Author: Admin-501

  • ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော

    ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဥ်နဲ့​ခေါ်ထုတ်သွား​ကြောင်းစစ်​ရေးရင်းမြစ် နဲ့ ဒေသခံ​တွေ​ပြော

    BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးနဲ့ နောက်လိုက်အချို့ ကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်နှစ်စီးနဲ့ ဒီက​နေ ည​နေပိုင်းမှာ ခေါ်ထုတ်သွားပြီးလို့ ​တော်လှန်​ရေးသတင်းရင်းမြစ်​တွေနဲ့ ​​ဒေသခံသတင်းရင်းမြစ်​တွေကပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈ နေ့မနက်ပိုင်းမှာပုလဲမြို့အနီးက သေတ္တရာရွာကို ဝင်လာတဲ့စစ်ကြောင်းက နယ်မြေရှင်းလင်း‌ရေးအကူအညီပေးခဲ့ပြီး ရွာတစ်နေရာကို ရဟတ်ယာဉ်နှစ်စီးဆင်းပြီးတဲ့နောက် ဗိုလ်နဂါးနဲ့ နောက်လိုက်တွေကို ခေါ်ထုတ်သွားတာလို့ ဒေသ ခံ သတင်းရင်းမြစ်နဲ့စစ်​ရေးသတင်းရင်းမြစ် ၇ ဦးက ပြောပါတယ်။ ” နဂါးကို စစ်တပ်က ခေါ်ထုတ်သွားပါပြီ။ confirm ပေးပါတယ်” လို့ စစ်ကိုင်းတိုင်းက PDF သတင်းရင်းမြစ်ကပြောပါတယ်။ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်က ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်း ရရှိထားတယ်လို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ပြောပါတယ်။ ၎င်းက ” နဂါးက ခွေးတပ်နဲ့ ပေါင်းသွားပြီ။ သေတ္တရာဘက်ကနေ ခွေးတွေဝင်လာပြီး…

  • မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး

    မောင်ဖြစ်သူရဲ့ စျာပနမှာ ထင်ထားတာထက်ပိုပြီး တရားရှိရှိနဲ့ တည်ငြိမ်စွာ မြင်တွေ့ရတဲ့ ဖွေးဖွေး

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…

  • ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံး

    ဆီဘောက်ဆာယာဉ်အတွင်း သန့်ရှင်းရေးလုပ်ရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းရာမှ အောက်စီဂျင်ပြတ်လပ်ပြီး အမျိုးသား ၂ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီ ၁၂ မိနစ်အချိန်ခန့်က မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီးရှိ မြို့ရှောင်လမ်းပေါ်မှာ ရပ်နားထားတဲ့ ဂါလန် (၇၅၀၀) ဆံ့ ဆီဘောက်ဆာယာဉ်အတွင်း ဆီဂျိုးတွေကို ဝင်ရောက်ရှင်းလင်းနေတဲ့ အမျိုးသား ၂ ဦး သတိမေ့မြောနေကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ သတင်းရရှိခဲ့တာကြောင့် မှော်ဘီမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်၁ စီးနဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပြီး ဆီဘောက်ဆာ တိုင်ကီအတွင်း အောက်စီဂျင် ပြတ်လပ်မှုကြောင့် သတိမေ့မြောနေသူ…

  • ဒုတိယမှ လူဖြစ်တာ

    ဒုတိယမှ လူဖြစ်တာ

    ပထမလင်က သူမနှင့် ငါးနှစ်သာ ပေါင်းခဲ့ရပြီး သူမအသက် (၂၆) နှစ်အရွယ်မှာ ကားမှောက်တိမ်းပါးသွားခဲ့ခြင်းကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမလေး ဖြစ်ခဲ့ရသည်။ ဒါပေမယ့် မမြစိမ်းတစ်ယောက် မုဆိုးမဘဝနဲ့ ကြာကြာမနေလိုက်ရ။ သူမ၏ ပထမလင်နှင့် ခင်မင်ရင်းနှီးသော တစ်ယောက်က ပေါင်းသင်းလက်ထပ်ခွင့်တောင်းကာ မမြစိမ်းအား လက်ထပ်ယူခဲ့သည်။ ထို့ကြောင့် မမြစိမ်းမှာ သူမဘဝအတွက် အားကိုးမှီခိုရာအဖြစ် တပင်လဲမူ တပင်ထူဆိုသည့်အတိုင်း နောက်ထပ် အိမ်ထောင်ကျခဲ့ရပြန်သည်။ ထိုအိမ်ထောင်ဖြင့် စံပြဈေး နောက်ဘက်ရပ်ကွက်လေးထဲသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်လေသည်။ ထိုရပ်ကွက်လေးထဲသို့ စရောက်ကတည်းက မမြစိမ်းတို့ အိမ်ထောင်စုကို လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြရ၏။ မမြစိမ်းက အသားညိုသော်လည်း မဲမှောင်နေခြင်း မဟုတ်။ အသားအရေစိုပြေသဖြင့် ဝင်းဝင်းပပဖြင့် လှပသူတစ်ယောက် ဖြစ်သည်။ ဒါပေမယ့် သူမ၏ ဒုတိယလင်က မမြစိမ်းနှင့် ဘယ်လိုမှ…

  • စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ

    စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ

    သာပေါင်းတိုက်ပွဲတွင် သေဆုံးသည့် စစ်ကော်မရှင်တပ်သားအလောင်းများကို ပုသိမ်၌ ညအချိန် တိတ်တဆိတ် သင်္ဂြိုဟ်နေရ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ သေဆုံးခဲ့သော စစ်ကော်မရှင် တပ်သားအလောင်းများကို ပုသိမ်မြို့တွင် ညအချိန်မတော် တိတ်တဆိတ် သင်္ဂြိုဟ်နေရကြောင်း သိရသည်။ ပုသိမ်မြို့၊ ရွှေမြင်တင်သုဿန်သို့ သာပေါင်းတိုက်ပွဲမှ ကျဆုံးစစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မော်တော်ယာဉ် သုံးစီးဖြင့် သယ်ယူလာပြီး သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ – ပုသိမ်ထံမှ သိရသည်။ “သာပေါင်းတိုက်ပွဲမှာ AA နဲ့ ဧရာဝတီ PDF တွေနဲ့ ရင်ဆိုင်တွေ့ပြီး သေကုန်တဲ့ စစ်သားအလောင်းတွေကို ဖောကားတွေနဲ့ အလုံအုပ်ပြီး သယ်လာတာ။ အဲဒါတွေကို လာသင်္ဂြိုဟ်ကြတာပါ”…