Author: Baby Yit Lone

  • မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့က သူနာပြုသင်တန်းကျောင်းမှာ ကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ သြဂုတ် ၁၂ ရက် မနက် ၂ နာရီခန့်က မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ သူနာပြုသင်တန်းကျောင်းက အိမ်သာထဲမှာ ကျောင်းသူတစ်ဦးဟာ မီးလောင်သေဆုံးနေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဒီဇယ်နံ့နဲ့ မီးခိုးနံ့တွေထွက်လာလို့ သိကြတာပြောတယ်”လို့ မိတ္ထီလာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီကျောင်းသူဟာ အသက် ၂၀ခန့်ရှိပြီး ကရင်နီပြည်နယ်ကနေ သင်တန်းလာတက်သူလို့ သိရပါတယ်။ အဲဒီကျောင်းသူဟာ အိိမ်သာအတွင်း တံခါးဂျက်ထိုးပြီး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်း မီးရှိူ့သတ်သေတာလို့ စွပ်စွဲထားကြပြီး ဖြစ်စဥ်အမှန်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ ရုပ်အလောင်းကို မိတ္ထီလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ မနေ့ကလည်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူနဲ့ ကလေး ၃ ဦး တပြိုင်တည်းသေဆုံးခဲ့ပြီး…

  • မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်

    မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်

    ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးအသစ်ကို အခု ဩဂုတ်လမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး လုံခြုံရေးဘန်ကာတွေနဲ့ အချုပ်ဆောင်တွေပါ ပါဝင်‌နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြောက်ဥက္ကလာပမြို့ခံတယောက်က “ဒီဘက် ရဲစခန်းအသစ်က ၂၀၂၄ လောက်မှ စဆောက်တာ။ အဲဒီတုန်းက ရဲစခန်းလို့ မသိရဘူး။ ပတ်ပတ်လည် အကုန် အုတ်ကြီးဆောက်တာ။ ဒီ ၈ လပိုင်းကမှ အထဲမှာ ရုံးထိုင်နေကြတာ တွေ့တယ်။ ရဲလိုင်းခန်းနဲ့ အချုပ်ခန်းတွေလည်း ပါတယ်။ တရားရုံးအသစ်လည်း ဒီနှစ်ထဲ ပြန်ဖွင့်မယ် ကြားတယ်” လို့ ပြောပါတယ်။ အသစ်ဆောက်လုပ်ထားတဲ့ ခရိုင်ရဲမြေနေရာဟာ ခေမာသီလမ်းမ၊ မြရတနာမှတ်တိုင်နဲ့ နွယ်သာကီ မှတ်တိုင်ကြား နေရာရှိ စစ်မှုထမ်းဟောင်းပိုင် မြေနေရာ ဖြစ်ပါတယ်။ ဘေးကပ်လျက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မီးလောင်ပြီး ပြန်တည်ဆောက်ထားတဲ့ မြောက်ဥက္ကလာ သုံးထပ်တရားရုံးအသစ်…

  • ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို

    ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို

    ရခိုင်တိုက်ပွဲ တနှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်မှ အပြီးသတ် လွတ်မြောက်လုနီးပါး အခြေအနေဖြစ်ကာ အာရက္ခတပ်တော် (AA) ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ရခိုင်ပြည်တခုလုံးကို ရခိုင်ပြည် သူများလက်ထဲသို့ ပြန်ထည့်ပေးမည့်အစီအစဉ်အား ဆက် အကောင်အထည်ဖော်သွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။ AA အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့အတွင်းမှ ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း ဆိုသည်။ ဦးခိုင်သုခက “ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ ကိုးဆယ်ရာနှုန်းကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်ပြီး မိမိတို့ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် ဆက်လက် ချီတက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။ ကျောက်ဖြူအပါအဝင်…

  • တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ်  ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ

    တောင်ငူတစ်မြို့နယ်လုံးတွင် စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် လူငယ် ၆၀၀ ကျော်ပေါ်တာဆွဲ ဖမ်းဆီးခံရ

    ဟင်္သာတတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁ ဦးလျှင် စစ်မှုထမ်းကြေး လစဉ် ၁ သိန်းခွဲအထိ တိုးမြှင့်ကောက်ခံ

  • ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက်မှုရှိ

    ဗန်းမော်တိုက်ပွဲတွင် တပ်ရင်းမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀၀ ခန့် သေဆုံးထိခိုက်မှုရှိ

    ဗန်းမော်တွင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ တပ်ရင်းမှူးနှင့် ဗိုလ်အဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၁၀၀ ခန့်သေဆုံးထိခိုက်မှုရှိကြောင်း သိရသည်။ ‎ ‎စစ်သင်္ဘောများမှ လက်နက်ခဲယမ်းနှင့် လူအင်အားများ လာရောက်ပို့ဆောင်ပြီးနောက် ဗန်းမော်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲအတွင်း စကခ ၂၁ မှ တပ်ရင်းမှူးအပါအဝင် ဗိုလ်ကြီးတစ်ဦးတို့သေဆုံးကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။ ‎ ‎”ဩဂုတ် ၂ရက်နေ့ နောက်ပိုင်း ဗန်းမော်တိုက်ပွဲပိုပြင်းထန်လာပြီး စစ်တပ်ဘက်က ဗုံးနေ့တိုင်းလာကြဲတယ်။ ဒရုန်းနဲ့အဓိကထားပြီး နည်းပညာအားကိုးတိုက်တာပေါ့။ ၇ရက်နေ့တိုက်ပွဲမှာ ဒရုန်းတပ်ခေါင်းဆောင်သေတယ်” ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။ ‎ ‎ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ကဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်နှင့် KIA တို့တိုက်ပွဲတွင် ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်လာသည့် ဗိုလ်ကြီး တန်အောင်ထန်း သေဆုံးသွားကြောင်း သိရသည်။ ‎ ‎အမြောက်တပ် ၃၆၆ အတွင်း စစ်ကော်မရှင်နှင့်…