Author: Baby Yit Lone

  • ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့ လေထုညစ်ညမ်းမှု အနီရောင်အဆင့်တွင် တည်ရှိနေပြီး ကမ္ဘာ့အဆင့် ၅ သို့ ရောက်ရှိနေ

    ရန်ကုန်မြို့လေထုညစ်ညမ်းမှုက ကမ္ဘာ့အဆင့် ၂ နေရာမှာ ရှိနေတယ်လို့ world-air-quality index (AQI) ရဲ့ ဖေ ဖော်ဝါရီ ၂၃ ရက် ည ၈ နာရီအချိန် တိုင်းတာချက်အရ သိရပါတယ်။ AQI ရဲ့ ဖော်ပြချက်အရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးအညွှန်းကိန်းက ၁၇၉ မှာ ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ည ၇နာရီက အဆင့် ၃ နေရာမှာ ရှိခဲ့ရာက နေ ည ၈ နာရီအချိန်မှာတော့ အနီရောင်အဆင့်ဖြစ်တဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ လေထုအရည်အသွေးအညွှန်းကိန်း ၀ ကနေ ၅၀ အတွင်းဆိုရင် လေထုသန့်ရှင်းတယ်လို့ သတ်မှတ်ပြီး…

  • ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ကျောက်ဖြူတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး၊ အများအပြားထွက်ပြေး

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂၀ ကျော် သေဆုံးပြီး ကျန်တဲ့တပ်ဖွဲ့ဝင်တွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားတယ်လို့ စစ်ရေးနီးစပ်သူက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် မနက်က အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို AA က အသင့်စောင့်တိုက်လိုက်တဲ့အတွက် တိုက်ပွဲအတွင်း အခုလိုသေဆုံးခဲ့ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “မနက်ပိုင်း သိုင်းချောင်းပတ်ဝန်းကျင်ကို ထိုးစစ်ဆင် ဝင်လာတာပါ။ အဲဒါကို AA က အသင့်စောင့်တိုက်ခိုက်တာ ၂၀ ကျော် သေဆုံးသွားတယ်လို့ သိရတယ်။” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ လက်နက်ခဲယမ်းကို AA က သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ…

  • ခင်ဦးမြို့တ်ိုက်ပွဲ စစ်ကော်မရှင်တပ်အရာရှိ သေဆုံး

    ခင်ဦးမြို့တ်ိုက်ပွဲ စစ်ကော်မရှင်တပ်အရာရှိ သေဆုံး

    စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့အထွက် ခင်ဦး-ရေဦး ကားလမ်းတလျှောက်ရှိ နေအိမ်များကို မီးရှို့နေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူတဦးသေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်) ညနေ ၆ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တနာရီခန့် ရှိခဲ့ကြောင်း သိရသည်။ “စစ်ကြောင်းက သံပြားကာ ကားတွေကို အကာအကွယ်ယူပြီး ထွက်လာတာပါ။ မြို့အပြင်ရောက်တာနဲ့ နှစ်ဖက်ထိပ်တိုက် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ နာရီပိုင်းအကြာ ပစ်ခတ်ပြီး စစ်ကြောင်း မြို့ထဲပြန်ဝင်သွားတယ်။ မီးရှို့တဲ့နေရာမှာ နာမည်ကြီးတဲ့ ဗိုလ်ကတော့ သေဆုံးသွားတယ်” ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ယနေ့(ဖေဖေါ်ဝါရီ ၂၅ ရက်)တွင် ပြောသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်မှ ဗိုလ်အဆင့်ရှိသူ ကျော်ကိုကိုဦး သေဆုံးခဲ့ကာ MA1…

  • ဆိပ်ဖြူ၌ ဆီပြောင်းထည့်ရာမှ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွား

    ဆိပ်ဖြူ၌ ဆီပြောင်းထည့်ရာမှ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွား

    မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ-ဆောသွား ကားလမ်းရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီအချိန်လောက်က ဆီဘောက်ဆာထဲက စက်သုံးဆီတွေကို အခြားကုန်တင် ယာဉ်ပေါ်ကို ပြောင်းလဲထည့်ရာကနေ ယာဉ်(၅)စီး မီးလောင်မှုဖြစ်ပွားပြီး လူ(၁)ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ စက်သုံးဆီအရောင်းဆိုင်မှာ ဆီဘောက်ဆာယာဉ်ထဲက စက်သုံးဆီတွေကို ခြောက်ဘီးကုန်တင်ယာဉ်ပေါ်ရှိ ပလတ် စတစ်ပီပါတွေအတွင်း ပြောင်းလဲထည့်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို ဆိပ်ဖြူနဲ့ ချောက်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ခွဲအချိန်လောက်မှာ မီးငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် ဆီသယ် ယာဉ် (၄)စီး၊ ကုန်တင်ယာဉ်(၁)စီး မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်းပေါင်း (၁၂၁၀) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်အဆောက်အဦနဲ့ ဆီသိုလှောင်ကန်တွေကိုတော့…

  • ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု လူ  ၆ ဦးသေဆုံး

    ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု လူ ၆ ဦးသေဆုံး

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ⁨ကျောက်ခက်ဘက်မှ မြဝတီမြို့သို့ ဈေးထွက်ဝယ်သည့် ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် လူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် လေးကေ့ကော်မြို့ ရသေ့ဂူရွာအနီးတွင် ကျောက်ခက်ဘက်မှ မြဝတီမြို့ကို ဈေးဝယ်ရန် ထွက်လာသည့် ပြည်သူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ရသေ့ဂူရွာအနီးမှာ ကျောက်ခက်ကနေ မြဝတီကို စျေးလာဝယ်တဲ့ ကားကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဗုံးက ကားပေါ်ကျရောက်ပေါက်ကွဲလို့ ပြည်သူ ၆ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။…