အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း တိုင်းပြည်မှာ ပြောင်းလဲသွားတာ အများကြီး။
ဘဏ်မှာ အပ်ထားတဲ့ကိုယ့်ပိုက်ဆံကိုယ်ထုတ်ခွင့်ရဖို့ ဘဏ်ဝန်ထမ်းကို လာဘ်ထိုးရတာမျိုး၊ စာအုန်းဆီ တန်းစီရတာမျိုး၊ အိမ်တိုင်း ဆက်ကြေး အကောက်ခံရတာမျိုး နဲ့ လျှပ်စစ်မီးမမှန်တော့တာမျိုးက အသေးအဖွဲမို့ ထည့်မပြောတော့ဘူး။ အပြောင်းအလဲ အကြီးကြီးတွေကို ပြောချင်တာ။
စလော့ဂိမ်း ငါးပစ်ဂိမ်းတွေကို တရားဝင်ခွင့်ပြုထားပြီး နိုင်ငံပိုင် Mobile operator တွေဆီကနေပါ ပရိုမိုးရှင်း လုပ်ခွင့်ပြုထားတာတွေ့ရတယ်။
အရင်ခေတ်က မူးယစ်ဆေးဝါး ဆိုတာ ကန့်သတ်ထားတာ။ အခုလက်ရှိမှာ မူးယစ်ဆေးဝါးကို ဈေးပေါပေါနဲ့ အလွယ်တကူ ဝယ်လို့ရနေတဲ့အပြင် ရောင်းတဲ့သူတွေထဲမှာ ရဲတွေ၊ စစ်သားတွေပါ ပါလာတာကလည်း ထူးခြားမှု အကြီးကြီး။
အရင်အစိုးရ ခေတ်ကလူကုန်ကူးတယ်ဆိုတာ ပြစ်မှုတော်တော်ကြီးတယ်။ ခုအစိုးရခေတ် မှာတော့ လူကုန်ကူးတာက အပြစ်မကြီးတော့တဲ့အပြင် ငွေလည်း မြိုးမြိုးမြက်မြက်ရနေတော့ လူကုန်ကူးတဲ့ သူတွေထဲမှာ တပ်မတော်က အရာရှိကြီးတွေပါ ပါလာတာကလည်း အပြောင်းအလဲ အကြီးကြီး။
မက်ဆေ့ကနေ ဗွီဒီယိုဖိုင်လေး တဖိုင် ရလိုက်တယ်။ မြန်မာမိန်းကလေး တယောက်က ပြည့်တန်ဆာ လုပ်စားတာ ဝင်ငွေကောင်းတဲ့အကြောင်း၊ ငွေရလွယ်တဲ့အကြောင်း မျှဝေထားတာ။ မက်ဆေ့ကို Like လုပ်လိုက်တယ်။
ပြီးတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော် မအံ့သြတော့ကြောင်း၊ အာဏာသိမ်းပြီးကတည်းက ဖြစ်လာခဲ့တဲ့ အပြောင်းအလဲတွေကို အများကြီး မြင်ခဲ့ရပြီးပြီမို့ ဒီနိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်း ကြီး အကြီးအကျယ် ထွန်းကားလာတော့မယ်ဆိုတာ ကျွန်တော် ကြိုခန့်မှန်းနိုင်ခဲ့ကြောင်း၊ ဒီအကြောင်းကို ပို့တင်ဖြစ်မှာ မဟုတ်တဲ့ အကြောင်း၊ ဒီနိုင်ငံမှာ ဒီအတိုင်းပဲ သွားတော့မှာ ဖြစ်ကြောင်း မက်ဆေ့ကနေ လာမျှဝေတဲ့သူကို ပြန်ဖြေဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အန်တီသီတာတင်တို့ ဂရုမှာ ဒီနေ့ တင်ရမယ့် အကြောင်းအရာက ဆင်ဖြူရှင် မင်းတရားကြီး လက်ထက်မှာ တိုင်းပြည် ဘယ်လောက်တိုးတက်လာတယ်ဆိုတာကို တယောက်နဲ့ တယောက်မတူညီတဲ့ အမြင်၊ မတူညီတဲ့ ပုံစံနဲ့ရေးပြီး ကိုယ့် wall မှာကိုယ် မျှဝေရမယ်လို့ Assign ချတယ်။
ရေးတာကောင်းတဲ့ သူကို ၆၈၀၀ အပြင် ဆန်နို့ဆီဗူး သုံးလုံးနဲ့ ဆီ ၂၅ သားအပိုရမယ်လို့ မက်လုံးပေးထားတယ်။ တယောက် တင်ထားတာလေးက ဖတ်လို့ကောင်းလို့ SS ဖမ်းလာခဲ့တယ်။
Credit


Leave a Reply