Author: Baby Yit Lone
-

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး
မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့် ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၃၀ ကျော် ပျက်စီး နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။ စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။ ” ဂုတ်ထိပ်တံတားမှာ…
-

“ပုံကသာ AI ဖြစ်နေတာ….မြေပြင်မှာ အဲဒီထက်တောင် နီးကပ်ပါသေးတယ်” – Unicorn Guerrilla Force
မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရေးတွင် ကူညီရန် အသင့်ရှိသည်ဟု မင်းကွန်းအခြေစိုက် “ ယူနီကွန်း” လူငယ်ပြောက်ကျားအဖွဲ့ က ပြောသည်။ မေး။ ။ ယူနီကွန်း (Unicorn) ဆိုတဲ့ အမည်ကို ဘယ်လိုကြောင့်ပေးဖြစ်ခဲ့တာလဲ။ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှာ ဘယ်လိုလူတွေပါဝင်လဲ။ ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးကိုယ်ပိုင်အဖွဲ့တစ်ခုလုပ်မယ် ဆိုပြီးတော့ တွေးမိတဲ့အချိန်မှာ အဖွဲ့ တော်များများက အကောင်တွေ နာမည်တွေ သုံးကြတယ်၊ သိန်းငှက်တို့ ဥပမာ စွန်ရဲတို့၊မြွေပွေးတို့။ ဒီအကောင်နဲ့ပတ်သက်တာတွေ တော်တော်ပေးကြတာပေါ့နော်။ တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ သိပ်ပြီးတော့မသုံးတဲ့၊ ထူးဆန်းတဲ့အကောင်မျိုး ဘာရှိတုန်းဆိုတော့ စဉ်းစားရတာပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ယူနီကွန်းကို စဉ်းစားမိသွားတာပေါ့။ အဲဒီမှာ ငါတို့က ပြောက်ကျား တိုက်မယ့်အဖွဲ့ဆိုပြီး ယူနီကွန်းပြောက်ကျားတပ်ဖွဲ့လို့ ပေးခဲ့တာပါ။ မေး။ ။ အဖွဲ့တည်ထောင်ပြီး မစ်ရှင်ပေါင်း…
-

အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး နဲ့ပစ်ခတ်တိုက်ခိုက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို အနောက်ပိုင်းခရိုင် ပကဖ နဲ့ Yangon Army တို့က လက်ပစ်ဗုံး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အင်းစိန် မြို့သစ် (ဂ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ် ၂၃ ရက် ည ၁၀ နာရီ ၁၄ မိနစ်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂ လုံး နဲ့ ပစ်မှတ် ကို ထိထိရောက်ရောက် ပစ်ခတ်ခဲ့တယ်လို့ အသိပေးထားပါတယ်။ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက ပျူစောထီး လူမိုက် ကျင်ဟုတ်ရဲ့ တပည့် အုပ်ချုပ်ရေးမှူး ဖိုးဇင် နဲ့ လူမိုက်အ ဖွဲ့တို့က တရားမဝင်ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတာနဲ့ လူငယ် တွေကို စစ်မှုထမ်းလိုအပ်တဲ့ နေရာတွေကို ရောင်းစားနေတာတွေ…
-

ဗိုလ်ချုပ်ဂွမ်မော်ပေးခဲ့တဲ့ ကာတွန်းကား သတင်းစကား
တကယ်တော့ AA ရဲ့ထောက်ပို့လမ်းကြောင်းကမကွေးဖက်ကဖြစ်တယ်။ မကွေးဖက်က ပိတ်လိုက်ရင် AA ရဲ့ထောက်ပို့လမ်းကြောင်းပိတ်ပြီ။ မကွေးကို NUG ကထိန်းချုပ်ထားတယ်။ ဒါကြောင့် AA က မကွေး၊ စစ်ကိုင်း၊ ချင်း တကြောမှာ သူ့ရဲ့ ဩဇာခံတပ်တော်တွေကို မွေးထားတယ်။ BPLA, BNRA , GenZ Army , ကျောင်းသားလက်ရုံးတပ်တော်၊ Yaw Army ၊ YDF စသည်ဖြင့်၊ စသည်ဖြင့်ရှိကြတယ်။ အဲ့ဒီတပ်တော်တွေက NUG ရဲ့CoC အောက်မှာရှိလို့မရဘူး၊ ချင်းဖက်မှာလည်း ဒီသဘောကိုတွေ့ရတယ်။ ချင်းတောင်ဖက်မှာ Chin Brotherhood က ရှိနေတယ်။ ပလက်ဝကို AA ကတိုက်ရိုက်အုပ်ချုပ်ထားတယ်။ ဒီအခြေအနေကိုကြည့်ရင် တရုတ်နယ်စပ်မှာ တရုတ်က UWSA ၊ MNDAA တို့ကို သူ့ရဲ့ဩဇာခံအဖြစ်ထားတဲ့ပုံစံနှင့်…
-

စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်
စစ်ကိုင်း၊ ကျော်ဇေယျာရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးအရှင် ဖမ်းမိကာ သေနတ် ၈ လက် သိမ်းဆည်းရမိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသည့် အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးပြီး ၃ ဦးအရှင်မိကာ သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့ကြောင်း PHOENIX (SGG) မီးလျှံငှက် (စစ်ကိုင်း) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇူလိုင်လ ၂၇ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်…