Author: Baby Yit Lone
-

ကောလင်းနယ် ရွာသုံးရွာကို စစ်အုပ်စုဗုံးကြဲ သုံးဦးသေ၊ ရှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက ခံသာရွာ၊ စွယ်ရရွာနဲ့ ရွာရှည်ရွာတွေကို စစ်အုပ်စုက ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူသုံးဦးသေဆုံးကာ၊ ရှစ်ဦးဒဏ်ရာရရှိတယ်လို့ ကောလင်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ရွှေဘို-မြစ်ကြီးနားလမ်းအရှေ့ဘက် ကောလင်း-ထီးချိုင့်မြို့နယ်အစပ်က ကျောက်ပုထိုးသတ္ထုသိုက် စီမံကိန်းအနီးက ရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေအထဲမှာ အသက် ၄၀ ကျော်အရွယ် အမျိုးသားနှစ်ဦးပါဝင်ပြီး လတ်တလောအခြေအနေအရ နာမည်တွေနဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ကောလင်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ လူစည်ကားတဲ့ ခံသာရွာဈေးတန်း၊ စွယ်ရကျေးရွာနဲ့ ရွာရှည်ရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး စွယ်ရကျေးရွာကို လာရောက်စစ်ဘေးတိမ်းရှောင်သူနှစ်ဦးနဲ့ စွယ်ရရွာခံတစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ကောလင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ကောလင်းအရှေ့ခြမ်းဘက်က ခံသာဈေးတန်းရယ်၊…
-

ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို တစ်နေ့တည်း ဖမ်းဆီးရရှိ
ဖမ်းဆီးရရှိသူများမှာ အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အတွင်း လူငယ်များဖြစ် ထိုင်းနိုင်ငံ၊ တာ့ခရိုင်တွင် တစ်ရက်တည်း ခိုးဝင်လာသော မြန်မာနိုင်ငံသား ၆၈ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်း ဆီးရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်နှင့် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရှိရသည်။ ဩဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်း မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်း ဆီးရရှိခဲ့ကြောင်း၊ နယ်စပ်ဖြတ်ကျော်လာသူများကို ဖုတ်ဖရမြို့နယ်၊ ဘန်မိုကာကျေးရွာအနီး တောအုပ်တွင် တွေ့ရှိရခြင်းဖြစ်ပြီး အမျိုးသား ၁၉ ဦးနှင့် အမျိုးသား ၁၇ ဦးဖြစ်ကြောင်း၊ အဆိုပါ လူအုပ်စုမှာ သောင်ရင်းမြစ်သို့ တောလမ်းမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ အလားတူ ဩဂုတ်လ…
-

ဗန်းမော်မြို့ နေရာသုံးခုတွင် တိုက်ပွဲပြင်းထန်နေဟု KIA ပြော
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ (ဩဂုတ် ၂၁ရက်)မနက်တွင် ပြောသည်။ ဗန်းမော်မြို့အပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ “တာမိုင်းလုံဘက်တို့ စကခ(၂၁)နဲ့ တပ်မ(၈၈)တို့နေတဲ့ဗန်းမော်တက္ကသိုလ်ကျောင်းပေါ့။ အဲဒီဘက်မှာနဲ့ နောက်တခုက မြို့မရပ်ကွက်လို့ပြောရမှာပေါ့။ ဝင်းလိုက်ဟိုတယ်တို့ မြစ်ဆုံဟိုတယ်တို့ဘက်မှာ ပိုပြီးမှ တိုက်ပွဲက ပိုပြင်းထန်တယ်လို့ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ ဗန်းမော်မြို့၌တိုက်ပွဲများ ပြန်လည်ပြင်းထန်နေခြင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ဖြစ်ဟု ပြောသည်။ ဩဂုတ်လဆန်းပိုင်းတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘောအုပ်စု ရောက်ရှိလာပြီးနောက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။ “တနေ့ကိုတော့လေကြောင်းကသုံးလေးငါးခေါက်လာတယ်။ လက်နက် ကြီး တို့ ဒရုန်းတို့တော့ အကြိမ်ပေါင်း ၂၀၊ ၃၀လောက် ဗုံးကြဲတယ်တဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။…
-

ဝေါလေဗျူဟာကို KNLA တပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်း တပ်ပေါင်းစုတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်ဖြစ်နေတယ်လို့ မြေပြင်ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းက အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ ဝေါလေ ဗျူဟာမကျရေး အင်အားဖြည့်တင်းနိုင်ဖို့ ကော့ကရိတ်-မြဝတီ( အာရှ)လမ်းပိုင်းနဲ့ ကော့ကရိတ် လမ်းဟောင်းဘက်ကနေ ထိုးဖောက်ဖို့ ကြိုးစားနေတာကြောင့် KNLA တပ်ပေါင်းစုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ဝေါလေဗျူဟာ တိုက်ခိုက်ခံနေရတာကြောင့် စစ်တပ်ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိတယ်လို့ ကရင် ရှေ့တန်း သတင်းရင်းမြစ်က တယောက်က ပြောပါတယ်။ “နေ့တိုင်းတော့ ပစ်နေတာပဲ။ သူပစ် ကိုယ်ပစ်ပါပဲ။ မြဝတီကနေ ထိုးဖောက်ချင်ရင် လွယ်လွယ် ထိုးဖောက်စရာမှ မလိုဘဲ။ သူတို့လူတွေ ရောက်နေပြီးသားပဲဟာ။ မြဝတီက BGF…
-

မြန်မာထမင်းဟင်း ကို မြင်ရင် ကြက်သီး ဗြန်းဗြန်းထကာ ကြောက်မိလို့ ဟမ်ဘာဂါ တို့ ကိတ် မုန့် ပေါင်မုန့် ပဲစားကြောင်း ပြောလာတဲ့ မန္တလေးဘာဘီ
လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလာပြီး လူအများရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိနေတဲ့ ကိစ္စတစ်ခုရှိပါတယ်။ အဲဒါကတော့ “မန္တလေး ဘာဘီ” လို့ လူသိများတဲ့ မအိမ့်သက်တန့်ဝိုင်း ဟာ မြန်မာထမင်းဟင်းတွေကိုကြောက်တယ်ဆိုတဲ့ကိစ္စပါ။ အစောပိုင်းမှာကတည်းက မအိမ့်သက်တန့် ဝိုင်ဟာ သူရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ပုံစံ ကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ် သူမရဲ့ပုံစံက ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပိန်နေတာကြောင့် ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထင်မြင်ချက်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မအိမ့်သက်တန့်ဝိုင်းကို ပရိသတ်တွေ စတင်သတိထားမိချိန်ကစပြီး အလွန်အမင်း ပိန်လွန်းနေတဲ့ ခန္ဓာကိုယ်ကြောင့် ရောဂါတစ်ခုခု ခံစားနေရတာလားဆိုပြီး အမျိုးမျိုးထင်ကြေးပေးခဲ့ကြပါတယ်။ တချို့က တီဘီရောဂါ၊ ကင်ဆာ သို့မဟုတ် ခန္ဓာကိုယ်မသန်စွမ်းမှုတစ်ခုခု ခံစားနေရတာလားလို့ ဝေဖန်ခဲ့ကြသလို၊ တချို့ကလည်း “အာဟာရပြတ်တောက်နေတာလား၊ ဇွန်ဘီနဲ့တူတယ်” စသဖြင့် အမျိုးမျိုးဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ မအိမ့်သက်တန့်ဝိုင်းဟာ လူတွေထင်မြင်နေသလို…