Author: Baby Yit Lone

  • HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ

    HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ

    “HIV ကို အမြစ်ပြတ် ကုသနိုင်ပြီ” HIV ဆိုတာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူသားတွေအတွက် ဖြေရှင်းလို့မရသေးတဲ့ ကျန်းမာရေးပုစ္ဆာတခု ဖြစ်ခဲ့ပါတယ်။ လက်ရှိသုံးနေတဲ့ဆေးတွေက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ထားနိုင်ရုံသက်သက်ပါပဲ။ ပိုးကို အမြစ်ပြတ်မရှင်းထုတ်နိုင်ဘဲ လူနာရဲ့ DNA ထဲမှာ ရန်သူတယောက်လို တစ်သက်လုံး ပုန်းအောင်းနေတာပါ။ ဒါပေမယ့် အခုတော့ အဲဒီရန်သူကို သူ့ရဲ့ ပုန်းခိုကျင်းထဲကနေ ဆွဲထုတ်ပြီး အပြီးတိုင်ရှင်းပစ်နိုင်မယ့် မျှော်လင့်ချက်ရောင်ခြည်တခု ထွက်ပေါ်လာခဲ့ပါပြီ။ Temple တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ မယုံနိုင်စရာကောင်းတဲ့ အောင်မြင်မှုတစ်ခုကို ပြသခဲ့ပါတယ်။ သူတို့ဟာ “CRISPR” လို့ခေါ်တဲ့ မျိုးဗီဇပြုပြင်ရေးနည်းပညာကို အသုံးပြုခဲ့ကြပါတယ်။ ဒီနည်းပညာကို အလွယ်ပြောရရင်တော့ မော်လီကျူးအဆင့်မှာသုံးတဲ့ အင်မတန်တိကျတဲ့ “မျိုးဗီဇကတ်ကြေး” တစ်လက်ပါပဲ။ သိပ္ပံပညာရှင်တွေက အဲဒီကတ်ကြေးကိုသုံးပြီး လူ့ကိုယ်ခံအားဆဲလ် (T-cell) တွေရဲ့ DNA ထဲမှာ…

  • သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

    သပိတ်ကျင်း ရှေ့တန်းစစ်မြေပြင်က မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်

    မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေတဲ့ ရှေ့တန်းစစ်မြေပြင်တစ်နေရာက မိုးကုတ်ဗျူဟာတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကို ဒီရက်ပိုင်းအတွင်း မှတ်တမ်းတင်ထားတဲ့ ​မြင်ကွင်းတွေ ဖြစ်ပါတယ်။ စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီတပ်တွေ ထိုးစစ်မလုပ်နိုင်ဖို့ မိုးကုတ်ဗျူဟာနဲ့ မဟာမိတ်ပူးပေါင်းတွေဘက်က ခံစစ်ပြင်ထားပြီး စစ်ကောင်စီနဲ့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ဒီနေ့ စက်တင်ဘာ ၄ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်မှာ စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ကချင်တပ်မတော်-KIAနဲ့ NUGလက်အောက်ခံတပ်တွေ ထိန်းသိမ်းထားတဲ့ သပိတ်ကျင်းမြို့ကို ပြန် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကျေးရွာပိုင်းအများစုကိုတော့တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင်းရေးသင်တန်းကျောင်းအမှတ်- ၁၃ တို့ရှိနေတယ်လို့…

  • အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်များ (ရုပ်သံ)

    အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ်များ (ရုပ်သံ)

    အရပ်ဝတ်အမျိုးသားကို အဓမ္မပြုကျင့်နေတဲ့ အဖွဲ့က စစ်တပ်လက်အောက်ခံ မုံးပေါ်ပြည်သူ့စစ် တွေ ဖြစ် ယနေ့ စက်တင်ဘာလ ၃ ရက်တွင် Facebook ပေါ်မှာ ယူနီဖောင်းဝတ်လက်နက်ကိုင်တွေက အရပ်ဝတ် အမျိုးသားနှစ်ဦးကို မြေပေါ် မှောက်လှဲခိုင်းပြီး တဦးကို အဓမ္မပြုကျင့်နေတဲ့ ဗီဒီယိုတခု ပျံ့နှံ့လာပါတယ်။ အဲဒီဗီဒီယိုရဲ့ အောက် ကွန်မန့်တွေမှာ ကျူးလွန်သူတွေက ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ အဲဒီလိုပဲ ကျူးလွန်သူတွေဟာ SNA တပ်ဖွဲ့ဝင်တွေ မဟုတ်ကြောင်း ချေပသူတွေလည်း ရှိပါတယ်။ ဗီဒီယိုထဲမှာ ယူနီဖောင်းဝတ်ဆင်တဲ့သူတဦးမှာ လက်မောင်းတံဆိပ် တွေ့ရပါတယ်။ အဲဒါက အစိမ်း၊ အနီ၊ အဝါ သုံးရောင်ကို နောက်ခံအဖြစ် အသုံးပြုထားပြီး အလယ်မှာ နေဝန်းတံဆိပ် ကို တွေ့ရတာပါ။ ဗီဒီယိုထဲမှာ မြန်မာဘာသာစကားကို…

  • တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    တရုတ်ခရီးစဉ်က စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့ ဟုဆို

    မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်ခရီး စဉ်အတွင်း နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံကာ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာရေးရာ အသိမှတ်ပြုမှုတို့ရရှိခဲ့ကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ ၎င်းက “နေရာတနေရာထဲမှာ ခေါင်းဆောင်တွေနဲ့ တွေ့ရတာဟာ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။ ကျနော် တို့ မြန်မာနိုင်ငံအနေနဲ့လည်း အကျိုးများစွာဖြစ်ထွန်းစေတဲ့ ခရီးတခုလို့ ပြောချင်တယ်။ ကျနော်တို့မှာ ဒီလိုမျိုး အခြေအနေကောင်းတွေ ရှိနေပါပြီ။ နိုင်ငံတကာမှာလည်း မြန်မာရဲ့ဂုဏ်သိက္ခာနဲ့ပတ်သက်ပြီး မြင့်မားလာနိုင်တဲ့ ဒီလိုဟာတွေ ရှိလာနိုင်ပါပြီ” ဟု ဆိုသည်။ စစ်ခေါင်းဆောင်သည် တရုတ်နိုင်ငံ တီယန်ကျင်း၌ ပြုလုပ်သော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)၊ ဘေကျင်းတွင် ကျင်းပသည့် ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် ၈၀…

  • ဥသျှစ်ပင် ကပစ ၆ အနီး ကာကင်းတချို့ AA နှင့်ပူးပေါင်းတပ်တို့ သိမ်း

    ဥသျှစ်ပင် ကပစ ၆ အနီး ကာကင်းတချို့ AA နှင့်ပူးပေါင်းတပ်တို့ သိမ်း

    ရခိုင်ရိုးမ အရှေ့ဘက်ခြမ်း ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်တပ်နယ်ရှိ စစ်ကော်မရှင်၏ အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ ၆) နှင့် ၇ မိုင် ဝန်းကျင်အကွာ ဆင်လန်ကျေးရွာတဝိုက်မှ စစ်တပ်စခန်းတချို့ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ရခိုင်ရိုးမပေါ်ရှိ ညောင်ကျိုးစခန်းကို AA က သိမ်းပိုက်လိုက်ပြီးနောက် တပ်ဆုတ်လာသော စစ်တပ်သည် ညောင်ကျိုးနှင့် ငါးမိုင်ဝန်းကျင်အကွာ ဆင်လန်ကျေးရွာဝန်းကျင် တောင်ကုန်းများပေါ် ကာကင်းစခန်းအများအပြား တိုးချထားခဲ့ပြီး ယခုအခါ ထိုစခန်းများကိုပါ AA က ထပ်မံ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တဦးက “အဲဒီနားမှာ ကာကင်းတွေ အခိုင်အမာချထားတာ မနည်းဘူး၊ AA နဲ့…