Author: Admin
-

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ
စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ လက်ပစ်ဗုံးများသိမ်းဆည်းရရှိ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိကာ လက်ပစ်ဗုံးများသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ထံမှ သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက…
-

နေပြည်တော်၌ ငလျင်လှုပ်
နေပြည်တော်မှာ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု နိုဝင်ဘာ ၁၈ ရက်က ထပ်မံလှုပ်ခဲ့တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုချက်ယူပြီး လှုပ်ခဲ့တာပါ။ အင်အားအနေနဲ့ ၃ ရစ်ခ်ျတာစကေးအဆင့်သာ ရှိခဲ့ပေမဲ့ သိသာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတခေါက်လှုပ်ခဲ့တဲ့ ငလျင်ဟာ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ပြီး ၂၄၄ ကြိမ်မြောက် လှုပ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ နေပြည်တော်ငလျင်တွေ တော်တော်သိသာတယ် ပြောကြတယ်။ ပထမတခုက ယမန်နေ့်…
-
ရှမ်းမြောက်မှာ စစ်တပ်နဲ့ MNDAA ဆက်ဆံရေး ပိုတင်းမာလာ
MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ် လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAA ကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။ သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလို့ ဒေသခံအချို့ကပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို…
-
The Lives of Others
The Lives of Others (2006) ဒီကားက ၂၀၀၇ခုနှစ်ရဲ့ အော်စကာဆုပေးပွဲ မှာ Best Foreign language of the year ဆုကိုရရှိခဲ့ပါတယ်။ အခြားဆုပေါင်း ၇၆ဆုရရှိခဲ့ပြီး ၃၅ဆုဆန်ကာတင်စာရင်းလည်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီနိုင်ငံရဲ့ ဒုတိယကမ္ဘာစစ် စစ်ပြီးခေတ် အခြေအနေကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဒါကြောင့် နောက်ခံ သမိုင်းကြောင်းကို အနည်းငယ် ပြောပြပါမည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့ အခါ ဂျာမဏီကို မဟာမိတ်နိုင်ငံတွေက အသီးသီး ပိုင်းယူခဲ့ကြပါတယ်။ မဟာမိတ်တွေက အထူးပြောစရာလိုမယ်မထင်ပါ။ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန် နဲ့ ရုရှားတို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖြေးဖြေးနဲ့ အနောက်ဘက်က မဟာမိတ်အုပ်စု( ပြင်သစ်၊ ဗြိတိန်၊ အမေကိကန်) ကတစ်ဖက် ရုရှားအစိုးရက…
-

The Fourth State
The Fourth State (2012) ဂျာနယ်လစ်သမားတစ်ယောက်ဖြစ်တဲ့ Paul Jensen က Berlin က သူ့အလုပ်ကိုထွက်ပြီး Moscow က နာမည်ကျော်တွေရဲ့ အတင်းအဖျင်းရေးတဲ့ မဂ္ဂဇင်းတစ်ခုမှာ အလုပ်လုပ်ဖို ရုရှားကိုပြောင်းလာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကြမ်းဖက်သမားတွေရဲ့ ဆန္ဒပြအဓိကရိုဏ်းတွေကြား ဝင်ပါမိပြီး အပြစ်မရှိဘဲ ထောင်ကျသွားခဲ့ရပါတယ်။ Paul တစ်ယောက် ကွယ်လွန်သွားတဲ့ နိုင်ငံရေးဂျာနယ်လစ်သမားဖြစ်သူ သူ့အဖေရဲ့ မပြီးဆုံးသေးတဲ့ ဆောင်းပါးနဲ့ အစိုးရရဲ့ လျှိဝှက်လုပ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိသွားချိန်မှာတော့ နိုင်ငံရေးကို စိတ်မဝင်စားခဲ့တဲ့ Paul တစ်ယောက် သူ့အဖေခြေရာကိုနင်းပြီး အမှန်တရားကို ချပြနိုင်အောင် အဲဒီဆောင်းပါးကို အပြီးသတ်ပေးမလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။