Author: Admin-501

  • ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်

    ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းမှတိုက်ခိုက်

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ဖောင်းကတာကျေးရွာ အနီးမှာ အောက်တိုဘာ ၁၉ ရက် မနက် ၇ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းက စတင်ပြီး ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းကနေ ထွက်ခွာလာတာလို့လည်း သိရပါတယ်။

    ဒေသခံရွာသားတယောက်က “မနေ့ကတော့ လယ်တီရွာအနီးက သိင်္ဂီရွှေဇင် စက်သုံးဆီအနီးမှာ စခန်းချပြီး ဒီနေ့မနက်ခင်း ဖောင်းကတာရွာဘက်ကို ထပ်ပြီး စစ်ကြာင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တိုးပြီး အခုလို တိုက်ပွဲဖြစ်နေကြတယ်ဗျ။ တိုက်ပွဲက မပြီးသေးဘူး၊ စစ်တပ်ဘက်က စက်တပ်လေထီးနဲ့ရော ဂျိုင်ရိုကော်ပတာနဲ့ရော ဗုံးသီးလာကြဲချတယ်။ ဝမ်‌ပေါင်ကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူနေတယ်။ မုံရွာတောင်အထွက် မအူဂိတ်ကနေလည်း ဟောင်ဝစ်ဇာကြီးနဲ့ ၅ လုံးထက်မနည်း ထုတယ်။ ပြည်သူ ၃ ဦးလည်း လက်နက်ကြီးထိလို့ သေဆုံးထားတယ်လို့လည်း သတင်းရထားတယ်လို့ ကြားရတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်ထက်မနည်း ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း များတာကြောင့် စစ်တပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အသုံးပြု‌နေရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

    ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “တိုက်ပွဲကတော့ မပြီးသေးဘူးဗျ။ စစ်‌ရေးတင်းမာ‌နေဆဲပဲလို့ ပြောရမယ်။ အခုအချိန်အထိ‌တော့ ကျနော်တို့ဘက်က အကျအဆုံး မရှိသေးဘူးလို့ ပြောလို့ရမယ်။ စစ်‌ကြောင်းလာနိုင်မယ့် လမ်းကြောင်းကို ကြိုတင်ပြင်ဆင်ပြီး ကင်းဝပ်စောင့်ပြီး အပိုင်ပစ်ခတ်နိုင်လို့ စစ်တပ်ဘက်ကတော့ အထိတော်တာ်လေးနာနေတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီတပ်ကတော့ အဆိုပါတိုက်ပွဲဖြစ်ပွားရာအနီးကို မနခ တပ်ကနေ စက်တပ်လေထီးယာဉ် ၂ စီး၊ ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃ စီးနဲ့ ပစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။

    ဒေသခံတွေကတော့ စစ်ကြောင်းထွက်လာပြီ ဆိုတဲ့အချိန်ကတည်းက နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

  • ဗန်းမောက်မြို့နှင့် ၁ မိုင်အကွာ၌ တိုက်ပွဲဆက်ပြင်းထန်နေ

    ဗန်းမောက်မြို့နှင့် ၁ မိုင်အကွာ၌ တိုက်ပွဲဆက်ပြင်းထန်နေ

    စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ရဲ့ တမိုင်အကွာမှာရှိတဲ့ နားယကားရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ဖြစ်ပြီးနောက်ပိုင်း အင်အားရာချီတဲ့ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းစစ်ကြောင်းဟာ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ၁၄ ရက်က ဗန်းမောက်မြို့နယ်ရဲ့ ၃ မိုင်အကျော်က ကြောင်လည်ရွာအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြို့အနီးထိ ရောက်လာတာလို့ ဆိုပါတယ်။

    ဗန်းမောက်မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်ဟာ မြေပြင်ကနေ ထိုးစစ်ဆင်တာအပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်ကာ ထိုးစစ်အရှိန် မြှင့်လာတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

    “တိုက်ပွဲကတော့ နေ့စဉ်ဖြစ်နေတာ၊ မဖြစ်တဲ့နေ့ကို မရှိဘူး။ မြို့သိမ်းပြီးနောက်ပိုင်း SNA ရှိနေတဲ့ မြို့အနောက်ခြမ်းအထိ ထိုးစစ်ဆင်တိုက်လို့ တိုက်ပွဲဖြစ်တယ်။ အခုက ကိုယ့်ဘက်က ထိုးစစ်ပြန်အဆင်ခံရတဲ့ သဘောပေါ့။”

    ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း စက်တောရွာနဲ့ ခမိုးရွာကို SNA ပူးပေါင်းတပ်က ပြန်လည် သိမ်းပိုက်ခဲ့ပြီးနောက် ထိုးစစ်ဟာ ဗန်းမောက်မြို့အနားကို ကပ်လာတယ်လို့ ဆိုပါတယ်။

    ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်က သိမ်းပိုက်ခဲ့ပြီးနောက် မြို့နယ်ဆေးရုံ၊ ရဲစခန်း၊ ထွေအုပ်ရုံး စတဲ့ ဌာနဆိုင်ရာတွေကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

    ဒါ့အပြင် လတ်တလော တိုက်ပွဲအခြေအနေကြောင့် စက်တော၊ အလယ်ရွာ၊ နားယကာ၊ ကံရွာ၊ ပင်ဟင်းခါး၊ ကြောင်လည်၊ ခမိုး စတဲ့ ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံ ၃,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတချို့လည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

  • The Healing

    The Healing

    The Healing (2025)

    လူဘာဟာ သူ့ကိုချစ်တယ်လို့တွင်တွင်ပြောပေမယ့် အကြိမ်ကြိမ်လက်ပါတတ်တဲ့ ခင်ပွန်းသည်နဲ့မွန်းကျပ်ဖွယ်အိမ်ထောင်ရေးဆီက လွတ်မြောက်လာခဲ့ပြီး သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ စိတ်ဒဏ်ရာတွေကုစားဖို့အတွက်အပန်းဖြေအနားယူစခန်းတစ်ခုဆီကိုထွက်လာကြတာပါ။

    သူတို့သွားရောက်ရမယ့် စခန်းဟာရေကန်ကျယ်ကြီးတစ်ခုအတွင်းမှာရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာတည်ရှိတာဖြစ်ပြီး ဝင်လမ်းထွက်လမ်းဆိုလို့ကူးတို့လှေတစ်စီးပဲရှိပါတယ်။

    ကျွန်းပေါ်ကိုစရောက်ကတည်းက ထူးခြားဆန်းကြယ်တဲ့ ရိုးရာဓလေ့ထုံးတမ်း အမျိုးမျိုးနဲ့ပြင်းထန်ကြမ်းတမ်းတဲ့အကဲစမ်းစစ်ဆေးမှုတွေကိုရင်ဆိုင်ရပြီး သူတို့ကိုယ်စီရဲ့အကြောက်တရားတွေ၊ နက်နဲတဲ့လျှို့ဝှက်ချက်တွေကိုပါတွေ့ကြုံလာရပြီးဒါတွေကလွတ်မြောက်ဖို့အတွက် ထွက်ပြေးမလား?

    ဒါမှမဟုတ် အဆုံးထိရင်ဆိုင်ပြီးအကြောက်တရားတွေကိုကျော်လွှားမလားဆိုတဲ့ဇာတ်သိမ်းနှစ်ခုကို ကိုယ်တိုင်ရွေးချယ်ရတော့မှာဖြစ်ပါတယ်။

    The Healing ဟာ Midsommar တို့လိုမျိုး ဂိုဏ်းဂဏတွေ၊ဓလေ့ထုံးတမ်းအစဉ်အလာတွေကိုအခြေခံတဲ့ Horror/Thriller ဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဒဏ်ရာတွေ ကုစားမှုတွေကိုသည်းထိတ်ရင်ဖိုရသရောမွှေထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

  • Thanal

    Thanal

    Thanal (2025) “မီးခဲ”

    ရဲတပ်ဖွဲ့က ဘဏ်ဓားပြတွေသတင်းရပြီး ဝင်စီးရင်း အသေပစ်ခတ်ဖမ်းဆီးလိုက်ရာကနေစတဲ့ တမီလ်အက်ရှင်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

    စီးနင်းမှုအပြီး အချိန်တစ်ခုအကြာ အဲဒီစီးနင်းမှုမှာပါဝင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်။

    မင်းသားဖြစ်သူက ရဲတပ်ဖွဲ့ထဲကို ဝင်လာခဲ့တဲ့ တပ်သားသစ်တစ်ဦး။

    စခန်းမှာ တာဝန်ထမ်းဆောင်ဖို့အမိန့်စာလာယူတဲ့နေ့မှာပဲ အမိန့်စာမရသေးဘဲ မင်းသားတို့ တပ်သားသစ်ခြောက်ယောက်လုံးကိုကင်းလှည့်တာဝန်ပေးလိုက်ပါတယ်။

    ဒီမှာပဲ အဲဒီစခန်းက ရဲအရာရှိဟောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ရာဇဝတ်မှုကြီးတစ်ခုကိုကြံစည်နေတဲ့ လူဆိုးဂိုဏ်းနဲ့ တပ်သားသစ်ခြောက်ယောက်တို့ ထိပ်တိုက်ရင်ဆိုင်ကြရတဲ့အခါမှာတော့…။

  • စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း (ရုပ်သံ)

    စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်း (ရုပ်သံ)

    BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးဟုဆို

    အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ဦးစီး ထိန်းချုပ် လုပ်ကိုင်နေသော KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူပေါင်း ၂၂၀၀ နီးပါးကို ဖမ်းဆီးရရှိကြောင်း အကြမ်းဖက်စစ်တပ်က သတင်းထုတ်ပြန်သည်။

    စစ်တပ်က မြ၀တီမြို့နယ်အတွင်းရှိ KK Parkကို စီးနင်းခဲ့ရာ ဆောက်လုပ်ပြီးအဆောက်အအုံ ၁ ထပ်တိုက် ၁၀ လုံး၊ ၂ ထပ်တိုက် အလုံး ၁၀၀၊ ၄ ထပ်တိုက်အလုံး၂၀၊ ၅ ထပ်တိုက် ၂ လုံး၊ ၁ ထပ်တိုက် ဈေးဆိုင်ခန်း၂၀ လုံး၊ ၂ ထပ်တိုက် ဈေးဆိုင်ခန်း ၃၀ လုံး၊ ၁ ထပ်တိုက်ဂိုထောင် ၁၅ လုံး၊ ၂ ထပ်တိုက်ဂိုထောင် ၂၀ လုံး၊ ၄ ထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ ၂ ထပ်တိုက် ၂၁ လုံး၊ ၃ ထပ်တိုက် ၁၀ လုံး၊ ၄ ထပ်တိုက် ၅ လုံး၊ ၅ ထပ်တိုက် ၅ လုံးနှင့် ၁ ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ရှိခဲ့ကြောင်း ၊ Star Link စလောင်း အစုံ ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေးအမျိုးသား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

    “KK Park က တပ်မဟာ ၆ နယ်မြေထဲမှာပေမယ့် BGF က ထိန်းချုပ် လုပ်ကိုင်နေတာပါ။ KK Park ရဲ့ လုံခြုံရေးကို ယူထားတာက BGF က ဗိုလ်မှူးကြီးစောချစ်သူ လက်အောက်က နိုင်မောင်ဇော်တို့ အဖွဲ့ တာဝန်ယူထားတာ။ KNU အရင် လူကြီးတချို့ ပါတာရှိပေမယ့် KNU ကတော့ ပတ်သက်မှု မရှိဘူး။ KK Park တစ်ခုလုံးက BGF ခြေ ၊ BGF လက်တွေချည်းပဲ။ နောက်ပြီး ဘာပစ်ခတ်မှုမှမရှိဘဲ ဝင်စီးတယ်ဆိုတာက BGF နဲ့ စစ်တပ်နဲ့ ရုပ်ရှင်ရိုက်ပြတာမျိုးလို့ ပြောလို့ရတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    KK Park ဝင်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားမှု၊ မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး တရားဝင် ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်ခွင့် အထောက်အထား၊ ဟိုတယ်နှင့်ခရီးသွားလာရေး၏ ဆောက်လုပ်ခွင့်၊ ခွင့်ပြုမိန့် တရားဝင် စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိခြင်း မရှိသည့်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက်ခဲ့ခြင်း မရှိသဖြင့် လိုအပ်သသော အရေးယူမှုများ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စစ်တပ်က လေးကေ့ကော်မြို့သစ်အား တိုက်ခိုက်သိမ်းပိုက်ရာ အောက်တိုဘာ ၅ ရက်တွင် ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး ထိုသို့ တိုက်ခိုက်စဉ် KK Park ကိုလည်း တပြိုင်တည်း ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

    လက်ရှိ KK Park 1 နှင့် KK Park 2 ဟုဖြင့် ပြောင်းလဲဖွဲ့စည်းထားသော အဆိုပါ KK Park ငွေလိမ်ခြံဝန်း၏ မြေနေရာကို တရုတ်ကျားဖြန့် ရာဇဝတ်ဂိုဏ်းများက မြန်မာစစ်အုပ်စု ကွပ်ကဲမှုအောက်ရှိ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

    KK Park တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သော်လည်း ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းမှသာ အလုံးအရင်းနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ၊ ၁၀လအတွင်း အဆောက်အဦးသစ် အလုံး‌ပေါင်း ၂၀ ကျော် ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကို ဂြိုလ်တုဓါတ်ပုံများမှတဆင့် မြင်တွေ့နိုင်သည်ဟု Justice For Myanmar က သတင်းထုတ်ပြန်ခဲ့သည်။

    အွန်လိုင်းငွေလိမ်ဂိုဏ်း (သို့မဟုတ်) ကျားဖြန့် လုပ်ငန်းများသည် မြန်မာစစ်တပ်၏ ရာဇဝတ် ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီး၏ ဗဟိုချက်တွင် တည်ရှိနေခြင်းဖြစ်ပြီး၊ စစ်တပ်သည် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကို လက်သပ်မွေးကာ အဆိုပါလုပ်ငန်းများကို ထိန်းကြောင်းစေခြင်း ဖြစ်သောကြောင့်၊ မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်များထံ စီးဆင်းနေသော ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီရင်းမြစ်အားလုံး ဖြတ်တောက်ပြီး ၎င်းတို့ကျူးလွန်သော နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများအတွက် ရာဇဝတ်ကြောင်းအရ အရေးယူတာဝန်ခံစေရေး သည်သာလျှင် အဆိုပါ ဆိုက်ဘာငွေလိမ် လုပ်ငန်းများကို အမှန်တကယ် တိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့သည်။

    အမေရိကန်အခြေစိုက် USIP က ကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကျားဖြန့် ဂိုဏ်းများ အရှိန်အဟုန်ဖြင့် ရောက်ရှိနေပြီး အမေရိကန်ကိုပစ်မှတ်ထားလာကြောင်း၊ BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးတင်ဝင်းနှင့် မုတ်သုန်တို့ ကျားဖြန့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အမေရိကန်ဒေါ်လာ ၁၉၂ သန်း အမြတ်အစွန်း နှစ်စဉ်ရနေကြောင်း၊ ထိုင်း၊ အမေရိကန်တို့ အပါ အဝင် အိမ်နီးချင်း နိုင်ငံများ ပါဝင်သော အရေးယူဆောင်ရွက်ရေး အဖွဲ့ ဖွဲ့စည်းရန် အကြံပြုထားသည်။

    မြ၀တီမြို့နယ်တွင် အွန်လိုင်းကျားဖြန့်များ အခြေစိုက်သည့် ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စသည့် စီမံကိန်းများစွာကို BGF က ဦးဆောင်၍ တရုတ်စီးပွား ရေးသမားများ၊ပြည်ပ ဒုစရိုက်ဂိုဏ်းများနှင့်အတူ တွဲဖက်အကောင်အထည်ဖော်နေခြင်းလည်းဖြစ်သည်။

    မြန်မာစစ်တပ်နှင့် ပူးပေါင်းထားသော ကရင် BGF အဖွဲ့က ကရင်ပြည်နယ်ထဲမှ မြ၀တီမြို့ အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားကြောင်း၊ BGF ပါဝင်ပတ်သက်နေသော တရားမဝင် ကာစီနိုလောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှု ရာဇဝတ်မှုကွန်ရက်များကြောင့် ကမ္ဘာတဝှမ်းမှ လူပေါင်းများစွာ လူကုန်ကူးခံရပြီး၊ ၄င်းတို့သည် ရာဇဝတ်မှုများ ကျူးလွန်ရန် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ နှိပ်စက်ခံရခြင်း ရှိနေသည့်အပြင် အမြတ်ထုတ်ခံရသည့် အလုပ်သမားများနှင့် ဆိုက်ဘာလိမ်လည်မှုစခန်းများအား လည်ပတ်နေကြောင်း သိရှိရသည်။

    ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF အတွက် အကြီးမားဆုံး အမြတ်ငွေမှာ တရုတ် ရာဇ၀တ်ဂိုဏ်းများ ကျောထောက်နောက်ခံပြုထားသော အွန်လိုင်းကာစီနိုနှင့် အွန်လိုင်းကျားဖြန့် လုပ်ငန်းများမှ ဖြစ်ကြောင်း၊ BGF ထိန်းချုပ်ထားသော အွန်လိုင်း ရာဇ၀တ်ဂိုဏ်းများက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ရရှိနေပြီး BGF အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိနိုင်ကြောင်း US Institute for International Peace (USIP)ကသတင်းထုတ်ပြန်ခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ နှိမ်နင်းမှုများကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းများ(ကျားဖြန့်) သည် ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင်ပတ် သက်နေသူများအဖြစ် အမေရိကန် United States Institute of Peace (USIP) က အစီရင်ခံ ဖော်ပြခဲ့သည်။

    KNA အသွင်ပြောင်း BGF၏ အဓိကခေါင်းဆောင် ပုဂ္ဂိုလ် သုံးဦးဖြစ်သည့် ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့က တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို လက်ခံရာတွင် အဓိကပါဝင်သူများဖြစ်ကြောင်း၊ ဗိုလ်မှူးတင်ဝင်းက တရုတ်ရာဇဝတ်ဂိုဏ်းများအတွက် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးနှင့် အင်တာနက် လိုင်းရရှိစေရေး ဆောင်ရွက်ပေးကြောင်း၊ စောချစ်သူနှင့်အတူ ဗိုလ်မှူး တင်ဝင်းက တရုတ်ငွေလိမ်ဂိုဏ်းများမှ အကျိုးအမြတ်များနှင့် ထောက်ပို့ မှုများကို စုစည်းရယူကြောင်း သိရှိရသည်။

    ကရင်ပြည်နယ်ရှိ အွန်လိုင်းငွေလိမ်လည်ဂိုဏ် အများစုသည် စောချစ်သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများတွင် လည်ပတ်နေပြီး ယခုအခါ BGF ကို KNA အဖြစ် နာမည်ပြောင်းထားကြောင်း၊ တပ်ဖွဲ့ဝင်အင်အား ၈,၀၀၀ ကျော်ဖြင့် အင်အားကောင်းသောBGF/KNA ကို KNU နှင့် စစ်တပ်ကပါ တိုက်ရိုက် ပဋိပက္ခဖြစ်ပွားရန် ဆန္ဒမရှိကြောင်း USIP က ဆိုသည်။