Author: Baby Yit Lone

  • မျက်စိနဲ့ သွား ဝေဒနာရှင်များအတွက် သတင်းကောင်း

    မျက်စိနဲ့ သွား ဝေဒနာရှင်များအတွက် သတင်းကောင်း

    မင်္ဂလာဒုံမှာ အပတ်စဉ် တနင်္ဂနွေတိုင်း အခမဲ့ ကုသပေးနေပြီ!(ခွဲစိတ်မှုတွေအထိတဲ့)

    မျက်စိဝေဒနာနဲ့ သွားဝေဒနာ ခံစားနေရပေမဲ့ ဆေးကုသစရိတ် အခက်အခဲရှိနေသူများအတွက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တိပိဋက ပုလဲရောင်ရှိန် ကျောင်းတိုက်ကြီးမှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အခမဲ့ (Free) ကုသပေးနေပါတယ်။

    ခွဲစိတ်ကုသမှု ပါဝင်သလား?

    ဟုတ်ကဲ့၊ ပါဝင်ပါတယ်ခင်ဗျာ။ လူနာသစ်တွေကို ကျွမ်းကျင်ဆရာဝန်ကြီးများက စနစ်တကျ စစ်ဆေးပေးပြီး လိုအပ်တဲ့ လူနာတွေကို မျက်စိခွဲစိတ်ကုသမှု ပြုလုပ်ပေးဖို့ ရက်ချိန်းများပါ တစ်ခါတည်း ချပေးနေတာ ဖြစ်ပါတယ်။

    ကုသပေးနေသည့် ဝန်ဆောင်မှုများ:

    မျက်စိဌာန: အမြင်အာရုံစစ်ဆေးခြင်း၊ ရေချိန်တိုင်းခြင်းနှင့် ခွဲစိတ်ကုသပေးခြင်း။

    သွားဌာန: သွားနှုတ်ခြင်း၊ ဖာခြင်း၊ အကြောထုတ်ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်း။ (မှတ်ချက် – အံကပ်နှင့် သွားစိုက်ခြင်း မပါဝင်ပါ)။

    လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ မရွေးဘဲ မည်သူမဆို လာရောက်ကုသနိုင်တာကြောင့် နီးစပ်ရာ ဝေဒနာရှင်များ သိရှိသွားအောင် ဝိုင်းဝန်း Share ပေးခြင်းဖြင့် ကုသိုလ်ယူကြပါဦး။

    သွားရောက်ရမည့် လိပ်စာ:

    📍 တိပိဋက ပုလဲရောင်ရှိန် ကျောင်းတိုက်၊ ရခိုင်ကျောင်းလမ်းမ၊ ပုလဲမြို့သစ်၊ မင်္ဂလာဒုံမြို့နယ်။

    🚌 (YBS 35, 92, 97, 116 – ရခိုင်ကျောင်းမှတ်ိုင်တွင် ဆင်းရန်)

  • မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသွားရာလမ်းခုလတ်တွင် သေဆုံးခဲ့ရသော ချင်းလူငယ်၏ ရုပ်အလောင်း ကလေးမြို့မှ မွေးရပ်ဇာတိရွာသို့ သယ်ဆောင်

    မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg. Pau Lam Kim ၏ ရုပ်အလောင်းသည် ယနေ့ ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကလေးမြို့မှတစ်ဆင့် မွေးရပ်ဇာတိချင်းပြည်နယ်၊ Tuivial ရွာသို့ ဆက်လက်သယ်ဆောင်ကြပြီဟုသိရသည်။

    ကွယ်လွန်သူ၏ ရုပ်အလောင်းအား ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ Hat Yai ဆေးရုံမှ ထုတ်ယူကာ Z-Rescue ပရဟိတ၏အကူအညီဖြင့် မြဝတီအထိ ပို့ဆောင်ခဲ့ကာ ကိုဇော်လူမှုကူညီရေးအသင်း၏အကူအညီဖြင့် မြဝတီ-ပဲခူး-မန္တလေး -ကလေးဝ လမ်းကြောင်းမှတစ်ဆင့် ယနေ့ နေ့လည် ၁၂ နာရီမထိုးမီတွင် ကလေးမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကာ ကလေးမြို့ရှိ အမျိုးအိမ်တွင် အခေါင်းပြင်ဆင်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ပြီးနောက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် Tahan ZYA လူမှု ကူညီရေးကားဖြင့် ဇာတိရွာသို့ ဆက်လက်သယ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဆွေမျိုးနီးစပ်သူတစ်ဦးက “ကလေးရောက်တာက ၁၂ နာရီမထိုးခင် ရောက်လာတာပါ။ အမျိုးအိမ်မှာ ခဏနားပြီး အခေါင်း ပြင်ဆင်တာတွေလုပ်တယ်၊ ဆုတောင်းပြီးတော့ ၁၂ နာရီခွဲလောက်မှာ ဇာတိရွာကို သယ်ဆောင်သွားပါပြီ။ လောလော ဆယ်ကတော့ မိသားစုတွေကလဲ ဘယ်ချိန်သဂြိုလ်မယ် ဆိုတာမပြောတတ်သေးပါဘူး။” ဟု ပြောသည်။

    ကလေးမြို့မှတစ်ဆင့် ဇာတိနေရပ် Tuivial ရွာအထိ ရုပ်အလောင်းပို့ဆောင်ရေးကို Tahan ZYA က တာဝန်ယူ ကူညီဆောင် ရွက်ပေးနေကြောင်း သိရသည်။

    လက်ရှိတွင် ၎င်းနှင့်အတူ မလေးရှားသွားရောက်ရန် ထွက်ခွါလာခဲ့ကြသော သူငယ်ချင်း ၃ ဦးမှာ တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များမှ အမှုဖွင့်ခြင်း ခံထားကြရတာကြောင့် ထောင်ဒဏ် သို့မဟုတ် ပြည်နှင်ဒဏ်ပေးခံရမည့် အခြေအနေရှိ နေကြောင်း သိရသည်။

    ကွယ်လွန်သူ၏ ရုပ်အလောင်းအား ထိုင်းရဲတပ်ဖွဲ့က ၁၃ ရက်ကြာ ထိန်းသိမ်းထားခဲ့ရပြီး၊ ဆွေမျိုးတော်စပ်ကြောင်း သက်သေပြရန်ခက်ခဲမှုနှင့် ရုံးလုပ်ငန်းလိုအပ်ချက်များကြောင့် ကြန့်ကြာခဲ့ရသော်လည်း၊ ဆရာအာဒမ်၊ ဆရာဇမ်ထွမ်း တို့၏ကြိုးပမ်းမှုကြောင့် ရှေ့နေတစ်ဦး၏ အကူအညီဖြင့် ညှိနှိုင်းဆောင်ရွက်ကာ ယခုကဲ့သို့ နေရပ်သို့ ပြန်လည်သယ် ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

    Tg. Pau Lam Kim သည် ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနယ်စပ်မှတစ်ဆင့် ကားဖြင့်ထွက်လာစဉ် ကားပေါ်တွင် လူအရမ်းများသည့်အတွက် အသက်ရှူမွန်းကျပ်ကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

  • ခရီးဆောင်အိတ်ထဲ ဆေးခြောက် ၁၁၀ ကီလိုဂရမ် တွေ့ပြီး သီရိလင်္ကာရဟန်း ၂၂ ပါး ဖမ်းခံရ

    ခရီးဆောင်အိတ်ထဲ ဆေးခြောက် ၁၁၀ ကီလိုဂရမ် တွေ့ပြီး သီရိလင်္ကာရဟန်း ၂၂ ပါး ဖမ်းခံရ

    သီရိလင်္ကာနိုင်ငံက လေဆိပ်တခုမှာ ရဟန်းတော် ၂၂ ပါးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ဝှက်သယ်လာတဲ့ ဆေးခြောက် ၁၁၀ ကီလိုဂရမ်ကို အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။

    ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်ကနေ မြို့တော် ကိုလံဘိုကို ရောက်လာတဲ့ အဲဒီရဟန်းတော်တွေရဲ့ အိတ်တွေထဲမှာ ဝှက်သယ်လာတာပါ။ အာနိသင် အတော်ပြင်းတဲ့ Kush အမျိုးအစား ဆေးခြောက်တွေကို ရဟန်းတပါးချင်းစီမှာ ၅ ကီလိုဂရမ်လောက်စီ တွေ့ခဲ့တာလို့ အကောက်ခွန်ဘက်က ပြောပါတယ်။

    ဒီရဟန်းတော်တွေဟာ အဓိကအားဖြင့် ကျောင်းသားရဟန်းတွေဖြစ်ပြီး အမည်မဖော်လိုတဲ့ အလှူရှင်တဦးရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို လေးရက်ကြာ အပန်းဖြေခရီး သွားခဲ့ကြတာပါ။ အားလုံး ခရီးစရိတ်ငြိမ်းနဲ့ သွားခဲ့ကြတာဖြစ်ပြီး အပြန်မှာ အခုလို ဖမ်းခံလိုက်ရတာပါ။

    ဒီခရီးစဉ်ကို စီစဉ်ပေးခဲ့တယ်လို့ ယူဆရတဲ့ ၂၃ ပါးမြောက် ရဟန်းတပါးကိုလည်း ကိုလံဘိုမြို့ဆင်ခြေဖုံးတခုမှာ ထပ်မံဖမ်းဆီးလိုက်ပြီလို့ ရဲတပ်ဖွဲ့က BBC ကို ပြောပါတယ်။

    ရဲပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ဒီခရီးစဉ်မှာ ကိုယ်တိုင်မလိုက်တဲ့ အဲဒီရဟန်းက ကျန်တဲ့ရဟန်းတွေကို “ဒီအထုပ်တွေက အလှူပစ္စည်းတွေပါ” လို့ ပြောပြီး ပေးလိုက်တာလို့ သိရပါတယ်။ လေဆိပ်ရောက်ရင် ဗန်ကားတစီးက လာယူလိမ့်မယ်လို့လည်း မှာထားခဲ့တာပါ။

    သီရိလင်္ကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနက ရဟန်းတော်တချို့ရဲ့ ဖုန်းတွေကို စစ်ကြည့်တဲ့အခါမှာတော့ သူတို့ဟာ ထိုင်းမှာရှိနေတုန်း လူဝတ်လဲပြီး ပျော်ပျော်ပါးပါး လည်ပတ်နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုလည်း တွေ့ခဲ့ရပါတယ်။

    ဖမ်းဆီးခံရတဲ့ ရဟန်း ၂၂ ပါးကို တနင်္ဂနွေနေ့မှာ ရုံးထုတ်ခဲ့ပြီး နောက်ထပ် စစ်မေးဖို့အတွက် ခုနစ်ရက်ကြာ ချုပ်မိန့် ယူထားပါတယ်။

    ရဲတပ်ဖွဲ့ကတော့ ဒီရဟန်းတော်တွေဟာ သူတို့သယ်လာတဲ့ အထုပ်ထဲမှာ ဘာပါလဲဆိုတာကို သိချင်မှ သိလိမ့်မယ်လို့ ယူဆထားပါတယ်။ ဆေးခြောက်တွေကို ကျောင်းသုံးပစ္စည်းတွေ၊ မုန့်တွေနဲ့ရောပြီး ဝှက်ထားတာကြောင့်ပါ။

    ရဟန်းတော်တစုကို လေဆိပ်ကနေ မူးယစ်ဆေးဝါး မှောင်ခိုသယ်မှုနဲ့ အခုလို အစုလိုက်အပြုံလိုက် ဖမ်းတာဟာ သီရိလင်္ကာမှာ ပထမဆုံးအကြိမ် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

    ကိုးကား။ ။ BBC သတင်း Sri Lankan monks arrested after 110kg of cannabis discovered in their luggage

    ဓာတ်ပုံ – ဖမ်းဆီးခံရတဲ့ ရဟန်း ၂၂ ပါးကို တနင်္ဂနွေနေ့မှာ ရုံးထုတ်စဉ်/ AFP

  • အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    ကောင်မလေး ၁ ယောက် အွန်လိုင်းကနေ ပိုက်ဆံချေးတာ

    ပိုက်ဆံမရခင် လိပ်ပြာမဲကြီး အရင်လှန်ပြရလို့ နောက်ဆုံး မလှန်ပြ နိုင်တော့ပဲ တိုင်တဲ့သတင်း၊

    ဖြစ်စဉ်က အသက် 16နှစ်ရှိ၊ ကောင်မလေးက သူ ပိုက်ဆံလိုတော့ လိုင်းပေါ်ကနေ ဘတ် 1500ချေးခဲ့ပါတယ်။

    သူမချေးခဲ့တဲ့ရက်က 3.03.2026ကပါ၊ ဒါပေမဲ့ ကောင်မလေးကို တဖက်က ပိုက်ဆံ မချေးပေးခင် ပိုက်ဆံချေးတာ မအောင်မြင်သေးဘူး။

    ဘာပြောလဲ ဆိုတော့ ၊မှတ်တဲ့ကွန်ပြူတာဦးနှောက်က မီးစိမ်းမပြသေးဘူး။

    ပိုက်ဆံလိုချင်ရင် လိပ်ပြာမဲကြီးလှန်ပြလို့ ပြောတယ်။

    အဲတော့ ကောင်မလေးက ပိုက်ဆံလိုချင်တော့၊ တဖက်က ပြောတာကို ယုံပီး၊

    တကယ်ပဲ လိပ်ပြာမဲကြီးကို လှန်ပြ၊ video ရိုက်ပီး ပို့ပေးလိုက်ပါတယ်ရှင့်။

    နောက်တော့ ကောင်မလေးလဲ ဘတ် 1500 ရသွားပီး ပြန်မဆပ်နိုင်တော့ဘူး။

    ပိုက်ဆံ 1500ကို အတိုးနဲ့ အရင်း ပေါင်းတော့ ၊ ဘတ် 20,000 ဖြစ်သွားတယ်ရှင့်။

    ကောင်မလေးက သူဘယ်လိုမှ မပေးနိုင်တဲ့ အကြောင်း ပြောလိုက်တော့၊ တဖက်ငွေချေးပေးသူက၊

    မပေးနိုင်ရင် နင့် လိပ်ပြာမဲကြီး ငါ့ကို ကျွေးရမယ်ပြောတော့ ကောင်မလေးက မရဘူး မကျွေးနိုင်ဘူး ဆိုပီး လက်မခံခဲ့ဘူး။

    အဲတော့ ငွေချေးပေးသူက၊ ကောင်မလေး အရင် တုန်းက လိပ်ပြာမဲကြီး လှန်ပြတဲ့ပုံကို၊ ဆိုရှယ်ပေါ် တင်လိုက်ပါတော့တယ်။

    အဲကိစ္စနဲ့ အရှက်တွေကွဲပီး၊ ကောင်မလေးက ရဲကို ရှက်ရှက်နဲ့ လာတိုင်ရပါတော့တယ်။

    ဒီကောင်မလေးလိုပဲ အသက် 21နှစ်၊ ကောင်မလေးတယောက်လဲ အဲလိုဖြစ်ဖူးတယ်တဲ့ရှင့်။

    21နှစ်ကောင်မလေးကတော့ လိပ်ပြာမလှန်ပြရဘူး၊

    မှတ်ပုံတင်နဲ့လူ တွဲရိုက်ခိုင်းပီး၊ မဆပ်နိုင်တော့ နေ့တိုင်း လိုင်းပေါ်မှာ ပုံတင်ခံရတယ်လို့ ပြောပြခဲ့တယ်။

    အဲဒါကြောင့် ရဲသတိပေးတာက၊ လိုင်းပေါ်မှာ ငွေချေးရင် သွားမယုံကြပါနဲ့ အဲတာ အလိမ်အညာတွေလို့ ပြောပြပါတယ်။

  • မန္တ​လေးမြို့က ယူနီ​ဖောင်းဝတ် ပြန်​ပေးသမားများ

    မန္တ​လေးမြို့က ယူနီ​ဖောင်းဝတ် ပြန်​ပေးသမားများ

    မန္တလေးမြို့၊ပုသိမ်ကြီးမြို့၊ ရန်ကင်းတောင် ခြေအနီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို လူအုပ်စုတစ်စုက ဧပြီလ ၁၂ ရက်နေ့(သင်္ကြန်အကြိုမတိုင်ခင်တရက်) မှာဆိုင်ကယ်ရော၊လူပါကားပေါ်ဆွဲတင်ခဲ့ကြပါတယ်။ အဲဒီလူငယ်ဟာ Wifi နဲ့တွဲသုံးတဲ့စက် တွေကို ဖြန့်ဖြူး ရောင်းချ နေသူဖြစ်ပြီး တခါတရံကိုယ်တိုင်ပစ္စည်းပို့ ဆောင် ပေး နေတာဖြစ်တယ်လို့ လူငယ်ကိုသိသူက​ပြောပါတယ်။

    အဲဒီနေ့ကလည်း ပစ္စည်းသွားပို့ရင်း အခုလိုဆွဲတင်ခံရတာဖြစ်ပြီး အနီးမှာရှိတဲ့အမျိုးသားကြီးတဦးက မြင်လိုက်တာမို့ လုယက်သူတွေကြားက ပြန်လုရာမှာ ဆိုင်ကယ်တော့ပြန်မရဘဲ လူငယ် တော့ပြန်လွတ်လာတယ်လို့ လူငယ်ရဲ့ဦးလေးတော်စပ်သူက ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။ ဆိုင်ကယ်​ရော လူငယ်ကိုပါ ကား​ပေါ်ဆွဲတင် လုယက်သူ​တွေဟာစစ်တပ်​မွေးထားတဲ့ ပျူ​စောထီး​တွေ နဲ့ စစ်အုပ်စုလက်​အောက်ခံ ယူနီ​ဖောင်းဝတ်လက်နက်ကိုင်အဖွဲ့​တွေဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

    လူငယ်ရဲ့ဖြစ်စဥ်ကို ​ရေးတဲ့ပို့စ်ရဲ့​အောက်ကမှတ်ချက်​တွေမှာလည်း အလားတူဖြစ်ရပ်တွေကြုံခဲ့ရသူတွေ၊ မိသားစုဝင်တွေကဝင်​ရောက် မှတ်ချက်ပြု​ရေးသားထားတာကို တွေ့ရပါတယ်။

    ဒါဟာ စစ်တပ်လက်အောက်ခံ မြို့ကြီးတွေမှာတင် မကပဲ နယ်ဘက်ကမြို့အသေးတွေ ၊ကျေးရွာတွေ အထိ လက်ရှိလူငယ် တွေ ရင်ဆိုင် နေရတဲ့ အကြီးမားဆုံး အန္တရာယ်တခုပါ။

    အာဏာလုယူထားတဲ့ စစ်တပ်ဟာ ယူနီဖောင်းကိုတောင်မလဲဘဲ နိုင်ငံအတွင်း တရားဝင်ပြန် ပေးဆွဲမှုကို ကျူးလွန် နေခဲ့ပါတယ်။

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နည်းပညာတက္ကသိုလ်( မန္တလေး)က အသက်၂၀ ဝန်းကျင်လူငယ်တဦးလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။

    နည်းပညာတက္ကသိုလ်မှာ ကျောင်းလာတက်တာကို ချစ်သူ ကောင်မ လေးက လာတွေ့လို့ ကျုံးအ ရှေ့ဘက်ခြမ်း က ဟိုတယ်တခုမှ နေထိုင်ခဲ့ပါတယ်။

    ညဘက်ကောင်မ လေးကဗိုက်ဆာလို့ အနီးနားကမုန့်ဆိုင်ကို ဟိုတယ်ကလုံခြုံရေး ဝန်ထမ်းတဦးနဲ့ အတူ မုန့်ထွက်ဝယ်ခဲ့ရာမှာ နှစ်ဦးစလုံး ပျောက်သွားခဲ့တာပါ။

    အဲဒီကောင်မ လေးက အမှတ်(၁)ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပြီး ၂ ရက်အကြာမှာ ကောင်မလေးရဲ့ ဖုန်းကို ဒီအမျိုးသားကို ပြန်ခေါ်ချင်ရင် ငွေကျပ်သိန်း ၁၅၀ နဲ့ ပြန်ရွေးဖို့ စာတွေပို့လာတယ်လို့ နီးစပ်သူတ ယောက်ကပြန် ပြောပြပါတယ်။

    အဲဒီငွေကို Kpay နဲ့လွှဲပေးဖို့ပြောရာကောင်မ လေးက ဘဏ်ထဲမှာငွေမရှိကြောင်း၊လူလာခေါ်မယ် ပိုက်ဆံကို တခါထဲ ပေးမယ်ဆိုပြီး ချိန်းလိုက်တယ်လို့ဆိုပါတယ်။ပြန်ပေးဆွဲ ခေါ်သွားတဲ့လူ တွေချိန်းတဲ့ နေရာက မန္တလေးကလူအစည်ဆုံးနေရာ လမ်း ၃၀ နဲ့ လမ်း ၇၀ဘက်မှာပါ။

    အရပ်ဝတ်ရဲ တွေနောက်ခံထားပြီး ကောင်မ လေးကသွားတဲ့အခါ အဲဒီနေရာမှာ အမျိုးသား ၄ ဦးကို ဖမ်းနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသား ၄ ဦးဟာ နှစ်ဦးက ပျူစောထီး တွေဖြစ်​နေပါတယ်။ ကျန် နှစ်ဦးက လည်းမတ္တရာမြို့နယ်၊မန္တလေး- မတ္တရာလမ်းပေါ်က ထီးတော်မိုး စစ်သားစု ဆောင်း ရေးတပ်ကစစ်သား​တွေ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

    “အခုကပေါ် တာဆွဲ ၊ငွေညစ်လို့မရရင် အစားထိုး ဖို့ လူရောင်းစားတဲ့ အခြေအနေဖြစ်နေတာ။အဲတာကို စစ်သားစု ဆောင်း ရေးတပ်ကလူတွေနဲ့ ပျူစောထီးတွေပေါင်းလုပ်နေတာ”လို့ ဒီဖြစ်စဉ်တွေကို လိုက်ပြီး ကူညီပေး နေသူတဦးက​ပြောပါတယ်။သူကတဲ့စစ်ကောင်စီနဲ့နီးစပ်သူ လည်းဖြစ်က ပြောပါတယ်။

    လူအစားထိုးဖို့ ရောင်းစားတယ်ဆိုတာက စစ်တပ်က တရပ်ကွက်ကို လူဘယ်နှ‌ ယောက် ပေးရမယ်ဆိုတဲ့ သတ်မှတ်လူဦးရေ တောင်းပါတယ်။ ရပ်ကွက်ကြီး တွေမှာ အုပ်ချုပ်ရေး မှူးတွေက စစ်မှုထမ်းကြေး တစ်အိမ်ကို အနည်းဆုံးကျပ်သုံး​သောင်း​ကျော်က​နေ ​ကျပ်ငါးသိန်းအထိ ကောက်ပါတယ်။ တချို့​ဒေသ​တွေမှာ​တော့ အဲဒီထက်ပိုများပါတယ် ။

    အဲဒီက ရတဲ့ ငွေနဲ့ ပျူစောထီးတွေ၊စစ်သားတွေ ပေါ်တာဆွဲလာတဲ့သူ တွေကို ပြန်ဝယ်ပြီး လူစားထိုး စစ်မှုထမ်းထဲထည့်တာပါ။ ဒီလို ဥပဒေမဲ့ ပေါ်တာဆွဲမှု တွေဟာလစဉ် ဖြစ်နေပြီး စစ်မှုထမ်း အပါတ်စဉ် မရောက် သေးဘဲ ပေါ်တာဆွဲခံရတဲ့ လူငယ် တွေကစလို့ အားလုံးဟာ စစ်တပ်လက် အောက်မှာ ဥပဒေရဲ့ အကာကွယ် ပေးမှု လုံးဝကို မရရှိခဲ့ကြပါဘူး။

    ပထမဖြစ်စဉ်မှာပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင် ခြေမှာ လူငယ်​ရော၊ဆိုင်ကယ်ကိုပါ ကား​ပေါ်ဆွဲတင်သူ​တွေဟာ စစ်အုပ်စုနဲ့ ပျူ​စောထီး​တွေဖြစ်ပါတယ်။ အဲဒီနယ်မြေကို စစ်တပ်လက်​အောက်ခံမြို့မ ပြည်သူ့စစ်ဆိုတဲ့ပျူစောထီးအဖွဲ့ ​ကကိုင်ထားတာဖြစ်ပါတယ်။

    အဲဒီပျူ​တွေက နယ်မြေ အတွင်း လောင်းကစားဝိုင်း​တွေ အများကြီးဖွင့်ထားပြီး သူတို့ နေထိုင်တဲ့ ပုသိမ်ကြီးမြို့နယ်က ခြံထဲမှာတင် လောင်းကစားဝိုင်းအများအပြားဖွင့်လှစ်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။

    လောင်းကစားဝိုင်းကိစ္စနဲ့ပေါက်ကိုယ်တော်တပည့်၊ပြည်ကြီးတံခွန်မြို့နယ်ကပျူခေါင်းဆောင်စံရှား(လက်ရှိစစ်တပ်ကပြန်ဖမ်းထားသူ) နဲ့ပြသနာတက်ပြီး မြို့မပြည်သူ့စစ်ခေါင်း အောင်ခန့်သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီ နောက်သူ့တပည့် မင်းသားကြီးဒူးရှည် (ဝေယံ)ဆိုသူက ပြန်လည်ဦးဆောင်ပြီး စစ်အုပ်စုနဲ့​ပေါင်း ပေါ်တာဆွဲတာတွေဆက်တိုက်ဆွဲနေတယ်လို့ မြို့ခံ တွေကပြောပါတယ်။

    ဒီလို​ပေါ်တာဆွဲတာကိုပုသိမ်ကြီးကပျူတွေတင်မကဘဲ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုလည်း မြရည်နန္ဒာအိမ်ယာ အရှေ့ဘက်က မြို့အဝင် ပျူစောထီစစ် ဆေး ရေးဂိတ်၊၅၆လမ်းနဲ့၁၂၀လမ်းတို့ တွေဟာ ဖြတ်သွားဖြတ်လာ ဆိုင်ကယ်နဲ့ လူငယ် တွေကို ပေါ်တာဆွဲမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

    သင်္ကြန်အကြို နေ့ကလည်းမန္တလေးမြို့၊အောင်မြေသာစံမြို့နယ်က လူငယ်တဦး မန္တလေးတောင်ခြေ၊ဂေါက်ကွင်းလမ်းမှာဆိုင်ကယ်ရော၊လူပါ ကား ပေါ်ဆွဲတင်ခံရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ သေးတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

    ဒီလိုပြန်ပေးဆွဲမှုတွေကို စစ်တပ်ကအရေးယူမှု မရှိခဲ့ဘဲ ဒီ နေ့အထိ လူငယ်တွေဟာ စစ်တပ်လက်​အောက်ခံယူနီဖောင်းဝတ်အဖွဲ့မျိုးစုံရဲ့ ပြန်ပေးဆွဲမှု၊ ​ပုံစံအစုံနဲ့ပေါ်တာဆွဲတာ​တွေကို လူငယ်​တွေခံနေကြရပါတယ်။

    စစ်တပ်က နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့​ဒေသ​တွေထဲက အချို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး ပြန်ထိန်းချုပ်နိုင်လာချိန်မှာ စစ်​ရေးပြန်ဦး​မော့လာတာကိုအ​ကြောင်းပြုပြီး သူတို့နိုင်​နေပြီလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရန်နဲ့ လူမှုကွန်ယက်​တွေက​​ရေးသားဖြန့်​ဝေ​နေကြပါတယ် ။

    ဒါ​ပေမယ့် တဖက်မှာ စစ်နိုင်​နေပြီး​ပြောပြီး စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာာစစ်သားသစ်စု​ဆောင်းတာ ၊​ပေါ်တာဆွဲတာ​တွေက ပိုဆိုးလာ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်ကနိုင်​နေပြီ​ပြောပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲ​တွေမှာ ​သေဆုံးသူ၊ဒဏ်ရာရသူ ၊ထွက်​ပြေးသူ ၊အညံ့ခံသူ ၊​တော်လှန်​ရေးအဖွဲ့​တွေထံ အလင်းဝင်သူ​တွေများ​နေတာ​ကြောင့် စစ်သားသစ်​တွေကိုဆက်တိုက်​ခေါ်​နေရတာဖြစ်တယ်လို့​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ်။

    စစ်တပ်ကတိုက်ပွဲ​တွေမှာ စစ်သင်တန်းဆင်းစစ်သားသစ်​တွေကို ​မူးယစ်​ဆေး​ကြွေးပြီးအ​သေခံစစ်တိုက်ခိုင်းတာ ၊ဖိအား​ပေး​ပြီး​ရှေ့က​နေ တက်ခိုင်းတာ​ကြောင့် ​သေဆုံး၊ဒဏ်ရာရသူ​တွေမှာစစ်သားသစ်​တွေအများဆုံးဖြစ်​နေတယ်လို့ ​​တော်လှန်​ရေးအဖွဲ့​တွေက​ပြောပါတယ် ။ ​

    ရှေ့ကတက်ပြီးမတိုက်ရဲလို့ ​နောက်ပြန်ဆုတ်ရင်လည်း စစ်သား​တွေက ​နောက်က​နေ ပစ်သတ်မယ်ခြိမ်း​ခြောက်တာ ၊ပစ်သတ်တာ ​တွေပါရှိတယ်လို့ ရခိုင်နဲ့ မ​ကွေးတိုင်းအစပ် အမ်း-ပဒါန်းလမ်းမ​ပေါ်က နတ်ရကန်ဗျူဟာတိုက်ပွဲမှာ အာရက္ခတပ်​တော်ထံ လက်နက်
    ချ အလင်းဝင်တဲ့ စစ်သားသစ်​တွေက​ပြောကြားထားကြပါတယ် ။ အခြား​ဒေသ​တွေမှာလည်းအလားတူဖြစ်စဥ်များစွာရှိ​နေတာပါ။

    အာဏာသိမ်းစစ်အုပ်စုရှိနေသ၍ စစ်အာဏာရှင်​တွေအတွက် အ​သေခံတိုက်​ပေးရမယ့် စစ်သား​သစ်တွေရဖို့ စစ်သားစုဆောင်းရေးနဲ့ပျူတွေရဲ့ လုပ်စားကွက် ပေါ်တာဆွဲလူပြန်ရောင်းတဲ့ ယူနီဖောင်းဝတ်ပြန် ပေးဆွဲမှုကြီးဆက်ရှိ​နေမှာပဲဖြစ်တယ်လို့ ​မန္တ​လေးဒေသခံတဦးက​ပြောပါတယ်။

    ဒီလိုဖြစ်စဉ် တွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့ခံ သက်လတ်ပိုင်း အမျိုးသားတဦးက “စစ်တပ်အုပ်ချုပ် နေသ၍ ဒီလိုဖြစ်စဉ်တွေကဖြစ် နေအုံးမှာပဲ။ဒီထက်ပိုဆိုးတာတွေ ဖြစ်လာဖို့ပဲရှိတယ်။ဒီတော့ ဒါကိုအဆုံးထိ တော်လှန်မလား။ဒီအတိုင်းဆက် နေမလားဆိုတာပဲ ဆုံးဖြတ်ကြဖို့ပဲလိုတယ်”လို့ မှတ်ချက်ပြုပါတယ်။ ။

    (မန္တ​လေးမြို့မှ ​တွေ့ရတဲစစ်သား​တွေ/ ပျူဘုန်းကြီး​​သင်္ကန်းဝတ်​ပေါက်ကိုယ်​တော်နဲ့ ပျူ​စောထီး​တွေ/ ပြည်ကြီးတံခွန်မြို့နယ်က ပျူခေါင်းဆောင်စံရှား ။ဓါတ်ပုံ-CJ ၊စစ်​ကောင်စီ)