Author: Baby Yit Lone
-

Headshot
Headshot (2011) ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2011 ခုနှစ်က ထွက်ရှိထားတဲ့ Headshot ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း “တူ”ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက်ပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးမှောင်ခိုကူးတဲ့ စက်ရုံတစ်ရုံကို ၀င်စီးမိပါတော့တယ်။ ဖြစ်ချင်တော့ အဲ့စက်ရုံပိုင်ရှင်ဟာ ၀န်ကြီးရဲ့ညီဖြစ်နေတာပါ။ ဒါကြောင့်မို့ ရှေ့နေတစ်ယောက်က တူဆီကိုလာပြီး အမှုကိုပိတ်ပေးရင် ဘတ်ငါးသန်းပေးမယ်ဆိုပြီးပြောလိုက်ပါတယ်။ ရိုးသားမှုကိုတန်ဖိုးထားတဲ့ တူဟာ ငြင်းလိုက်ပြီး ၀န်ကြီးရဲ့ညီကို ထောင်ထဲရောက်အောင်လုပ်မယ်လို့ ကြိမ်းဝါးလိုက်ပါတော့တယ်။ ဒါပေမယ့် ဥပဒေရဲ့အထက်မှာရှိနေတဲ့၀န်ကြီးရဲ့ညီကတော့ တူကို အကောက်ကြံပြီး ထောင်ထဲရောက်အောင်လုပ်လိုက်ပါတယ်။ အဲ့မှာပဲ တူဟာ လောကကြီးမှာ တရားမျှတမှုဆိုတာမရှိကြောင်း ကိုယ်တိုင်ဖန်တီးယူရကြောင်းကို သိသွားပါတယ်။ ဒီလိုနဲ့ တူဆီကို လူတစ်ယောက်ရောက်လာပြီး သူ့အတွက် အလုပ်လုပ်ပေးဖို့ပြောပါတော့တယ်။ ဘာအလုပ်လဲဆိုတော့ ဥပဒေနဲ့လက်လှမ်းမမီတဲ့ လူယုတ်မာတွေကို သုတ်သင်ရမယ့်အလုပ်ပါ။ ဒီတော့ ကျင့်၀တ်ကို တန်ဖိုးထားတဲ့တူတစ်ယောက် ဒီအလုပ်ကို လက်ခံပြီးနောက်ပိုင်း…
-

Binny and Family
Binny and Family (2024) မိသားစု ဒရာမာဟာသကာမျှော်လင့်နေသူတွေအဖို့ ဇာတ်ကားကောင်းတခု တင်ဆက်ပေးပါရစေ။ Rating မှာဆိုလဲ 7.6 ကို voting 5.3k တောင်ဆိုတော့ အထွေအထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်ကို မိသားစုနဲ့အတူ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်စမလေးအရွယ်တည်းကပြောင်းလာရတဲ့ ဘင်နီ…. တရက်တော့ အဖိုးနဲ့အဖွားလန်ဒန်ကို လာမယ်ဆိုတော့ သူစိတ်ညစ်ရပြီလေ ရိုးရာဓလေ့ဦးစားပေးတဲ့ အဖိုးနဲ့ အဖွားဖြစ်သူက သူမနဲ့ အိပ်ခန်းတခန်းထဲအတူနေရမယ်ဆိုတော့ ခေတ်ဆန်တဲ့ လူငယ်ဆန်ဆန်သူမပုံစံနဲ့ မပြေလှဘူးပေါ့။ ဒီလိုနဲ့ တမိသားစုလုံး ရှေးရိုးစွဲလူကြီးမိဘတွေကြား ဟန်ဆောင်နေရင်း ဘယ်လိုအလွဲလေးတွေနဲ့ ကြုံတွေ့ပြီး ရယ်စရာ ပျော်စရာ ဝမ်းနည်းစရာရသတွေကို ပေးစွမ်းနိုင်မလဲဆိုတာကိုတော့…
-

Be with You
Be with You (2018) Be with you ဆိုတဲ့ ကိုရီးယားကားလေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားပြီး စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုလေးဖြစ်ပါတယ်။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ So Ji Sub, Son Ye Jin တို့ အဓိက ပါဝင်ထားပြီး Lee Yoo Jin, Kim Hyun Soo နဲ့ ကလေးသရုပ်ဆောင် Kim Ji Hwan တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိခင်ဆုံးရှုံးလိုက်ရတဲ့ အသက် ၇ နှစ်အရွယ် ကလေးလေး ဂျီဟိုဟာ သူ့မေမေ တိမ်လွှာတိုင်းပြည်ကို သွားတယ်လို့ ယုံကြည်နေပါတယ်။ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကို စီးပြီးတော့…
-

The Eel
The Eel (1997) ယခုတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 1997 ခုနှစ်က ထွက်ရှိထားတဲ့ Eel ဆိုတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာမာရှီတဆိုတဲ့သူဟာ သူ့မိန်းမဖောက်ပြန်နေတယ်ဆိုပြီး တစ်စုံတစ်ယောက်က သတိပေးတာကြောင့် အိမ်ပြန်ပြီးချောင်းတဲ့အချိန်မှာ အဲဒီသတင်းမှန်နေတာကို မြင်သွားပါတယ်။ ဒါနဲ့ စိတ်မထိန်းနိုင်တော့ဘဲ နေရာမှာတင် ရာမာရှီတဟာ သူ့မိန်းမကိုသတ်လိုက်ပြီး ရဲစခန်းကို ကိုယ်တိုင်သွားအဖမ်းခံလိုက်ပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရာမာရှီတဟာ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နေတဲ့အတွက် သူ့ကို အကျယ်ချုပ်နဲ့ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီမှာ သူနဲ့အတူ ထောင်ထဲမှာမွေးထားတဲ့ ငါးရှဉ့်လေးကိုပါ ခေါ်လာခဲ့ပါတယ်။ အဲ့နောက်မှာတော့ ရာမာရှီတလည်း သူ့အမေအမွေပေးခဲ့တဲ့ပိုက်ဆံနဲ့ ဆံပင်ညှပ်ဆိုင်တစ်ခု ဖွင့်ထားတဲ့အချိန်မှာ ကီကိုဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ ရာမာရှီတရဲ့ဘ၀ထဲကို ရောက်လာပါတော့တယ်။ ဒီတော့ မိန်းမတွေကိုသာမက လောကကြီးကိုပါ စိတ်ကုန်သွားလို့ အိမ်မွေးတိရစ္ဆာန်အဖြစ် ငါးရှဉ့်တစ်ကောင်ကို အဖော်ပြုနေတဲ့ ရာမာရှီတတစ်ယောက် သူ့ဘ၀ထဲ ကီကို၀င်ရောက်လာတဲ့အခါ…
-

ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း
ဗင်နီဇွဲလားသမ္မတနှင့်ဇနီးကို ဖမ်းဆီးသွားသော Delta Force အကြောင်း သိကောင်းစရာ ဗင်နီဇွဲလားနိုင်ငံတွင် အမေရိကန်က စစ်ဆင်ရေးကြီးတခု ဆောင်ရွက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို နှင့် ၎င်း၏ဇနီးဖြစ်သူ ဆီလီယာ ဖလောရက်စ် တို့ကို ဖမ်းဆီးကာနိုင်ငံပြင်ပသို့ လေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားခဲ့သည်။ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမြို့တော် ကာရာကပ်စ် နှင့် အခြားဒေသများတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး အမေရိကန်တပ်ဖွဲ့ဝင်များက အခရာကျသောပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း ညွှန်ပြနေသည်။ အဆိုပါမစ်ရှင်ကို အမေရိကန်စစ်တပ်၏ ထိပ်တန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်သော Delta Force က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CBS News က ဖော်ပြခဲ့သည်။ Delta Force ဆိုသည်မှာ အဘယ်နည်း ၁၉၇၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြောက်ကာရိုလိုင်းနားပြည်နယ်…