Author: Baby Yit Lone

  • ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေ

    ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေ

    စုံမ ကားနံပါတ်များ ၂ ရက်တခါမှ လမ်းပေါ်တက်ခွင့်ပေးထားသော်လည်း ကျောင်းကားနဲ့ အလုပ် ဖယ်ရီကားများကတော့ နေ့စဥ် လမ်းပေါ် တက်ခွင့် ရမယ်လို့ သိရပါတယ်။

    ဒါပေမယ့် ကျောင်းကား၊ ဖယ်ရီကားနဲ့ ကုန်တင်ကားတွေမှာ သက်ဆိုင်ရာ ဌာနရဲ့ ထောက်ခံစာအပြင် ကားပေါ် ပါလာတဲ့သူတွေမှာလည်း ထောက်ခံစာပါမှ ခွင့်ပြုမယ်လို့ သိရပါတယ်။

    ကားထောက်ခံစာ၊ လူထောက်ခံစာ မပါရင် အရေးယူမယ်လို့လည်း သိရပါတယ်။

    မော်တော်ပီကယ်တွေကတော့ ဝမ်းသာပြီးရင်း ဝမ်းသာနေကြတော့မှာပါပဲ။

    စစ်ကော်မရှင်၏ စုံ/မ ကားမောင်းနှင်ခွင့် ကန့်သတ်မှုကို စစ်တပ်လော်ဘီများပင် လှောင်ပြောင်နေ

    အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် စက်သုံးဆီပြတ်လပ်မှုကို အကြောင်းပြကာ စစ်ကော်မရှင်က ကားနံပါတ် စုံ/မ ရက်အလိုက် ခွဲခြားမောင်းနှင်ရန် ထုတ်ပြန်လိုက်ခြင်းအပေါ် အများပြည်သူသာမက စစ်တပ်ထောက်ခံသူ လော်ဘီများကပါ ထူးခြားဆန်းပြားသည့် စီမံခန့်ခွဲမှုအဖြစ် လှောင်ပြောင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။

    အဆိုပါ ထုတ်ပြန်ချက်အရ လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှစတင်ကာ ပုဂ္ဂလိကယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များသည် နေ့စွဲအလိုက် မိမိတို့ယာဉ်နံပါတ်၏ စုံ/မ ဂဏန်းအတိုင်းသာ လမ်းပေါ်တက်မောင်းရမည်ဖြစ်ပြီး၊ ဖောက်ဖျက်ပါက အရေးယူမည်ဟု စစ်ကော်မရှင်က ဆိုထားသည်။

    ယင်းကိစ္စနှင့် ပတ်သက်၍ စစ်တပ်လော်ဘီတစ်ဦးဖြစ်သူ ဘကောင်းက လူမှုကွန်ရက်တွင် ရေးသားရာ၌ “ကားနံပါတ်တောင် Gender (ကျား/မ) ခွဲလာပြီနော် အခုလို စုံ/မ စနစ်နဲ့ စီးပွားရေးကို ထိန်းချုပ်တဲ့ မဟာဗျူဟာမျိုး သာမန်မဟုတ်တဲ့သူတွေသာ စဉ်စားတတ်တာ၊ စီးပွားရေး ပညာရပ်ထဲ လိုက်ရှာရင် မူးသွားလိမ့်မယ် ” ဟု တယ်လီဂရမ်ချန်နယ်၌ လှောင်ပြောင်ရေးသားထားသည်။

    ၎င်းက ဆက်လက်၍ “နိုင်ငံရေးက ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့သူတွေ ကိုယ်ပိုင်တာ ဘာကျန်သေးလဲ ငုံကြည့်ကြပါဦး။ ဖိနပ်တောင် ကျန်သေးလားလို့ပါ” ဟု ရေးသားထားရာ စစ်ကော်မရှင်၏ စီမံခန့်ခွဲမှုအောက်တွင် ပြည်သူများမှာ အခြေခံအခွင့်အရေးများပင် ဆုံးရှုံးနေရပြီဖြစ်ကြောင်း သွယ်ဝိုက်ရေးသားထားသေးသည်။

    မြေပြင်ရှိ ပြည်သူများကလည်း ယခုစနစ်အပေါ် စိတ်ညစ်နေကြသည်”ဆီမသွင်းနိုင်တာကို စစ်ပွဲအကြောင်းပြ၊ ပြီးတော့ ပြည်သူ့ကားတွေကို နံပါတ်ခွဲမောင်းခိုင်းတာက တကယ့်ကို ရယ်စရာကောင်းတဲ့ အဖြေပဲ။ ကားနှစ်စီးရှိတဲ့သူကတော့ အဆင်ပြေမှာပေါ့၊ တစ်စီးပဲရှိတဲ့ လက်လုပ်လက်စားတွေကျတော့ ဘယ်လိုလုပ်မလဲ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်၏ သတ်မှတ်ချက်တွင် လျှပ်စစ်သုံးယာဉ် (EV)၊ ဆိုင်ကယ်၊ လူနာတင်ယာဉ်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်များကို ကင်းလွတ်ခွင့်ပေးထားသော်လည်း၊ အခြေခံကုန်စည်စီးဆင်းမှုတွင် အဓိကကျသော လုပ်ငန်းသုံးယာဉ်များမှာမူ စုံ/မ စနစ်အောက်တွင် ပိတ်မိနေသဖြင့် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာရန်သာ ရှိနေသည်။

    အခြားပြည်သူတစ်ဦးကလည်း “ဒါက နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ပြောလို့မရတော့ဘူး။ စစ်ကော်မရှင်က စီမံခန့်ခွဲမှု ညံ့ဖျင်းလေလေ ပြည်သူတွေက ထမင်းလုပ်ကို ရိုက်ချခံရလေလေပဲ ” ဟု ဆိုသည်။

    စောင့်ကြည့်လေ့လာသူများကမူ စစ်ကော်မရှင်အနေဖြင့် စက်သုံးဆီအကျပ်အတည်းကို ရိုးသားစွာ မဖြေရှင်းဘဲ နိုင်ငံတကာအခြေအနေကို အကြောင်းပြကာ ပြည်သူကိုသာ ထိန်းချုပ်ကန့်သတ်သည့် နည်းလမ်းဟောင်းများကို အသုံးပြုနေခြင်းဖြစ်ကြောင်း ပြောသည်။

    လက်ရှိတွင် မတ်လ ၇ ရက်နေ့ မတိုင်မီ ဆီကြိုတင်ဖြည့်တင်းလိုသူများကြောင့် ဆီဆိုင်များတွင် ကားတန်းကြီးများ ရှည်လျားလျက်ရှိပြီး၊ လော်ဘီများ၏ လှောင်ပြောင်မှုနှင့် ပြည်သူ့ဒေါသတို့ ပေါင်းစုံကာ စစ်ကော်မရှင်အပေါ် ယုံကြည်မှုမှာ အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

  • အခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင်

    အခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင်

    တကယ်လို့ ယခုလို စက်သုံးဆီ ပြတ်တဲ့ ဖြစ်ရပ်မျိုး လွန်ခဲ့တဲ့ ၆ နှစ်ကသာ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို ၂ ရက် တခါပဲ ကားမောင်းလို့ ရမယ့် ကြောင်တောင်တောင် စုံမ အမိန့်မျိုးတွေ ထွက်လာမယ် မထင်ပါဘူး။ အဲဒီအချိန်မှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို မှန်းဆ ဖော်ပြပေးလိုက်ပါတယ်-

    ပထမဆုံး နိုင်ငံတော် အကြီးအကဲက ပြည်သူတွေကို မိန့်ခွန်းပြောပါလိမ့်မယ်။ “ကမ္ဘာမှာ ဒီလို အခြေအနေတွေ ရှိလို့ ကျွန်မတို့ စက်သုံးဆီတွေ ချွေတာဖို့ လိုအပ်နေပါပြီ” လို့ မိန့်ခွန်းထဲကနေ တည်ကြည်လေးနက်စွာနဲ့ ပြောပါလိမ့်မယ်။

    နိုင်ငံမှာ အရန်စက်သုံးဆီ ပမာဏ မည်မျှ သိုလှောင်ထားတယ်ဆိုတာပါ မိန့်ခွန်းထဲမှာ တခါတည်း ပြောပါလိမ့်မယ်။ ရှေ့ဆက်သွားမယ့် နိုင်ငံရဲ့ စက်သုံးဆီ မူဝါဒကိုလည်း ရှင်းပြပါလိမ့်မယ်။

    နိုင်ငံတော် အကြီးအကဲ မိန့်ခွန်းပြီးတာနဲ့ ဝန်ကြီးဌာနက ဆီဆိုင်တွေမှာ စက်သုံးဆီရောင်းချမှုကို အတိုင်းအတာတခုအထိ ကန့်သ၊တ်လိုက်ပါမယ်။ လွှတ်တော်ထဲမှာလည်း အမတ်တွေက စက်သုံးဆီကိစ္စ ကြယ်ပွင့်ပြ မေးခွန်းတွေ မေးပြီး အပြန်အလှန် ဆွေးနွေး ငြင်းခုံကြကာ အကောင်းဆုံး အဖြေကို ရှာကြပါလိမ့်မယ်။

    နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ဦးဆောင်ပြီး အစိုးရ ခေါင်းဆောင်တွေ အပါအဝင် အစိုးရတဖွဲ့လုံး စုပေါင်းယာဉ်တွေ စီးပြပြီး ပြည်သူတွေကို စက်သုံးဆီ ချွေတာဖို့ လှုံဆော်ပါလိမ့်မယ်။

    ပြည်သူတွေကလည်း အကြီးအကဲတွေရဲ့ ဦးဆောင်မှုကို လိုက်နာကာ ကိစ္စ အရေးကြီးမှသာ ကိုယ်ပိုင်ကားတွေကို အသုံးပြုကြပြီး စက်သုံးဆီကို ချွေတာကြပါလိမ့်မယ်။

    လုပ်ငန်းရှင် သူဌေးကြီးတွေဟာ ပြည်သူတွေ ပို့ဆောင်သွားလာရေး အဆင်ပြေစေဖို့ အများပြည်သူတွေ စုပေါင်းအသုံးပြုနိုင်တဲ့ လျှပ်စစ်ဘတ်စ်ကားတွေကို နိုင်ငံခြားကနေ အလျင်အမြန် တင်သွင်းပေးပါလိမ့်မယ်။

    YBS ယာဉ်မောင်းကြီးတွေကလည်း ပြည်သူတွေအတွက် မနက် ၄ နာရီကနေ ည ၁၂ နာရီအထိ YBS ယာဉ်တွေကို မနားတမ်း မောင်းပေးကြပါလိမ့်မယ်။ အရပ်ဖက် အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းပြည်သူတွေကလည်း စက်သုံးဆီ ချွေတာလို့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို အခမဲ့ ကူညီပေးဖို့ ရှေ့ထွက်လာကြပါလိမ့်မယ်။

    နည်းပညာ တက္ကသိုလ်တွေ၊ ပြင်ပ နည်းပညာ ကျွမ်းကျင်ပညာရှင်တွေက စက်သုံးဆီကို ချွေတာနိုင်မယ့် နည်းလမ်းတွေကို အမျိုးမျိုး တီထွင်ကြံဆပြီး ပြည်သူတွေကို အခမဲ့ ဖြန့်ဝေပေးပါလိမ့်မယ်။

    ရပ်ကွက်ထဲက ဆိုက်ကားဆရာကြီးတွေဟာလည်း ပြည်သူတွေ သွားချင်တဲ့နေရာကို ပျော်ပျော်ရွှင်ရွှင်နဲ့ အခမဲ့ ပို့ဆောင်ပေးကြပါလိမ့်မယ်။ လူငယ်တွေကလည်း ကိုယ်ပိုင် စက်ဘီးတွေနဲ့ ပြည်သူတွေ ပို့ဆောင်ချင်ကြတဲ့ ပစ္စည်းတွေကို အခမဲ့ ပျော်ရွှင်စွာ ပို့ဆောင်ပေးကြပါလိမ့်မယ်။

    အဲဒီလို လုပ်အားဒါန ပေးကြတဲ့သူတွေကို ပြည်သူတွေက အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ လှူဒါန်းပြီး ကမ္ဘာမှာ မြန်မာဟာ အရက်ရောဆုံးဆိုတဲ့ စကားကို သက်သေပြပြီး ကမ္ဘာ့မှတ်တမ်းဝင်အောင် လုပ်ပြကြပါလိမ့်မယ်။

    ရပ်ကွက်ထဲက အန်တီကြီးတွေ ဦးဆောင်ပြီး စုပေါင်းလမ်းလျှောက်ပွဲတွေ ပြုလုပ်လာကြပါလိမ့်မယ်။ “စက်သုံးဆီ ချွေတာဖို့ လမ်းလျှောက်စို့” ဆိုတဲ့ ဆောင်ပုဒ်ကို လူမှုကွန်ရက်တွေမှာ ဖြန့်ဝေပြီး လမ်းလျှောက် ကမ်ပိန်းတွေ လုပ်ဖို့ အွန်လိုင်းဆယ်လီတွေက နှိုးဆော်ပါလိမ့်မယ်။

    ထပ်ဖြည့်စရာတွေ အများကြီး ကျန်ပါသေးတယ်။ စာဖတ်သူတွေလည်း ထပ်ဖြည့်ပေးလို့ ရပါတယ်။ ခေါင်းဆောင်ကောင်း တယောက်ကြောင့် ကြုံနေရတဲ့ အခက်အခဲတွေကို ပြည်သူတွေ ရင်ထဲမှာ ဒုက္ခလို့ မတွေးမိတော့ဘဲ စုပေါင်းအားနဲ့ ဖြတ်ကျော်နိုင်ရမယ်ဆိုတဲ့ ခွန်အားကို ရရှိစေပါတယ်။ တွေးကြည့်ရုံနဲ့တင် ဘယ်လောက် ကြည်နူးစရာ ကောင်းလိုက်မလဲဆိုတာ လက်တွေ့ပါပဲ။

    အခုကျတော့ အပေါ်က အခြေအနေတွေနဲ့ ပြောင်းပြန်ဆိုတာ စုံမ ကားမထွက်ရ ပို့စ်တွေရဲ့ အောက်က ကွန်းမန့်တွေမှာ မျက်မြင်ပါပဲ။ အဲဒါကြောင့် နိုင်ငံ တခု တိုးတက်ဖို့ ခေါင်းဆောင်က အဓိက ကျတယ်ဆိုတဲ့ အချက်ဟာ ငြင်းမရတဲ့ အချက်ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

  • လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    လူပုဂ္ဂိုလ် ၃၀၃ ဦးအား ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်

    နိုင်ငံတော်ယာယီသမ္မတက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စွမ်းစွမ်းတမံ ဆောင်ရွက်ကြတဲ့ လူပုဂ္ဂိုလ် ၃၀၃ဦးကို ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်လိုက်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ၂ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။

    အဲဒီလိုချီးမြှင့်ရာမှာ သရေစည်သူဘွဲ့ကို အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊ Jeng Phangနော်တောင်၊ ဦးမျိုးသန့်တို့ကို ချီးမြှင့်လိုက်တာဖြစ်ပါတယ်။

    စည်သူဘွဲ့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးနဲ့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်းတို့ကို ချီးမြှင့်လိုက်တာပါ။

    သီရိပျံချီဘွဲ့ကို ပြည်ထောင်စုဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအောင်ကျော်ဟိုး၊ ဦးချစ်ဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၇ဦးနဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအဖွဲ့ဝင် ဦးခင်မောင်ကျော်တို့ကို ချီးမြှင့်တာဖြစ်ပါတယ်။

    ဆက်လက်ပြီး ဇေယျကျော်ထင်ဘွဲ့ကို ၅ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ကို ၁၆ဦး၊ သိပ္ပကျော်စွာဘွဲ့ကို၂ဦး ချီးမြှင့်ပြီး အဆိုတော် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ်နဲ့ သရုပ်ဆောင်ခန့်စည်သူတို့ကို အင်္လကာကျော်စွာဘွဲ့ ချီးမြှင့်ပါတယ်။

    ဂုဏ်ထူးဆောင်တံဆိပ်တွေချီးမြှင့်ရာမှာ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကို ၂ဦး၊ ရဲဗလတံဆိပ်ကို ၂၇ဦး၊ ရဲသူရိန်တံဆိပ်ကို ၂ဦး၊ ရဲကျော်စွာတံဆိပ်ကို၃ဦး၊ ရဲကျော်သူတံဆိပ်ကို ၁ဦး၊ စီမံထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၉ဦး၊ စီမံထူးချွန်တံဆိပ်(ဒုတိယအဆင့်)၁၃ဦး၊ စီမံထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁၁၅ဦး ချီးမြှင့်ပါတယ်။

    အနုပညာရှင်တွေဖြစ်ကြတဲ့ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေးတို့အပါအဝင် ၈ဦးကို လူမှုထူးချွန်တံဆိပ်(ပထမအဆင့်)၊ အနုပညာရှင်တွေဖြစ်ကြတဲ့ ငှက်ပျောကြော်၊ သွက်လက်၊ စူပါလင်း၊ ပြည်တွင်းသတင်းဌာနတွေက သတင်းမီဒီယာသမားတွေအပါအဝင် ၁၁ဦးကို လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်)၊ အနုပညာရှင်တွေဖြစ်ကြတဲ့ မနော၊ J Fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ နက္ခတ်၊ နေထူးနိုင်၊ ဗညားရဲရင့်၊ ဇော်ဝင်းနိုင်(မန်း)၊ ဆင်မ၊ ခင်လှိုင်၊ ဝိုင်းလမင်းအောင်၊ မေ့ချစ်သက်တို့အပါအဝင် ၁၉ဦးကို လူမှုထူးချွန်တံဆိပ်(တတိယအဆင့်) ပေးအပ်ချီးမြှင့်ပါတယ်။

    ဒါ့အပြင် လယ်ယာစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁၂ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၁ဦး၊ ဝန်ဆောင်စီးပွားထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၃ဦး၊ ဝိဇ္ဇာပညာထူးချွန်တံဆိပ်(ပထမအဆင့်)ကို ၁ဦး၊ နည်းပညာဆိုင်ရာထူးချွန်တံဆိပ်(ဒုတိယအဆင့်)ကို ၁ဦး၊ နည်းပညာဆိုင်ရာထူးချွန်တံဆိပ်(တတိယအဆင့်)ကို ၂ဦး ချီးမြှင့်ပါတယ်။

    အနုပညာရှင်တွေဖြစ်ကြတဲ့ ရဲအောင်၊ မြင့်မြတ်၊ အောင်ခိုင်၊ မင်းဇော်၊ ဇော်ဦးတို့ကို အနုပညာထူးချွန်တံဆိပ်(ပထမအဆင့်)၊ Lဆိုင်းဇီ၊ နီနီခင်ဇော်၊ စိုးစန္ဒာထွန်း၊ ထူးအယ်လ်လင်းတို့ကို အနုပညာထူးချွန်တံဆိပ်(ဒုတိယအဆင့်) ချီးမြှင့်ခဲ့ပြီး ဦးမျိုးဌေး(ဝင်းနွယ်-သစ်တော)ကို စာပေပညာထူးချွန်တံဆိပ်(တတိယအဆင့်) ချီးမြှင့်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်ကော်မရှင်က စစ်လော်ဘီ ၈ ဦးကို ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ် ပေးအပ်

    စစ်ကော်မရှင်က တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ စစ်လော်ဘီ ၈ ဦးကို ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ်တွေ ပေးအပ်လိုက်တယ်လို့ ဒီနေ့ မတ်လ ၂ ရက်မှာ ကြေညာလိုက်ပါတယ်။

    ဒီတံဆိပ်ပေးအပ်မှုကို တောင်သူလယ်သမားနေ့နဲ့ တပြိုင်တည်း ကျင်းပခဲ့တာဖြစ်ပြီး စစ်လော်ဘီ ၈ ဦးအပါအဝင် စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ စုစုပေါင်း ၂၀၀ ကျော်ကို တစ်ပြိုင်တည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။

    ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ် ရရှိခဲ့တဲ့ စစ်လော်ဘီ ၈ ဦးမှာ

    အွန်လိုင်းဝဏ္ဏ၊ နောင်တော်လေး၊ ကျော်စိုးဦး၊ အောင်ကျော်မိုး၊ ထူးမောင်မောင်၊ ခက်နှင်းဆု၊ သဇင်ဦး နဲ့ အောင်မင်းတို့ ပါဝင်ပါတယ်။

    ဒါအပြင် လူမှုထူးချွန်တံဆိပ် ပထမအဆင့်မှာတော့ သရုပ်ဆောင် ရဲအောင်၊ အောင်ခိုင်၊ ဇော်ဦး၊ မြင့်မြတ် နဲ့ တေးရေးပညာရှင် မင်းဇော်တို့ကို ပေးအပ်ခဲ့ပါတယ်။

    ဒုတိယအဆင့် လူမှုထူးချွန်တံဆိပ်ကိုတော့ အဆိုတော် L ဆိုင်းဇီ၊ နီနီခင်ဇော်၊ စိုးစန္ဒာထွန်း နဲ့ ထူးအယ်လင်းတို့လည်း ရရှိခဲ့ကြပြီး တတိယအဆင့်အနေနဲ့ အဆိုတော် မနော၊ J Fire၊ မေသက်ထားဆွေ၊ ဗီဗာဟိန်း၊ စိုးသီဟ၊ ဇော်ဝင်းနိုင် (မန်း)၊ ဆင်မ၊ ခင်လှိုင် နဲ့ နေထူးနိုင်တို့ ပါဝင်လာခဲ့ပါတယ်။

    အလားတူ အလင်္ကာကျော်စွာဘွဲ့ကိုတော့ အဆိုပညာရှင် ဦးသန်းမြတ်စိုး၊ ဦးကေတုဝင်းထွဋ် နဲ့ သရုပ်ဆောင် ခန့်စည်သူတို့ ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။

    ဒီလို စစ်လော်ဘီတွေနဲ့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေကို တံဆိပ်တွေ ပေးအပ်တာဟာ လူထုအပေါ် စစ်ရေးဖိနှိပ်မှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အချိန်နဲ့ တပြိုင်တည်း ဖြစ်ပေါ်လာတာကြောင့် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်သုံးသပ်မှုတွေ ထပ်မံ ထွက်ပေါ်နေပါတယ်။

    အဲ့လို ပြတ်ပြတ်သားသား ဘော မ ရဲတာကို ကြိုက်တာ။

    ဘွိုင်းကော့ဆိုတာကို သောက်ဖက်မလုပ်ကြတဲ့နောက် အဲ့လိုတွေ ရှေ့ဆက်လည်းမြင်ကြရဦးမှာ စိတ်ချ။

    အားပေးတဲ့သူတွေရှိနေသရွေ့ ဒါမျိုးတွေက ထီမထင်လုပ်နေကြဦးမှာ။

    😊😊😊😊😊

    ကိုယ်ကတော့ သူ့မဆဲချင်ဘူး။ ဒါ သူ့ရွေးချယ်မှုပဲ။

    သူ့အားပေးတဲ့ သူတွေကိုပဲ ဆဲချင်တာ။ အားပေးသူရှိလို့ ဒါမျိုးထိ ဖြစ်လာတာ။

    သောက်မှတ်ရှိတယ်ဆိုတာ သောက်ရှက်ရှိတာလို့ ခံယူတဲ့သူတွေပဲ ကျန်ခဲ့မယ့်ခရီးလမ်းကြမ်း။ ။

    645452440 34059710276976929 8021879244552539597 N

    646372246 34059738856974071 3965100322901011504 N

    646369999 34059738883640735 8848428251680907933 N

    646364345 34059749490306341 6159578495696800905 N

  • မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    မှော်ဘီတွင် ဇနီးဖြစ်သူအား ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို သေဒဏ်ချမှတ်

    ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သည့် ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားအား ယနေ့တွင် မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

    အဆိုပါ လူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး တစ်လကျော်အကြာတွင် ကျူးလွန်သူအမျိုးသားအား ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁) ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

    “သေဒဏ်ချလိုက်ပါတယ်။ ၃၀၂(၁) နဲ့ပါ။ ခုနကပဲ အမိန့်ချပါတယ်” ဟု မှော်ဘီတရားရုံးနှင့် နီးစပ်သည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက အတည်ပြုပြောကြားသည်။

    ဇန်နဝါရီ ၂၄ ရက်တွင် မှော်ဘီမြို့နယ်၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦး၏ ခေါင်းပြတ်ကို ကိုင်ကာ လျှောက်သွားနေခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

    ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ အဆိုပါအမျိုးသားသည် ဇနီးဖြစ်သူနှင့် နေအိမ်တွင် စကားများရန်ဖြစ်ရာမှ ဇနီးအား သတ်ဖြတ်ကာ ခေါင်းဖြတ်၍ အထက်ပါအတိုင်း လမ်းပေါ်လျှောက်သွားနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်းနောက်တွင် အဆိုပါ လူသတ်မှုကျူးလွန်သူအမျိုးသားသည် ကားတစ်စီးကို ဓားထောက်ကာ ခေါင်းပြတ်ကိုင်ဆောင်၍ ထွက်သွားခဲ့ရာ မှော်ဘီတိုးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    အဆိုပါဖြစ်စဉ်အား မှော်ဘီတရားရုံးက စစ်ဆေးခဲ့ပြီးနောက် မတ် ၄ ရက်တွင် သေဒဏ်ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။

  • ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    ငုတ်တုတ် မေ့နေတဲ့ Ebike အရောင်းစင်တာတွေ လက်မလည်အောင် ရောင်းနေရ

    စက်သုံးဆီ ခြိုးခြံချွေတာ သုံးစွဲဖို့နဲ့ မော်တော်ယာဥ် မောင်းနှင်ခွင့် ကန့်သတ်ပြီး EV အမျိုးစား ယာဥ်တွေကိုသာ နေ့စဥ်မောင်းချခွင့်ပြုပြီးတဲ့နောက် အရင်က ငုတ်တုတ်မေ့နေတဲ့ EV ဆိုင်ကယ် လောက ဟာဆိုရင် အခု မတ်လမှာ ပြန်လည် ခေါင်းထောင်နေပြီ ဖြစ်ပါတယ်။

    မန္တလေးမြို့ဟာ ဆိုရင် ဆိုင်ကယ်ကို အဓိကထားသုံးစွဲကြတဲ့ မြို့တမြို့ ဖြစ်တာကြောင့် စက်သုံးဆီ အသုံးပြုပြီး မောင်နှင်ရတဲ့ ဆိုင်ကယ်တွေ ကားတွေ ဟာဆိုရင် ဆက်သုံးဆီ ပြတ်လပ်တော့မယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်လာပြီးတဲ့နောက် မတ်လ ၃ ရက်နေ့က စပြီး စက်သုံးဆီ ရောင်းချပေးနေတဲ့ ဆိုင်တွေမှာ အချိန်အတော်ကြာတန်းစီနေရပြီး လမ်းပိတ်တဲ့အထိဖြစ်နေပါတယ်။

    အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကလည်း မတ်လ ၃ ရက်နေ့မှာ စက်သုံးဆီကို ခြိုးခြံချွေတာသုံးစွဲဖို့အတွက် သတင်းထုတ်ပြန်ပြီးတဲ့နောက် မန္တလေးမြို့က EBike ရောင်းချနေတဲ့ ဆိုင်တချို့ အရောင်းပြတ်သွားပြီးနောက် show room တွေ ပိတ်ထားရတဲ့အခြေအနေထိ ရောက်နေသလို ကျန်ရှိနေသေးတဲ့ဆိုင်တွေမှာလည်း အလုအယက်လာရောက်ဝယ်ယူသူတွေ ရှိနေပါတယ်။

    ” ကျနော်တို့ Show room ကို ဒီကနေ့ မနက် EV သုံးဘီး ၁၇ စီးရောက်တယ်၊ ရောက်ရောက်ခြင်းပဲ ကုန်သွားပါပြီ၊ လိုချင်သေးရင် နောက် ဆယ်ရက်လောက်နေရင် ရမယ် ဘွတ်ကင်တင်ထားခဲ့ရပါမယ်” လို့ EV မော်တော်ယာဥ်တွေ ရောင်းချနေတဲ့ Showroom တခု အရောင်းတာဝန်ခံကပြောပါတယ်။

    လက်ရှိမှာတော့ Ebike တစီးကို အနည်းဆုံး ၁၆ သိန်းက စပြီး အများဆုံး သိန်း ၈၀ ဝန်းကျင်မှာရှိနေပြီး တချို့ ဆိုင်တွေမှာ ပစ္စည်းပြတ်တဲ့အထိ ရောင်းချနေရပါတယ်။

    Ebike ဝယ်ယူမယ့် သူတဦးကလည်း ” ကျနော်တို့ ဒီနေ့ ကလေးကျောင်း ကြို/ ပို့ နေ့တိုင်းသုံးနိုင်အောင် Ebike တစီးရချင်တာနဲ့ မန္တလေးမြို့မှာ ပတ်ရှာတာ လိုချင်တာက မရ ဆိုင်တွေမှာ လည်း အရောင်းပြတ်နေပြီ၊ ကုမ္မဏီ တွေကို သွားတော့လည်း ပိတ်ထားတယ်၊ ဖုန်းဆက်တော့လည်း မရ Voice message ပဲ ပို့ခိုင်းနေတာ တမြို့လုံးမှာ EV ဝယ်ဖို့ မလွယ်တော့ဘူး ” လို့ ပြောပါတယ်။

    EV ဝယ်ယူသူတွေမှာ ပစ္စည်းပြတ်လပ်မှုတွေကြောင့် အခက်အခဲရှိနေသလို စက်သုံးဆီ အသုံးပြုသူတွေ အတွက်လည်း စက်သုံးဆီ ရရှိဖို့ အခက်အခဲတွေ ဖြစ်နေတာတွေ့ရပါတယ်။