စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းအခြေစိုက် ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းမှ ရဲမေတစ် ဦးအပေါ် ကျူးလွန်ခဲ့သည့် မုဒိမ်းမှုနှင့်ပတ်သက်၍ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယတရားခံဖြစ် သူတို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

651153860 1295862112641392 2021719334817902657 N

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်းတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲမေ ၁ ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ် သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

650200593 1295862152641388 8323038003586327871 N

အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လို အပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှတာ ဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီးဖြစ်ကာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် အခင်းဖြစ်ပွားခဲ့သည့် ပလဖ နယ်မြေကင်းစခန်းရှိ သက်သေများကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

649425026 1295862195974717 478472858146762937 N

နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီဖမ်းဆီး ထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက်ရှိပြီး နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့အပြင် နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

650274844 1295862915974645 5132220787175336404 N

650815320 1295862955974641 8367995281872910558 N


Leave a Reply

Your email address will not be published. Required fields are marked *