Author: Baby Yit Lone

  • ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား

    ဒေါ်အောင်ဆန်းစုကြည် ‘ကျန်းမာရေးကောင်းမွန်’ ပြီး နေပြည်တော်ရှိ ဝန်ကြီး ၁ ဦး၏ နေအိမ်တွင် ထိန်းသိမ်းထား

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်‌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်း အချက်အချာကျသော နေရာရှိ ဝန်ကြီးတဦး၏ နေအိမ်တွင် စစ်အုပ်စုက ပြောင်းရွှေ့ထိန်းသိမ်းထားပြီး “ကျန်းမာရေးကောင်းမွန်” သည်ဟု စုံစမ်းသိရသည်။

    ဧပြီ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အဆိုပါနေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံခဲ့ခြင်းဟု သတင်းရင်းမြစ်က ပြောသည်။

    “အန်တီစုက ကျန်းမာတယ်တဲ့ ။ (အန်တီစု) နေအိမ်ကျယ်ချုပ် နေအိမ်က ဝန်ကြီးတပါးရဲ့နေအိမ်။ အဲ့အိမ်ကို ရွှေ့လိုက်ပြီ။ အဲ့အိမ်မှာထားတယ်တဲ့။ ဝမ်ယိက ဝမ်ယိမပြန်ခင်မှာ အန်တီစုနဲ့ တွေ့သွားတယ်တဲ့” ဟု သတင်းရင်းမြစ်က ပြောသည်။

    ထိုစဉ်တွင် ဝမ်ယိက ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် တွေ့ဆုံသည့်သတင်းကိုသာ ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့်သတင်းကို ထုတ်ပြန်ခဲ့ခြင်းမရှိပါ။ ယင်းမှာ နှစ်ဖက်စလုံး၏ သဘောတူညီမှုဖြင့် သတင်းကို အများသိအောင် မထုတ်ပြန်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်ရှိနေသည့် ဝန်ကြီးနေအိမ်အား ထည့်သွင်းဖော်ပြခြင်းမပြုရန် သတင်းရင်းမြစ်က တောင်းဆိုထားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၏ ကာလရှည် မိတ်ဟောင်းဆွေဟောင်းတဦးဖြစ်ပြီး ၎င်းနှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေများကို တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် စောင့်ကြည့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ကြာသပတေးနေ့ (ဧပြီ ၃၀ ရက်) တွင် ပြောကြားခဲ့သည်။

    ယင်းနောက် ဧပြီ ၃၀ ရက်ညတွင်ပင် စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်ထားသည့် နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များ ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ကြောင်း MRTV ည ၈ နာရီသတင်းမှ ထုတ်ပြန်ခဲ့ရာ ဒေါ်အောင်ဆန်းစု မည်သည့်နေရာတွင် ရှိနေကြောင်း လူထု၏ မေးခွန်းထုတ်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့သည်။

    လက်ရှိတွင် ‘သတ်မှတ်နေအိမ်’ သို့ ပြောင်းရွှေ့ခံရသည့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ထုတ်ပြန်ချက်များထုတ်ပြန်ပြီး တိုက်တွန်းထားသည်။

    ၂၀၂၆ သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်များစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လူထုနှင့် လုံးဝအဆက်သွယ်ဖြတ်တောက်ထားခဲ့သည်။

  • လုပ်ခလစာမပေးတဲ့သူဌေးကို လည်လှီးသတ်လိုက်တဲ့ မြန်မာ ၄ ဦး

    လုပ်ခလစာမပေးတဲ့သူဌေးကို လည်လှီးသတ်လိုက်တဲ့ မြန်မာ ၄ ဦး

    လစာပိုက်ဆံ မပေးတဲ့ အသက် ၄၉ နှစ်၊ ထိုင်းရိုင်အလုပ်ရှင် သူဌေးကို မြန်မာပြည်သား ၄ ယောက် သတ်သွားပါတယ်။

    ဘာလို့ သူဌေးကို သတ်ရတာမေးတော့ စိတ်နာလို့၊ သူတို့ ရသင့်ရထိုက်တာကို မပေးတာ ကြာနေပြီ။

    ဒါကြောင့် သီးမခံနိုင်တော့လို့ သတ်ပစ်လိုက်တာတဲ့။

    ဒီဖြစ်စဉ်တွေ အစက သူဌေးရဲ့ အလုပ်ရုံက ချင်းမိုင်မြို့မှာပါ၊ မြန်မာ ၄ ယောက်ရဲ့ အတိုကောက်အမည်တွေက၊

    နိုင်စိုး၊ နိုင်ရောင်၊ နိုင်ဒမ်းနဲ့ နိုင်ဘော့တို့ဖြစ်ကြတယ်။

    (ထိုင်းမှာက ယောက်ျားလေးဆို အရှေ့က နိုင် ထည့်ခေါ်ပါတယ်။)

    သူတို့4ယောက်ရဲ့ ရစရာ ပိုက်ဆံတွေကို သူဌေးက မပေးတာကြာပီတဲ့။

    သွားတောင်းရင်လဲ ပြန်အော်ထုတ် မောင်းလွတ်တယ်။

    တခါတလေ မြန်မာ ၄ ဦးက ပိုက်ဆံမရှိလို့ ထမင်းငတ်ခဲ့ရတဲ့ ရက်တွေတောင် ကြုံခဲ့ရတယ်တဲ့။

    သူဌေးက အဲလိုမျိုး လုပ်နေတာကို သူငယ်ချင်း ၄ ယောက်က သည်းမခံ နိုင်တော့ဘူးတဲ့။

    1.05.2026 -မနက် ၂ နာရီ CCTV ထဲမှာ သူတို့ ၄ ယောက်က အလုပ်ရုံထဲကို ဝင်လာကြတယ်။

    နိုင်စိုးနဲ့ နိုင်ရောင်းက အိပ်ပျော်နေတဲ့ သူဌေးကို လည်လှီးသတ်လိုက်တယ်။

    ကျန်တဲ့ နိုင်ဒမ်းနဲ့ နိုင်ဘော့က လမ်းသွားလူအခြေအနေကို ကြည့်ပေးတယ်။

    ကိစ္စတွေ ပြီးစီးတော့ မြန်မာပြည်ဘက်ကိုကူးဖို့ ချင်းလိုင်းဘက်မှာ ၂ ရက်နေ့မှာပဲ ဖမ်းမိသွားတယ်လို့ သိရပါတယ်။

    အားလုံးထွက်ဆိုချက်က လုပ်အားခ မပေးတာကြာနေပြီ

    စိတ်နာလို့ရှင်းပစ်လိုက်တာလို့ ပြောပြခဲ့ပါတယ်။

  • ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား

    ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား

    ရွှေပြည်သာမှ အမျိုးသမီးတစ်ဦးကို တင်တောင်းငွေမက်လုံးပေးစည်းရုံးပြီး လက်ထပ်သည့် တရုတ်အမျိုးသား ကို အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်ချမှတ်

    ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို တရုတ်အမျိုးသား နဲ့ လက်ထပ်ပါက တင်တောင်းငွေကျပ်သိန်း၂၀၀ ခန့် ရရှိမယ်လို့ မက်လုံးပေးစည်းရုံးပြီး

    လက်ထပ်ယူကာ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် လုပ်ဆောင်တဲ့ တရုတ်အမျိုးသားကို အလုပ်နဲ့ထောင်ဒဏ် ၁၂ နှစ် ချမှတ် ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ သိရပါတယ်။

    ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ၁၉ ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး ဟာ အလုပ်လုပ်ကိုင်ရန် အတွက် တမြို့ထဲနေ သူငယ်ချင်းဖြစ်သူ မယုယုခိုင် ကို တိုင်ပင်ရာ

    မယုယုခိုင်မှ တရုတ်အမျိုးသားနဲ့ လက်ထပ်ရင် သိန်း ၁၈၀/၂၀၀ ရရှိမယ်လို့ စည်းရုံးပြောဆို၍

    ရွှေပြည်သာ ထန်းခြောက်ပင် (ပတ္တမြားဈေးအနီးရှိ) လက်ဖက်ရည်ဆိုင်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ၁၉ ရပ်ကွက်နေ ကိုဇာနည်မင်းနဲ့တွေ့ဆုံပေးခဲ့တယ်လို့ သိရပါတယ်။

    တဖန် ကိုဇာနည်မင်း မှ တစ်ဆင့်တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) နဲ့ တွေ့ဆုံပေးခဲ့ပြီး ဝူကျင်းမင်းက တင်တောင်းငွေကျပ်သိန်း ၁၈၀ ပေးမယ်လို့ ပြောဆိုကာ

    အကျိုးဆောင်ခအဖြစ် ကိုဇာနည်မင်းကို ငွေကျပ် ၅ သိန်းနဲ့ မင်္ဂလာဆွမ်းကျွေးဖို့ ငွေကျပ် ၁၀ သိန်း ပေးခဲ့တယ်လို့ သိရပါတယ်။

    မင်္ဂလာဆွမ်းကျွေးနေ့မှာ လူကုန်ကူးခံရတဲ့အမျိုးသမီးကို တင်တောင်းငွေကျပ်သိန်း ၈၀ ပေးခဲ့ပြီး ကျောက်တံတားခရိုင် တရားရုံးမှာ လက်ထပ်လက်မှတ်ရေးထိုးချိန် ငွေကျပ်သိန်း ၅၀ ကို ထပ်မံပေးခဲ့သလို

    ကျန်ငွေသိန်း ၅၀ ကို လေယာဉ်တက်ချိန်ပေးမယ်ဆိုပြီး တင်တောင်းငွေတွေနဲ့ မက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ်စေခဲ့ပြီး တရုတ်နိုင်ငံသို့ သွားရောက်ရန် စာရွက်စာတမ်းပြုလုပ်ချိန်တွင် လှိုင်သာယာမြို့နယ် ရွှေပဒုမ္မာဟိုတယ်မှာ ပေါင်းသင်းနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို တရုတ်နိုင်ငံသား နဲ့ လက်ထပ်ပေါင်းသင်းစေရန် တင်တောင်းငွေမက်လုံးပေးစည်းရုံးကာ အဓမ္မလက်ထပ် ထိမ်းမြားစေပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ရန် စီစဉ် ဆောင်ရွက်ခဲ့တဲ့ တရုတ်အမျိုးသား Mr. Wu Jin Min (ဝူကျင်းမင်း) ၊ ကိုဇာနည်မင်းနဲ့ မယုယုခိုင်တို့ သုံးဦးကို

    အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်) က တရားလိုပြုလုပ်တိုင်တန်းရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ ရွှေပြည်သာမြို့နယ် ရဲစခန်းမှာ ပါဝင်ပတ်သက်သူတွေကို အမှုဖွင့်တရားစွဲတင်ခဲ့ပြီး ဧပြီ ၂၄ ရက်မှာ မင်္ဂလာဒုံခရိုင်တရားရုံးက ဝူကျင်းမင်းကို အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    တိမ်းရှောင် တရားခံ မယုယုခိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ ကျင့် ၈၇/၈၈အတည်ပြုထုတ်ထုတ်ဆင့်ခဲ့ကာ

    လူကုန်ကူးရာမှာ ပါဝင်ပတ်သက်သူ ကိုဇာနည်မင်းကို ဖမ်းဆီးရမိမှု ရှိ၊ မရှိ အခြေအနေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ပြန်မှု တွင် ထည့်သွင်းထားမှုမရှိတာတွေ့ရပါတယ်။

  • ပေါင်ကြားကို အမျိုးသမီးတွေလာပွတ်လွန်းလို့ ပြောင်လက်နေတဲ့ အုတ်ဂူ

    ပေါင်ကြားကို အမျိုးသမီးတွေလာပွတ်လွန်းလို့ ပြောင်လက်နေတဲ့ အုတ်ဂူ

    ဒါကတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Père Lachaise သုသာန်မှာရှိတဲ့ Victor Noir ဆိုတဲ့ လူငယ်ရဲ့ အုတ်ဂူအကြောင်း ဖြစ်ပါတယ်။

    ​ဒီအုတ်ဂူဟာ “ကမ္ဘာမှာ လာရောက်ပွတ်သပ်သူ အများဆုံးအုတ်ဂူ” လို့တောင် တင်စားလို့ရပါတယ်။

    ​Victor Noir ဟာ ၁၉ ရာစုက ပြင်သစ်သတင်းထောက်တစ်ဦးပါ။ သူဟာ အသက် ၂၁ နှစ်အရွယ်မှာ နပိုလီယံရဲ့ အမျိုးဖြစ်သူနဲ့ စကားများရာကနေ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

    သူဟာ လူပျိုကြီးဘဝနဲ့ သေဆုံးခဲ့ရသလို၊ မသေခင် တစ်ရက်အလိုမှာတင် လက်ထပ်ဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

    ​သူ့ရဲ့ အုတ်ဂူကို ကြေးရုပ်တုနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူသေဆုံးချိန်မှာ လဲကျနေတဲ့ ပုံစံအတိုင်း ထုဆစ်ထားတာပါ။

    အဲဒီရုပ်တုရဲ့ ဘောင်းဘီခွကြား (ပေါင်ကြား) နေရာမှာ အဖုအထစ်တစ်ခု (Bulge) ဟာ သိသိသာသာ ထင်ရှားနေပါတယ်။

    နောက်ပိုင်းမှာ အမျိုးသမီးတွေကြားမှာ အယူအဆတစ်ခု ခေတ်စားလာပါတယ်။ အဲဒီရုပ်တုရဲ့ ပေါင်ကြားကို ပွတ်သပ်ရင်၊ ဒါမှမဟုတ် အဲဒီအပေါ်မှာ ခွထိုင်ရင် “ကလေးရလွယ်တယ်၊ အချစ်ရေးကံကောင်းတယ်၊ အိမ်ထောင်ရေး သာယာတယ်” ဆိုပြီး ယုံကြည်လာကြတာပါ။

    ​ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသမီးတွေ လာရောက်ပွတ်သပ်ကြလွန်းလို့ ရုပ်တုတစ်ခုလုံးက ကြေးညှိတွေတက်ပြီး မည်းနေပေမဲ့ အဲဒီ ပေါင်ကြားနေရာ နဲ့ နှုတ်ခမ်း၊ ဖိနပ် နေရာတွေတင်ဟာ ပွတ်တိုက်အားကြောင့် အရောင်တွေ ပြောင်လက်နေပါတယ်။

    ​၂၀၀၄ ခုနှစ်မှာတော့ အာဏာပိုင်တွေက ဒီရုပ်တုကို “မဖွယ်မရာ လုပ်ဆောင်မှုတွေ” ကနေ ကာကွယ်ဖို့ ခြံစည်းရိုးတွေ ခတ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အမျိုးသမီးတွေရဲ့ ကန့်ကွက်မှုကြောင့် ခြံစည်းရိုးကို ပြန်ဖယ်ပေးခဲ့ရပါတယ်။

  • ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    ၄၈ နာရီအတွင်း..မိုးတွေအသားကုန်ဝုန်းမယ့် ဒေသတွေ

    မိမိတို့ဒေသက ဆွေမျိုးမိတ်ဆွေများ သိရှိနိုင်အောင် Share ပေးပြီး အသိပေးလိုက်ကြရအောင်ဗျာ။ 📢

    ဒေါက်တာစိုင်းခွန်အာကာ ၏ မိုးလေဝသခန့်မှန်းချက်များအရ လာမည့် ၄၈ နာရီအတွင်း (မေလ ၉ ရက်နေ့အထိ) အောက်ပါဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရာသီဥတုအပြောင်းအလဲ ပြင်းထန်နိုင်ပါတယ်။

    📌 ကချင်ပြည်နယ်အတွင်း နေထိုင်သူများအတွက်

    မြစ်ကြီးနား၊ ပူတာအို၊ ချီဖွေ၊ တနိုင်းနှင့် မိုးညှင်းခရိုင်များတွင် တစ်ပြည်နယ်လုံးအနှံ့ မိုးဆက်လက်ရွာသွန်းပါမယ်။

    အထူးသဖြင့် ပူတာအိုနှင့် မြစ်ကြီးနား မှာ မိုးရေချိန် (၃) လက်မမှ (၄) လက်မအထိ နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

    မြစ်ချောင်းဘေးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ မြစ်ရေမြင့်တက်မှုကို ဂရုစိုက်ကြပါရန်။

    📌 မကွေးတိုင်းအတွင်း နေထိုင်သူများအတွက်

    ဆော၊ ချောက်၊ စေတုတ္တရာ၊ ရေနံချောင်း၊ ငဖဲနှင့် မင်းဘူးမြို့များတွင် နေရာကွက်၍ မိုးများနိုင်ပါတယ်။

    တစ်တိုင်းလုံးတွင် မိုးရွာသွန်းမည့်အပြင် လေပြင်း တိုက်ခတ်နိုင်ခြေရှိပါတယ်။

    နေအိမ်အမိုးအကာများကို အချိန်မီ ခိုင်ခံ့အောင် ကြိုတင်ပြင်ဆင်ထားကြဖို့ တိုက်တွန်းပါရစေ။

    အပြောင်းအလဲမြန်တဲ့ ရာသီဥတုကြောင့် အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။ 🙏