင် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ် ကောင်စီနှင့် ဆရာ၊ဆရာမများအသင်းမှ ယမန်နေ့က ကြေညာသည်။

    စာသင်ကျောင်းများကို ဗုံးကြဲနေသော စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်ကိုယ်၌ ကျောင်းသူ ကျောင်းသား တို့၏ သွေးများ စွန်းပေလျက်ရှိသလို ညစ်ထေးသော ကိုယ်၌ ဝတ်ဆင်ခဲ့သည့် ဘွဲ့ဝတ်ရုံ၊ သွေးစွန်းလက်ဖြင့် ကိုင်ခဲ့သော ဘွဲ့လက်မှတ်တို့သည် ဂုဏ်သိက္ခာကင်းမဲ့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီမှ CDM ပါမောက္ခ ဆရာမတဦးက “မနေ့က ဖြစ်သွားတာ ဘယ် လောက်ထိ စိတ်နာလဲဆိုရင် ရန်ကုန်တက္ကသိုလ်ကို ရုပ်ဆိုးသွားစေတဲ့အပြင် ကျမတို့ရခဲ့တဲ့ ဘွဲ့တွေကိုတောင် ချက်ချင်း ရုပ်သိမ်းပစ်လိုက်ချင်တဲ့အထိ ဖြစ်သွားတယ်၊ ရွံလွန်းလို့ မတန်ဘူး၊ ကျမတို့ရန်ကုန်တက္ကသိုလ်က ရရှိခဲ့တဲ့ဘွဲ့ကို သူနဲ့ တန်းတူလိုမျိုး အဖြစ်မခံနိုင်လို့ ရုပ်သိမ်းဖို့တောင် စဉ်စားနေကြတယ်”ဟု ပြောသည်။

    ပညာရှင်များနှင့် ပြည်သူလူထု သဘောဆန္ဒနှင့်ဆန့်ကျင်၍ ဂုဏ်ထူးဆောင်ဘွဲ့ပေးခဲ့သည့် ပညာရေးဝန်ကြီးနှင့် ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်ကြီးများ၏ လုပ်ရပ်သည် ၎င်းတို့၏ အာဏာနေရာ တည်မြဲရေးအတွက် တိုင်းပြည် အနာဂတ်ကို စတေးပြီး စစ်အာဏာရှင် ပညာရေးစနစ်ဆိုးလက်အောက်မှ ရုန်းမထွက်နိုင်အောင် သွတ်သွင်းလိုက်ခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

    ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှူးဖြစ်ခဲ့သူ မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က “အဲဒီပညာရေး စနစ်အောက်မှာ သင်ကြားနေတဲ့ ကျောင်းသားတွေအနေနဲ့ရော တာဝန်ထမ်းနေတဲ့ ဆရာ၊ ဆရာမ၊ပါမောက္ခတွေ၊ ပါမောက္ခချုပ်တွေကရော ဘယ်လိုခံစားရမလဲ၊ သူတို့ရဲ့ အတွေးအခေါ် စိတ်ဓာတ်တွေကအစ အကုန်လုံးတကယ့်ကို ကြီးကြီးမားမား အနုတ်လက္ခဏာ ဆောင်တဲ့ ဆိုးယုတ်မှုတွေ အများကြီး ဖြစ်သွားမယ်။ ပြည်တွင်းမှာပါမက နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ Negative Impact တွေ အများကြီး ဖြစ်သွားနိုင်တယ်လို့ ထင်မြင်ယူဆမိပါတယ်”ဟု ပြောသည်။

    အဆိုပါအခမ်းအနားတွင် စစ်ခေါင်းဆောင်က မိန့်ခွန်းပြောရာ၌ မိမိသည် ၁၉၇၂-၇၃ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ ဥပဒေ ပညာသင်ယူခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ်၌ စစ်တက္ကသိုလ်ကို ပြောင်းလဲ တက်ရောက်ခဲ့သော်လည်း ရန်ကုန်တက္ကသိုလ်ကြီး၏ ကျောင်းသားဟောင်းအဖြစ် အမြဲခံယူထားကြောင်း ဆိုသည်။

    ၎င်းက “တက္ကသိုလ်ကြီးရဲ့ အတိတ်ဂုဏ်ရည်ကို ပြန်လည်ဖော်ဆောင်ပြီး ကမာ္ဘ့အဆင့်မီ တက္ကသိုလ်တခုဖြစ်လာစေဖို့ ဘက်ပေါင်းစုံကနေ အဆင့်မြှင့်တင်မှုတွေ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

    ထိုနေ့ညနေပိုင်းမှာပင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဘွဲ့ရအထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲကို ယခင်တကြိမ်တခါမှ လုပ်လေ့လုပ်ထမရှိသည့် ဘွဲ့နှင်းသဘင်ခန်းမထဲ၌ ပြုလုပ်ခဲ့ရာ ခေတ်အဆက်ဆက် ထိန်းသိမ်းထားခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ စံတန်ဖိုးတခုကိုပါ ထပ်မံချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု CDM တက္ကသိုလ် ဆရာမများက ပြောသည်။

    ရန်ကုန်တက္ကသိုလ်မှ CDM ပါမောက္ခ ဆရာမ “ဘွဲ့နှင်းသဘင်ခန်းမက စာတမ်းဖတ်တာတောင်မှ ပွဲအကြီးကြီးတွေမှ လုပ်ခဲ့တာ။ ဒါတောင်ဖွင့်ပွဲ ပိတ်ပွဲတွေလောက်ပဲ အဓိက လုပ်ခဲ့တယ်။ အိုဘားမားလာတုန်းက ဒေါ်အောင်ဆန်းစုကြည့်နဲ့ တွေ့ခဲ့တယ်။ အခုလိုမျိုး ခန်းမထဲမှာ ညစာစားပွဲကျင်းပတာတော့ မကြုံခဲ့ဖူးဘူး။ ခန်းမရှေ့က မြင်ခင်းပြင်မှာ လုပ်တာ မျိုးတော့ရှိခဲ့တယ်”ဟု ပြောသည်။

    ၁၉၂၁ မှ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်တက္ကသိုလ်အနေဖြင့် ရဟန်းတော်များ၊ နိုင်ငံရပ်ခြားမှ ခေါင်းဆောင်များ၊ လူပုဂ္ဂိုလ် များ အပါအဝင် စုစုပေါင်း ၇၂ ဦးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့၊ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့စသည့် ဂုဏ်ထူးဆောင်ဘွဲ့အမျိုးမျိုးချီးမြှင့်ခဲ့ရာ ရဟန်းသံဃာများဖြစ်သော အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီလာ နန္ဒာဘိဝံသ၊ ဘဒ္ဒန္တမာရာဘိဝံသနှင့် ဘဒ္ဒန္တဉာဏိဿရတို့အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပြီး နိုင်ငံတကာခေါင်းဆောင် များ ဖြစ်သည့် ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးနဲ့ ဗီယက်နမ်သမ္မတ ဟိုချီမင်းတို့အား ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့များ ချီးမြှင့်ခဲ့သည်။

  • တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ် ညွှန်ကြား

    စစ်အာဏာရှင် တော်လှန်ရေး အောင်ပွဲ အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က မှာကြားလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

    NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်း အဝေး (၁/၂၀၂၆) တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်က ထိုသို့ မှာကြားလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း စစ်ရေးရည်မှန်းချက်များ ချမှတ်ခဲ့ရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်ပြီး အဆုံးအဖြတ် ထိုးစစ်သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် စစ်ရေး ပြင်ဆင်မှုလုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း သိရှိရသည်။

    ယင်းအပြင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအောင်ပွဲများနှင့် အားနည်းချက်များ၊ အားသာချက်များ ပါဝင်သော စစ်ရေး သုံးသပ်ချက်ကိုလည်း ဆောင်ရွက်ခဲကြောင်း၊ ယင်းအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းပေး တာ ဝန် ၃ ရပ်အဖြစ် စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စစ်ရေးနည်းလမ်းဖြင့် တိုက်ပွဲဝင်ရန်၊ ပြည်ထောင်စုနှင့် ပြည်သူလူထုအပေါ် ကျရောက်လာမည့် ရန်စွယ်ဟူသမျှကို ကာကွယ်စောင့်ရှောက်ရန် ၊ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်း လဲမှု SSR နှင့် တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ရန်လည်း သတ်မှတ်ထားကြောင်း သိရှိရသည်။

    စစ်ရေး မဟာဗျူဟာအနေဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးပြီး မဟာဗျူဟာ ခုခံစစ်၊ မဟာဗျူဟာမျှခြေအဆင့်နှင့် မဟာ ဗျူဟာ တန်ပြန်ထိုးစစ်တို့ကို အဆင့်ဆင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိကာလမှာ အဆုံးသတ် တိုက်ပွဲဖော်ဆောင် တက်လှမ်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြသည့် ကာလဖြစ်ကြောင်း သိရှိရသည်။

    ပြညသူ့ကာကွယ်ရေးတပမတော်၏ တပ်မှူးကြီးများ အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်း ၅ ရက်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်၊ စစ်ရုံးချုပ်၊ အမှတ် ၁ စစ်ဒေသမှူး ၊ တိုင်းစစ်ဌာန ၁၀ ခုနှင့် အထူးရှားတပ်မတို့မှ တပ်မှူးကြီးများ၊ ကွပ်ကဲရေးအဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ဦးကျော် စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလကို ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ယူနီဖောင်းနှင့်အတူတွေ့မြင်ရစဉ်။

  • ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့

    ဗန်းမော်တိုက်ပွဲတွင် စစ်ကော်မရှင်တပ် ထိုးစစ်မဆင်နိုင်တော့ဘဲ တပ်မိသားစုဝင်များကိုပါ စကခ အတွင်း စုပြုံရွှေ့ပြောင်းထားရ

    ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်အရှိန်မြှင့်တင်လိုက်သည့် ဗန်းမော်မြို့တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်း မရှိတော့ဘဲ လာရောက်တိုက်ခိုက်မှုများကိုသာ ခံစစ် အသေဖြင့် ခုခံနေရကြောင်း သိရသည်။

    ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၂၁ အတွင်းသို့ အင်အားလျော့နည်းလာသည့် တပ်ရင်းအသီးသီးမှ တပ်မိသားစုဝင်များကိုပါ ရွှေ့ပြောင်းစုစည်းထားရကြောင်း စစ်ရေးသတင်း ရင်းမြစ်များထံမှ သိရသည်။

    ‎”အရင်လို တန်ပြန်ထိုးစစ်တွေ မလုပ်နိုင်တော့ဘူး။ KIA လာတိုက်တာကိုပဲ အသည်းအသန် ခုခံရတဲ့ အနေအထားဖြစ်နေပြီ” ဟု CDMဗိုလ်ကြီးဇင်ယော်က ပြောသည်။

    ‎ဗန်းမော်ရှိ စစ်ကော်မရှင်၏ ခလရ ၄၇၊ စစန ၆၄၁၊ ထပရ ၉၃၃တပ်များမှာ အင်အားလျော့နည်းသွားပြီး KIA ထိုးစစ်ဆင်မှုကို အပြင်းအထန်ခုခံနေရသည်။စစ်ကော်မရှင်၏ မြေပြင်ထိုးစစ်ရပ်တန့် သွားသည့် အတွက် လေကြောင်းအားပြုကာတိုက်ခိုက်နေပြီး ဒရုန်းများသုံး၍ ဗုံးကြဲမှုများကို အစဉ်တစိုက် ပြုလုပ်လျက်ရှိသည်။

    ဗန်းမော်စစ်မျက်နှာတွင် စစ်ရေးရှုံးနိမ့်နေမှုများကြောင့် စစ်ကော်မရှင်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒုတိုင်းမှူးကို ဖမ်းဆီးစစ်ဆေးနေသလိ စစ်စခန်းစွန့်ခွာထွက်ပြေးမှုများအတွက် စစ်ရေးဗိုလ်မှူးကြီး တစ်ဦးနှင့် အဖွဲ့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ထားသည်။

    ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)