Author: Baby Yit Lone
-

ထိုင်းတွင် စည်းကမ်းနှင့် မညီသည့် နိုင်ငံခြားသား ကျောင်းသား ၁၀,၀၀၀ နီးပါးကို ဗီဇာ ရုပ်သိမ်း
ထိုင်းနိုင်ငံမှာ ကျောင်းသားဗီဇာနဲ့ ဝင်ရောက်နေထိုင်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသား ၁၀,၀၀၀ နီးပါးရဲ့ နေထိုင်ခွင့်ဗီဇာတွေကို ရုပ်သိမ်းခဲ့တယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ပညာသင်ကြားဖို့ ရည်ရွယ်ချက်နဲ့ နေထိုင်ခွင့်ဗီဇာ ယူထားပေမဲ့လည်း တရားမဝင် အလုပ် ဝင်ရောက်လုပ်ကိုင်နေတာတွေကို တားဆီးဖို့အတွက် သိပ္ပံ၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု အဆင့်မြင့်ပညာရေးဝန်ကြီးဌာန (MHESI) အနေနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ မေလက ညွှန်ကြားခဲ့တယ်။ ဒါ့အပြင် MHESI နဲ့ လဝက ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နိုင်ငံခြားကျောင်းသားတွေရဲ့ ဗီဇာကို စစ်ဆေးဖို့ ပြည့်စုံတဲ့ အချက်အလက် ဒေတာဘေ့စ်စနစ်ကို တည်ဆောက်ခဲ့တယ်။ အဆိုပါစနစ်နဲ့ ကာလတို (Non-degree) သင်တန်း တက်ရောက်နေတဲ့ နိုင်ငံခြားကျောင်းသူ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ကြိမ်မှတ်တမ်းကို စစ်ဆေးကာ စည်းမျဉ်းစည်းကမ်းနဲ့…
-

တပ်တွင်းမုဆိုးမတွေကို အိမ်ထောင်ရှိ စစ်တပ်အရာရှိတချို့က ဖွန်ကြောင်နေကြောင်း စစ်သားမိန်းမတစ်ဦးပြော
တပ်တွင်းမုဆိုးမတွေကို အိမ်ထောင်ရှိ စစ်တပ်အရာရှိတချို့က ဖွန်ကြောင်နေကြောင်း စစ်သားမိန်းမတစ်ဦးပြော အာဏာသိမ်း စစ်ကော်မရှင်တပ်က အရာရှိတချို့ဟာ အိမ်ထောင်ရှိလျှက်နဲ့ အောက်ခြေရဲဘော်တွေရဲ့ ဇနီးသည် မုဆိုးမတွေကို လိုက်လံပိုးပန်းမှုများရှိနေကြောင်း တပ်တွင်းရဲမေ (စစ်သားဇနီး) တစ်ဦးက ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောဆိုပါတယ်။ ရုပ်သံ – လူမှုကွန်ရက်
-

ပုလောဆိပ်ကမ်းတွင် စစ်တပ် လက်နက်ခဲယမ်းသယ်လာသည့် စက်လှေ ပေါက်ကွဲ
တနင်္သာရီတိုင်း၊ ပုလောဆိပ်ကမ်းမှာ မြိတ်ကနေ လက်နက်ခဲယမ်း သယ်လာတဲ့ ငါးဖမ်းလှေ မတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လှေပိုင်ရှင် အပါအဝင် စစ်သားတချို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သြဂုတ် ၂၃ ရက် ညပိုင်းလောက်က ငါးဖမ်းလှေ (ဒေသခေါ် ကင်မွန်မီးထွန်းလှေ) ပေါ်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံတယောက်က “ကြားရတာ ၁၂၀ မမ လက်နက်ကြီးကျည်ထမ်းရင်း မတော်တဆ လှေဝမ်းထဲ ပြုတ်ကျပြီး ပေါက်ကွဲတာ။ လှေက နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားတယ်။ အဲဒီလှေက မြိတ်ကနေ ပုလော ၂၈၅ တပ်ရင်းကို လက်နက်ခဲယမ်းလာပို့တာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။ အဆိုပါပေါက်ကွဲမှုကြောင့် လှေပိုင်ရှင်သားအဖ ၂ ယောက်…
-

မပခ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံး
မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးပြီး ၂ ဦးဒဏ်ရာရ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ကျော်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်က မြစ်ကြီးနာမြို့ ရမ်ပူ အပိုင်း ၁၂ ဘက်တွင် ကျရောက်ပေါက်ကွဲပြီး စာကျက်နေသည့် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် ထိမှန်သေဆုံးသွားကြောင်း၊ လူကြီး ၂…
-

မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိ
စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းမိပြီး ၎င်း၏ ဖုန်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကို စိန်ခေါ်ထားသော မက်ဆေ့များတွေ့ရှိရကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။ ဩဂုတ်လ ၂၁ ရက်နေ့ စစ်ကိုင်းမြိုနယ် မင်းကွန်းနယ်မြေရဲစခန်း မှ ကွမ်းယာဝယ်ရန်ထွက်လာသော တပ်မ ၃၃ လက်အောက်ခံ ဆက်သွယ်ရေး နှင့် အင်ဂျင်နီယာတပ်မှ တပ်ကြပ် ရဲလင်းနိုင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အရှင် ဖမ်းဆီးရမိသော တပ်ကြပ် ရဲလင်းနိုင်ထံမှ ဖုန်း ၂လုံး သိမ်းဆည်းရမိခဲ့ပြီး…