Author: Baby Yit Lone
-

ငလျင်အကြောင်း ရိုက်ကူးထားသည့်ရုပ်ရှင် ပြမည့်ကိစ္စ ဝေဖန်မှုမြင့်
လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရသည့် ငလျင်အတွင်း ပြိုကျခဲ့သည့် Sky Villa အဆောက်အဦမှ ပြန်လည်လွတ်မြောက်လာသော မြေးအဖွားသုံးဦးအကြောင်း ရိုက်ကူးထားသည့် ‘မပြိုလဲနိုင်သော နှလုံးသားများ’ ရုပ်ရှင်ကို ပြသမည့်ကိစ္စနှင့်ပတ်သက်၍ လူအများကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။ “အခု ဇာတ်ကားက လူကျင့်ဝတ်မရှိသလိုခံစားရတယ်။ ကျွန်တော်တို့ဆိုလည်း ငလျင်အတော်ထိခဲ့တဲ့နေရာတွေမှာ ပါတာပဲမို့ အဲ့လိုအကြောင်းရာတွေက Memories (အမှတ်တရ) ကောင်းတွေတော့ ဟုတ်မနေဘူး။ Trauma (စိတ်ဒဏ်ရာ) တွေကို ပြန်တူးဆွပေးနေသလိုပဲ။ ပြီးကျ ဒီဇာတ်ကားက စီးပွားရေးသပ်သပ် ရုံတင်ဖို့ထွက်လာတာဆိုတော့ မဖြစ်သင့်တဲ့ကိစ္စမို့ ဘယ်လိုမှ နားလည်ပေးလို့မရဘူး” ဟု ငလျင်ဒဏ်ခံခဲ့ရသည့် ရမည်းသင်းမြို့မှ ဒေသခံတဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Sky Villa…
-

ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များကို အရေးယူမည်
လုပ်ငန်းလိုင်စင်မရှိဘဲဖွင့်လှစ်ထားသည့် ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များ(Private Cinema) ကို ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေး ဗဟိုကော်မတီကထုတ်ပြန်သည်။ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များမှာ ဟိုတယ်၊ တည်းခိုခန်းများကဲ့သို့အခန်းဖွဲ့ကာ Projector၊ TV အကြီးများ အသုံးပြု၍ ဖွင့်လှစ်ထားကြခြင်းဖြစ်ပြီး မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါ ပုဂ္ဂလိကရုပ်ရှင်ရုံငယ်များအား ပြသခွင့်လိုင်စင်များထုတ်ပေးမှုရှိပါက ချက်ချင်းရုပ်သိမ်းရန်နှင့် တရားမဝင်ပြသနေမှုများကို ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး၊ ပြည်နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင်းသိရသည်။ ”အဲဒီဟာတွေကပေါ်တာကြာပြီ။ သူတို့ကအခုမှအရေးယူမယ်စာထုတ်တာ။ Private Cinema ခေါင်းစဉ် တပ်ထားတာ အမှန်ကတည်းခိုခန်း၊ ဟိုတယ်လိုပါပဲ။ အခန်းထဲခုတင်၊ မွေ့ရာထားပေးထားတယ်။ ရေချိုးခန်း၊ အိမ်သာတွဲရက်ပါတယ်။ နောက်ပြီး တကယ့်ရုပ်ရှင်ရုံတွေလိုရုပ်ရှင်တစ်ကားစာအချိန်နဲ့ ပြတာမဟုတ်ဘဲ တည်းခိုခန်းတွေလို နာရီပိုင်းနဲ့ငှားလို့ရတာမျိုးပါ။ လူငယ်အတွဲတွေ အသွားများတာ တွေ့ရတယ်။ ဒီလိုနေရာတွေကတော့မရှိသင့်ဘူး။ အသက်မပြည့်သေးတဲ့ကလေးတွေ၊ လူငယ်တွေပါသွားလို့ရနေတော့…
-

“မိသားစုဝင်တွေ နောက်ဆုံးခရီးတောင် မပို့လိုက်ရဘဲ လမ်းဘေးမှာ စောင်နဲ့ပတ် ဆားသိပ်ခံရပြီး d.b စွန့်ပစ်ခံခဲ့ရတဲ့ မဖြူဖြူအေး
တာချီလိတ်မြို့မှာ လူပျောက်ကြော်ငြာထားတဲ့ အသက် (၂၁) နှစ်အရွယ် မဖြူဖြူအေး ဟာ ရက်ရက်စက်စက် သ.တ်.ဖြတ်ခံခဲ့ရပြီး လမ်းဘေးမှာ စောင်နဲ့ပတ်၊ ဆားတွေနဲ့သိပ်လျက်သား အထုပ်လိုက် စွန့်ပစ်ခံထားရတဲ့ သတင်းက လူမှုကွန်ရက်မှာ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေပါတယ်။ ဖြစ်စဉ်အကျဉ်း မဖြူဖြူအေးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့က Sky Club 1688 KTV ကနေအပြန်မှာ စတင်ပျောက်ဆုံးခဲ့တာပါ။ မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက်ဖွင့်ဖို့ ကြိုးစားနေချိန်မှာပဲ တုန်လှုပ်စရာ အမှန်တရားကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုမသိဘဲ သဂြိုဟ်ခံလိုက်ရခြင်း ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာ မြို့ပတ်လမ်းတစ်နေရာ၌ စောင်နဲ့ထုပ်ပြီး ဆားတွေသိပ်ထားတဲ့ d.b တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ လူမှုကူညီရေးအသင်းတွေက ဆေးရုံမှာ ထားရှိခဲ့ပေမယ့် အနံ့ထွက်လာတာကြောင့် မိသားစုထံ အကြောင်းမကြားဘဲ…
-

NP သတင်းဌာနရဲ့ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း
NP သတင်းဌာနမှ သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ပြောပါတယ်။ ကိုကျော်မျိုးမင်းဟာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီမှုမရှိတဲ့ အသုံးအနှုန်းတွေ၊ သုံးစွဲခြိမ်းခြောက် ကြိမ်းမောင်းခြင်း၊ ခိုင်မာတိကျမှု မရှိ၊ မှန်ကန်မှုမရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး သိက္ခာကျအောင် စွပ်စွဲပြောဆိုခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်တဲ့အချက်တွေအရ သိရပါတယ်။ ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့ မိတ်ဖက်အဖြစ်မှ ပယ်ဖျက်ကာ အမည်ပျက်စာရင်း တင်သွင်းရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “မီဒီယာတွေက ရိုးရိုးသားသားဆို ကျွန်တော်တို့ လေးစားပြီးသားပါ။ အခုက တော်တော်ကို တရားလွန်လွန်းလာလို့ အမည်ပျက်စာရင်း သွင်းရတာ” လို့ ဦးကြည်စိုးထွန်းက VOM ကို ပြောပါတယ်။…
-

ကလေးငယ်တစ်ဦး၏ ဘဝရှေ့ရေးနှင့် အကူအညီမဲ့နေမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း 🙏
မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်း လမ်းပျော်နေသည့် ကလေးငယ်တစ်ဦးနှင့် ပတ်သက်ပြီး ကျွန်တော် “ဘီဝမ်း” မှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးခဲ့သော်လည်း ယခုအခါ ကလေးငယ်၏ နောက်ကွယ်မှ စိတ်မကောင်းစရာ အခြေအနေများကို သိရှိလာရပါသည်။ ဖြစ်စဉ်အကျဉ်း – ပြီးခဲ့သည့်ရက်က ကလေးကို မိဘများနှင့် ပြန်လည်ဆုံဆည်းပေးရန် ရည်ရွယ်ပြီး ကျွန်တော့်နေအိမ်သို့ ခေါ်ယူစောင့်ရှောက်ခဲ့ပါသည်။ သို့သော် ကလေးငယ်မှာ အိမ်တွင်မနေဘဲ ခိုးထွက်သွားခဲ့ရာ ယနေ့တွင် ဗလီတစ်ခုအတွင်း ဆော့ကစားနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရပါသည်။ စိတ်မကောင်းစရာ နောက်ကွယ်မှ အကြောင်းရင်းများ – ရွှေကုက္ကိုလ်ဘက်မှ စုံစမ်းသိရှိရသည့် သတင်းများအရ- မိဘများမှာ ကွဲကွာနေကြပြီး ကလေးကို ကျောင်းမထားပေးခဲ့ကြပါ။ အဒေါ်ဖြစ်သူထံ အပြီးအပိုင် အပ်နှံထားခဲ့သော်လည်း အဒေါ်ဖြစ်သူမှာ ကလေးကို…