Author: Baby Yit Lone

  • မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းစစ်တပ် အရာရှိတယောက်က ပြောပါတယ်။ စက်တင်ဘာ ၁ ရက်က မြဝတီမြို့နယ်ကနေ မဲဆောက်ဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖုတ်ဖရရွာမှာ ဖမ်းဆီးမိခဲသလို ဩဂုတ် ၃၁ ရက်ညကလည်း လှိုင်းဘွဲမြို့နယ်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်လာပြီး နွားတင်ကားနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ယောက်ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ကယ်ရီခ ဘတ်ငွေ ၁၅၀,၀၀ စီး ပွဲစားကို ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

  • တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်

    တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင်ပိုင်းများအား ခေါ်ယူတွေ့ဆုံပြီး လက်နက်နှင့်ငွေကြေးအကူအညီများ ရပ်တန့်ကြောင်း တရားဝင်ပြောကြားကာ အများပြည်သူသိရှိရန် ထုတ်ပြန်သည်ကို တွေ့ရ၏။ ဤအခြေအနေသို့ မည်သို့မည်ပုံ ရောက်ရှိခဲ့သည်ကို သုံးသပ်ရန် သမိုင်းကြောင်းကို ပြန်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။ ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှခွဲထွက်ပြီး စစ်တပ်နှင့် UWSA အပစ်ရပ်ခဲ့၏။ ၁၉၉၁ မှ ၁၉၉၆ ခုနှစ်ကြား ထိုင်းနယ်စပ်ရှိ ခွန်ဆာ၏ မုံးတိုင်းတပ် (MTA) ကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ ၂၀၀၂ မှ ၂၀၀၅…

  • နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    စင်္ကာပူနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးသည် သူ့အသက်ထက် နှစ်ဆကျော်ပိုကြီးသည့် အမျိုးသားတဦးနှင့် dating အက်ပလီကေးရှင်းတခုပေါ်တွင် သိကျွမ်းပြီး ယင်းနောက် အပြင်တွင် ချိန်းတွေ့ကာ ညစာစားသောက်ပြီးနောက် နှစ်ဦးသဘောတူမှုဖြင့် လိင်ဆက်ဆံခဲ့ကြသည်။ ယင်းနောက် အမျိုးသမီးက သူ့အား စင်္ကာပူဒေါ်လာ ၁,၂၀၀ (အမေရိကန်ဒေါ်လာ ၉၃၅) ပေးရန် အသက် ၄၃ နှစ်အရွယ် အမျိုးသားကို တောင်းခဲ့ချိန် အမျိုးသားက ယင်းတောင်းသည့်ပမာဏအတိုင်းပေးရန် ငြင်းဆန်ပြီး စင်္ကာပူဒေါ်လာ ၅၀၀ သာ ပေးမည်ဟု ပြောခဲ့သည်။ ထိုအခါ စိတ်ဆိုးဒေါသထွက်သွားသည့် အမျိုးသမီးက ရဲခေါ်ကာ သူ အဓမ္မပြုကျင့်ခံရသည် ဆိုပြီး လိမ်လည်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ အစိုးရဝန်ထမ်းတဦးထံ မမှန်မကန် သတင်းအချက်အလက်ပေးမှု စွဲချက်၊ အဓမ္မပြုကျင့်မှုဖြင့် ရဲထံ တိုင်တန်းမည်ဟု ခြိမ်းခြောက်မှု စွဲချက်…

  • နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    နယ်စပ်ကုန်သွယ်ရေးအရှိန်မြှင့်မည်၊ မြစ်ဆုံဆည်၊ ကျောက်ဖြူဆိပ်ကမ်းနှင့် မီးရထားလမ်း စီမံကိန်းများ ဆက်လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံရေးအခြေအနေနှင့် နယ်မြေတည်ငြိမ်မှုအပေါ်တွင် အဓိကအမှီပြုသော်လည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များသည် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှုရှိရာ ဖိအားပေးပါက နယ်စပ်ဂိတ်များ ပွင့်ကောင်းပွင်နိုင်သည်ဟု ဆိုသည်။ မြန်မာနှင့် တရုတ်နယ်စပ်ကုန်သွယ်ရေးကို ယခုထက်အရှိန်မြှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာဘီလျံချီ ရင်းနှီးမြှုပ်နှံမည့် တရုတ်၏လျှပ်စစ်၊ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၊ အခြေခံအဆောက်အဦ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။ ရှန်ဟိုင်းပူပေါင်း ဆောင်ရွက်ရေးအဖွဲ့၊ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ (ဩဂုတ်လ၊ ၃၁ရက်နေ့၊)က တီယန်ကျင်းမြို့တွင် ပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးမြှင့်တင်မှုဆွေးနွေးပွဲတွင် တရုတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ တရုတ်နယ်စပ်ရှိ တိုင်းရင်းသား တော်လှန်ရေးပူးပေါင်းတပ်များ၏ နာမည်ကျော် ၁၀၂၇ စစ်ဆင်ရေးနှင့် ကချင်ပြည်နယ်အတွင်းရှိ…

  • စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံး

    ဝိုင်းမော်ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ တင့်ကားများဖြင့် ၆ ရက်ဆက် ပစ်ခတ်မှု အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင် ကလေးငယ် မခေါင်နော ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သေဆုံးသူ ကလေးငယ်၏ အုပ်ထိန်းသူနှင့်ရင်းနှီးသူက ပြောဆိုသည်။ ဩဂုတ်လ ၂၇ ရက်နေ့မှ စတင်၍ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို လေယာဉ်၊…