Author: Admin

  • Dead to Rights

    Dead to Rights (2015) ဓာတ်ပုံဆိုတာ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေရဲ့ မှတ်တမ်းတစ်ခုတင်မကပဲ ခေတ်ကာလတွေရဲ့ သမိုင်းအထောက်အထားလဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားဟာ နန်ကျင်းမြို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့ ဂျပန်စစ်တပ်ရဲ့ရာဇဝတ်မှုကို ဖော်ပြခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံအထောက်အထားတွေကိုအခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကမ္ဘာစစ်အတွင်း တရုတ်နိုင်ငံကို ဂျပန်စစ်တပ်တွေကျူးကျော်ဝင်ရောက်လာတဲ့ကာလအတွင်းမှာ နန်ကျင်းမြို့မှာနေတဲ့တဲ့ ပြည်သူတစ်စုက (ကံကောင်းခြင်းဓာတ်ပုံတိုက်) ကျီရှန်ဓာတ်ပုံတိုက်မှာ ပုန်းအောင်းနေကြပါတယ်။ တစ်ရက်ပိုအသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်နဲ့ သူတို့ဟာ ဂျပန်စစ်တပ်ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဖလင်ပြားတွေကို ကူညီပြီးဆေးကြောပေးဖို့ အတင်းအကြပ်စေခိုင်းခံရပါတယ်။ အဲဒီဖလင်ပြားတွေကို ဆေးကြောရာမှာ မမျှော်လင့်ဘဲ ဂျပန်စစ်တပ်ရဲ့ မြို့တွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတာတွေကို သက်သေပြနိုင်မယ့် ဓာတ်ပုံတွေပေါ်ထွက်လာပါတယ်။ သူတို့ရဲ့ တစ်ခုတည်းသော မူလရည်ရွယ်ချက်က ဒီသတ်ဖြတ်မှုကြီးကြားမှာ အသက်ရှင်နိုင်ဖို့အရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် နန်ကျင်းမြို့ထဲက ဂျပန်တွေရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို မျက်ဝါးထင်ထင်မြင်တွေ့ရပြီးနောက်မှာတော့ ဒီဓာတ်ပုံဖလင်တွေကို…

  • MOD အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်

    MOD အနေနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်

    ၂၈ ရက်နေ့မှာ TNLA က မိုးကုတ်ကနေ အပြီးဆုတ်မယ် စစ်ကောင်စီတပ်တွေကို မိုးကုတ်မြို့ထဲထိ သူတို့ကိုယ်တိုင်ခေါ်သွင်းလာမယ်လို့ပြောထားကြောင်း DVB သတင်းမှာ ရေးထားတာတွေ့ရတယ် NUG ကလည်း မိုးကုတ်ကို အလွယ်အသိမ်းမခံဘူးလို့ ပြီးခဲ့တဲ့အပါတ်ကတည်းကကြေညာထားတာရှိတယ် TNLA အနေနဲ့ အဲ့ဒီလောက်အထိ မလုပ်လောက်ဘူးလို့ ထင်ပေမဲ့ မိုးကုတ် TNLA တာဝန်ခံကိုယ်တိုင်က ထုတ်ပြောတယ်ဆိုတော့ မဖြစ်နိုင်ဘူးလို့လည်း ယတိပြတ်မျှော်လင့်လို့မရ ခါတိုင်းငြင်းနေကြ ငြင်းလွေဦးကလည်း ဘာမှထွက်မငြင်း ဒါဟာတကယ်လားဆိုတာကို NUG အနေနဲ့ TNLA ကို မေးသင့်တယ် တကယ်ဟုတ်နေတယ်ဆိုရင်လည်း လက်မခံဘူးဆိုတဲ့အကြောင်း ပါးနပ်စွာအသိပေးသင့်တယ််််၊ ပါးနပ်စွာကြေညာသင့်တယ်။ စစ်ကောင်စီက TNLA နဲ့ပေါင်းပြီး လွယ်လွယ်ဝင်လာတာကိုလက်ခံလိုက်ရင် NUG က အစိုးရဘဝကနေ အချဥ်ပေါင်းသည်ဘဝကို ရောက်သွားပြီး ဘာတန်ဖိုးမှမရှိတော့တဲ့အိမ်ဖြည့်ဘဝကို ရောက်သွားမယ် မဟာမိတ်ပျက်သွားမလားဆိုပြီး တွေးမပူနဲ့ မဟာမိတ်ဆိုတာ…

  • စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး

    by

    in

    စစ်အုပ်စုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အုပ်စု ၁၀၀ ခန့်သေဆုံး လက်နက် အများအပြားသိမ်းဆည်းရမိ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းတစ်ကြောင်း ချင်းပြည် ဖလမ်းမြို့အနီးထိ ရောက်ရှိနေ ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကြောင်းသုံးကြောင်းနဲ့ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက နို ဝင်ဘာ ၁၈ ရက် ဒီနေ့မနက်မှာ ဖလမ်းမြို့ နဲ့ ၁၄)မိုင်ခန့် အကွာအဝေးကို ရောက်ရှိလာတယ်လို့ ဒေသခံ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကနေ ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား…

  • ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ်

    ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ်

    by

    in

    ဘယ်လောက်တောင်ကြောက်ပြီးနာကျင်နေရှာမလဲကလေးရယ် သားအလောင်းကို ဆေးရုံက 16ရက်နေ့ ဒီနေ့မှာ၊ အလှူလုပ်ဖို့ ဆေးရုံက ခလေးအဖေကို အပ်လိုက်ပါပီ။ ဖြစ်စဉ်အားလုံးကို အဖေပြန်ပြောပြခဲ့တယ်။ ခလေး10လလောက်မှာ၊ အမေဖြစ်သူက နောက်တယောက်ရှိခဲ့တယ်။ အကြိမ်ကြိမ် ဖ-မ်းမိခဲ့ပီး၊ခလေးမျက်နှာကြောင့် ခွင့်လွတ် ပေးခဲ့တယ်။ နောက်ဆုံးမှာ စကားများကြပီး၊ ခလေးအမေကို ရိုက်ခဲ့ပီး၊ လမ်းခွဲခဲ့ကြတယ်။ ခလေးအမေဟာ၊ သားကို ပစ်ပီး အရင်ထွက်သွား ခဲ့တာ။ ခလေးကို အဖေကပဲ ပြုစုလာခဲ့တာ ၂နှစ်ရှိပီး၊ အခုဆိုခလေးက 2နှစ်10လထဲကို ရောက်ခဲ့ပီ။ သူရာဘာသွားခြစ်ရင် ခလေးကို အိမ်နားက ထမင်းဆိုင်မှာ အပ်ခဲ့တယ်။ 13ရက်နေ့ညက သူအလုပ် သွားနေချိန်၊ ခလေးက ည11နာရီလောက်မှာ၊ ကားလေးကိုင်ပီး၊ အိမ်ထဲက ထွက်လာခဲ့တယ်။ 14ရက်နေ့ ညနေမှာ ခလေးအလောင်းကို တွေ့တော့၊ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။…

  • တောင့်တခဲ့ရသည်မှာ

    တောင့်တခဲ့ရသည်မှာ

    “ ကိုကို ကိုကို့သမီး စိတ်ကောက်နေပြီ အခန်းထဲမှာ၊ ညနေစာလည်း မစားဘူးတဲ့” ရေချိုးပြီးစ ရေချိုးခန်းထဲမှ ထွက်လာသော ကိုညိုမှိုင်းကို နန်းဖူးဖူးညွှန့်က ပြောလိုက်သဖြင့် ကိုညိုမှိုင်းက ကမန်းကတန်း စွပ်ကျယ်၊ လုံချည်တို့ကို ဝတ်ကာ မူယာသိမ့် အခန်းဝသို့ သွားလေသည်။ အခန်းတံခါးမှာ အထဲမှ လော့ချထားသဖြင့် တံခါးကို ခေါက်လိုက်သည်။ “ သမီးလေး သိမ့် လေးလေး ရောက်ပြီလေ၊ ဆောရီး လေးလေး အစည်းအဝေးက မပြတ်နိုင်လို့ နောက်ကျသွားတာ၊ လာ တစ်ခုခု စားလိုက်ရအောင် မနက်ဖြန်မှ သွားကြမယ်လေ” “ ဟင့်အင်း မသွားဘူး၊ သမီးက ဖတ်စ်ဒေးဖတ်စ်ရှိုးပဲ ကြည့်ချင်တာ၊ သမီးကိုမှ ဂရုမစိုက်တာ တော်ပြီ၊ မနက်ဖြန်လည်း မကြည့်တော့ဘူး“ “အိုကွာ သမီးကလည်း လေးလေးက…