Author: Baby Yit Lone
-

“NLD ပါတီ မရှိတော့ဘူး”ဟု ပြောခဲ့သည့် ပါတီမှ ထုတ်ပယ်ခံ ဒေါ်စန္ဒာမင်းက ခမောက်ပါတီ (NDF) တွင် ဒုဥက္ကဋ္ဌ လုပ်နေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ၂၀၂၃ ခုနှစ်က ထုတ်ပယ်ခံထားရသူ ဒေါ်စန္ဒာမင်းသည် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအင်အားစု (ခမောက်ပါတီ) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေကာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ ယနေ့ ဩဂုတ် ၂၉ ရက်တွင် မန္တလေး မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ မူပိုင်တေးသီချင်းအချို့ကို ခမောက်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တောင်းဆိုရာတွင် ဒေါ်စန္ဒာမင်းက ဒုဥက္ကဋ္ဌအနေဖြင့် သွားရောက်ခဲ့ကြောင်း သတင်းမီဒီယာတစ်ခုထံမှ သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်စန္ဒာမင်း က မြို့မတူရိယာအသင်းကြီး၏ နာယကများ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အား ပါတီကိုယ်စားကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဖော်ပြထားသည်။ ဒေါ်စန္ဒာမင်းသည် ယခင်က NLD ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိတွင် ခမောက်ပါတီကိုယ်စားလှယ်အဖြစ် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန်…
-
ဗန်းမော်မှ စစ်တပ်စခန်း နောက်တခုကို KIA သိမ်းပိုက်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ် ဗန်းမော်မှ စစ်အုပ်စု၏ အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သြဂုတ်လ ၂၅ ရက်နေ့တွင် သိမ်းပိုက်လိုက်ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူ ပြောသည်။ “အမှတ် ၂၃၆ ခြေလျင်တပ်ရင်းကို သိမ်းပိုက်လိုက်တယ်။ ဆက်ရှင်းဖို့တော့ ကျန်နေသေးတယ်” ဟု သူပြောသည်။ ယခင်တရက်က ပြင်းထန်သော တိုက်ပွဲအပြီး ထိုသို့သိမ်းပိုက်ခြင်းဖြစ်ပြီး ထိုတိုက်ပွဲအတွင်း စစ်အုပ်စု စစ်ကြောင်းတခုက စစ်သားအများအပြားသေဆုံးကြောင်း သူဆက်လက်ပြောသည်။ KIA နှင့် ၎င်း၏ မဟာမိတ်များသည် ဗန်းမော်ကို သိမ်းပိုက်ရန်လွန်ခဲ့သော ဒီဇင်ဘာလက ထိုးစစ် စတင်သည်။ မကြာသေးမီ သြဂုတ်လ ၁ ရက်နေ့တွင် စစ်တပ် စစ်ကူသင်္ဘောအုပ်စု ထိုမြို့သို့ရောက်လာသည်။ KIA အနေဖြင့် ၂ ဘက်ထိခိုက်သေဆုံးမှုများကို အတည်မပြုနိုင်သေးသော်လည်း…
-

လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး
ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာတွင် အခိုင်အမာတပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်ဆုတ်ထွက်ပြေး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး AA ၏ တန်ပြန်ထိုးစစ်များကြောင့် စစ်ကော်မရှင်တပ်များက တပ်စွဲထားသည့်နေရာ အချို့ကို လက်လွှတ်ကာ နောက် ဆုတ်ပေးနေရကြောင်း သိရသည်။ လိပ်ခမော်ကျေးရွာတွင် တပ်စွဲပြီး ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်ကို AA က တန်ပြန်ထိုးစစ်ဖြင့် ယမန်နေ့ ဩဂုတ် ၂၈ ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်များက တပ်ဆုတ်ထွက်ပြေး ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ “တိုက်ပွဲက ပြန့်နေတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်း နောက်ဆုတ်ခဲ့ရတယ်။ အခု လိပ်ခမော်ကပါ ထပ်ဆုတ်ပေးရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ …
-

ဂုတ်ထိပ်တံတား ပျက်စီးမှု ယူနက်စကိုထံ NUG စာပို့
ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီးမှုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO ) ထံ စာပို့ကာ အသိပေး အကြောင်းကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA) အတွင်းရေးမှူးက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး – လားရှိုးရထားလမ်းပေါ်ရှိ ထိုတံတား မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည်။ နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ဂုတ်ထိပ် ရထားတံတားကို TNLA နှင့် PDF တို့က ဖျက် ဆီးသည်ဟု စစ်အုပ်စုက စွပ်စွဲထားပြီး ထိုသို့မဟုတ်ကြောင်းလည်း TNLA ကငြင်းဆိုထားသည်။ “သဘာဝဘေးငလျင်ဖြစ်တုန်းကလည်း စာပို့ထားတာရှိပါတယ်။ တိုင်ကြားတယ်ဆိုတာထက် သတင်းအချက် အလက် ခိုင်ခိုင်မာမာနဲ့ တောင်းဆိုတာဖြစ်ပါတယ်” ဟု…
-
စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ
စစ်ကော်မရှင်က စစ်မှုထမ်းအပတ်စဥ်(၁၇) အတွက် ကျောင်းသားစာရင်းတွေပါ ကောက်ခံနေ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ စစ်ကော်မရှင်က သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ကာ စစ်မှုထမ်းဖို့ လူငယ်စာရင်းတွေ ကောက်ယူရာမှာ ကျောင်းနေအရွယ်ကလေးငယ်တွေစာရင်းပါ ကောက်ယူနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် စစ်မှုထမ်းဖို့ လူစာရင်းကောက်ရာမှာ ကျောင်းတက်နေတဲ့ လူငယ်ယောက်ျားလေးတွေကိုပါ စာရင်းကောက်ခံနေတာတွေကြောင့် လူငယ်တွေကျေးရွာကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ သိရပါတယ်။ “တချို့ကို တခါထဲ အိမ်ထဲလာရင်း ခေါ်သွားတယ်။ တချို့အိမ်တွေကျတော့ လူငယ် စာရင်းပဲ ကောက်သွားတယ်။ စစ်မှုထမ်းဖို့ ရပ်ကွက်ရုံးလာဖို့ မှာတာတွေလည်း ရှိတယ်” လို့ တမူးဒေသခံတဦးက ပြောပါတယ်။ စစ်ကော်မရှင်ရဲ့စစ်မှုထမ်း စာရင်းကောက်ယူနေတဲ့အထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေပါ ပါဝင်နေတာကြောင့် မိဘတွေ စိုးရိမ်နေကြပြီး…