Author: Admin-501

  • The Mannequin

    The Mannequin (2025)

    ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Horror/Mystery အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်…

    ဒီဇာတ်ကားလေးဟာဆိုရင် လော့စ်အိန်ဂျလိစ်မြို့ရဲ့ အဆောက်အဦတစ်ခုထဲက ခြောက်ခြားဖွယ်အကြောင်းများကို တင်ဆက်ရိုက်ကူးထားတာဖြစ်ပါတယ်..

    စတိုင်လစ်ညီအစ်မနှစ်ယောက်တို့ဟာ လော့စ်အိန်ဂျလိစ်မြို့ထဲက နှစ်ကာလကြာရှည်တည်ရှိနေပြီးဖြစ်တဲ့ အဆောက်အဦတစ်ခုကို အလုပ်ခန်းအဖြစ် ငှားရမ်းခဲ့ကြပြီး ထိုအဆောက်အဦအတွင်းမှာ အရုပ်မတစ်ရုပ်လည်း ရှိနေခဲ့ပါတယ် ..

    တစ်နေ့မှာတော့ ညီအစ်မနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူဟာ ၎င်းအဆောက်အဦအတွင်း ရှိနေစဉ်မှာပဲ ဆန်းကြယ်စွာပဲသေဆုံးခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုအဖြစ်သာ သတ်မှတ်ခဲ့ကြပါတယ်…

    ထိုအဆောက်အဦကိုလည်း ပိုင်ရှင်ထံ ပြန်လည်အပ်နှံဖြစ်ခဲ့ကြပါတယ် သို့သော်လည်း ၁ နှစ်အကြာမှာပဲ ကျန်ရှိခဲ့တဲ့ ညီအစ်မနှစ်ယောက်ထဲက တစ်ယောက်ဟာ ထိုအဆောက်အဦဆီ ပြန်ရောက်လာခဲ့ပြီး ပြန်ရောက်ရောက်ချင်းနေ့မှာပဲ ခြောက်ခြားဖွယ်ရာတွေ ကြုံခဲ့ရပြန်ပါတော့တယ်…

    ဒီဇာတ်ကားဟာဆိုရင် အခုတ်အထစ် အဖြတ်အတောက်များကို သွေးထွက်သံယိုအပြည့်နဲ့ ရင်ခုန်စရာ Thriller အမျိုးအစားဇာတ်ကားများ ကြိုက်နှစ်သက်သူများအဖို့ ရွေးချယ်ကြည့်ရှုနိုင်ဖွယ်လည်းဖြစ်ပါတယ်…

  • Mr Dread

    Mr Dread

    Mr Dread (2025) Dehset Bey

    Vigilantismဆိုတာ အပြစ်ရှိသူကိုတရားဥပဒေအရမဟုတ်ဘဲနဲ့ ကိုယ်တိုင်တရားစီရင်ခြင်းကိုဆိုလိုတာပါ။

    ဒီဇာတ်ကားမှာ တူရကီနိုင်ငံက Vigilantism ဂိုဏ်းသားတစ်ယောက်ရဲ့ ဇာတ်လမ်းကိုစိတ်ကူးယဉ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်….

    လူသားဆန်မှုမှန်သမျှကို စွန့်ပစ်ထားတဲ့ လျှို့ဝှက်ဂိုဏ်းက နံပတ် ၁ လုပ်ကြံသတ်ဖြတ်သူဒေးရှက်ဟာ ဘဝမှာ သွေးအေးခြင်း၊ စည်းကမ်းတင်းကျပ်ခြင်းနဲ့အချစ်ကိုပိတ်ပင်ထားခြင်းဆိုတဲ့ သူတို့ဂိုဏ်းရဲ့ စည်းမျဉ်းကျင့်ဝတ်ဘောင်များအတွင်းမှာသာ ရှင်သန်ရပ်တည်ခဲ့သူတစ်ယောက်ပါ။

    သူ့အတွက်တော့ အသက်ရှင်ခြင်း ဆိုတာ အမိန့်နာခံခြင်းနဲ့သတ်ဖြတ်ခြင်းသာြဖစ်တယ်လို့ခံယူထားသူပေါ့….

    သို့သော်လည်း တစ်နေ့မှာတော့ ဒေါက်တာ အဘီဒဲလို့ခေါ်တဲ့ လှပပြီးကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ ရင်ဆိုင်တွေ့ဆုံမိတဲ့အခိုက်အတန့်မှာတော့ ဒေးရှက်ရဲ့ ရေခဲလိုအေးခဲနေသော နှလုံးသားကလည်း စတင်လှုပ်ရှားလာပါတော့တယ်…

    တစ်ဘက်မှာလည်းဂိုဏ်းရဲ့သံမဏိစည်းမျဉ်းတွေကရှိနေပြန်တော့ ဒေးရှက်တစ်ယောက် အချစ်ကိုခံစားပျော်ရွှင်ဖို့ သူချစ်တဲ့မိန်းကလေးအန္တရာယ်ကင်းဖို့ ဘာတွေရင်ဆိုင်ဖြေရှင်းရမလဲဆိုတာကိုတော့…….

  • ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း

    ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ခံရတာ မဖြစ်ရအောင် ဘေးတွဲမောင်းသူနဲ့ သတင်းပေးတချို့ကို အလှည့်ကျစောင့်ကြည့်ဖို့ စေခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေက မဲဆွယ်ဆိုင်းဘုတ်တွေ စိုက်ထူလာကြသလို အဲဒီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေလည်း ရှိလာတဲ့အတွက် ဖျက်ဆီးခံရတာ အများဆုံး ကြုံတွေ့နေရတဲ့ ကြံ့ခိုင်ရေးပါတီက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စောင့်ကြည့်ခိုင်းတာတွေ လုပ်နေတာလို့ ဆိုပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်မှာ အနှေးယာဉ်လုပ်သားတယောက်က “ဘေးတွဲမောင်းတဲ့သူတွေ အလှည့်ကျ ဆိုင်းဘုတ်လုံခြုံရေး စောင့်ရမယ်ဆိုလို့ ညစ်နေကြတယ်လေ။ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာမျိုးတော့ မဟုတ်ဘူး၊ အနီးဝန်းကျင်မှာ ရှိနေရမယ်လို့ ခိုင်းထားတယ် ပြောတာပဲ” လို့ ပြောပါတယ်။

    ရန်ကုန်မြို့မှာ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံနေရလို့ ရဲတပ်ဖွဲ့က လုံခြုံရေးပေး စောင့်ကြည့်ဖို့ ညွှန်ကြားမှုရှိတယ် ဆိုတဲ့သတင်း ထွက်နေပေမဲ့ နယ်မြေမှာရှိတဲ့ ရဲအင်အားနဲ့ အချိန်ပြည့် စောင့်ကြည့်ပေးနေဖို့ မဖြစ်နိုင်တဲ့အတွက် အရပ်သားထဲက ဖိအားပေးခိုင်းလို့ ရမယ့်သူတွေကို ပြန်ခိုင်းထားတဲ့သဘော ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “သီးခြားညွှန်ကြားချက်နဲ့ ခိုင်းတာမျိုး မဟုတ်ဘူး။ ရပ်ကွက်ရုံးတွေက အဆင်ပြေသလို သူတို့နဲ့ မကင်းတဲ့သူတွေကို တာဝန်ပေးတဲ့သဘော။ မဟုတ်လို့ သူ့အပိုင်ထဲမှာ တခုခုဖြစ်သွားရင် အကြိတ်ခံရမှာလေ။”

    စစ်ကောင်စီက ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်ခင်ကတည်းက ဘေးတွဲမောင်းသူနဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့လုပ်ငန်း လုပ်နေသူတွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးချနိုင်အောင် အောက်ခြေ အုပ်ချုပ်ရေးအဖွဲ့တွေက လက်သပ်မွေးနိုင်ဖို့ လမ်းဖွင့်ပေးထားခဲ့တာ ရှိပါတယ်။

    အဲဒီနောက် ဘေးတွဲမောင်းသူတွေကို ပြည်သူ့လုံခြုံရေးအဖွဲ့ထဲဝင်မှ အဖမ်းအဆီးမခံရစေဘဲ ဆက်လုပ်ခွင့်ပေးမယ်လို့ အကျပ်ကိုင်ပြီး အဖွဲ့ဝင်နံပါတ်တွေ ထုတ်ပေးခဲ့သလို လုံခြုံရေးပိုင်းနဲ့ ညပိုင်း ကင်းလှည့်တာ၊ ဧည့်စာရင်းစစ်တာတွေမှာ အလှည့်ကျ လိုက်ခိုင်းတာမျိုး ရှိခဲ့ကာ အခု စစ်အုပ်စုရဲ့ ကျောထောက်နောက်ခံပါတီအတွက်ပါ အသုံးချလာတာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

  • အာဏာသိမ်းကာလ ကြံ့ဖွံ့ပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံရကြောင်း ဦးခင်ရီပြော

    အာဏာသိမ်းကာလ ကြံ့ဖွံ့ပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံရကြောင်း ဦးခင်ရီပြော

    အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ပါတီဥက္ကဌ ဦးခင်ရီက နိုဝင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ပြောသည်။

    အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုသည့် ရုပ်သံဖိုင်ကို ယမန်နေ့ (နိုဝင်ဘာ ၁၅)တွင် ကြံ့ဖွံ့ပါတီကဖော်ပြရာ ဦးခင်ရီက “တပ်မတော်ကိုထောက်ခံမိရင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လို့ရှိရင် အသတ်ခံရတဲ့သဘောဖြစ် နေတယ်။ ငါနဲ့မတူငါ့ရန်သူလို့ ဖြစ်နေတဲ့သဘောရှိတယ်။ ဟုတ်တယ်မလား။ ကျွန်တော်ခုနကပြောတယ် ကျွန်တော်တို့ပါတီဝင် ၁,၀၀၀ ကျော်သေသွားပြီ” ဟု ပြောသည်။

    အသတ်ခံရသည့် ပါတီဝင်များအတွက် ပေးဆပ်ပေးရန်လိုသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    “အဲ့ဒီလူတွေအတွက် သူတို့မှာ ဘာဆန္ဒတွေရှိကြလဲ။ သူတို့ ဝိဉာဉ်လောကကို ရောက်သွားပြီ။ ပိုမိုမြင့်မား တဲ့နေရာတခု အေးချမ်းတဲ့ဘဝတခုကို သူတို့လိုချင်ကြမှာပဲ။ သူတို့အတွက် ကျွန်တော်တို့က ဘာလုပ်ပေး ဖို့လိုလဲ။ သူတို့အတွက် ကျွန်တော်တို့ ပေးဆပ်ပေးဖို့လိုတယ်” ဟု ဆိုသည်။

    ထို့နောက် ဦးခင်ရီက ၎င်းတို့ပါတီအတွက် မဲဆွယ်ပြောဆိုခဲ့သည်။

    ကြံ့ဖွဲ့ပါတီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လထဲတွင် အသတ်ခံရသည့်ပါတီဝင်များအတွက် အထိမ်းအ မှတ်ကျောက်တိုင်ဟုဆိုသည့် ကျောက်တိုင်တခုကို နေပြည်တော်ရှိ ကြံ့ဖွံ့ရုံးချုပ်တွင် စိုက်ထူခဲ့ဖူးသည်။

    အဆိုပါ ကျောက်တိုင်ဖွင့်ပွဲတွင် ထိုစဉ်က ကြံ့ဖွံ့ဥက္ကဌ ဦးသန်းဌေးက အာဏာသိမ်းချိန်ကစပြီး ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ကြံ့ဖွံ့ပါတီဝင်နှင့် ဝန်းရံထောက်ခံသူပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း ပြောဆိုခဲ့ဖူးသည်။

    ထို့ပြင် ထိုကျောက်တိုင်တွင် “အစွန်းရောက် NLD ပါတီ၏ အာဏာတပ်မက်မှုကြောင့် ဖြစ်ပေါ်လာသည့် အကြမ်းဖက်စနစ်ဆိုးတွင် သားကောင်ဖြစ်ခဲ့ရခြင်းအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပါတီဝင်တို့၏ မိသားစုနှင့်အတူ ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်” ဟုဆိုကာ ရွေးကောက်ခံ ရသော်လည်း အာဏာသိမ်းဖယ်ရှားခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို အပြစ်တင် စကား ထည့်သွင်းရေးထိုးခဲ့သည်။

    ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် ကြံ့ဖွံ့ပါတီက မဲဆန္ဒနယ်အားလုံးနီးပါးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကြံ့ဖွံ့ပါတီက ၇၁ နေရာသာအနိုင်ရပြီး NLD ပါတီက မဲဆန္ဒနယ် ၉၂၀ အနိုင်ရရှိခဲ့ သည်။

    သို့သော် ထိုသို့အနိုင်ရခြင်းမှာ မဲသမမာမှုကြောင့်ဟု ကြံ့ဖွံ့ပါတီနှင့် စစ်တပ်ကစွပ်စွဲခဲ့ပြီး လွှတ်တော် ခေါ် ယူကျင်းပမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲစာရင်းအကြောင်းပြကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။

    လက်ရှိတွင် စစ်ကော်မရှင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ထိပ် ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထောင်ချထားပြီး NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားကာ လာမည့်ဒီဇင်ဘာလတွင် ၎င်းတို့ခွင့်ပြုထားသည့် ပါတီများနှင့် ရွေးကောက်ပွဲလုပ်ရန်စီစဉ်နေရာ ကြံ့ဖွံ့ ပါတီက ကိုယ်စားလှယ်လောင်းအင်အားအများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။

    အာဏာသိမ်းကာလအတွင်း NLD ပါတီဝင်များမှာလည်း စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ အကျဉ်း ထောင်များတွင် သေဆုံးခြင်းတို့ရှိခဲ့ပြီး ပြည်သူများအနေဖြင့်လည်း လေကြောင်းတိုက်ခိုက်ခံရခြင်း အပါ အဝင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် သေဆုံးမှုများနေ့စဉ်ဖြစ်ပွားလျက်ရှိသည်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ၁၄ ရက်နေ့အထိ စစ်ကော်မရှင်နှင့် ၎င်း၏ လက်ပါးစေများ ကြောင့်သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း ၇,၄၀၀ ကျော်ရှိကြောင်း သိရသည်။

  • ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်

    ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ကြံ့ခိုင်ရေးရုံးကို မနေ့ညက ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးရုံးဂိတ်ရှိ စစ်သားနှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြကြွက်ထုတ်ပြန်ချက်အရ သိရပါတယ်။

    မြို့ပြကြွက်တာဝန်ရှိသူက “ စခ ၂ ပြည်သူစစ် ၂ နှစ်ဦး ထိခိုက်တယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။

    မြို့ပြကြွက်အနေနဲ့ စစ်အုပ်စု၏ အကြမ်းဖက်သွေးစွန်းမှုများကို တရားဝင်ဖြစ်ရေး အသည်းအသန်ကြိုးပမ်းမှုများကို တားဆီးရန် နဲ့ စစ်အုပ်စု၏ပြည်သူအပေါ် မတရားဖမ်း ဆီးစစ်မှုထမ်းခိုင်းနေမှုများကို လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်တဲ့အတွက် စစ်အုပ်စု အလိုကျဘောမနေမှုများကို ရပ်တန့်ကြရန် သတိပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။

    Photo – မြို့ပြကြွက်