Author: Baby Yit Lone

  • မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကာ၊ ၁၇ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိ Yae Nagar မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး…

  • ဟိုဘက်ရပ်ကွက်က ပြောတဲ့  သူတို့အကြောင်း

    ဟိုဘက်ရပ်ကွက်က ပြောတဲ့ သူတို့အကြောင်း

    အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း တိုင်းပြည်မှာ ပြောင်းလဲသွားတာ အများကြီး။ ဘဏ်မှာ အပ်ထားတဲ့ကိုယ့်ပိုက်ဆံကိုယ်ထုတ်ခွင့်ရဖို့ ဘဏ်ဝန်ထမ်းကို လာဘ်ထိုးရတာမျိုး၊ စာအုန်းဆီ တန်းစီရတာမျိုး၊ အိမ်တိုင်း ဆက်ကြေး အကောက်ခံရတာမျိုး နဲ့ လျှပ်စစ်မီးမမှန်တော့တာမျိုးက အသေးအဖွဲမို့ ထည့်မပြောတော့ဘူး။ အပြောင်းအလဲ အကြီးကြီးတွေကို ပြောချင်တာ။ စလော့ဂိမ်း ငါးပစ်ဂိမ်းတွေကို တရားဝင်ခွင့်ပြုထားပြီး နိုင်ငံပိုင် Mobile operator တွေဆီကနေပါ ပရိုမိုးရှင်း လုပ်ခွင့်ပြုထားတာတွေ့ရတယ်။ အရင်ခေတ်က မူးယစ်ဆေးဝါး ဆိုတာ ကန့်သတ်ထားတာ။ အခုလက်ရှိမှာ မူးယစ်ဆေးဝါးကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်လို့ရနေတဲ့အပြင် ရောင်းတဲ့သူတွေထဲမှာ ရဲတွေ၊ စစ်သားတွေပါ ပါလာတာကလည်း ထူးခြားမှု အကြီးကြီး။ အရင်အစိုးရ ခေတ်ကလူကုန်ကူးတယ်ဆိုတာ ပြစ်မှုတော်တော်ကြီးတယ်။ ခုအစိုးရခေတ် မှာတော့ လူကုန်ကူးတာက အပြစ်မကြီးတော့တဲ့အပြင် ငွေလည်း မြိုးမြိုးမြက်မြက်ရနေတော့ လူကုန်ကူးတဲ့…

  • ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက်နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦး ရှိသည်။ စစ်ကိုင်းတိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်တပ်က ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းရွာကို ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ လေး ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဝက်လက်မြို့အရှေ့ဘက် ဝက်လက်-ရှိန်းမကားလမ်းပေါ်ရှိ ရုံးပင်ကုန်းရွာကို ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုးသား သုံး ဦးနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်စန်း သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း…

  • ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရ

    ပုဂံတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့ကို လုံခြုံရေးတင်းကျပ်ထား မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပုခက္ကူခရိုင်တပ်ရင်း ၁၇ မှ တော်လှန်ရေးရဲဘော်များသည် ယမန်နေ့ ဩဂုတ် ၂၇ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကာ မြို့ကိုလုံခြုံရေးတင်းကျပ်လိုက်ကြောင်း သိရသည်။ “ကားလမ်းတွေပါ ပိတ်ထားတယ်။ မြို့ထဲဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေတော့ လွတ်သွားတယ်ကြားတယ်”ဟု ပုဂံမြို့နေအမျိုးသားတစ်ဦးက ပြောသည်။ ပုဂံမြို့သစ်၊ ဆင်ဖြူတော်ယွန်းထည်ဆိုင်လမ်းကြားတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးခန့်နှင့် တော်လှန် ရေးရဲဘော်တို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်ကြရာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ ယနေ့ ဩဂုတ် ၂၈ ရက်နေ့တွင် ပုဂံမြို့အဝင်အထွက် ဂိတ်များနှင့် သရပါတံခါး၊…

  • စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ

    ဧရာဝတီတိုင်း စစ်မျက်နှာပြင်တွင်သေဆုံးသည့် စစ်ကော်မရှင်တပ် အရာရှိများကိုပါ တိုက်ပွဲအနီး ကွင်းပြင်တွင် တာယာကွင်းနှင့်မီးရှို့သင်္ဂြိုဟ်နေရ ‎ ‎ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) ၊ အမှတ်-၄ စစ်မြေပြင်ဆေး တပ်ရင်း (မဆရ-၄) တွင် ဆေးကုသရန်ပို့ဆောင်ထားသူများမှလွဲ၍ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသူ များကို တပ်စွဲထားရာနေရာတွင်ပင် မီးရှို့သင်္ဂြိုဟ်နေရကြောင်း သိရသည်။ ‎ ‎လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒဏ်ရာရ စစ်ကော်မရှင် တပ်သားများကို ပုသိမ်မြို့ရှိ မဆရ-၄ သို့ ပို့ဆောင်ဆေးကုသပေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ‎ ဧရာဝတီစစ်မြေပြင်မှ ဒဏ်ရာရရှိလာသည့် စစ်ဗိုလ်တစ်ဦးသည် ‎ယမန်နေ့ ဩဂုတ် ၂၇ရက်နေ့က ဆေးကုသနေစဉ်သေဆုံးသွားသည့်အတွက် ရွှေမြင်တင် မီးသဂြိုဟ်စက်တွင် လာရောက် သင်္ဂြိုဟ်သွား ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ…