Author: Baby Yit Lone

  • ကောင်းမွန်တဲ့အရပ်မှာ အေးချမ်းစွာအနားယူပါတော့ ဖိုးသား

    ကောင်းမွန်တဲ့အရပ်မှာ အေးချမ်းစွာအနားယူပါတော့ ဖိုးသား

    ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် အခုလိုရောဂါနဲ့ ဆုံးသွားလို့ မောင်ဖြစ်အတွက် မဖြေဆည်နိုင်ဖြစ်နေရတဲ့ ဖွေးစိန် ဖွေးစိန်လေး အကယ်ဒမီပေးပွဲ တက်နေတုန်း မောင်ဖြစ်သူဆုံးသွားတဲ့ သတင်းကို ပရိတ်သတ်တို့လည်း ကြားဖူးလောက်ပြီထင်ပါတယ်နော်… အမေဖြစ်သူခမျာလည်း တော်တော်လေးကို ဝမ်းနည်းနေရှာတာ… လူတစ်ယောက်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာထက် ဖွေးစိန်တို့က မဖြေဆည်နိုင်ဖြစ်နေကြတာပါ ဘာလို့လဲဆိုတော့ သူ့မောင်လေးက ဆရာဝန်တစ်ယောက်ဖြစ်ပြီး နှလုံးရောဂါနဲ့ ကွယ်လွန်သွားလို့ပါပဲ ဆရာဝန်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဘဲဆိုတော့ ဒီလိုရောဂါတွေနဲ့ ကွယ်လွန်တတ်ပါတယ်နော်… ဒါပေမဲ့ သူ့ကိုယ်သူ ဆေးစစ်တာ ဆေးသောက်တာ ကာကွယ်တာတွေ သေချာမလုပ်လို့လား မသိဘူးနော်… ဒါမျိုးကြီး ရုတ်တရက်ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်… ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မောင်လေးဖြစ်သူ ဧဒင်ဦးရဲ့ ဈာပနအခမ်းအနားမှာ မြင်တွေ့ရတဲ့ ဖွေးဖွေးနဲ့ မိခင်ကြီး…

  • BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြု

    BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြု

    မြန်မာပြည်သူများကို အကာအကွယ်ပေးမည့် BRAVE Burma Act ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး စစ်တပ်ကို ပိုမို ပိတ်ဆို့အရေးယူရန်နှင့် မြန်မာ့အရေး အမေရိကန်သံတမန် ခန့်အပ်ရန် ပါဝင် မြန်မာနိုင်ငံရှိ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်ရန်နှင့် စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပိုမိုတင်းကျပ်ရန် ရည်ရွယ်သည့် BRAVE Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယင်းဥပဒေမူကြမ်းကို ပူးတွဲတင်သွင်းသူတစ်ဦးဖြစ်သည့် ရီပတ်ဘလစ်ကန်ပါတီမှ ကွန်ဂရက်လွှတ်တော်အမတ် တင်မ်ကနေဒီ (Tim Kennedy) က ယခုကဲ့သို့ အတည်ပြုနိုင်ခြင်းအပေါ် ကြိုဆိုလိုက်ပြီး “ဒီဥပဒေဟာ မိမိတို့ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို စစ်ကောင်စီက…

  • အချိန်ခရီးသွားသလို နှစ်ပေါင်း ၄၀ နီးပါး နောက်ဆုတ်သွားတဲ့ ရွှေပြည်ကြီးက အိမ်ရှင်မ တယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

    အချိန်ခရီးသွားသလို နှစ်ပေါင်း ၄၀ နီးပါး နောက်ဆုတ်သွားတဲ့ ရွှေပြည်ကြီးက အိမ်ရှင်မ တယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

    ကျွန်မက ၇ နှစ်အရွယ် သားလေးနဲ့ ၅ နှစ်အရွယ် သမီးလေး ရှိတဲ့ အိမ်ထောင်သည် အမျိုးသမီး တဦးပါရှင်။ ကုမ္ပဏီတခုမှာ လစာ ၁၅ သိန်းနီးပါးရတဲ့ မန်နေဂျာအဆင့် ဝန်ထမ်းတဦးပါ။ အမျိုးသားကတော့ ကျွန်မလောက် လစာ မကောင်းပေမယ့် နှစ်ယောက်ပေါင်းရင် တလကို သိန်း ၂၀ ကျော်တော့ ဝင်ပါတယ်ရှင်။ ကျွန်မ ဇာတိနယ်မှာတော့ ရန်ကုန်မှာ မန်နေဂျာဖြစ်နေတဲ့ ကျွန်မကို သူဌေးမကြီး၊ ဘောစိကြီးလို့ ခေါ်ကြရင် ကျွန်မ မချိပြုံးလေးပဲ ပြုံးပြနိုင်တော့တယ်ရှင်။ မိသားစု တလဝင်ငွေ သိန်း ၂၀ မှာ ၄ လွှာက တိုက်ခန်းကျဉ်းလေး ငှားဖို့ တလ ၄ သိန်းခွဲ ဖယ်ထားရပါတယ်ရှင်။ ကျန်တဲ့ ပိုက်ဆံထဲကနေ နယ်က မိဘတွေအတွက်…

  • စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ

    စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ

    နတ်တလင်းတွင် စစ်ကော်မရှင်က ၎င်းတို့တပ်ဖွဲ့ဝင်များ တပ်စွဲထားရာ ကျေးရွာကို ပါရာမော်တာဖြင့် မှားယွင်း ဗုံးကြဲ၍ စစ်သား ၁၀ ဦးထက်မနည်း သေဆုံး ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ငုတ်တရာကျေးရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရှိရာသို့ ၎င်းတို့အချင်းချင်း ပါရာမော်တာဖြင့် မှားယွင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ တပ်စွဲအခြေချ ထားသည့် ငုတ်တရာကျေးရွာအတွင်းသို့ စစ်ကော်မရှင်၏ ပါရာမော်တာတစ်စင်းက ဗုံးကြဲချခဲ့ခြင်း ဖြစ်ပြီး၊ အောက်ခြေရှိ တပ်ဖွဲ့ဝင်များကလည်း အဆိုပါ ပါရာမော်တာကို ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ “မှားကြဲတဲ့အချိန်မှာ တပ်သားတွေက ပါရာမော်တာကို လိုက်ပစ်နေတာကို တော်လှန်ရေးရဲဘော်တွေ မြင်လိုက်ရတယ်။ မှားကြဲတာကတော့ သေချာတယ်။ အဲဒီနေ့…

  • လက်ဆွဲတော်

    လက်ဆွဲတော်

    ဘိုတောက်သည် ဘကြီးဘုန်းကြီးကြောင့် တောမှ မြို့ရောက်ခဲ့ရသလို ဘကြီးဘုန်းကြီရဲ့ ရပ်ဆွေရပ်မျိုး ဦးလွန်းမောင်နဲ့ ဒေါ်တင်တင်မြင့်တို့ဆီမှာ နေခွင့် အလုပ်လုပ်ခွင့်ရရှိခဲ့ပြီး လူတလုံးသူတလုံး ဖြစ်လာခဲ့ပေသည် ။ မိဘမဲ့တကောင်ကြွက် ဘိုတောက်သည် ဘုန်းကြီးကျောင်းမှာ ကြီးပြင်းခဲ့ရသည်။ ဘကြီးဘုန်းကြီးက စာသင်ပေး သည် ။ ဘိုတောက်သည် ဉာဏ်ကောင်းသည် ။ တထွာပြရင် တတောင်မြင်သည် ။ ပါးနပ်သည် ။ ထို့ကြောင့် ဘကြီးဘုန်းကြီးက ဒီကလေးကို ရွာမှာဘဲ ဘုန်းကြီးကျောင်းမှာဘဲ မထားလို ။ တိုးတက်ကြီးပွားမဲ့ ကလေးဆိုပြီး မြို့ကိုခေါ်သွားခဲ့သည် ။ ဘကြီးဘုန်းကြီး ခေါ်လို့ ရန်ကုန်မြို့က ဦးလွန်းမောင်အိမ်ကိုရောက်တော့ ဘိုတောက်သည် သူဌေးအိမ်က ဧည့်ခန်းကြီးက သားရေဆိုဖါကြီးတွေမှာ မထိုင်ရဲ ။ ကြမ်းပြင်မှာဘဲ ထိုင်သည် ။ ဦးလွန်းမောင်က ရိုးအပြီးတောကျသော…