Author: Baby Yit Lone
-

Gak Nyangka..!!
Gak Nyangka..!! (2025) ဒီတစ်ခါမှာတော့ ၂၀၂၅ ခုနှစ်ထွက် အင်ဒိုနီးရှား ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းထဲမှာ Agoy, Bruno, Cherry နဲ့ Darlina ဆိုတဲ့ သူငယ်ချင်း ၄ ယောက်ပါတယ်။ သူတို့က ရေကြောင်းသိပ္ပံ (Marine Science) မေဂျာက ကျောင်းသားတွေပေါ့။ သူတို့မှာ အဓိက ရည်မှန်းချက်တစ်ခုရှိတယ်၊ အဲ့ဒါက ကျောင်းမြန်မြန်ပြီးပြီး ဘွဲ့ရဖို့ပါပဲ။ ကံကောင်းချင်တော့ သူတို့တင်လိုက်တဲ့ Thesis Proposal က အောင်မြင်သွားပါတယ်။ ဒါပေမဲ့ ဝမ်းသာစရာက ခဏပါပဲ ပြဿနာအကြီးကြီးတစ်ခုတက်လာတယ်။ အဲ့ဒါက သူတို့လုပ်မယ့် သုတေသနအတွက် ကုန်ကျစရိတ်ကမတရားကြီးမားနေတာပါပဲ။ ဒီလိုနဲ့ လိုနေတဲ့ ပိုက်ဆံရဖို့အရေး သူတို့ ၄ ယောက် မလုပ်ရဲလုပ်ရဲနဲ့ စွန့်စားပြီး ပိုက်ဆံရှာဖို့ ကြံကြရော။…
-

The City God Forgot
The City God Forgot (2024) Indie ရုပ်ရှင်တွေထဲက ကြည့်သင့်တဲ့ Crime , Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအဓိက theme က Paradise ဆိုတဲ့ မြို့က Underground ရပ်ပါတွေ… မူးယစ်လောကနဲ့ ဒုစရိုက်ဂိုဏ်းတွေအကြောင်းကိုရိုက်ပြထားတာပါAction နဲ့ Drama ပေါင်းစပ်ထားတဲ့ခံစားချက်ပြင်းထန်တဲ့ Crime ဇာတ်ကား —The City God Forgot ကြည့်ပြီးရင်“အပြစ်ဆိုတာ ဘယ်သူ့ဆီမှာတကယ်ရှိတာလဲ”မေးခွန်းတစ်ခု ကျန်ခဲ့ပါလိမ့်မယ်။
-

The Raid
The Raid (2026) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင်မလေးချန်ဖေးဟာ စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့ပါတနာမလေးတစ်ယောက် လူဆိုးလက်မှာ အဖြစ်ဆိုးနဲ့သေသွားပြီးနောက်မှာ တင်းကုန်းဆိုတဲ့ မူးယစ်ရာဇာကြီးကို အမြစ်ပြတ်ချေမှုန်းဖို့ သစ္စာဆိုခဲ့ပါတယ်။ သာမန်စီးပွားရေးသမားအယောင်ဆောင် ဉာဏ်များတဲ့မူးယစ်ရာဇာကြီးရဲ့ ပြစ်မှုကျူးလွန်ကြောင်းသက်သေအထောက်အထားရဖို့ရာ အမျိုးမျိုးစွန့်စားပြီး အန္တရာယ်ကြားက ကစားပွဲတစ်ခုပဲဖြစ်ပါတယ်။ ချန်ဖေးဟာ သူ့ရဲ့ရဲဘော်ရဲဘက်တွေအရင်လို ထပ်မဆုံးရှုံးရအောင် အသက်ပေးသွားတဲ့ရဲဘော်တွေရဲ့စတေးမှုတွေ အလကားမဖြစ်ရအောင် လူမှုပတ်ဝန်းကျင်ကိုဖျက်ဆီးနေတဲ့ မူးယစ်ရာဇာကြီးကို ဘယ်လိုအမိဖမ်းမလဲဆိုတာ ဆက်ပြီးအားပေးကြည့်ရှုလိုက်ကြပါ။
-

Her Turn
Her Turn (2025) The Return of the Condor Heroes(2006)ရဲ့မင်းသားHuang Xiao Mingနဲ့ မင်းသမီး Li Gengxi ,Deng jiajia တို့ရဲ့ စိတ်ခြောက်ခြားစရာကောင်းပြီး ပဟေဠိတွေပြည့်နေတဲ့ Crime Thriller အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကျွန်းတစ်ကျွန်းပေါ်မှာ ဟယ်မိသားစုရဲ့ရှေးဟောင်းရဲတိုက်ကြီးတစ်ခုပဲရှိပြီးတော့ အဲဒီနေရာက အရင်ကလူတွေအများကြီးသေခဲ့ဖူးတဲ့နေရာဖြစ်ပါတယ်။ ကိုယ်တစ်ပိုင်းသေနေတဲ့မိန်းကလေးဖြစ်တဲ့ ဟယ်စီးယွီက အိမ်နဲ့ဝေးကွာနေပြီး (၁၇)နှစ်အကြာမှ အိမ်ကိုပြန်ရောက်လာခဲ့တာပါ။ အိမ်ပြန်ရောက်လာပေမယ့် သူ့ရဲ့အဖေကတော့ ထူးထူးဆန်းဆန်းပျောက်ဆုံးနေပြီးတော့ သူ့ကိုကြိုဆိုနေတာကတော့ လှပနူးညံ့တဲ့ မိထွေးဖြစ်သူနဲ့ တည်ကြည်ခန့်ညားတဲ့ မိသားစုဆရာဝန်၊ ငယ်ရွယ်သန်စွမ်းတဲ့ လူငယ်ကားဆရာလေးတစ်ယောက်နဲ့ အရမ်းဂရုစိုက်တတ်တဲ့ အိမ်ဖော်မလေးတို့ပဲဖြစ်ပါတယ်။ အရာအားလုံးက အပေါ်ယံမှာတည်ငြိမ်နေသလိုထင်ရပေမယ့် တစ်ခါတစ်လေမှာပေါ်လာတတ်တဲ့ ထူးဆန်းတဲ့အသံတွေနဲ့ ရှိသလိုမရှိသလို သွေးညှီနံ့တွေက ဒီရဲတိုက်ရဲ့လူသိမခံနိုင်တဲ့ လျှို့ဝှက်ချက်တွေကိုဖုံးကွယ်ထားပုံရပါတယ်။ ဒီအဖြစ်အပျက်တွေက မိသားစုတစ်စုလုံးကို ပြန်ကယ်တင်မရနိုင်တဲ့…
-

Strange Tales of Taiping Town
Strange Tales of Taiping Town (2025) တရုတ်သဲထိတ်ရင်ဖိုစုံထောက်ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုက်ဖိန်မြို့မှာ ထူးဆန်းတဲ့ လူသတ်မှုတွေ အကြိမ်ကြိမ်ဖြစ်နေပါတယ်။ သေသူအနားမှာ မျက်နှာဖုံးတစ်ခု ချန်ခဲ့ပြီး “ကျင်းယန်ကျီ” ကလုပ်တယ်လို့ သဲလွန်စရှိနေကြပါတယ်။ ဒါပေမဲ့ ကျင်းယန်ကျီဆိုတာ ဘယ်သူလဲ မိန်းမလား ယောက်ျားလားတောင် မသိရဘူး ဖြစ်နေပါတယ်။ ဝိညာဉ်နဲ့ဆက်သွယ်လို့ရတယ်လို့ နာမည်ကြီးတဲ့ စုံထောက်ချင်မုဟာ ဆရာတူညီမလေးနဲ့အတူ ထိုက်ဖိန်မြို့ကို လမ်းကြုံဝင်နားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းထောက်ပိုင်က အကူအညီတောင်းတဲ့အတွက် ထိုက်ဖိန်မြို့မှာ ဖြစ်နေတဲ့ အမှုတွေကို စုံစမ်းဖို့ နေခဲ့ပါတယ်။ သဲလွန်စတွေနောက် လိုက်လံစုံစမ်းနေပေမဲ့ လူသတ်သမားက အမြဲတမ်း သူတို့ထက် တစ်လှမ်းပိုစောပြီး လူသတ်သွားတဲ့အခါ…… ဒီအမှုက လွန်ခဲ့တဲ့ ၅ နှစ်က လီအိမ်မီးလောင်မှုနဲ့ ပတ်သက်နေတဲ့အခါ…… ချင်မုတို့အဖွဲ့…