Author: Baby Yit Lone

  • Mastiii 4

    Mastiii 4

    Mastiii 4 (2025) အချစ်ဗီဇာ ကုဋေ ၄၀ ကုန်ကျခံရိုက်ကူးထားတဲ့ မယားကြောက်များအဖွဲ့ ရုံတင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ မယားတွေကိုလည်းကြောက် ခံမပြော နားမထောင်တဲ့ ယောကျာ်းသားများအတွက် ဘယ်လိုလွတ်မြောက်ဖို့ကြိုးစားမယ်ဆိုတာ ပါးစပ်မစိအောင်ရယ်မောရင်း ကြည့်ရှုရမှာပါ။ သူငယ်ချင်း ၄ ယောက် လင်မယား ၄ တွဲရှိပါတယ်။ တစ်တွဲကပဲ အိမ်ထောင်ရေးသာယာပြီး ကျန် ၃ တွဲကတော့ ရတာမလို လိုတာမရနဲ့ တိတ်တိတ်ပုန်း ပြဿနာတက်နေရှာတာပေါ့။ ဒီလိုနဲ့ ဒီ ၃ ယောက်က သူတို့ သူငယ်ချင်းအိမ်ထောင်ရေး ဘယ်လိုအဆင်ပြေတယ်ဆိုတာ ချောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ် ထူးဆန်းတာက သူငယ်ချင်းရဲ့ အမျိုးသမီးဖြစ်သူက တစ်နှစ်ကို တစ်ပတ်လုံးလုံး ခရီးထွက်တတ်တာပါ။ ဒီတစ်ခေါက်ခရီးသွားမဲ့ရက်ရောက်တော့ သူတို့တွေ အိမ်ထဲဝင်ပြီး လျှို့ဝှက်ချက်ရှာပါတော့တယ်။ သူတို့ဘာတွေများတွေ့ရှိသွားမလဲ မျှော်မှန်းထားသလို သူတို့အိမ်ထောင်ရေးရော အဆင်ပြေသွားမှာလားဆိုတာကိုတော့…။

  • Logan Lucky

    Logan Lucky

    Logan Lucky (2017) အက်ရှင်နဲ့ ဟာသကိုမှ တစ်မျိုးလေး ကြည့်ချင်တယ်ဆိုရင်တော့ ဒါရိုက်တာ Steven Soderbergh ရိုက်ထားတဲ့ Logan Lucky ကို ညွှန်းရလိမ့်မယ်ဗျ။ ဒီကားက တခြား ဓားပြတိုက်တဲ့ကားတွေလို အဆင့်မြင့်နည်းပညာတွေ၊ ဝတ်စုံပြည့်တွေနဲ့ ဟိတ်ဟန်ထုတ်တာမျိုး မဟုတ်ဘဲ သာမန်အရပ်သားစတိုင် ဂယက်တစ်သိန်းနဲ့ ခိုးပြသွားတဲ့ကားမျိုးပေါ့။ ဇာတ်လမ်းကတော့… ကံဆိုးလွန်းလို့ အလုပ်ပြုတ်သွားတဲ့ ခြေထောက်မသန်တဲ့ အစ်ကိုကြီးရယ်၊ စစ်ပြန်လက်တစ်ဖက်ပြတ် ညီလေးရယ်က သူတို့ရဲ့ ကံဆိုးမှုတွေကို အဆုံးသတ်ဖို့ဆိုပြီး NASCAR ကားပြိုင်ပွဲက ရရှိတဲ့ သန်းပေါင်းများစွာသော ငွေတွေကို မြေအောက်ပိုက်လိုင်းထဲကနေ ခိုးဖို့ ကြံစည်ကြတာ။ သူတို့ အစီစဉ်အောင်မြင်ဖို့ ဂျိုးဘန်းဆိုတဲ့ ဖောက်ခွဲ ဝိဇ္ဇာကြီးတစ်ဦးနဲ့ သူ့ရဲ့ အူကြောင်ကြောင် ညီလေးနှစ်ယောက်ကိုပါ လိုက်ပြီး သိမ်းသွင်းရတာပေါ့ဗျာ။ ဒီလိုနဲ့ သူတို့တွေပေါင်းပြီး…

  • မှော်ဘီက CCTV Record

    မှော်ဘီက CCTV Record

    မှော်ဘီမှာ လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၄ ရက်၊ မနက်ပိုင်းက လင်မယားချင်း စကားများရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်အသတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ အဲဒီဖြစ်စဉ်ဟာ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပြီး လူသတ်မှုကျူးလွန်သူ အမျိုးသားကိုလည်း ဖမ်းမိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ “အဲဒီလူက ခေါင်းကို တွဲလောင်းယူပြီး ပေတရာ ပြည်လမ်းအတိုင်း ဆွဲသွားတာ။ ကိုယ်လုံးကတော့ အိမ်မှာကျန်ခဲ့တယ်။ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားပြ မောင်းခိုင်းပြီး ကားပေါ် အဲဒီ ခေါင်းပြတ်ကြီးတင်ပြီး သူပါလိုက်သွားတယ်။ ကားကို တိုးဂိတ်ဘက်ကို မောင်းသွားတာ။ တိုးဂိတ်ရောက်တော့ ခေါင်းကြီးပစ်ချခဲ့တယ်။…

  • အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေ

    အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေ

    အိန္ဒိယတွင် လင်းနို့မှ ကူးစက်သော နီပါးဗိုင်းရပ်စ် ကူးစက်နေပြီး ကျန်းမာရေးဝန် ထမ်း ၅ ဦး ကူးစက်ခံရကာ လူ ၁၀၀ နီးပါးကို အသွားအလာကန့်သတ်ထား ကုသဆေးနှင့်ကာကွယ်ဆေးမရှိသေး အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့အနီးမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတဲ့ Nipah (နီပါး) ဗိုင်းရပ်စ် ကူးစက်မှုတွေ ပေါ်ပေါက်လာတာကြောင့် အာဏာပိုင်တွေက အရေးပေါ် ထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။ အခုနောက်ဆုံး သိရသလောက်ကတော့ ဆရာဝန် ၁ ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အတည်ပြုထားပါတယ်။ ဒီကူးစက်မှုဟာ ကိုလ်ကတ္တားမြို့နဲ့ မဝေးတဲ့ ဘာရာဆတ် (Barasat) မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုမှာ စတင်တွေ့ရှိခဲ့တာပါ။ အစပိုင်းမှာ သူနာပြုနှစ်ဦးမှာ ဗိုင်းရပ်စ်စတင်တွေ့ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာတော့ သူတို့နဲ့ ထိတွေ့မိတဲ့ ဆရာဝန်တစ်ဦးနဲ့…

  • ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲ

    ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲ

    ပေါက်ခေါင်းမြို့နယ်ထဲက ၁၀ ရက်ကြာတိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံး ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ၁၀ ရက်ကြာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅၅ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။ ဦးစွာ တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းမရှိသေးတဲ့ ဇန်နဝါရီ ၇ ရက် နေ့လည် ၁၂ နာရီလောက်မှာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာရှိမဲရုံကို ပြည်ခရိုင်တပ်ရင်း (၂) ၊ တပ်ခွဲ (၃) ရဲဘော်များက ဝင်ရောက်ရှာဖွေပြီး မဲစာရင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီလို မဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ ပေါက်ခေါင်းမြို့နယ်၊ ရေဖြူကျေးရွာဖက်ကို ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို…