ကံတရားကြီးက ရက်စက်လွန်းပါတယ်။
ဒီနေ့ဖိတ်စာကမ်းတယ် ဒီနေ့ပဲဆုံးသွားပြီတဲ့လား ညီမလေးရယ်😔။
ဒီနေ့ မင်္ဂလာအဝင်နေ့လေ ကလေးရယ်။

ညီမလေးရဲ့ဝတ်စုံလေးက သိပ်လှတာပဲကွယ်။
ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးတွေမကြုံပါစေနဲ့🥺။
ဒီဘဝဒီမျှနဲ့တင် ဝဋ်ကြွေးတွေ ကျေပါစေကလေးရယ်😔😔။
လိမ်မာတဲ့ကလေးမို့ အေးချမ်းတဲ့အရပ်ကိုရောက်ရှိပါစေ။

ကောင်လေးကတော့ သတို့သမီးမပါပေမယ့် မင်္ဂလာပွဲကို ဝမ်းနည်းခြင်းတွေနဲ့ဆက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။
ကောင်မလေးကတော့ မဂ်လာပွဲအကြိုနေမှာပဲ ရုတ်တရက် နှလုံးရောဂါနဲ့ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။
အပျော်တွေနဲ့ စိတ်ကူးအိမ်မက်တွေ အကောင်ထည်ဖော်တော့မယ့်အချိန်မှာပဲ

သေကွဲကွဲသွားခဲ့ရလို့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။
နောင်ဘဝဆိုတာရှိခဲ့ရင် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေ။
သတို့သမီးမဲ့ မင်္ဂလာပွဲ …
ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်တာဗျာ။
ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ဘူတာကျေးရွာက ယနေ့ကျင်းပသောမင်္ဂလာပွဲမှာ သတို့သမီးဖြစ်သူဟာ လွန်ခဲ့သော ရက်အနည်းငယ်က နှလုံးရောဂါကြောင့် အမောဖောက်ပြီး ဆုံးပါးသွားခဲ့ရပါတယ်။
သတို့သမီးမရှိတော့တဲ့ ဒီမင်္ဂလာပွဲမှာ သတို့သမီး ဝတ်စုံလေးကို ဘေးမှာထားပြီး ထိမ်းမြားလက်ထပ်ခဲ့တဲ့ သတို့သားကို မြင်တွေ့လိုက်ရခြင်းက ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်တာ😪
၂၁ .၁ .၂၀၂၆ လိုနေ့လေးမှာ မင်္ဂလာပွဲလေးတစ်ပွဲရှိခဲ့ဖူးတယ်။
ဒါပေမယ့် သတို့သမီးမဲ့တဲ့ မင်္ဂလာပွဲလေးတစ်ခုရယ်ပါ ….





Leave a Reply