Author: Admin-501

  • Sem Break

    Sem Break

    Sem Break (2025)

    အကွက်တွေရော plot တွေရော အကုန်အဆန်း အလန်းတွေနဲ့ လူကြီးကြိုက်ကား

    ဒီကားလေးကတော့ လူကြီးကြိုက်ကားဆိုပေမယ့်လည်း ဇာတ်အိမ်တည်ဆောက်မှုမှာ အတော်ကိုအသားပေးထားတဲ့ကားပါပဲ။

    ခေတ်နဲ့အညီ ဆေးချ အရက်သောက်ပြီး မူးရူးပျော်ပါးတတ်ကြတဲ့ သူငယ်ချင်းတစ်သိုက် အတူတူ ဖိလစ်ပိုင်ကနေ ဗီယက်နမ်ကိုခရီးထွက်လာကြပါတယ်။

    သူငယ်ချင်းတွေကလည်း ဖောက်ပြန်တဲ့သူတွေ အချင်းချင်းကို ရည်းစားရှိလည်းမ‌ရှောင်စားကြတဲ့ အာရီရာဆိုတဲ့ စားဆော်နဲ့ အိုဝင်လို စားဘဲတွေပါပါတယ်

    ဒီထဲမှာတော့ သစ္စာရှိတည်ငြိမ်လေးနက်တဲ့ပုံပေါ်တဲ့ ဟန်နာနဲ့ဂျူလီယန်တို အတွဲတစ်တွဲနဲ့ ရီဆာဆိုတဲ့မိန်းကလေးတစ်ယောက်လည်းပါပါတယ်။

    ဂျူလီယန်ကတော့ ဟန်နာကို ရီဆာတို အာရီရာတိုနဲ့ သိပ်ပြီးအရောတဝင်မနေနိုင်ဘဲ ကာဆီးကာဆီးလုပ်တော့ ရီဆာက ဒန်းနစ်လိုဖြစ်မှာစိုးလိုလားဆိုပြီး စကားစလာပါတယ်။

    ဒန်းနစ်ဆိုတာဟာ သူတိုတွေကြားမှာတော့ မကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုပြောချင်တဲ့ပုံဆိုပေမယ့် ဟန်နာကတော့ အသစ်ဆိုတော့ဘာမှမသိပါဘူး။

    ဒီလိုနဲ့ဆေးတွေရော လူတွေရောချကြရင်းနဲ့မှ ရီဆာတစ်ယောက်သေသွားတဲ့အခါမှာတော့…..

  • ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

    မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိ

    မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသည်တင်ကားများကို ဆက်ကြေးကောက်ရန် ထွက်လာသော ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီး လက်နက် ၂ လက်နှင့်ကျည်ဆန်များ ရရှိကြောင်း အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံကိုမြတ်က ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် မကွေးတိုငး်၊ သရက်ခရိုင် ၊ မင်းတုန်းမြို့၊ အင်းလည်ကုန်းကျေးရွာအနီး၊ မင်းတုန်းမြို့အဝင် လမ်းပေါ်တွင် ခရီးသွားကားများကိုု လက်နက်ဖြင့် ခြိမ်းခြောက် ဆက်ကြေးကောက်ရန် ထွက်လာသော ရဲတပ်သား ၂ ဦးဖြစ်သည့် နေမင်းထက်နှင့် သန်းထိုက်စိုးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြိုတင်စောင့်ဆိုင်း ပစ်ခတ်ခဲ့ကာ ရဲ ၂ ဦးစလုံး သေဆုံးခဲ့ကြောင်း၊ အဆိုပါရဲ ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊တပ်ခွဲ ၂ ၊ တပ်စိပ် ၅ က ကင်းပုန်းဝပ်၍ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “သူတို့က စစ်ရေးဆေးဂိတ်ကို ထွက်လာတာထက် အဲဒီအနီးအနားတစ်၀ိုက်မှာ ဖြတ်သန်းဖြတ်လာ ခရီးသွားကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ အရင်ကလည်းအဲဒီလိုပဲ လာလာပြီး ကောက်နေကြတာပါ။ အဲဒါကို ကျနော်တို့က သတင်းအရ ကင်းပုန်းဝပ်ပြီးတော့ ၂၅ ရက်နေ့ ညမှာကတည်းက ကင်းပုန်းကြိုဝပ်ပြီးတော့ စောင့်ဆိုင်း ပစ်ခတ်တာဖြစ်ပါတယ်။ သူတို့က ကားတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာကြတာပါ။ မင်းတုန်းမြို့ ရဲတပ်ဖွဲ့ဝင်တွေပါ” ဟု အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းမှ တာဝန်ခံ ကိုမြတ်က ရှင်းပြသည်။

    အဆိုပါ သေဆုံးသွားသော ရဲ ၂ ဦးထံမှ G3 ၂ လက် ၊ G3 ကျည်ဘောက် ၂ ခု ၊ G3 ကျည် ၂၉ တောင့် ၊ လက်ပစ်သီး ၁ လုံး ၊ လက်ထိပ် ၁ ခု ၊ ဖုန်း ၁ လုံး နှင့် ငွေသား ၆၅၀၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်က မင်းတုန်းမြို့ကို အခြေပြု၍ တပ်စွဲထားပြီး မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ မကြာခဏ ဆိုသလို စစ်ကြောင်းထိုးမှုများ ရှိကြောင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို တော်လှန်ရေးတပ်များက နယ်မြေ အဓိကစိုးမိုးထားကြောင်း ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ထိုင်းနိုင်ငံမှာ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားကို လက်နှစ်ဖက်ကြိုးတုပ်ကာ လည်လှီး T-တ်ပြီး

    ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ပြီးထွက်ပြေးသွားခဲ့တဲ့ တရားခံကို ထိုင်းရဲတပ်ဖွဲ့ကအောက်တိုဘာလ၂၄ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    တရားခံဟာ သေဆုံးသွားသူရဲ့မိန်းမကိုဖုန်းဆက်ပြီး နင့်ယောက်ျား အသတ်မခံချင်ဘူးဆိုရင် ဘတ်ငွေ ၅ သောင်း ရှာလာပေးဆိုပြီး တောင်းတယ်၊

    ဆုံးသွားသူရဲ့မိန်းမကလည်း သူ့ယောက်ျားကိုစိတ်ပူ‌တော့ တရားခံတောင်းတဲ့ ဘတ်ငွေ ၅ သောင်း သွားရှာတယ်

    ဒါပေမယ့် မရခဲ့ဘူး။ ၁ သောင်းပဲရတယ်။

    ဒီလိုနဲ့ ရလာတဲ့ ဘတ်ငွေ ၁ သောင်းကို အရင်ယူထားဦးဆိုပြီး တရားခံကိုလွှဲပေးပြီးတဲ့နောက်မှာ တရားခံကို ဆက်သွယ်လို့လည်းမရတော့ဘူး။

    အဲဒီနောက်မှာ ယောက်ျားဖြစ်သူ အသတ်ခံရပြီး ပီနံဥစိုက်ခင်းထဲမှာ အလောင်းပစ်ထားတာကို ထိုင်းရဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။

    ဆုံးသွားသူရော တရာခံပါ နှစ်ယောက်စလုံး မြန်မာတွေဖြစ်ကြပါတယ် ။..

  • တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ…

    တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ…

    တေးသံရှင် အဒီနို Idiots Band နှုတ်ဆက်ပွဲမှာ သီဆိုဖျော်ဖြေနေရင်း လဲကျကွယ်လွန်

    အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာEastern Yangon Event Park တွင် ပြုလုပ်ခဲ့တဲ့ IDIOTS တီးဝိုင်းရဲ့ နှုတ်ဆက်ဖျော်ဖြေပွဲ မှာ Fever 109 ဂီတအဖွဲ့က ‌တေးသံရှင် အဒီနို ဟာ သီဆိုဖျော်ဖြေရင်း စင်ပေါ်မှာ ရုတ်တရက် လဲကျခဲ့ပြီး ‌ေ-သဆုံးသွားတယ်လို့ သိရပါတယ်။

    “မငိုနဲ့တော့” သီချင်းကို သီဆို ဖျော်ဖြေနေရင်း ရုတ်တရက် လဲကျခဲ့ပြီး ကွယ်လွန်သွားခဲ့တာလို့လည်း သိရပါတယ်။

    အဆိုရှင် အဒီနို ဟာ သူ့ရဲ့ နှလုံးကျန်းမာရေးမကောင်းတဲ့ကြားက Idiots နှုတ်ဆက်ပွဲကို လာရောက် ဖျော်ဖြေတာဖြစ်ပြီး သူက နှလုံးသွေးကြောပိတ်ရောဂါကို ကုသထားရပြီး နှလုံးမှာ Heart Stent ထည့်ထားရသူလည်း ဖြစ်တယ်လို့သိရပါတယ်။

    အဒီနိုရဲ့ Fever 109 Band ဟာ ၂၀၀၅ ခုနှစ်ဝန်းကျင်က စတင်ပေါ်ပေါက်ခဲ့ပြီးဂီတသက်တမ်း ၁၉ နှစ်ရှိပြီဖြစ်ကြောင်းသိရပါတယ်။

    Idiots အဖွဲ့နှုတ်ဆက်ပွဲမှာ ရေမွန်ရဲ့သီချင်းဆိုရင်း ပရိတ်သတ်တွေကို အပြီးတိုင် နှုတ်ဆက်သွားတဲ့ အဆိုတော် အဒီနို

    Idiots အဖွဲ့နှုတ်ဆက်ပွဲမှာ အဖွဲ့ဝင်လည်းဖြစ်ပြီး တော်လှန်ရေးကာလအတွင်း တောတွင်းတနေရာမှာ ကျဆုံးသွားခဲ့တဲ့ အဆိုတော်ရေမွန်အတွက် အမှတ်တရ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော်အဒီနိုဟာ စင်ပေါ်မှာ သီချင်းသီဆိုရင်း နှလုံးဖောက်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သိရပါတယ်။

    Idiots Farewell Tour – IDF ကို ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ၊ Eastern Yangon Event Park မှာ ကျင်းပခဲ့တာဖြစ်ပြီး ပါဝင်သီဆိုနေတဲ့ Fever 109 ရဲ့ အဆိုရှင်ဖြစ်သူ အဒီနိုဟာ ရေမွန်ရဲ့ “မငိုပါနဲ့တော့” ဆိုတဲ့ သီချင်းကို သီဆိုဖျော်ဖြေနေစဉ်မှာပဲ စင်ပေါ်မှာ လဲကျသေဆုံးခဲ့တာဖြစ်ပါတယ်။

    အဆို‌တော် အဒီနိုဟာ နှလုံးရောဂါအခံရှိသူဖြစ်ပြီး ဒီနေ့ညမှာ ဖျော်ဖြေတဲ့ ပွဲကိုလည်း ကျန်းမာရေး မကောင်းတဲ့ကြားထဲကနေ လာရောက်ဖျော်ဖြေသွားခဲ့တာဖြစ်တယ်လို့ အဒီနိုနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းက လှုမှုကွန်ရက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

    Idiots Farewell Tour – IDF ပွဲဟာ Idiots အဖွဲ့ရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်သလို အဆိုရှင် ရေမွန်အတွက် အမှတ်တရ ကျင်းပတဲ့ပွဲ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

    Idiots အဖွဲ့ရဲ့ အဆိုရှင်ဖြစ်တဲ့ ရေမွန်ဟာ စစ်တပ်က အာဏာသိမ်းပြီး ကာလအစောပိုင်းမှာ တော်လှန်ပြည်သူတွေနဲ့အတူ အာဏာရှင်ကို တော်လှန်ဆန့်ကျင်ရင်း လွတ်မြောက်နယ်မြေတနေရာမှာ ငှက်ဖျားရောဂါကြောင့် ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။

    RIP ကိုအဒီနို

    ဆေးရုံကားပေါ်မရောက်တာ ဆယ်စုနှစ်တနှစ်ပြည့်တော့မယ်

    ဒီနေ့ Idiots Farewell ပွဲသွားကြည့်ရင်း FEVER 109 အလှည့် နောက်ဆုံးအပုဒ်ဆိုနေရင်း ကိုအဒီနို လဲကျသွားတယ်

    ကိုယ်လည်းပွဲ Area ထဲကနေ Barrier တွေခုံတက်ပြေးသွားရင်း ဆရာဝန်ပါဆိုတာပြောပြပြီး Emergency ကားပေါ်ကိုယ်ပါလိုက်သွားခွင့်ရခဲ့တယ်

    ဆေးရုံပြေးကြတာပေါ့

    Emergency ကားပေါ်ကိုယ်နဲ့ပါလာတာ ပွဲလာကြည့်တဲ့ထဲက ညီအကို ၂ ယောက်

    အဲ့ညီအကို ၂ ယောက် တကယ်တော်တယ်

    Emergency အတွေ့အကြုံရှိတယ်

    ကျနော်တို့ ၃ ယောက် မရှိရှိတဲ့ ပစ္စည်းတွေနဲ့ ဆေးရုံရောက်တဲ့အထိ လုပ်သွားကြရတာ

    ဒီညီလေး ၂ ယောက်ကို တကယ်ချီးကျူးတယ်

    သူတို့ Contact လည်းမယူလိုက်မိဘူး

    ကျနော်တို့ ၃ ယောက် ရှိတဲ့ပစ္စည်းလေးတွေနဲ့ အကောင်းဆုံးကြိုးစားပြီး CPR လုပ်ရင်း ဆေးရုံခေါ်သွားပေးခဲ့ပါတယ်

    ဒီညီလေး ၂ ယောက် ပိုအားစိုက်ကြိုးစားခဲ့ပါတယ်

    ကျေးဇူးတင်ပါတယ် ညီကိုတို့ရေ

    Heart Attack ပါ

    RIP ကိုအဒီနို

    Rkar Soe

    ရုပ်သံ – Pho Thar Lay/FB

    ရုပ်သံ-အဆိုတော် အဒီနို သီချင်းဆိုရင်း စင်ပေါ် ရုတ်တရက် လဲကျသွားစဉ် (Yan Naing Tun facebook)

  • Helloween

    Helloween

    Helloween (2025)

    ဟောလိုးဝင်းနီးလာတိုင်း ထွက်လေ့ရှိတဲ့ ဟောလိုးဝင်း ဆန်ဆန် လူပြက်တွေနဲ့ slasher classic လူသတ်ကားကောင်း တစ်ကားပါ။

    လွန်ခဲ့တဲ့ နှစ် ၂၀ က မိဘတွေကို သတ်ဖြတ်ခဲ့တဲ့ ကလေးလူသတ်သမား ကားလ်ကိန်းဆိုသူဟာ ထောင်ဒဏ်တစ်သက်ကျသွားတာနဲ့အစတင်ထားပါတယ်။

    သူထောင်ကျပြီး နှစ် ၂၀ အကြာမှာ အားလုံးကြောက်ရွံခဲ့ကြတဲ့ ကားကိန်းကြီးဟာ ဒီမြို့ငယ်လေးကို ပြန်ရောက်ရှိလာပြီး ရက်စက်မှုတွေစတင်ပါတော့တယ်။