🔴Public Announcement 🔴
အမေရိကန်နိုင်ငံသူ ကျွန်မ သက်ကိုကို (ခ) သမီးဆိုး အား (၂၀၂၅ ခုနှစ်) သြဂုတ်လအတွင်း မြန်မာပြည်သို့ တရားဝင် ပြည်ဝင်ခွင့် အလည်အပတ် ဗီဇာဖြင့် မိဘဆွေမျိုးများအား တွေ့ဆုံရန် အလည် အပတ် လာခြင်းအား မြန်မာနိုင်ငံသား ဖြစ်သူ အေသင်ကိုမှ (၆၆)ဃ ဖြင့် ဟန်ပြ အမှုဖွင့် အရေးယူခဲ့ခြင်း ကိစ္စရပ်တွင် …..
🛑နိုင်ငံတော် အစိုးရဌာနအသီးသီးမှ သက်ဆိုင်ရာ ဝန်ထမ်းများသည် အေသ_င်ကိုနှင့် လာဘ်ပေးလာဘ်ယူ လုပ်ပြီး ၊ ရာထူးအာဏာ မလျော်သြဇာသုံး၍ အမေရိကန် နိုငိငံသား တစ်ယောက်၏ နိုင်ငံသား လူ့အခွင့်အရေးကို ထိခိုက်နစ်နာအောင်ပြုလုပ်ခဲ့ခြင်း ၊
🛑ကျွန်မ၏ အရှက်နှင့် ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားအောင် ပြုမူခဲ့ခြင်း ၊ အကွက်ကျကျ ယုတ်မာကြံစည်ခဲ့ခြင်း
🛑ကျွန်မနှင့် တကွ မိသားစုဝင် အယောက်စီတိုင်းအား ခြိမ်းခြောက် နှောင့်ယှက်မှုများ ပြုလုပ်ခဲ့ခြင်း
အစရှိသည့် ဒီမိုကရေစီ တိုင်းပြည်တစ်ခု၏ ဥပဒေ ၊ နည်း စနစ်များကို ချိုးဖောက်ပြီး ငွေများတရားနိုင် ပြုလုပ်ခဲ့ခြင်း၊
🛑တရားရုံးတော်၌ ရုံးတော်ကို မထီမဲ့မြင်မှု (Contempt of Court) 🛑 အပြုအမူများ ပြုလုပ်ခဲ့သည့် ကိစ္စရပ်များအား
၁) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ
၂) ပြည်ထဲရေးဝန်ကြီး
၃) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် နေပြည်တော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့
၄) မန္တလေးတိုင်းရဲမှုးချုပ်
၅) တရားသူကြီးချုပ်
၆) ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေရေးရာ ဝန်ကြီး
၇) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
၈) စရခ -စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး နှင့် စရဖ- စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့
၉) မြန်မာနိုင်ငံရှိ အမေရိကန်နိုင်ငံ သံရုံးမှ ဂုဏ်သရေရှိ ကောင်စစ်ဝန်များ
၁၀) ပြည်တွင်းပြည်ပ သတင်းမီဒီယာများ
၁၁) အမှုဖြစ်စဥ်အဖြစ်မှန်ကို သိရှိချင်ကြသော ပြည်တွင်း/ ပြည်ပ နိုင်ငံသားအယောက်စီတိုင်းအား
🛑၉.၅.၂၀၂၆ (စနေနေ့) မြန်မာစံတော်ချိန် ည (၈) နာရီ🛑 အချိန်တွင် ကျွန်မ “Shwe Thet” Facebook အကောင့်မှ Live ဖြင့် အသိပေးပြောကြားမည်ဖြစ်ပါသဖြင့်
ကျေးဇူးပြုပြီး သက်သေ အထောက် အထား အဖြစ် Live Recording ဖြစ်စေ ၊ လူပုဂ္ဂိုလ်ကိုယ်တိုင်ဖြစ်စေ ကြည့်ရှူနားထောင်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။
🛑အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အားလည်း (အထူး) ဖိတ်ကြားအပ်ပါသည်။ 🛑
မသက်ကိုကို (ခ) မသမီးဆိုး










