Author: Baby Yit Lone
-

မုံရွာတွင် ညဈေးဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အရှေ့ဘက်ကန်သာယာတွင် ဆိုင်ခန်းပေါင်း ၁၁၀ ပါဝင်မည့် ကန်သာယာညဈေး (Night Market) နှင့် ကျောက္ကာလမ်းပေါ်ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စင်တာတို့ကို မကြာမီဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ညဈေးတွင် ဒေသထွက်ကုန်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်း၍ ညဘက်အပန်းဖြေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။ ထို့အတူ ဘုန်းစိုးရပ်ကွက်ရှိ ကားအရောင်းစင်တာတွင်လည်း ဆိုင်ခန်းပေါင်း ၄၁ ခန်းဖြင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားသည်ဟု ဆိုသည်။ သို့သော်လည်း မြေပြင်ရှိ မုံရွာမြို့ခံများအကြားတွင်မူ အဆိုပါ စီစဉ်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ “မြို့ထဲမှာ ညဘက်ဆို လူတောင်မရှိတော့တာ ကြာပါပြီ။ အခုမှ ညဈေးဖွင့်မည်ဆိုတော့…
-

မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျသံတွေ ညလုံးပေါက်နီးပါးကြားရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မြို့ပေါ်မှာ နေ့စဉ်လိုလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေဖြစ်နေတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၁ နာရီကျော်ခန့်မှာလည်း မြို့ပေါ်မှာလက်နက်ကြီးကျည်ပေါက်ကွဲ သံတွေကြားခဲ့ရပြီး ကျရာက်တဲ့နေရာတိတိကျကျကိုမသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “အဲဒီထဲကမှ နှစ်လုံးက တော်တော်ကျယ်တယ်။ အေးစေတီရပ်ကွက်ဘက်ဆို တိုက်ပါ တုန်တယ်” လို့ သူက ဆက်ပြောပါတယ်။ လေယာဉ်ဖြစ်စဉ်တဲ့နေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်အစောပိုင်းတုန်းကလည်း စီတာပူနဲ့ ရွှေညောင်ပင် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာမှာ လူထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ စီတာပူရပ်ကွက် အပိုင်း ၄ က နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးထိရောက်ရခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။ ဒါအပြင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကိုလည်း မနေ့ညပိုင်းမှာ…
-

ပညာရေးကျားဖြန့်
ပညာရေး ကျားဖြန့်” ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။ အခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။ မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျို့ရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။ ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။ အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။…
-

ဝှစ်သောက်ကား ပွားပြီးစီးတာ ယာဉ်ထိန်းရုံးကပါ
ပိုင်ရှင်နဲ့ ဒဲ့မိတဲ့အခါ ပွားစီးထားတဲ့ကားက လိုင်စင်သက်တမ်း ပိုတောင်များနေသေး
-

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ ကြံ့ဖွတ်အစိုးရသစ်ဖွဲ့စည်းချိန်တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များတွင်လည်း နယ်မြေခံ ဗိုလ်မှူးအသစ်များက အုပ်ချုပ်ရေးအရာရှိများအဖြစ် ရောက်ရှိအုပ်ချုပ်မည်ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ဥက္ကဋ္ဌကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက ရယူမည်ဖြစ်သော်လည်း အဓိက အုပ်ချုပ်မည့် Focal တာဝန်ရှိသူများမှာ စစ်တပ်မှ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးများ ဖြစ်ကြောင်း သိရှိရသည်။ “မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးမှာ အုပ်ချုပ်ရေးအရာရှိ အဖွဲ့ဝင် ၁ အဖြစ် သက်ဆိုင်ရာ နယ်မြေခံတပ်နယ်တွေက…