Mm News.xyz 2026 03 10 105303

အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ဂါထာတော်ကို တပည့်ဒကာ ဒကာမတွေအတွက် ချီးမြှင့်ပေးလာတဲ့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ ပါဠိဂါထာတော်ကို တပည့်ဒကာ ဒကာမတွေ ၂၀၂၆ ခုနှစ်မှာ ရွတ်ဖတ်နိုင်ကြစေဖို့ လက်ရေးမူနဲ့ ချီးမြှင့်ပေးခဲ့တဲ့ အဓိပတိဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

အဓိပတိဆရာတော်ဘုရာကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အမြဲလိုရွတ်ဖတ်လေ့ရှိတဲ့ ပါဠိဂါထာတစ်ပုဒ်ကို တပည့်တကာဒကာမတွေအတွက် ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်

ဆရာတော်ကြီးက တပည့်ဒကာတွေကို လက်ရေးမူနဲ့ ချီးမြှင့်ရေးသားပေးခဲ့တာဖြစ်ပြီး ဒီဂါထာကို ကုသိုလ်ကောင်းမှုတခုခုပြုလုပ်ပြီးတိုင်း ရွတ်ဖတ်ပေးရင် အကျိုးထူးတဲ့ ဂါထာလည်းဖြစ်ပါတယ်.

ပါဠိတော် –

ဣမိနာ ပုညကမ္မေန၊

မာ မေ ဗာလသမာဂမော။

သတံ သမာဂမော ဟောတု၊

ယာဝ နိဗ္ဗာနပတ္တိယာ။

647193290 929382879472027 6403952842778176290 N

မြန်မာပြန် အဓိပ္ပာယ် –

ဤသို့ ပြုလုပ်ရသမျှသော ကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်

နိဗ္ဗာန်သို့ မရောက်သေးသရွေ့ ကာလပတ်လုံး လူမိုက်တို့နှင့် ဘယ်ခါမကြုံရပါစေသတည်း

ပညာရှိ သူတော်ကောင်းတို့နှင့်သာ အမြဲတစေ ဆုံတွေ့ရပါစေသတည်း

အနှစ်ချုပ် ရှင်းလင်းချက်

  • ဣမိနာ ပုညကမ္မေန = ဤကောင်းမှုကံကြောင့်။
  • မာ မေ ဗာလသမာဂမော = ငါသည် လူမိုက်တို့နှင့် ပေါင်းဖော်ယှဉ်တွဲခြင်း မရှိပါစေနှင့်။
  • ယာဝ နိဗ္ဗာနပတ္တိယာ= နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင်။
  • သတံ သမာဂမော ဟောတု = သူတော်ကောင်းတို့နှင့်သာ ပေါင်းဖော်ဆုံတွေ့ရပါစေ။

ဤဂါထာသည် ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ကောင်းမှုပြုပြီးတိုင်း ဆုတောင်းလေ့ရှိသော ထင်ရှားသည့် ပါဠိဂါထာတစ်ခုဖြစ်ပါသည်။

ဒီဆုတောင်းဟာ ပတ်ဝန်းကျင်ကောင်းနှင့် မိတ်ဆွေကောင်း ရရှိခြင်းသည် တရားဓမ္မပွားများရန်နှင့် ဘဝတိုးတက်ရန် အလွန်အရေးကြီးကြောင်းကို ရည်ညွှန်းထားတာဖြစ်ပါတယ်

အားလုံးလည်း ဆရာတော်ဘုရားကြီးနဲ့အတူ ကုသိုလ်ထပ်တူ ရရှိကြပါစေ 🙏


Comments

Leave a Reply

Your email address will not be published. Required fields are marked *