Author: Baby Yit Lone
-

ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲ
ကလေးတွင် ဆယ်ရက်ကြာတိုက်ပွဲအတွင်း ရန်သူ့အလောင်း သုံးလောင်းနှင့် လက်နက် ဆယ်လက်သိမ်းဆည်းရမိ ၂၀၂၅ ခုနှစ် သြဂုတ်လ (၆) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာသို့ ထိုးစစ်ဆင်လာသည့် ရန်သူစစ်ကောင်စီတပ် တတက-၁၀ မှ ဗိုလ်မှူး သန်းမင်းထိုက်၊ ဗိုလ်ကြီး ထွန်းလင်းသူ နှင့် စကခ-၁၀ လက်အောက်ခံ ခမရ-၃၆၃ မှ ကြည်း-၄၇၁၇၁ ဗိုလ်ကြီး ၀င်းမင်းစိုး တို့ဦးစီးသည့် ခန့်မှန်းအင်အား (၁၂၀) ကျော်ပါသော စစ်ကြောင်းအား မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြရာ ရန်သူ့အလောင်း (၃) လောင်းရရှိခဲ့ပြီး သုံ့ပန်း (၁) ဦးဖမ်းမိခဲ့သည်။ ရန်သူ့ဘက်မှ အတင်းအဓမ္မစစ်သားစုဆောင်းထားသော ဟိန္ဒူ ဂေါ်ရခါးလူမျိုး စစ်မှူထမ်းစစ်သား အများအပြား သေဆုံးခဲ့သည်။ တိုက်ပွဲအား မိမိတို့ဘက်မှ အမှတ်…
-

အင်းလေးတွင် လှေအမြန်မောင်းသဖြင့် လေးခွဖြင့်ပစ်၊ လှေမောင်း ၁ ဦး မျက်လုံးပျက်စီး
ရေကြီးနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ထဲမှာ စက်လှေကို အမြန်မောင်းတာကြောင့် ရေမြုပ်နေတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ပစ်လို့ စက်လှေမောင်းသူတယောက် မျက်လုံးထိပြီး ပျက်စီးဆုံးရှုံးသွားရပါတယ်။ သြဂုတ် ၂၁ ရက် မနက်ပိုင်းမှာ ရေတက်နေတဲ့ နေအိမ်တွေနားမှာ စက်လှေအမြန်မောင်းတာကြောင့် ရေနစ်မြုပ်ခံထားရတဲ့ အိမ်ရှင်တယောက်က လေးခွနဲ့ထပစ်ချိန် စက်လှေအမြန်မောင်းသူကို မထိဘဲ စက်လှေနှေးနှေးမောင်းတဲ့ အသက် ၅၀ အရွယ် ဦးအောင်မြရဲ့ မျက်လုံးကို ထိမှန်ခဲ့တာကြောင့် မျက်လုံးပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ ဒေသခံတယောက်က “အိမ်တွေက အောက်ထပ်တွေ သွပ်တွေနဲ့ကာထားတာရော၊ အိမ်တွေက ငလျင်ဒဏ်ကြောင့်တကြောင်း၊ မနှစ်က ရေဘေးဖြစ်တော့တကြောင်း၊ မခိုင်ခံ့တော့ဘူးလေ။ စက်လှေပြင်းပြင်းမောင်းရင် အိမ်က ကာထားတဲ့အကာတွေက မခံနိုင်ဘူးလေ။ ပြီးတော့အိမ်ကလည်း ဆောင့်တွန်းသလို ဖြစ်တယ်ရော။ အဲဒါကြောင့် ပိုဆိုးတာ အခြေအနေက။ အဲဒီလိုတွေကြောင့် အခုလိုထိ ဖြစ်ကုန်တာ။…
-

စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက်
စစ်တပ်ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ် ကားလုယက် စစ်တပ်က ရုံးများနှင့်တပ်များ၏ လုံခြုံရေးသာ အဓိက လုပ်ပြီး လူထုလုံခြုံရေးအတွက် လျစ်လျူရှုထား (ရုပ်/သံ) အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားသော လားရှိုးမြို့ပေါ် ရပ်ကွက် ၅ တွင် နေ့လယ်အချိန် သေနတ်ဖြင့် ပစ်ခတ်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၅ တွင် မြို့ခံ အမျိုးသမီး မောင်းနှင်လာသောကားကို အမျိုးသား ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက် ၍ သေနတ်ဖြင့် ပစ်ဖောက် ကားလုယက်သွားခဲ့ကြောင်း၊ ယင်းသို့…
-

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီး
မိုင်းခွဲဖျက်ဆီးခံရတာလို့ စစ်လော်ဘီတွေ သတင်းဖြန့် ကမ္ဘာကျော် ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပေ ၃၀ ကျော် ပျက်စီး နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကိုယ်လိုနီခေတ် ရှေးဟောင်းအမွေအနှစ် ၊ကမ္ဘာကျော် ” ဂုတ်ထိပ်တံတား” ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းဖောက်ခွဲဖျက်ဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။ နောင်ချိုမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အစပ် မန္တလေး-လားရှိုးကို ဆက်သွယ်ထားတဲ့ မီးရထားသံလမ်း ဂုတ်ထိပ်တံတား(ကျောက်မဲဘက်ခြမ်း)ကို မိုင်းခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး တံတားရဲ့အလျား ပေ ၃၀ခန့်ပျက်ဆီးခဲ့ တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူဆီကသိရပါတယ်။ စစ်တပ်အနေနဲ့ ကျောက်မဲမြို့ နယ်ဘက်ကို စစ်ကြောင်းထိုးစစ်ဆင်ဖို့အတွက် ဂုတ်ထိပ်တံတားက လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျတဲ့ တံတားတစ်စင်းဖြစ်တာကြောင့် TNLA ဘက်က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်နိုင်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုမှုရှိပါတယ်။ ” ဂုတ်ထိပ်တံတားမှာ…
-

“ပုံကသာ AI ဖြစ်နေတာ….မြေပြင်မှာ အဲဒီထက်တောင် နီးကပ်ပါသေးတယ်” – Unicorn Guerrilla Force
မန္တလေးမြို့ကို တိုက်ခိုက်သိမ်းပိုက်ရေးတွင် ကူညီရန် အသင့်ရှိသည်ဟု မင်းကွန်းအခြေစိုက် “ ယူနီကွန်း” လူငယ်ပြောက်ကျားအဖွဲ့ က ပြောသည်။ မေး။ ။ ယူနီကွန်း (Unicorn) ဆိုတဲ့ အမည်ကို ဘယ်လိုကြောင့်ပေးဖြစ်ခဲ့တာလဲ။ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှာ ဘယ်လိုလူတွေပါဝင်လဲ။ ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးကိုယ်ပိုင်အဖွဲ့တစ်ခုလုပ်မယ် ဆိုပြီးတော့ တွေးမိတဲ့အချိန်မှာ အဖွဲ့ တော်များများက အကောင်တွေ နာမည်တွေ သုံးကြတယ်၊ သိန်းငှက်တို့ ဥပမာ စွန်ရဲတို့၊မြွေပွေးတို့။ ဒီအကောင်နဲ့ပတ်သက်တာတွေ တော်တော်ပေးကြတာပေါ့နော်။ တစ်နိုင်ငံလုံး အတိုင်းတာအနေနဲ့ သိပ်ပြီးတော့မသုံးတဲ့၊ ထူးဆန်းတဲ့အကောင်မျိုး ဘာရှိတုန်းဆိုတော့ စဉ်းစားရတာပေါ့နော်။ စဉ်းစားတဲ့အချိန်မှာ ယူနီကွန်းကို စဉ်းစားမိသွားတာပေါ့။ အဲဒီမှာ ငါတို့က ပြောက်ကျား တိုက်မယ့်အဖွဲ့ဆိုပြီး ယူနီကွန်းပြောက်ကျားတပ်ဖွဲ့လို့ ပေးခဲ့တာပါ။ မေး။ ။ အဖွဲ့တည်ထောင်ပြီး မစ်ရှင်ပေါင်း…