Author: Baby Yit Lone

  • ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် တော့ သွားပြီတဲ့ဟေ့

    ဒေါ်သက်သက်ခိုင် ပါတီဥက္ကဋ္ဌ အဖြစ်မှ အနားယူ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရာထူးကနေ အနားယူလိုက်တယ်လို့ ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးစောဟန်အေးက ပြောပါတယ်။ ဘာကြောင့်အနားယူရသလဲဆိုတာကိုတော့ “ပြောင်းလဲချိန်ရောက်လို့ ပြောင်းလဲတယ်လို့ပဲ ဖြေချင်ပါတယ်” လို့ သူကပြောပါတယ်။ ဒေါ်သက်သက်ခိုင်ကို နေအိမ်အကျယ်ချုပ်ချထားတယ်ဆိုတဲ့ သတင်းတွေကိုတော့ ပါတီဥက္ကဋ္ဌသစ်က ငြင်းဆိုပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ပါတီဂုဏ်ထူးဆောင်နာယကအဖြစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်(CEC) နဲ့ ပါတီလုပ်ငန်းတွေမှာတော့ ပါဝင်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။ ပါတီရဲ့ လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းတွေမှာပဲ ဆက်လက်အားဖြည့်မယ်လို့လည်းဆိုပါတယ်။ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး CEC အသစ် ကိုးဦး ထပ်ခန့်လိုက်ပါတယ်။ လူသိများတဲ့ နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ရွေးကောက်ပွဲကို သူပိုင်စီးပွားရေးလုပ်ငန်းရဲ့ ငွေကြေးကိစ္စ အကြောင်းပြုပြီး ဝင်ရောက်ယှဥ်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရဘဲသံရုံးတစ်ခုနဲ့တွေ့ဆုံခဲ့လို့ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတိပေးမှုကိုခံထားရသူတစ်ဦးလည်းဖြစ်သလို…

  • မြို့ကပါ မခံနိုင်တော့ဘူးတဲ့

    မြို့ကပါ မခံနိုင်တော့ဘူးတဲ့

    မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ အင်ကြင်းကုန်းကျောင်းတိုက်က သာသနိက အဆောက်အအုံအတွင်း ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်ဟာ အခုအခါမှာတော့ လူမှုကွန်ရက်ပေါ်တင်မကဘဲ မြေပြင်မှာပါ ဂယက်ရိုက်ခတ်မှုတွေ ပြင်းထန်လာခဲ့ပါပြီ။ ဖြစ်စဉ်အကျဉ်းနှင့် ဗီဒီယိုမှတ်တမ်း လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လည်ပိုင်းက ချစ်သူနှစ်ဦးဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်လာပြီးနောက် အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ “သိမ်” အတွင်း ဝင်ရောက်ကာ မဖွယ်မရာပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို ကျောင်းနေရဟန်းတစ်ပါးက တွေ့ရှိပြီး ဗီဒီယိုမှတ်တမ်းရိုက်ကူးကာ လူမှုကွန်ရက်ပေါ် တင်ခဲ့ရာမှတဆင့် ပျံ့နှံ့သွားခဲ့တာပါ။ ဒေသခံများ၏ တုံ့ပြန်မှု (နောက်ဆက်တွဲ အခြေအနေ) ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာကို မလေးမခန့်ပြုလုပ်ခဲ့မှုအပေါ် ဒေသခံမြို့သူ/သားတွေက ပြင်းပြင်းထန်ထန် ရှုတ်ချနေကြပါတယ်။ လက်ရှိအချိန်မှာ ဒေသခံတွေရဲ့ ဒေါသဟာ အထွတ်အထိပ်ရောက်နေပြီး အဆိုပါ ချစ်သူနှစ်ဦးကို “မြို့ကနေ မောင်းထုတ်ပေးဖို့” အထိ…

  • မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရ

    မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရ

    မြန်မာနိုင်ငံတွင် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ရန်စွယ်များကြောင့် အမျိုး သမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိဖြစ်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်သည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ပြုလုပ်သော ကုလသမဂ္ဂ အမျိုးသမီးရေးရာအမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၆ ခုနှစ်ဆိုင်ရာ ပထမအကြိမ် ပုံမှန် အစည်းအဝေးတွင် သူကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းမှုတစ်လျှောက်တွင်လည်း အမျိုးသမီးများနှင့် မိန်းကလေးငယ်များ သည် လိင်အခြေပြုအကြမ်းဖက်မှုနှင့် လူကုန်ကူးမှုရန်စွယ်များကြောင့် အထူးထိရှလွယ်လာခဲ့ပြီး ၎င်းတို့အနေဖြင့် စစ်တပ်မှ နိုင်ငံတစ်နံတစ်လျား၌ ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၏ဒဏ်ကို အလွန်အမင်း ခါးစည်းခံနေရကြောင်း၊မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ထွက်ပြေးစရာမြေ မရှိပါ ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်၏…

  • ပုလဲသို့ဝင်သည့်စစ်ကြောင်း လက်နက်ချ BNRA တို့ကို ခေါ်ထုတ်

    ပုလဲသို့ဝင်သည့်စစ်ကြောင်း လက်နက်ချ BNRA တို့ကို ခေါ်ထုတ်

    ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါး ဘက်ပြောင်းသွားပြီးနောက် ပုလဲမြို့သို့ Mi 17 ရဟတ်ယာဉ်ဖြင့် ရောက်လာသည့် စစ်တပ်စစ်ကြောင်းက နဂါး၏ အနီးကပ်လူယုံအချို့နှင့် လက်ကျန်ရဲဘော်များကို ထပ်မံကယ်ထုတ်ကြောင်း သိရသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်က ပုလဲသို့ ရောက်လာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကြောင်းသည် ပုလဲ-ဂန့်ဂေါ လမ်းအတိုင်းတက် လာပြီး နှောကန်နှင့် လက်ပုကန်ရွာကြား အရောက် လက်နက်ချ BNRA တပ်ဖွဲ့ များကို လာပို့သည့် မင်းတိုင်ပင်ရွာမှ စစ်ကြောင်းနှင့် ဆုံ၍ ခေါ်ယူသွားခြင်းဖြစ်သည်။ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက“BNRA စခန်းတွေကို တိုက်တဲ့အချိန်မှာ လက်နက်မချဘဲ ထွက်ပြေးသွားတဲ့တာတွေ ရှိခဲ့တယ်၊ အဲဒီလို ပြေးနေတဲ့အထဲကနေ မင်းတိုင်ပင်နဲ့ ပုလဲမှာ စစ်တပ်နဲ့ သွားပေါင်းတဲ့သူ အယောက် ၂၀…

  • စစ်တပ်ဒုဗိုလ်ချုပ်ကြီးရာပြည့်တက်တဲ့ ဟားခါးမြို့ ချင်းအမျိုးသားနေ့ပွဲ ဒရုန်းနဲ့တိုက်ခိုက်ရာ ပွဲပျက်သွားဟု CDF ထုတ်ပြန်

    စစ်တပ်ဒုဗိုလ်ချုပ်ကြီးရာပြည့်တက်တဲ့ ဟားခါးမြို့ ချင်းအမျိုးသားနေ့ပွဲ ဒရုန်းနဲ့တိုက်ခိုက်ရာ ပွဲပျက်သွားဟု CDF ထုတ်ပြန်

    အခမ်းအနားနေရာနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ ရုပ်သံဖော်ပြ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီဦးစီးကျင်းပတဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ပွဲပျက်သွားပြီး အခမ်းအနားတက်ရောက်နေတဲ့ စစ်ကောင်စီရဲ့ ဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်လည်း ထွက်ပြေးတိမ်းရှောင်ကာ ချက်ချင်းပြန်လှည့်သွားတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။ ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တဲ့ ရုပ်သံနဲ့အတူ CDF ဟားခါးက အခုလိုသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ “အကြမ်းဖက်သမား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် အခြား ပြည်ထောင်စုအဆင့် အကြမ်းဖက်လူကြီး (၁၇) ဦး၊ အကြမ်းဖက် ချင်းပြည်နယ်ဝန်ကြီးချုပ်မှ မြို့နယ် အဆင့် စစ်ကျွန်ဝန်ထမ်းများနှင့် ဝန်ကြီး ဦးကောလ်လျန်ထန်း၏ တင်ဒါအခွင့်ထူးခံ ကုမ္ပဏီ (၄၂) ခုတို့ အပါအဝင် (၇၈) နှစ်မြောက်နေ့ ချင်းအမျိုးသားနေ့ကို ဟားခါးမြို့၊ မြိုနယ်စုပေါင်းရုံးနှင့် ခရိုင်စု ပေါင်းရုံးရှေ့တွင်…