စက်သုံးဆီမပြတ်လပ်စေရန်နှင့် စက်သုံးဆီအမှန်တကယ်လိုအပ်သူများအဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စက်သုံးဆီများအား QR Code ဖြင့် ရောင်းချပေးသွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ယနေ့ မတ် ၁၁ ရက်ကအသိပေးခဲ့သည်။

စက်သုံးဆီအရောင်းဆိုင်များ၌ တစ်ရက်အတွင်း (၂) ကြိမ်(သို့) (၃)ကြိမ်တန်းစီဝယ်ယူမှုများလျော့နည်းပပျောက်စေရေးအတွက် QR Code အသုံးပြုရန်ဆောင်ရွက်ခြင်းဖြစ်ကာ ကားများအတွက် Wheel Tax ၏ Barcode ၊ ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြု၍ QR Code ထုတ်ပေးခြင်း၊ Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းများဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။

650252624 952274217159023 3084211347150109664 N

ယင်း စနစ်များ၌ ကားများအတွက် Wheel Tax ရှိ Barcode အား ဆိုင်ဝန်ထမ်းမှ Scan ဖတ်၍ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး တစ်ရက်အတွင်း တစ်ကြိမ်မျှ စက်သုံးဆီဝယ်ယူထားခြင်းမရှိသေးပါက စက်သုံးဆီရောင်းချပေးသွားမည်ဖြစ်ကာ တစ်ရက်လျင် တစ်ကြိမ်သာဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။

ဆိုင်ကယ်များမှ Wheel Tax တွင် Barcode မပါ၍ အရောင်းဆိုင်တွင် QR Code များထုတ်ယူပြီး စက်သုံးဆီဝယ်ယူချိန်တိုင်းတွင် ယင်း QR Code ကိုပြသရမည်ဖြစ်ပြီး တစ်ရက်အတွင်း ၂ ကြိမ်(သို့) (၃)ကြိမ်ဝယ်ယူမှုမရှိစေရန် စနစ်မှအလိုအလျောက်စစ်ဆေးရောင်းချပေးသွားမည်ဖြစ်သည်။

ယင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မနက်ဖြန် မတ် ၁၂ ရက်မှစတင် ၍ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး စနစ်အားလိုအပ်သောစစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါက ကျန်မြို့ကြီးများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။

649886824 1364693099032747 7969873767172451432 N

650211445 1364693159032741 3138319135542536681 N

650284260 1364693242366066 2715230139115021835 N

649397971 1364693355699388 5636819742358630199 N


Leave a Reply

Your email address will not be published. Required fields are marked *