Author: Baby Yit Lone

  • ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ဗန်းမော်က ခလရ(၂၃၆)ကာကင်းစခန်း KIAပူးပေါင်းတပ် သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ( ၂၃၆) တပ်ရင်းရဲ့ ကာကင်းစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ရက်မှာ ခလရ(၂၃၆)တပ်ရင်း ကာကင်းစခန်းကို သိမ်းရခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးပါတယ်။ “လက်နက်တွေရတယ်။ တပ်ရင်းမှူး တယောက် ဒဏ်ရာရသွားတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ ခလရ(၂၃၆)တပ်ရင်းကို KIA ပူးပေါင်းတပ်က ၂၀၂၅ ဖေဖော်ဝါရီမှာ ပထမအကြိမ် အပြီးသတ် သိမ်းပိုက်ခဲ့ပါသေးတယ်။ နှစ်ကုန်ပိုင်းမှာတော့ စစ်ကောင်စီက ဗန်းမော်မြို့ကို စစ်အင်အားတွေ ပြန်ဖြည့်ပြီး တန်ပြန်ထိုးစစ်ဆင်ကာ KIA သိမ်းထားတဲ့နေရာအချို့ကို ပြန်နေရာယူထားတာဖြစ်ပါတယ်။ KIA အနေနဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို တစ်နှစ်ကျော်ကြာတဲ့အထိ ဆက်လက်ဆင်နွှဲနေတာဖြစ်ပြီး အပြန်အလှန် ထိုးစစ်တွေ နဲ့ ကာလရှည်တိုက်ပွဲဖြစ်ပွားနေတာပါ။…

  • ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်း

    ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့ ဆင်းသည့် အဝင် ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းယူနေပြီး အထူးသဖြင့် မှတ်ပုံတင် ၅/၊ ၈/၊…

  • ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အခြေစိုက်စခန်းတွင် အမေရိကန်လေယာဉ် ဒါဇင်များစွာ အင်အားဖြည့်တင်းထား

    ဂျော်ဒန်အလယ်ပိုင်းရှိ အခြေစိုက်စခန်းတခုသည် အီရန်အပေါ် အမေရိကန်စစ်တပ်၏ ဖြစ်နိုင်ခြေရှိသော တိုက်ခိုက်မှုများအတွက် စီစဉ်ရာ အဓိကဗဟိုချက်တခု ဖြစ်လာကြောင်း ဂြိုဟ်တုပုံရိပ်အသစ်များနှင့် ပျံသန်းမှုခြေရာခံဒေတာများက ပြသနေသည်။ သောကြာနေ့က ရိုက်ကူးထားသော ပုံရိပ်များအရ Muwaffaq Salti ခေါ် အခြေစိုက်စခန်းတွင် တိုက်ခိုက်ရေးလေယာဉ် အစင်း ၆၀ ကျော် ရပ်နားထားပြီး ပုံမှန်ရှိနေသော ဂျက်လေယာဉ်အရေအတွက်ထက် သုံးဆခန့် ပိုများသည်။ လေယာဉ်ခြေရာခံဒေတာများအရ တနင်္ဂနွေနေ့မှစ၍ ကုန်တင်လေယာဉ် ၆၈ စင်းထက်မနည်း သည် ထိုအခြေစိုက်စခန်းတွင် ဆင်းသက်ခဲ့သည်။ အမိုးအကာများအောက်တွင်လည်း အခြားသော တိုက်လေယာဉ်များ ထပ်မံရှိနေနိုင်သေးသည်။ ဂြိုဟ်တုဓာတ်ပုံများတွင် ပုံမှန်တွေ့ရလေ့ရှိသော လေယာဉ်များနှင့်မတူဘဲ F-35 အဆင့်မြင့်ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ပိုမိုခေတ်မီသော လေယာဉ်များကို တွေ့ရသည်။ ဒရုန်းများနှင့် ရဟတ်ယာဉ် အမြောက်အမြားကိုလည်း တွေ့ရှိရသည်။ စစ်သည်များသည် အီရန်နိုင်ငံမှ…

  • Eleven Media Group အယ်ဒီတာချုပ်က ကျော်မျိုးမင်းကို ကာကွယ်ပေးပြီး CDM များကို စော်ကား

    Eleven Media Group အယ်ဒီတာချုပ်က ကျော်မျိုးမင်းကို ကာကွယ်ပေးပြီး CDM များကို စော်ကား

    စစ်အာဏာသိမ်းမှုကို မဆန့်ကျင်သော ပြည်တွင်းသတင်းဌာန Eleven Media Group ၏ အယ်ဒီတာချုပ် ကျော်ဇော်လင်းက စစ်တပ်ဝါဒဖြန့် သတင်းသမား ကျော်မျိုးမင်းအား ကာကွယ်ပြောဆိုလိုက်ပြီး CDM လှုပ်ရှားမှုကိုပါ ပုတ်ခတ်စော်ကားသည့် စကားများ ပြောဆိုခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကျော်မျိုးမင်းအား အမည်ပျက်စာရင်းသွင်းခြင်းကို Eleven Media က တုံ့ပြန်သည့် သတင်းတစ်ပုဒ်တွင် အယ်ဒီတာချုပ် ကျော်ဇော်လင်းက ယင်းသို့ ပြောခဲ့ခြင်း ဖြစ်သည်။ “နောက် ၅ နှစ်မှာ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်းချင်း သွားရတော့မယ်။ လွတ်လပ်ခွင့်တွေက တဖြည်းဖြည်းချင်း အရင်လို ပြန်ရလာလိမ့်မယ်။ ငါနဲ့ မတည့်ရင်၊ ငါနဲ့ မကြိုက်ရင် သတင်းမထည့်နဲ့တို့၊ သတင်းမယူနဲ့တို့ ဆိုတာ လွန်ခဲ့တဲ့ နှစ်အစိတ် သုံးဆယ်တုန်းကဟာတွေပါ။ ခေတ်နောက်ပြန်ဆွဲတဲ့…

  • မုံရွာတွင် ညဈေးဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိ

    မုံရွာတွင် ညဈေးဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အရှေ့ဘက်ကန်သာယာတွင် ဆိုင်ခန်းပေါင်း ၁၁၀ ပါဝင်မည့် ကန်သာယာညဈေး (Night Market) နှင့် ကျောက္ကာလမ်းပေါ်ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စင်တာတို့ကို မကြာမီဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ညဈေးတွင် ဒေသထွက်ကုန်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်း၍ ညဘက်အပန်းဖြေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။ ထို့အတူ ဘုန်းစိုးရပ်ကွက်ရှိ ကားအရောင်းစင်တာတွင်လည်း ဆိုင်ခန်းပေါင်း ၄၁ ခန်းဖြင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားသည်ဟု ဆိုသည်။ သို့သော်လည်း မြေပြင်ရှိ မုံရွာမြို့ခံများအကြားတွင်မူ အဆိုပါ စီစဉ်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ “မြို့ထဲမှာ ညဘက်ဆို လူတောင်မရှိတော့တာ ကြာပါပြီ။ အခုမှ ညဈေးဖွင့်မည်ဆိုတော့…