Author: Admin
-

နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျုဟာစခန်းကို အာရက္ခတပ်တော်(AA)က ယနေ့ မတ်လ ၂ရက်နေ့ နံနက်အစောပိုင်းတွင် ဝိုင်းပတ်ပိတ်ဆို့ကာတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကလည်း ခံစစ်ဖြင့်ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ “ဒီနေ့မနက် နတ်ရေကန်ကိုဝင်တိုက်တာ၊ အရင်ရက်တွေက အဲ့ဒီနားက ကာကင်းစတိုက်တွေကိုတိုက်တာ၊ နတ်ရေကန်အဆင်းနား ပတ်ပတ်လည်ကို AA က ဝိုင်းထားတယ်” ဟုစစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့နောက် နတ်ရေကန်စခန်းရှိလက်ကျန်တပ်သားများကို AA က လက်နက်ချအညံခံရန် ယခင်ရက်များကသတိပေးထားသော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ယနေ့နံနက်ပိုင်းတွင်စခန်းကိုထပ်မံတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းစစ်ရေးသတင်းအရင်းမြစ်ထံက သိရသည်။ နတ်ရေကန်ဗျူဟာစခန်းသည် တောင်စောက်ပေါ်တွင် အခိုင်အမာခံစစ်ပြင်ထားဆင်ထားပြီး မကွေးတိုင်းအတွက် အရေးပါသည့်စခန်းတခုဖြစ်ပြီး နတ်ရေကန်စခန်းကျသွားပါက အမ်း-ပဒါန်းကားလမ်းပေါ်ရှိ ပျဥ်းဝဂိတ်စခန်းကို AA နှင့်ပူးပေါင်းမဟာမိတ်တပ်များက အလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်မည်ကိုစိုးသဖြင့် ပျဥ်းဝဂိတ်တွင်လည်းစစ်ကူအင်အားရာချီထပ်မံဖြည့်တင်းထားကြောင်းဆိုသည်။ ထို့အပြင် မကွေးမြို့အနီးကိုတိုက်ရန် တိုက်စစ်လမ်းကြောင်းပွင့်သွားနိုင်သဖြင့် နတ်ရေကန်က ပထဝီမြေပြင်အနေအထားနှင့် စစ်ရေးအရအဓိကကျကြောင်း ၎င်းကယူဆပြောကြားသည်။ “အဓိက နတ်ရေကန်စခန်းက…
-

နယ်စပ်အား ထိုင်းဘက်မှ ပိတ်ဆို့ဖြတ်တောက်မှု ဖယ်ရှားပေးရန် BGF တောင်းဆို
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် မြဝတီမြို့အား ထိုင်းအစိုးရမှ လျှပ်စစ်မီး၊ လောင်စာဆီနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းများကို ဖယ်ရှားပေးရန် ကရင်နယ်ခြားစောင့်တပ် (BGF)က ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုလိုက်သည်။ BGFအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မျှော်လင့်မထားသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များကို နှိမ်နင်းတိုက်ဖျက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ထုတ်ပြန်ထားပြီး ယင်းထုတ်ပြန်ချက် အတိုင်း လုပ်ငန်းများကို ဝင်ရောက်စီးနင်း၍ တရားခံများ ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများ ကယ်တင်ခြင်းတို့ကို ဆောင်ရွက်၍ သက်ဆိုင်ရာ အာဏာပိုင်များသို့ လွှဲပြောင်းဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသား ၇၀၀၀ ကျော်အား အခက်ခဲများကြားမှ ယနေ့တိုင် ကူညီစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။ လက်ရှိတွင် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသော်လည်း နယ်စပ်မြို့ ဖြစ်သည့် မြဝတီမြို့အား တဖက်နိုင်ငံမှ…
-

AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး
ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာတွင်ဖြစ်ပွားသည့် AA နှင့် တိုက်ပွဲတွင် မဘသအစွန်းရောက်မိသားစုမှ စစ်တပ် ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ညောင်ကျိုး တိုက်ပွဲတွင် AA နှင့် တိုက်ခိုက်ရင်း မဘသအစွန်းရောက်မိသားစုအသိုင်းအ၀ိုင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးသွားကြောင်း မိခင်ဖြစ်သူ A 1 သင်္ကန်းတိုက်ပိုင်ရှင် ဒေါ်ခင်ညိုညို က လူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပဲခူးတိုင်း ၊ ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း အပါအဝင် အကြမ်းဖက်စစ်သားအများအပြား သေဆုံးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။ ဒုတပ်ရင်းမှူး သန့်ဇော်ဟိန်း သည် ကသာ ဇာတိဖြစ်ပြီး မိဘများမှာ လက်ရှိ…
-
ဗန်းမော်မြို့သိမ်းတိုက်ပွဲက ရဲဘော်ပွကြီး
“ပွကြီးရှေ့တည့်တည့် (စစ်သား)နှစ်ကောင်ဘွားကနည်းပေါ်လာတော့ ပွကြီးကမေးလိုက်တယ်။ ဟျောင့်တွေ မင်းတို့ဘယ်တပ်စိပ်ကလဲဆိုတော့ တစ်ယောက်ကဖြေတယ် စစ်နိုင်တပ်စိပ်က တဲ့။ ပွကြီးက သိလိုက်ပီ ဒါ ငါတို့လူမဟုတ်ဘူးဆိုတာပေါ့” ဗန်းမော် မြိုသိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့အမှတ် (၂၃၆ )ခြေလျင်တပ်ရင်း (ခလရ ၂၃၆) သိမ်း တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ နဲ့ စစ်သားတွေ ထွေးလုံးရစ်ပတ်အသည်းအသန်တိုက်ခိုက်ချိန်မှာ အသက်ရှုမှားလောက်တဲ့ အခိုက် အတန့်တစ်ခုပါ။ ကချင်ဒေသက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF )တပ်ဖွဲ့ဝင်တစ်ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တောင့်တင်းကြံ့ခိုင်တဲ့ ခန္ဒာကိုယ်ရှိတဲ့သူ့ကိုသူငယ်ချင်းတွေကရဲဘော်ပွကြီးလို့ချစ်စနိုးခေါ်ကြပါတယ်။ ဗန်းမော်မြို့မှာစစ်တပ်ရဲ့ အဓိက တပ်ရင်းဌာနချုပ်ဖြစ်တဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁)ရဲ့ ရှေ့မှာ ကာကင်းစခန်းကြီးလို့လည်းခေါ်နိုင်တဲ့ ခလရ (၂၃၆)တပ်ရင်းသိမ်းတိုက်ပွဲကို စစ်ကူအနေနဲ့လိုက်လာတာပါ။ ခလရ၂၃၆ နဲ့ အမတ…
-

ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်
ပုသိမ်တွင် စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် ပြန်မလာခြင်းများ ဖြစ်ပေါ်လျှင် မိဘများကို စစ်မှုထမ်းဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင်ချမည်ဟု ဗိုလ်မှူးဇော်နိုင် ခြိမ်းခြောက် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို စစ်မှုစာရင်းသွင်းရန် လက်မှတ်ရေးထိုးခိုင်းပြီး စစ်မှုထမ်းရမည့်အချိန်တွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြည်ပရောက် လူငယ်များ စစ်မှုထမ်းရန် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းများ ဖြစ်ပေါ်ပါက မိဘဆွေမျိုးများကို ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ ၂၆ ဖြင့် ထောင် ၁ နှစ်ချမှတ်မည်ဟု ဗိုလ်မှူးဇော်နိုင်က ခြိမ်းခြောက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ထိုသို့ ခြိမ်းခြောက်သူ ဗိုလ်မှူးဇော်နိုင်မှာ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဖြစ်ပြီး ပုသိမ်မြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏…