Author: Baby Yit Lone
-

ကချင် မနောကို တယုတ်ဇာတ်သွင်းနေပြီ
သောက်ချိုး မပြေ တဲ့… မအေယိုး တွေ ကချင်တွေ ဟာ Manau-မနောပွဲ ကို ရည်ရွယ်ချက် အမျိုးမျိုး အရ… အချိန်အခါ, အနေထား ပေါ်မူတည်ပီး အနှစ်သာရပြည့်ဝတဲ့ ရိုးရာဓလေ့ထုံးတမ်း အစဥ်အလာ များနဲ့ အညီ အလေးအမြတ်ထားတန်ဖိုးထားကျင်းပကြပေမယ့် တယုတ်ပြည်မှာကတော့… Walking dance, stage entertainment, Mob performance ပုံစံလုပ်နေပါတယ် ကချင် Manau (Dance) မနောကို တယုတ်ဇာတ်သွင်းနေပါတယ် “တယုတ်လုပ်ကချင်ရိုးရာ” ဟာ အနှစ်သာရ ကင်းမဲ့ ပီး… စက်ဆုပ်စရာ အတိပါပဲ – ရိုးရာဝတ်စုံ အပြည့်နဲ့…ကြံခုတ်,ယက်ကန်းခတ် စတဲ့ အလုပ်ခွင်ဝင်ခိုင်း , သရုပ်ပြခိုင်း တာမျိုး… – ရိုးရာဝတ်စုံ နဲ့ မထော်မနန်း အဲရိုးဗစ်/ဘဲလေး/ကော့ကန်ကား/ဗိုက်လှုပ်ဖင်ယမ်းအက တွေ…က…
-

၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာက
ကဒါ့ ပြည်နယ်, Kupang ဘတ်တာဝပ်.. ကူလင်း အဝေးပြေးလမ်းမကြီးပေါ် မှာ ဖြစ်ပွားခဲ့ ဆိုင်ကယ်အက်ဆီးဒင့်, ယနေ့ ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီ မှာ ဆိုင်ကယ်မောင်းပြိုင်ပွဲပြုလုပ်ရာကနေ အက်ဆီးဒင့်ဖြစ်ပွားခဲ့ တယ်လို့သိရပြီး ခေါင်းထိခိုက်ဒဏ်ရာရရှိသူကတော့ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ နောက်ထပ် ၈ ဦးက အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ရွှေမြန်မာများဆိုင်ကယ်မောင်းနှင်သူများ အထူးဂရုစိုက်ပါ
-

စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲပြစ်မှုကျူးလွန်
မန္တလေးမှာ စစ်ခေါင်းဆောင်နှင့်အတူ ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲပြစ်မှုကျူးလွန် အာဏာသိမ်းစစ်ခေါင်းဆောင် သွားရောက်ခဲ့သည့် ချမ်းမြသာစည်မြို့နယ်က မဲရုံတခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) တံဆိပ်ပါ အင်္ကျီနှင့်ဦးထုပ် ဝတ်ဆင်ထားသူတဦးက စစ်ခေါင်းဆောင်နှင့်အတူ မဲရုံအထဲထိ လိုက်ပါ ဝင်ရောက်ခဲ့သည်ကို မှတ်တမ်းဓာတ်ပုံများအရ တွေ့ရသည်။ ခြင်္သေ့တံဆိပ်ပါ အဖြူ၊ အစိမ်း အင်္ကျီနှင့်ဦးထုပ်ဝတ်ဆင်ထားသူ အမျိုးသားတဦးကို စစ်ခေါင်းဆောင်နှင့်အတူ မဲရုံအတွင်း ရှိနေသည့်ဓာတ်ပုံကို Popular News ၏ ဖေ့ဘုတ်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ဖော်ပြခဲ့ခြင်းဖြစ်ပြီး မိနစ်ပိုင်းအကြာ၌ ယင်းဓာတ်ပုံအား ပြန်ဖျက်ခဲ့သည်ကို တွေ့ရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ မဲရုံအတွင်း၊ မဲရုံနှင့်ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်းနှင့် ကိုယ်စား လှယ်လောင်းတဦးဦးအား မဲပေးရန် သွေးဆောင်ခြင်းပြုလုပ်ပါက ရွေးကောက်ပွဲပြစ်မှု ကျူးလွန်ရာရောက်ကြောင်း ပြဋ္ဌာန်းထားသည်။ မဲရုံအတွင်းသို့ ပါတီအင်္ကျီ၊…
-

UWSA (ဝ) နယ်မြေတွင် လူသတ်ပြီး အသားကို မီးဖုတ်စားသူတစ်ဦးကို ဖမ်းဆီးရမိ
UWSA ထိန်းချုပ်ရာ “ဝ” ဒေသတစ်နေရာတွင် လူကိုသတ်ဖြတ်ပြီးနောက် အသားကို မီးကင်စားခဲ့သည့် ကျူးလွန်သူတစ်ဦးကို “ဝ” ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ကျူးလွန်သူကို ဇန်နဝါရီလ ၂၃ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ သတင်းရင်းမြစ်၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မိုင်းပေါက်ဒေသအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ပြီး၊ ဖခင်ဖြစ်သူက မနိုင်သဖြင့် သူတစ်ပါးထံ အပ်နှံထားသည့် လူတစ်ဦးကို ကျူးလွန်သူက သတ်ဖြတ်ကာ မီးဖုတ်စားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့က သတင်းရရှိ၍ သွားရောက်ဖမ်းဆီးချိန်တွင် သေဆုံးသူ၏ ခြေထောက်တစ်ဖက်သာ ကျန်ရှိတော့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ “အိမ်ကလူတစ်ယောက်က သတ်ပြီး မီးဖုတ်စားတာပါ။ ရဲက စစ်ဆေးမေးမြန်းတော့ အသားမစားရတာ ကြာပြီဖြစ်လို့…
-

မသတီ၍ ပလာစတာနှင့် အုပ်ထားရသည့် မှင်စွန်းလက်သန်း
“ဒီမှာ သမီးဆိုမရှိဘူးတွေ့လား (ပလာစတာကပ်ထားသည့် လက်သန်းကိုထောင်ပြလျက်)။ မသတီလို့၊ ပထမဆုံးမဲပေးရတာကို ကိုယ်မပေးချင်တဲ့သူကို ပေးရတာ ရှက်တယ်။ အိမ်ပြန်ရောက်တော့ ဆပ်ပြာတွေနဲ့ဆေးတယ်။ မစ်ဆယ်လာဝါးတားတွေနဲ့လည်း ပွတ်ထုတ်တယ်၊ အရက်ပြန်နဲ့ကောပဲ မပျက်ဘူး သူကလည်း” ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် မဲသွားထည့်ရသည့်အပေါ် ထိုသို့ပြောလာသူက အသက် ၂၀ အရွယ် မသီရိ (အမည်လွှဲ) ဖြစ်သည်။ “စိတ်ပျက်ဖို့ကောင်းတယ်။ ငိုချင်တယ်။ တောက်လျှောက်ကြီး CDM လုပ်ခဲ့ပြီးမှ သစ္စာဖောက်လိုက်ရသလို ခံစားချက်ကြီး” မသီရိသည် စစ်အာဏာသိမ်းစဉ်ကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ၁၅ နှစ်ဝန်းကျင်အရွယ် အစိုးရ အထက်တန်းကျောင်းတခု၌ ကိုးတန်းတက်နေခဲ့သူတဦး။ သူငယ်ချင်းတွေနဲ့ ပျော်ပါး၊ သွားလာရင်း ငယ်ရွယ်မှုကို အသုံးချနေခဲ့သည့် သွက်လက်ချက်ခြာသော ကလေးမလေးတဦး ဖြစ်ခဲ့သည်။ သို့သော်…