Author: Admin-501
-

ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်
ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတာက မနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်လို့ သိရပြီး နေရာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာလို့ သိရပါတယ်။ အဆိုပါမီးလောင်မှုနဲ့ ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စုံစမ်းစစ်ဆေးဆဲပါခင်ဗျ။ ဖြစ်တဲ့ဒေသက ရေလမ်းကြောင်းလည်း သွားရမလွယ်တော့ တိုင်းမီးသတ်၊ မြို့နယ်မီးသတ်တွေ ကြိုးစားငြှိမ်းသတ်ပြီး ရေထဲမှာပဲ အကုန်နီးပါး လောင်ကျွမ်းသွားတဲ့ အခြေအနေပါ။ ဆီလည်းပါတော့ Foam Type ကိုသုံးပြီး ငြှိမ်းသတ်ရပါတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လူထိခိုက်မှု မရှိခဲ့ပါဘူး”လို့…
-

Chasing
Chasing (2016) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် 2016ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Chasingဆိုတဲ့ ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ Irisထဲမှ မင်းသားကြီး Kim seungwoo, Miracle in Cell No. 7မှ Kim jungtaeနဲ့ Business proposalထဲမှ Kim minkyuတို့ပါဝင်ပါတယ်။ ဂင်ဆွန်းဂျူ ( Kim seungwoo )က SGကုမ္ပဏီရဲ့ ကိုယ်စားလှယ်ဖြစ်ပြီး ဂျောင်ထက် ( Kim jungtae )ကတော့ အကြမ်းဖက်မှုခင်းဌာနရဲ့ စုံထောက်တစ်ဦးပါ။ သူတို့နှစ်ဦးဟာ ငယ်သူငယ်ချင်းတွေဖြစ်ပေမဲ့ ဂျောင်ထက်ကတော့ ဆွန်းဂျူဟာ မကောင်းမှုတွေကို လုပ်နေတဲ့သူလို့ယုံကြည်ပြီး ဖမ်းဆီးဖို့ အမြဲစောင့်ကြည့်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆွန်းဂျူက ခပ်ဆိုးဆိုး ကျောင်းသားလေးယောက်ဆီကနေ ဖုန်းအလုခံလိုက်ရပြီး ဂျောင်ထက်က ပြန်ယူပေးဖို့ ကူညီပေးရာကနေ သူ့ရဲ့သေနတ်ပါ…
-

အပျိုစင် အိပ်မက်
ဇင်မာဝင့် တယောက် စာအုပ်ထည့်ထားတဲ့ ကချင်လွယ်အိပ်ကို ရင်ခွင်ပိုက်ပြီး ရင်တထိတ်ထိတ် ဖြင့် ကျွန်းလှေကား ကြီးအတိုင်း တက်လာသည်၊ ဒီနေ့ ကိုမောင့် အိမ်သို့ စာလာသင်ရမည်မှာ တခြားနေ့တွေနှင့် မတူ၊ ဟင်းလင်းပွင့် နေသည့် အိမ်ရှေ့ တံခါးကြီးသည် သူဝင်လာသည်နှင့် အလိုလို ဂျိုင်းကနဲ့ ပိတ်သွားသည်၊ သူက တံခါးပိတ်သံကြောင့် ရုတ်တရက် လန့်သွားပြီး ပါးစပ်က ဒေါ်ဒေါ်၊ ဒေါ်ဒေါ်၊ ဦးလေး၊ ဦးလေး၊ မညွန့်၊ မညွန့် ဆိုပြီး သူ့ ကို စာသင်ပေးနေသည့် ကိုမောင် အိမ်က အိမ်သားတွေကို အသံထွက်အောင် အော်ခေါ်နေသော်လည်း မည်သူကမှ မထူး။ အလိုလိုပိတ်သွားသော တံခါးကို ဆွဲဖွင့် ကြည့်သော်လည်း တံခါးက တုံ့တုံ့မျှ မလှုတ်။ ပါးစပ်က တကြော်ကြော်…
-

Black Money
Black Money (2019) အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ကေဒရာမာတွေ ချစ်သူတွေနဲ့ မစိမ်းတဲ့ Signal ဇာတ်လမ်းတွဲက မင်းသား Cho Jin-Woongနဲ့အတူ The Fiery Priestထဲက မင်းသမီး Lee Ha-Neeတို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Black Money ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ယန်းမင်ဟျော့(Cho Jin-woong)ဟာ ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံးက ခေါင်းမာပြီး တစ်ဇွတ်ထိုး လုပ်တတ်တဲ့ အမှုစစ်တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ စုံစမ်းနေတဲ့ အမှုတစ်ခုထဲက သံသယရှိသူဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။ သတ်သေသူဟာ မသေဆုံးခင်မှာ အမှုစစ်ယန်းဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲထားတဲ့ စာတိုတစ်စောင်ကို ချန်ထားခဲ့တာကြောင့်အမှုစစ်ယန်းတစ်ယောက် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတော့တယ်။ အမှုစစ်ယန်းဟာ သူ့ရဲ့…
-

Escobank
Escobank (2025) Escobank ဆိုတဲ့ဇာတ်ကားကတော့ လူသာသေပေမယ့်နာမည်မသေတဲ့ မူးယစ်ဖခင်ကြီး ပါဘလိုအက်စကို သေသွားပြီးနောက် ကိုလံဘီယာကတောနက်ထဲမှာ ဝှက်ထားခဲ့တဲ့ဒေါ်လာသန်း၂၀၀ကို ရှာဖွေကြပုံကို ရိုက်ကူးထားတဲ့ Action, Crime, Horror ကားလေးဖြစ်ပါတယ်။ ဒီကားဟာ မူးယစ်ဆေးလောကရဲ့အက်ရှင်တွေကိုမှ ကိုလံဘီယာတောနက်ထဲမှာ ရိုက်ကူးထားတာကြောင့် အက်ရှင်သဘောကျတဲ့တွေကြည့်သင့်တဲ့ကားထဲမှာပါပါတယ်။ ဇာတ်လမ်းအကျဥ်း မိုင်ယာမီ မှုခင်းလောကရဲ့ နာမည်ကြီး အာဗီဟက်ဒက်ရှ်ဟာ ပါဘလိုအက်စကိုရဲ့ဒေါ်လာသန်း၂၀၀ ကို ကိုလံဘီယာတောနက်ထဲမှာဝှက်ထားတဲ့ မြေပုံကိုရရှိသွားပြီးသူဟာအဲ့ဒီသန်း၂၀၀ ကို အရယူဖို့သူ့ရဲ့ရှေ့နေ ဆန်တီနဲ့အတူ ကိုလံဘီယာနိုင်ငံကိုရောက်လာပါတော့တယ်။ ကိုလံဘီယာကိုရောက်တော့ ဗိုလ်မှူးတွေ၊ ဂိုဏ်းတွေကို ပိုက်ဆံပေးပြီး သူ့ကိုကိုလံဘီယာမှာတရားဝင်လုပ်ငန်းလုပ်ကိုင်နေသလိုသတ်မှတ်ခိုင်းထားပြီး သူ့ရဲ့အတိတ်ကသွေးသောက်ညီအကို တွေဖြစ်တဲ့ ဇစ်၊ အီမေးလ်၊တခြားအဖွဲ့သားတွေနဲ့ သန်း၂၀၀ကိုအရယူဖို့ ကိုလံဘီယာတောနက်ထဲကိုစွ့န်စားခန်းခရီးထွက်လာပါတော့တယ်။ ဒါပေမယ့်ခရီးလမ်းမှာ ပြိုင်ဖက်ဂိုဏ်းတွေ၊ စစ်တပ်အရာရှိတွေရဲ့ခြိမ်းခြောက်မှုတွေ၊ အဖွဲ့သားတွေရဲ့ကြားကသစ္စာဖောက်မှုတွေ၊ ငွေတွေကိုစောင့်ရှောက်နေကြတဲ့တောနက်ထဲကရွာသားတွေကြောင့်ဒီသန်း၂၀၀ ကိုရရှိသွားမလား သူတို့ဘဝတွေကကော ဘယ်လိုအဆုံးသတ်ကုန်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။