Author: Baby Yit Lone

  • စစ်တပ်နှင့် ကိုးကန့်တပ် အုပ်ချုပ်မှုကြားက လားရှိုးမြို့

    စစ်တပ်နှင့် ကိုးကန့်တပ် အုပ်ချုပ်မှုကြားက လားရှိုးမြို့

    တရုတ်နိုင်ငံအကူအညီဖြင့် လားရှိုးမြို့ကို ကျည်မဖောက်ဘဲ ပြန်ရယူခဲ့သော စစ်ကော်မရှင်တပ်က ရမခ စစ်ဌာနချုပ် မပိတ်မိစေရန် လားရှိုးမြို့အဝင်အထွက်ဖြစ်သော လားရှိုး-သီပေါ၊ လားရှိုး-မိုင်းရယ်လမ်းများမှ ကိုးကန့်တပ်များ ဆုတ်ပေးရန် တောင်းဆိုနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား စစ်ကော်မရှင်က ပြန်လွှဲယူပြီး ရှစ်လနီးပါးကြာမြင့်ပြီးနောက် ဆေးရုံနှင့် ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်သော်လည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်လမ်းများနှင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးတို့ကို ကိုးကန့်တပ် (MNDAA) က ဆက်လက်ထိန်းချုပ်ထားသည်။ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါသည်။ တရုတ်နယ်စပ်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ်ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။ ၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အားပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)…

  • နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်က ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီ ချိပ်ပိတ်

    နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် ဝေဒလမ်းမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် ကြေးမုံဆေးရုံကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ ရက်မှာ ချိပ်ပိတ်လိုက်တယ်လို့ မြိုခံတွေဆီက သိရပါတယ်။ ကြေးမုံအထွေထွေရောဂါကုဆေးရုံကို စစ်ကောင်စီ တပ်၊ ရဲ၊ ထွေအုပ်နဲ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၂၅ ရက်က ဝင်စစ်ဆေးခဲ့ပြီးနောက် ချိပ်ပိတ်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ရှောင်တခင်စစ်ဆေးတာမဟုတ်ဘူး၊ သတင်းအတိအကျရလို့ လာစစ်တဲ့ပုံစံ။ ဒက္ခိဏသီရိမှာ လူတွေ တခုခုဖြစ်ရင် ကြေးမုံဆေးရုံကိုပဲသွားကြတယ်။ ဝန်ဆောင်မှုလည်းကောင်းတယ်၊ ဂရုစိုက်မှုလည်းရှိတယ်။ သတင်းကြားတာတော့ စစ်ဆေးရုံက ပါရဂူဗိုလ်မှူးတယောက်က အဲဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုပြီးတိုင်လို့ လာပြီးချိပ်ပိတ်သွားတယ်လို့ ပြောနေကြတယ်။” လိုင်စင်သက်တမ်းကုန်တာကြောင့် ဆေးရုံပိတ်ထားရတာဖြစ်ပြီး လိုင်စင်အတွက် ဆေးရုံက တာဝန်ရှိသူတွေ လုပ်ဆောင်နေပြီး ဘယ်အချိန်မှာ ပြန်ဖွင့်မယ်ဆိုတာ မသိကြောင်း ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က…

  • ရှမ်းတောင်တိုက်ပွဲ ခြေမြန်တပ်ရင်း(၄၂၇)တပ်ရင်းမှူး သေဆုံးဟုဆို

    ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲအတွင်းမှာ အမှတ်(၄၂၇)ခြေမြန်တပ်ရင်း (ခမရ-၄၂၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်က သေဆုံးမှုများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။ ခမရ(၄၂၇)တပ်ရင်းဟာ ဒီးမော့ဆိုမြို့နယ်အခြေစိုက်တပ်ဖြစ်ပေမယ့် ရှမ်းပြည်တောင်ပိုင်းကို စစ်ဆင် ရေးဝင်နေရတယ်လို့ အခုလဆန်းပိုင်းက အဲဒီတပ်ရင်းကနေ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတစ်ဦးက ဆိုပါတယ်။ “ရင်းမှူး အသေရတယ်။ကျန်တဲ့ အသေးစိတ်ကို ကျနော့်တို့ အခြေနေအရတော့ပြောပြလို့မရသေးဘူး”လို့ ရှမ်းတောင်တိုက်ပွဲအတွင်းမှာရှိနေတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ တပ်ရင်းမှူးသေဆုံးတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါ။ စစ်ကောင်စီတပ်ဟာ ပအိုဝ်းပြည်သူ့စစ် PNO တပ်သားအင်အားကိုအသုံးချပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ စစ်ကြောင်းထိုးရင်း ကြားဖြတ်တိုက်ခံနေရတာလို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။ “မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲတွေလုပ်နိုင်ဖို့ ရွာတွေကို ထိုးစစ်ဆင်နေတာ။တိုက်ပွဲကတော့ ပြင်းထန်နေဆဲပဲ”လို့ သူက ပြောပါတယ်။ တိုက်ပွဲနေရာတွေကို လုံခြုံရေးအခြေအနေ အတိအကျဖော်ပြလို့ မရသေးပေမယ့်…

  • ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ

    ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ

    ယုန်လေးရုပ်ရှင်ကြည့်သူမရှိလို့ ရုံပိတ်လိုက်ရ စစ်တပ်ထောက်ခံသူဖြစ်တာကြောင့် ပြည်သူတွေရဲ့ Boycott ပြစ်ဒဏ်ခံနေရတဲ့ ယုန်လေးရဲ့ ရုပ်ရှင် ပထမဆုံးရုံတင်တဲ့နေ့မှာကြည့်ရှူသူမရှိတာကြောင့် ပိတ်လိုက်ရတယ်လို့ ယုန်လေးကသူ့ရဲ့​ဖေစ်ဘွခ်မှာယ​နေ့ည​ရေးသားပါတယ်။ “မုန်းတဲ့ သူတွေ တိုက်ခိုက်တဲ့ သူတွေ နိုင်ပါတယ်။အနုပညာလောက က အနားယူဖို့များသွားပါပြီ။အခုတင်တဲ့ မြို့ပြထဲကလမ်းမ ဆိုတဲ့ဇာတ်ကား အများကြီး ကြိုးစားထားပါတယ် ။ သိန်း 6000 ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန်1နှစ်ခွဲကြာပါတယ်။ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ။ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ။”လို့ ယုန်လေးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ယုန်လေးက အဲဒီ့ပို့စ်မှာ သူနဲ့ပတ်သက်ရင် အ‌‌ဆဲခံရမှာစိုးတာကြောင့် မဝန်းရံပေးတဲ့ အနုပညာလော ကသားတွေကိုလည်း အပြစ်တင်ထားပါတယ်။ ဒါ့အပြင်ပို့စ်ကိုလည်း…

  • Mrs.Doubtfire

    Mrs.Doubtfire

    Mrs.Doubtfire (1993) ၁၉၉၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး စွယ်စုံရမင်းသားကြီး Robin Williams၊ Forrest Gump ရဲ့ အမေအဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီးကြီး Sally Field အပြင် James Bond ရုပ်ရှင်နဲ့လူသိများခဲ့တဲ့ မင်းသား Pierce Brosnan တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အမေရိကန် ဟာသ-ဒရာမာ ရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသံတုပေါင်းများစွာကို လုပ်တတ်ပြီး ပါရမီရှိလှတဲ့ အသံသရုပ်ဆောင်ပေမဲ့ အလုပ်ရှင်တွေနဲ့ ကီးမကိုက်မှုကြောင့် အလုပ်တစ်ခုပြီးတစ်ခုပြောင်းနေရတဲ့ ဒန်နီရယ် ဟေးလက်ဒ်… မွေးထားတဲ့ သားသမီးသုံးယောက်ကို ငုံထားမတတ်ချစ်ပြီး အလိုလိုက်လွန်းတဲ့အတွက်ကြောင့် မိန်းမဖြစ်သူ မီရန်ဒါ ဟေးလက်ဒ်နဲ့လည်း အမြဲတမ်းတကျက်ကျက်… တစ်နေ့တော့ ဒန်နီရယ်က ကလေးတွေကို ပါတီပွဲလုပ်ပေးတဲ့ကိစ္စကိုအရင်းပြုပြီး မျိုသိပ်ထားသမျှတွေ ပေါက်ကွဲထွက်လာတဲ့ မီရန်ဒါတစ်ယောက် ကွာရှင်းဖို့ကို တောင်းဆိုပါတော့တယ်။…