Author: Admin-501
-

မိတ္ထီလာမှာ သားအမိနှစ်ဦး သတ်ဖြတ်ခံရမှု သမီးရည်းစား အဆက်ဖြတ်တာ မကျေနပ်လို့ သတ်ဖြတ်ဟုဆို
ရပ်ကွက်က ဝိုင်းဖမ်းလို့ ကျူးလွန်သူ သုံးဦးကို ဖမ်းမိ မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မနေ့က ညဦးပိုင်းအချိန် သားအမိ နှစ်ဦးတည်း ရှိနေတဲ့ နေအိမ်ကို လူသုံးဦးက ဝင်ရောက်ပြီး အိမ်ရှင် သားအမိနှစ်ဦး စလုံးကို ဓားနဲ့ထိုး သတ်ဖြတ်ခဲ့မှုဟာ သမီးရည်းစား ကိစ္စကြောင့် ဖြစ်တယ်လို့ စစ်အုပ်စု ရဲမှတ်တမ်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၉ရက် ည ၇နာရီကျော်အချိန်က မိတ္တီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်၊ ဝမ်းတော်ပြည့်တိုးချဲ့ နယ်မြေ ၈ က နေအိမ်မှာ အမျိုးသမီး နှစ်ဦးတည်း ရှိနေချိန် လူငယ်သုံးဦးက ဝင်ရောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ဒေါ်တင်မာဝင်း၊ ၅၃ နှစ်နဲ့ သမီးဖြစ်သူ မခိုင်ယဉ်ထွေး၊ ၁၉ နှစ်တို့ ဖြစ်ပြီး သတ်ဖြတ်သူတွေဟာ တောင်သာမြို့နယ်၊…
-

BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်
ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကြီးကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်နေပြီး BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ ကို KNLA နှင့်မဟာမိတ် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်နေပြီး တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF တပ်ရင်း ၁၀၁၃ တပ်ကပါ တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေကြောင်း တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်ပြီး ဖာပွန်မြို့နယ်၊စစ်ကောင်စီ၏ ကတိုင်တိ စစ်ဗျူဟာ ၁ စခန်းကို စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်း တပ်ရင်းမှူး စောလှကြိုင် ဦးစီးသော BGF…
-

ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်
ချောင်းဦးတွင် မိုင်းရှင်းရန် ထွက်လာသော စစ်သားများနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ မြပုလဲ စစ်တပ်ဂိတ် တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မိုင်းရှင်းရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Yae Nagar အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၇မိနစ်ခန့်တွင် ချောင်းဦးမြို့မှ မိုင်းရှင်းရန် Light truck ကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်သားများကို ချောင်းဦးနှင့် နတ်ရေကန် အကြား လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက…
-

မန္တလေးမှာ ဖွင့်လှစ်တဲ့ မုဆိုးမတို့ရွာ မုန်းဟင်းခါးဆိုင်ကို စစ်အုပ်စုက စီးနင်းဖျက်ဆီး
မန္တလေးမြို့မှာ ဒီဇင်ဘာလ ၂၉ရက် မနေ့က စတင် ဖွင့်လှစ်တဲ့ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဒီမနက်ပိုင်း စည်ပင် ဝန်ထမ်းတွေ ဦးဆာင်တဲ့ စစ်အုပ်စုက ဆိုင်ကို စီးနင်းဖျက်ဆီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလ ၃၀ရက် ဒီကနေ့ မနက် ၁၁နာရီလောက်မှာ စစ်ကားတစ်စီးနဲ့အတူ စစ်အုပ်စု လက်အောက်ခံ စည်ပင် ဝန်ထမ်းနဲ့ အပေါင်းအပါတွေ ရောက်လာပြီး ဆိုင်ကို စစ်ဆေးကာ ဆိုင်းဘုတ်တွေ ဖြုတ်ချ ဖျက်ဆီးတာလို့ ဆိုပါတယ်။ “၁၁ (နာရီ)လောက်က ဝင်စစ်ဆေးနေတာ။ စစ်ကားတစ်စီး ထွေအုပ်၊ စည်ပင် ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာလည်း ဒီကနေ့ မနက်ပိုင်း ဖျက်သိမ်းသွားတာ တွေ့ရပါတယ်။ စစ်အုပ်စုက ဆိုင်ကို…
-

လေးနှစ်ကျော်ရပ်နားထားတဲ့ လမ်းမတော်ပွဲဈေး ပြန်ကျင်းပ
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲစျေးကို ရန်ကုန်တိုင်း စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစျေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။ လမ်းမတော်ပွဲစျေးကို လေးနှစ်ကျော်ကြာ ရပ်နားခဲ့ပြီးနောက် အခု တစ်ကျော့ပြန် ကျင်းပတာလည်းဖြစ်ပါတယ်။ ပုစွန်တောင်မြို့နယ်က ရေကျော်ပွဲစျေးကိုလည်း ရန်ကုန်တိုင်း စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။ Photo: ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်