Author: Baby Yit Lone

  • Hormones

    Hormones

    Hormones (2008) ယခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hormones ဆိုတဲ့ ထိုင်းဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ romance ကိုမှ comedy ဆန်ဆန် ရိုက်ကူးထားပြီး IMdb rating ဆိုရင်လည်း 7/10 ရထားတာမို့ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းချုပ်ဆိုတာထက် ဒီဇာတ်ကားလေးက Scenario သုံးခုလောက်ကို ပြိုင်တူ‌‌ဖော်ပြထားတာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ Hormones ဆိုတဲ့နာမည်လေးအတိုင်း ဇာတ်ကားလေးက အချစ်နဲ့ပတ်သက်ရင် ဖြစ်တတ်လာတဲ့လူ့လောကသဘာ၀ကို ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတာမို့ တချို့နေရာတွေမှာ ရယ်နေရင်းနဲ့ ငါကိုယ်တိုင်လည်း ဒီလိုကြုံခဲ့ဖူးပါလားဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်တဲ့ဇာတ်ကားလေးမို့ အမြန်ပဲကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

  • Hunting Jessica Brok

    Hunting Jessica Brok

    Hunting Jessica Brok (2025) Amazon Primeက ထုတ်တဲ့ တောင်အာဖရိကအက်ရှင်ကားပါ။ အက်ရှင်ကားကိုမှ ၂ နာရီခွဲမှာ ၂ နာရီလောက် သတ်ဖြတ်နေတဲ့ Non Stop အက်ရှင်တွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ Survival ကားလည်း ဆန်တာမို့ Survival ကားကြိုက်တဲ့လူတွေကြည့်လည်း ဖြစ်တဲ့ကားပါပဲ။ အက်ရှင်ကားအနေနဲ့ IMDB 6.6ရထားတာက မဆိုးဘူးပြောရပါမယ်။ ဇာတ်လမ်းကတော့ အထူးတပ်ဖွဲ့တစ်ခုဟာ လျှို့ဝှက်စစ်ဆင်ရေးအတွက် တာဝန်ချထားခံရပါတယ်။ ဆိုပေမဲ့ ဒီစစ်ဆင်ရေးကိုလူသိမခံသလို ဒီစစ်ဆင်ရေးအတွက် အစိုးရက တာဝန်လည်းမယူ နာမည်လည်းမခံခဲ့ပါဘူး။ လူကုန်ကူး မှောင်ခိုလုပ်တဲ့ အဖွဲ့တစ်ခုကို သွားဖမ်းရတာပါ။ ဆိုပေမဲ့ မအောင်မြင်သွားဘဲ အကုန်သေကုန်ပါတယ်။ အထူးအေးဂျင့် ဂျက်ဆီကာဘရော့ကတော့ ဂိုဏ်းခေါင်းဆောင်ရဲ့ ညီကိုသတ်ပြီး လွတ်လာပါတယ်။ နှစ်အတော်ကြာ ဂျက်ဆီကာဟာ ဘဝသစ်မှာ…

  • Hong Hoon

    Hong Hoon

    Hong Hoon (2014) ဒီဇာတ်ကားလေးမှာတော့ 2014မှာထွက်ရှိထားပြီး အစ်ကိုဖြစ်သူ“နုပ်”နဲ့ ညီမဖြစ်သူ”နစ်”ဆိုပြီးမောင်နှမ၂ယောက်ရှိပါတယ် “နုပ်”က ခြေထောက်ကျိုးပြီးလမ်းမလျှောက်နိုင်တဲ့ ညီမဖြစ်သူ”နစ်”ကိုပြုစုစောင့်ရှောက်ခဲ့တယ်။ တစ်နေ့မှာ”နစ်”ကတိုက်ပေါ်ကနေခုန်ချတယ် အဲ့နေ့ကနေစပြီး”နုပ်”ကစိတ္တဇဖြစ်သွားပြီး တစ်ရက်တစ်ရက် အခန်းထဲမှာပဲနေပြီးအိမ်ပြင်မထွက်ဘဲ နေနေခဲ့တယ် ။ တစ်နေ့မှာ “ပရာဖုပ်”ဆိုတဲ့နာမည်ကြီးမြှားပစ်အားကစားသမားတစ်ယောက်ဆုံးသွားပြီး သတင်းထဲပါလာတော့ “ပရာဖုပ်”ရဲ့သမီးဖြစ်သူ”ဖလွယ်” ကို “နုပ်”က ပုံစံတူရုပ်ထု ထုထားတဲ့လူတိုင်းကသေတယ်ဆိုပြီးပြောပြခဲ့ပါတယ်။ အစကတော့ “ဖလွယ်”ကမယုံပါဘူး နောက်တော့ ပုံစံတူရုပ်ထု ထုထားတဲ့လူကတစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားခဲ့တယ် အဲ့ကနေစပြီး “ဖလွယ်” က ရုပ်ထု လုပ်တဲ့လူကိုမြေလှန်ရှာပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကို ရင်ခုန်စွာ အတူကြည့်ရှူကြရအောင်နော်……

  • The First Ride

    The First Ride

    The First Ride (2025) Kang Ha-Neul, Kim Young-Kwang, Cha Eun-Woo, Kang Yeong-Seok နဲ့ Han Sun-Hwa တို့လို နာမည်ကြီး မင်းသား မင်းသမီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင် ဟာသကားသစ်လေး ထွက်ရှိလာပြီနော်။ 2023 ခုနှစ်တုန်းက အရမ်းပေါက်ခဲ့တဲ့ Love Reset ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာရဲ့ လက်ရာလေးမို့လို့ ရယ်ရမှာတော့ ကျိန်းသေတဲ့အပြင် Friendship ကို အသားပေး ရိုက်ပြပေးထားတာမို့လို့ ကြည့်ရင်း ရင်ထဲ နွေးထွေးကြည်နူးရစေဦးမှာ အမှန်ပါပဲ။ – ဇာတ်လမ်းအကျဉ်း – တစ်နေ့မှာ သုံးနာရီပဲ အိပ်ရလောက်တဲ့အထိ စာမှစာပဲ စိတ်ဝင်စားတဲ့ တစ်ကျောင်းလုံး အဆင့်တစ် ဂျောင်ထယ်ဂျောင်း (Kang Ha-Neul)……

  • ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်

    ကမ္ဘောဒီးယားကို ထိုင်းက လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်

    ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ထိုင်းစစ်သားတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့အပြီးမှာ အခုလို တုံ့ပြန်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြားဝင်ညှိနှိုင်းပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တယ်လို့ ၂ နိုင်ငံစလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။ “ထိုင်းဘက်က အခုချိန်မှာ လေကြောင်းအင်အားသုံးပြီး နေရာတော်တော်များများက စစ်ရေးပစ်မှတ်တွေကို စတင်တိုက်ခိုက်နေပါပြီ” လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကမ္ဘောဒီးယားဘက်ကတော့ ထိုင်းစစ်တပ်ဟာ မနက်အရုဏ်တက်အချိန်မှာ နေရာ ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိမိတို့ဘက်က လက်တုံ့ပြန်တာမျိုး မရှိသေးကြောင်း ပြောဆိုထားပါတယ်။ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ခရိုင် ၄ ခုက…